++++++++++++++++++++++++++++

၂၀-၀၁-၂၀၁၃

အဲ့ဒီနေ့ အဲဒီရက်က ရန်ကုန်မြို့ ကန်တော်ကြီးထဲမှာ မန်းဂဇက် ရွာသူားတွေ တွေ့ဆုံပွဲ လုပ်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ပုံရိပ်တွေကို တွေးမိတိုင်း မြင်ယောင်နေတုန်းပါပဲ။ တကယ် ပျော်စရာ ကောင်းလှပါတယ်။

ဟော … အခုလည်း ကြည့်။ “ဖိတ်စာဝေနေပါသည်” ဆိုပြီး အန်တီပဒုမ္မာက လာမယ့် ၂၁-၀၇-၂၀၁၃ ရက်မှာ ပြုလုပ်မယ့် မန်းဂဇက် ရွာသူားတွေ တွေ့ဆုံပွဲအတွက် ဖိတ်စာတွေ ကမ်းနေပြန်ပြီ။ ဒီတစ်ခါ မလာလိုက်ရ မရှိလေအောင် သွားရောက်လို့ စာရင်းလေး သွားပြီး တို့ကြပါလို့ တိုက်တွန်းပါတယ်။

 

မန်းဂဇက်ချစ်သူများစာပေဆု

ဒီစာပေဆု က မန်းဂဇက် ဆိုတဲ့ အွန်လိုင်းရွာကြီးကို အခြေတည်ပြီး ဖြစ်လာခဲ့တယ်။ လစဉ် တက်လာသမျှ ပို့စ်တွေထဲကမှ ဖတ်/ရွေး အဖွဲ့ကနေပြီး ဇကာတင် ပို့စ်တွေ ရွေးထုတ်ပေးတယ်။ ဒီဇကာတင် ပို့စ်တွေကိုမှ ရွာသူားတွေက နေပြီး မိမိ နှစ်သက်ရာ ပို့စ်တွေကို ရွေးချယ်ပြီး ဗုတ်လုပ်ကြတယ်။ အဲ့ဒီမှာ ဗုတ်အများဆုံး ရရှိတဲ့ ပို့စ်ကို မန်းဂဇက်ချစ်သူများစာပေဆု ပေးပါတယ်။ ဒီဆုကို အထက်က ပြောခဲ့တဲ့ ရွာသူားတွေ တွေ့ဆုံပွဲမှာ ပေးလေ့ရှိပါတယ်။

[တော်ဘီ။ ပေါဒတ်ဒေါ့ဝူး။ မသိဒါချိရင် ကွန်မန့်ထဲမှာ မေးခဲ့ဂျ။ ဒါဘဲ …. :mrgreen: ]

 

Vote ပေးတဲ့အခါမှာ

မိမိ နှစ်သက်ရာ ပို့စ်တွေကို ဗုတ်ပေးတဲ့ အခါမှာ ပို့စ် သုံးပုဒ်အထိ ရွေးချယ်ပြီး ဗုတ်ပေးခွင့် ရှိပါတယ်။

တစ်ချက် သတိထားရမှာက တစ်ခါပဲ ဗုတ်လို့ ရနိုင်ပါတယ်။

(သုံးပုဒ် ရွေးဗုတ်ခွင့် ရှိတယ် ဆိုတဲ့နေရာမှာ သုံးပုဒ်စလုံးကို တစ်ပြိုင်နက် ရွေးချယ်ပြီး ဗုတ်ရမှာကို ဆိုလိုတာပါ။ တစ်ခုရွေးလိုက် ဗုတ်လိုက် လုပ်လို့ မရနိုင်ပါဘူး။)

ဒီ Vote ကို လာမယ့် ၁၀-၀၇-၂၀၁၃ ရက်နေ့မှာ ပိတ်ပါမယ်။ ဒါကြောင့် ဒီကြားထဲမှာ ဗုတ်ပေးကြပါ။

ဗုတ်ပေးကြတဲ့ လူတွေကို လာမယ့် တွေ့ဆုံပွဲမှာ ကံစမ်းမဲ ဖောက်ပေးမှာပါတဲ့။ ဒါကြောင့် များများ ဗုတ်ကြပါ။ :mrgreen:

 

ဇွန်လ အတွက် ဖတ်ရွေး ဇကာတင် ပို့စ်များ

ပြီးခဲ့တဲ့ ဇွန်လအတွင်း တက်လာသမျှ ပို့စ်တွေထဲကမှ ဖတ်/ရွေး အဖွဲ့ကနေပြီး ရွေးချယ်ပေးလိုက်တဲ့ ပို့စ်ပေါင်း (၂၁) ပုဒ် ရှိပါတယ်။

အောက်မှာ အမြည်းစာ လေးတွေနဲ့တကွ ဖော်ပြထားပါတယ်။

ပို့စ်တိုင်းမှာ အပြည့်အစုံ ဖတ်ဖို့အတွက် လင့်ခ်တွေလည်း ထည့်ပေးထားပါတယ်။

ဒါတွေ ဖတ်ပြီးရင် မိမိနှစ်သက်တဲ့ ပို့စ် (၃) ပုဒ်အထိ ရွေးချယ်ပြီး Vote လုပ်ပေးခဲ့ကြပါဦးလို့ ……။

 

++++++++++++++++++++++++++++++++

ဇကာတင်ပို့စ် (၂၁) ပုဒ်

++++++++++++++++++++++++++++++++

 

(၁)

=========================
“ လူပျင်းများ တစ်ရေးနိုးလေသောအခါ…”
– kyaw swar kaung
http://myanmargazette.net/177596
=========================
||_____
အိပ်ပျော်နေခဲ့ကြတာ…အိပ်နေခဲ့ကြတာ…
အိပ်နေခဲ့ကြတာ နှစ် ၂၀ ..၃၀..၄၀….၅၀ ကြာမှ တစ်ရေးနိုးပြီး….
ဗုဒ္ဒဘုရားရှင်တောင် မထွင်ခဲ့တဲ့ တံဆိပ်တွေ နံပါတ်တွေ ကောက်လုပ်ရင်း…
မနာလိုစိတ်ကို သာသနာ တံဆိပ်ရောကပ်လို့ …မလုပ်သင့်တာ လုပ်ကြတယ်..။
ဗုဒ္ဒဘုရားရှင်က ခေတ်ပြိုင် ကာလ တိုက်ခိုက်သူ ပေါများချိန်မှာတောင်…
ဘာအမှတ်တံဆိပ်မှ မထွင်ဘူး… နောက်လိုက်မလုပ်ဘူး…
ခုကြည့်ပါဦး…ဗူဒ္ဒဘုရားရှင် သာသနာထက် နှစ်၇၀၀ ကျော်နောက်ကျမှ ဖြစ်ထွန်းလာတဲ့
သူများဘာသာကို တုပြီး နံပါတ်တွေ ထွင်ကြတယ်…။ နောက်ဆက်တွဲက..သွေးချောင်းတွေစီးတယ်။အိုးအိမ်တွေ ပျက်စီးတယ်…မီးလောင်တိုက် သွင်းတယ်..။
မိသားစုတွေ ဘ၀ပျက်တယ်.. သေကြတယ်…။
ကမ္ဘာ့ တွေးခေါ်ပညာရှင်တွေက အစ လေးစားခဲ့ကြတဲ့  ဗုဒ္ဒအယူအဆ..။
ချီးကျူးခဲ့ကြတဲ့ သာသနာ…
ငါတို့ ခေတ်ရောက်မှ “ …..အစွန်းရောက် ဗုဒ္ဒဘာသာ” တဲ့..။
ကောင်းကြသေးရဲ့ လား…။
_____||
=========================

(၂)

=========================
မုဒိန်းမှု ၊ ပြည့်တန်ဆာနှင့် ကိုယ်ချင်းစာတရား
– ရာမည
http://myanmargazette.net/178015
=========================
||_____
မုဒိန်းမှု ဖြစ်တိုင်း သက်ဆိုင်ရာက ညစ်ညမ်းခွေတွေကို မျက်စောင်းထိုးတော့ တာပါပဲ ။
ဒါဟာ ငြင်းစရာမဟုတ်သော်လည်း ပြည့်စုံတဲ့အဖြေမဟုတ်ပါဘူး ။ ဆေးမီးတိုပါ ။ အလွယ်တရားခံရှာတာပါ။
တကယ်က အဲ့အမှုမျိုးဖြစ်ဖို့ စိတ်ပိုင်းဆိုင်ရာ အလွဲအချော်တခုခုရှိနေမှပါ ။ ဒါမှမဟုတ်ရင် အခြေအနေတစ်ခုက အထောက်အပံ့ပေးလို့ ပါ ။
ညစ်ညမ်းကား ကြည့်မိတာနဲ့ အရပ်ထဲလည်ပြီး ဒီအမှုကြူးလွန်တယ်ဆိုတာ အသင့်ယုတ္တိမရှိပါ ။
ကျွန်တော်တို့ ကြားဖူးသလောက် တရားခံများဟာ အခွေကြည့်ပြီး ကျူးလွန်ပါတယ်လို့  မထွက်ဆိုကြပါဘူး တဲ့။
_____||
=========================

(၃)

=========================
ရာသီဥတုနဲ့စင်္ကြဝဋ္ဌာ
– မင်းမင်း
http://myanmargazette.net/178120
=========================
||_____
ရာသီဥတုဆိုတာကြီးကို အဓိကဖြစ်စေတာက ဘာလည်းဆိုတော့ နေမင်းကြီးကြောင့်ပေါ့။
နေမင်းဆိုတာကလည်း စင်္ကြာဝဋ္ဌာကြီးရဲ့ အစိတ်အပိုင်းတခုပဲ။ ဒီစင်္ကြာဝဋ္ဌာမှာ နေအဖွဲ့အစည်းဆိုတာတွေ အများကြီးရှိတယ်လို့ ယူဆကြတယ်။
ခုသားတို့မြင်နေရတဲ့နေကအဖေတို့ နေထိုင်တဲ့ ကမ္ဘာဂြိုလ်ကြီးကို သူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။
ကမ္ဘာကလည်း သူထက်ပါဝါကြီးတဲ့နေမင်းဆွဲတာကို မလွန်ဆန်နိုင်ဘူး။
ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။
ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေ ကမ္ဘာက နေဆီကို မရောက်ပဲ အကွာအဝေးတခုထိကို ရောက်သွားတယ်။
_____||
=========================

(၄)

=========================
အောင်မြင်ခြင်း အတူတူဘယ်သူမြတ်သည်လဲ
– padonmar
http://myanmargazette.net/178004
=========================
||_____
၂၅ နှစ်ဆိုတဲ့အချိန်ဟာ ပိတုန်းရောင်ကေသာ တွေ ကိုလည်း ငွေမင်ရည်ဖုံးလိုက်ပါပြီ။
Revlon , Lolane စတာတွေနဲ့ မည်းတဲ့သူကမည်း ၊ နီတဲ့သူကနီ ဇရာကို ဖုံးဖိသူတွေ လည်းရှိတာပေါ့။
ဖုံးကွယ်လို့မရတာကတော့ မျက်ဝန်းအစုံရှေ့က ကိုင်းမျိုးစုံနဲ့ မျက်မှန်တွေပါပဲ။
ပုံပျက်ပန်းပျက် စူလာတဲ့ ခါးနဲ့ဗိုက် ၊ တွန့်လာတဲ့ ပါးရေ ၊ ထိုင်ရာက ထရင်ထောက်ရတဲ့ လက် ၊ ဗြုန်းကနဲ ပြောလိုက်လို့ အာရုံမစိုက်မိရင် သဲသဲကွဲကွဲ မကြားလိုက်ရတော့တဲ့နားတွေ ကိုတော့ လျစ်လျူရှုထားလိုက်ကြပါ တယ်။
_____||
=========================

(၅)

=========================
မြစ် နံဘေးက သစ်ပင်…။
– black chaw
http://myanmargazette.net/177868
=========================
||_____
ကျွန်တော်ကရောတဲ့…။
ကျွန်တော်က ကြောက်တတ်တဲ့ လူတစ်ယောက်ပါ…။
သတ္တိနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
ဝီရိယနည်းတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
အပျင်းကြီးတဲ့လူတွေရဲ့ ထုံးစံအတိုင်း…
တွေဝေတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
အားနာတတ်တဲ့လူတွေရဲ့ ထုံးစံအတိုင်း…
ကိုယ်တိုင်စီးဆင်းဖို့ မကြိုးစားပဲ…
သူများတွေစီးဆင်းနေတာကိုပဲ ငေးမော ကြည့်ရှုနေချင်တဲ့ ကောင်ပေါ့…။
မြစ်ထဲမှာတော့ ရေတွေက တသွင်သွင်စီးဆင်းနေဆဲပါပဲ…။
ဟုတ်ကဲ့…ကျွန်တော်က မြစ်နံဘေးက သစ်ပင်ပါ…။
_____||
=========================

(၆)

=========================
စဉ်းစားကြစေလိုပါတယ် ( ၅၅ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး – ၃ )
– Foreign Resident
http://myanmargazette.net/178800
=========================
||_____
ကျနော့် အမြင်မှာတော့ ဘုန်းကြီးဆိုတာ ၊ သင်္ကန်း ရုံထားတဲ့ လူ တစ်ဦးပါ ။
ဘုန်းကြီးတွေ သိက္ခာပုဒ် ၂၂၇ ခု ကိုစောင့်ထိမ်းတာကတော့ ၊ သူ့သဘောနှင့် သူထိမ်းကြတာပါ ။
( ဘေးလူတွေကို မထိခိုက်သရွေ့ကတော့ အဲဒီ သိက္ခာပုဒ် ၂၂၇ ခု ကိုစောင့်ထိမ်းတာကို ကန့်ကွက်ရန် မရှိပါ )
အဲဒီတော့ ၊ မှန်တာပြောရရင် ၊ သူ့သဘောနှင့် သူ ( သူ ကြိုက်လို့ / သူ့အကျိုး အတွက် ) ၊
သိက္ခာပုဒ် ၂၂၇ ခုကို စောင့်ထိမ်းယုံလေးနှင့်တော့ ၊ သိပ် မကြည်ညိုနိုင်ပါဘူး ။
အဲ ၊ လူတစ်ယောက်က ၊ သူ့အကျိုး အတွက် မဟုတ်ပဲ ၊ လူ အများ ကောင်းကျိုးအတွက် ၊
သူ့ ကိုယ်ကျိုးကို စွန့်ပြီး ၊ အနစ်နာခံ လုပ်ပေးနေတယ် ဆိုရင်တော့ ၊
အဲဒီ လူ ဖြစ်ဖြစ် / ဘုန်းကြီး ဖြစ်ဖြစ် ကို လေးစါး / ကြည်ညိုပါမယ် ။
_____||
=========================

(၇)

=========================
မရေးရရင်မနေနိုင်တာကလွဲလို့ …. (အဖြေမှန်ထွက်ပါစေ)
– ဦးဦးပါလေရာ
http://myanmargazette.net/179120
=========================
||_____
ပထမတစ်ခုက-
လူထုကောင်းကျိုးတွေကို လူတွေကပဲ လုပ်တာပိုကောင်းပါတယ်။ သစ်မရှိခင်စပ်ကြား ၀ါးပေါင်းကွပ်ခဲ့ရတယ်ဆိုရင်လဲ သစ်ရအောင်ကြိုးစားပြီး သစ်ရလျှင်ရချင်း သစ်နဲ့သာ အစားထိုးသင့်ပါတယ်။
ဒုတိယတစ်ခုက-
ဘုရားရှင်ရဲ့အဆုံးအမ သာသနာကို ဘုရားရှင်ရဲ့ တပြည့်သားအဖြစ်ခံယူထားတဲ့ ဘုန်းတော်ကြီးများကသာ လူတွေထက်ဆထက်ထမ်းပိုး ပိုပြီး စောင့်ရှောက်သင့်ပါတယ်။
အဲဒီနှစ်ခုပေါင်းပြောရရင် ကိုယ့်အလုပ်ကိုယ်လုပ်တာက ပိုကောင်း ပိုကျေးဇူးများပါတယ်။
_____||
=========================

(၈)

=========================
 ပြည်သူ့ သဘောထား
– Mr. MarGa
http://myanmargazette.net/176832
=========================
||_____
ပြည်ပအားကိုး ပုဆိန်ရိုးလို့ တစာစာအော်ခဲ့ပေမင့်
အခုတော့ ပြည်ပကို အားကိုးတိုင်း ပုဆိန်ရိုး မဟုတ်တော့တာ အတော်များများလဲ သိသွားပေါ့။
ဒါပေမင့် အဆိုးမြင်ဝါဒီတွေကတော့ ရှိဆဲပဲ ဗျ။
အဆိုးမြင်ဝါဒီ လို့ ဆိုပြန်တော့လဲ ဘယ်လိုအရာကို အဆိုးမြင်မလဲ ဆိုတာက ရှိသေးတယ်။
အရာရာတိုင်းကို ဆန့်ကျင်ဘက်အမြင်နဲ့ ကြည့်တိုင်း အဆိုးမြင်တယ်လို့ ပြောလို့ မရဘူးလေ။
အဲဒီလို ဆန့်ကျင်ဘက်အမြင်တွေကို သိရမှ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နိုင်မကိုး။
_____||
=========================

(၉)

=========================
ကိုယ် ယုံကြည် တာ ကို ကိုးကွယ် ရုံပါပဲ
– အလင်း ဆက်
http://myanmargazette.net/179594
=========================
||_____
နတ်ရုပ်တုကိုးကွယ်မှုဟာ ဝေဖန်ပိုင်းခြား နိုင်စွမ်းနည်းသူတချို့ရဲ့ အကြောက်တရား ကြောင့် ဖြစ်နေတဲ့ ကိုးကွယ်မှု လို့ မြင်ပါတယ်။ ကျွန်တော့်အမြင်ပါ ။
မသိနားမလည်သေးသူတစ်ယောက်ရဲ့  အမြင်လို့လည်း..ယူဆချင် ယူဆပါပေါ့ ။
ကျွန်တော်က နတ်ရုပ်တု ကိုးကွယ်မှုကို မယုံကြည်ပေမယ့် ယုံကြည်သူတွေ ကိုယ်ယုံကြည်ရာ လုပ်ကြ
ကိုးကွယ်ကြတာတော့ ဘာမှ ဝေဖန်နေမှာလည်း မဟုတ်ဘူး ။
ကန့်ကွက်ပြစ်တင်နေမှာလည်း မဟုတ်ဘူး ။
နှောင့်ယှက် ဖျက်ဆီး နေမှာလည်း မဟုတ်ဘူး ။
ကျွန်တော့်ဘက်က ဘာမှ လည်း လုပ်ခွင့်မရှိဘူး ။
ကိုယ် ယုံကြည်ရာ ကိုယ် ကိုးကွယ် ။
_____||
=========================

(၁၀)

=========================
“အရှင်ဘုရားတို့ကို လျှောက်တင်ချင် စမ်းပါရဲ့´´
– ခင် ခ
http://myanmargazette.net/179331
=========================
||_____
အခုအချိန်မှာ အမျိုး ပျောက်မှာ စိုးကြောက်ပါသည်ဆိုရင် ဗုဒ္ဓသာသနာပြုခရီးတွေ တရားပွဲတွေ နေရာအနှံမှာ ပေါ်ထွန်းနိုင်အောင် အရှင်ဘုရားတို့ဘက်က ဆောင်ရွက်ပေးကြရင် ပိုကောင်းမယ်ထင်မိပါတယ်ဘုရား အရှင်ဘုရားတို့
အခုလို မျိုးစောင့်ဥပဒေ အတည်ပြုရေး တိုက်ပွဲဆင်နွဲခြင်း နိုင်ငံရေးနည်းလမ်းတွေနဲ့ နှီးနွယ်ဆောင်ရွက်ခြင်း ပြီးတော့ မျိုးစောင့်ဥပဒေကို အရှင်ဘုရားတို့တွေ စဉ်စားပြီးရေးဆွဲထားတာဆိုရင်
သံဃနာယက အဖွဲကို ဦးတိုက် လျှောက်ထားပြီး အဲဒီကမှတဆင့် လွှတ်တော်တွေ ပါလီမန်တွေကို တင်တာကပိုများ နည်းလမ်းကျလေမလား တွေးမိပြီး အရှင်ဘုရားတို့ လုပ်ဟန်တွေ နည်းလမ်းက မထိရောက်ဘဲ အလွဲဖြစ်မှာ စိုးရိမ်မိပါတယ်လို့ တင်လျှောက်လိုက်ချင်ပါရဲ့။
_____||
=========================

(၁၁)

=========================
မျိုးဆက်အမှတ် (၇)
– ကြောင်ဝတုတ်
http://myanmargazette.net/178121
=========================
||_____
iOS7 မထွက်ခင်ကတည်းက ကောလဟာလတွေ… ပေါက်ကြားမှုတွေ… ခန့်မှန်းမှုတွေအများကြီးထွက်ပေါ်ကြားသိလာရသလို…
iOS အသုံးပြုသူတွေအနေနဲ့လဲ သူတို့ရဲ့ဝိဥာဉ်ဖြစ်တဲ့ iOS ရဲ့အပြောင်းအလဲတွေကို ရင်တဖိုဖိုနဲ့စောင့်မျှော်ခဲ့ရတဲ့နေ့တွေလဲ ကုန်ဆုံးသွားပါပြီ…
တကယ်ထွက်ပေါ်လာတဲ့အခါမှာ iOS7 မှာပေါင်းထည့်ပေးလိုက်တဲ့ Features အသစ်တွေက iOS အသုံးပြုသူတွေအတွက်
စိတ်ကျေနပ်စရာကောင်းတဲ့ တောက်တောက်ပပဒီဇိုင်းအသွင်အပြင်အသစ်ကို iOS7 မှာ တွေ့ရမှာပါ…
ကြိုတင်သတင်းတွေထွက်ထားသလိုပဲ…  iOS Cracked Store ဖြစ်တဲ့ Cydia ရဲ့ အသုံးဝင်တဲ့ Tweak အချို့ကို iOS7 မှာပေါင်းထည့်ပေးထား တာကိုတွေ့ရလို့
မြန်မာစာကလွဲရင် အတော်လေးပြည့်စုံတဲ့ Mobile OS တစ်ခုမလွဲမသွေဖြစ်လာမှာပါ…
_____||
=========================

(၁၂)

=========================
ကန္နားစီးမိဂီသို့ … ငါးစိမ်းသည် ဗားရှင်း
– ၀င့်ပြုံးမြင့်
http://myanmargazette.net/178464
=========================
||_____
လူတစ်ယောက်ကို သူ့အသိဥာဏ်ကသာလျှင် ထိန်း ကျောင်းနိုင်တယ်။
မိန်းကလေးတွေ ပညာတတ်လာရင်၊ လူမှုဘဝဖွံ့ဖြိုးလာရင် အွန်လိုင်းမင်းသမီး လုပ်ကြတော့မှာမဟုတ်ဘူး။
အချစ်ရဲ့  ခမ်းနားကြီးကျယ်မှုတွေ အငွေ့ပျံသွားတဲ့အထိ၊ လူသား ဂုဏ်သိက္ခာတွေ မြောင်းထဲရောက်သွားတဲ့အထိ ကာမဂုဏ်ကိုအောက်တန်းကျစွာ ခံစားကြတော့ မှာမဟုတ်ဘူး။
ချွင်းချက်တချို့ရှိနိုင်ပေမယ့် ယောက်ျားတွေအဆင့်မြင့်လာရင် မိန်းမတွေလည်း အဆင့်မြင့်လာမှာပါ။
တကယ့်လူ့အခွင့်အရေးကို ပြောပါမယ်။
စောင့်ထိန်းခြင်းမထိန်းခြင်းဟာ ကာယကံရှင်မိန်းကလေး ရဲ့ ကိုယ်ပိုင်အခွင့်အရေးသာဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရဲ့ တန်ဖိုးဖြတ်ခံရမှု မဖြစ်သင့်။
_____||
=========================

(၁၃)

=========================
ကျွန်မ၏ လယ် (သို့ ) အမေပေးတဲ့လယ်တစ်ကွက်
– ရာမည
http://myanmargazette.net/178397
=========================
||_____
“အား ဟားးးးး သွားဇမ်းဘာ ကွာ…. မင်းတို့ အခုချိန်မှအပျိုပြန်ဖြစ်ချင်ရင် လှိုင်သာယာတံတားပေါ်က မြစ်ထဲခုန်
ချလိုက် ….. နောက်ဘဝရောက်ရင် ဖြစ်လိမ့် မယ် ဟားဟား ဟား ဟား ”

“အမယ်လေး အမယ်လေး …ကျုပ်တို့ မိန်းမတွေများ လျော့တွက်နေလိုက်တာ … ဒီမှာ ငမောင်တုတ် ! …
နင်ကိုစေတနာမရှိလို့ ဟဲ့ … အပျိုပြန်ဖြစ်ချင်ရင် အလွယ်လေး … ကျောက်ချဉ် ၂၀၀ ဖိုးလောက် ရေစိမ်ချိုး
လိုက် လို့ ကတော့  ..ဟင်းဟင်းး …. သားရေကွင်းထက် ဘယ်ဟာပိုတင်းသလဲဖြစ်သွားမယ် … ”
_____||
=========================

(၁၄)

=========================
မိုးတွင်းမှာ ကင်မလာမှိုမတက်အောင်
– ဂန္ဓာရီ ဆြာအုပ်
http://myanmargazette.net/179247
=========================
||_____
များသော အားဖြင့်တော့ ကင်မလာရှိတဲ့ သူတွေဟာ ဘယ်ရာသီပဲ ဖြစ်ဖြစ် ကင်မလာ ကို ကင်မလာ အိတ်ထဲ ပဲ ထည့်သိမ်းကြပါတယ်..
နွေဖက်ကတော့ ဘာမှ မဖြစ်ပေမယ့် မိုးတွင်းဖက်ဆိုရင် တော့ ဆန်ဆာ ကိုဖြစ်ဖြစ်၊ လန်းစ် ထဲကို ဖြစ်ဖြစ် မှိုစွဲဖို့ အခွင့်အရေးများပါတယ်..
မိုးတွင်းမှာ ဘယ်လိုထားသင့်တယ်ဆိုတာ …
_____||
=========================

(၁၅)

=========================
အရှင်အာနန်ဒါ Rev Friedrich V Lustig က အင်ဂလိပ်လိုဘာသာပြန်ပေးခဲ့တဲ့ရှေးခတ်မြန်မာကဗျာလက်ရွေးစင်
– Kyaemon
http://myanmargazette.net/178493
http://myanmargazette.net/178984
http://myanmargazette.net/179062
http://myanmargazette.net/179246
http://myanmargazette.net/179565
=========================
||_____
ရန်ကုန်ကစာကြည့်တိုက်တခုမှာ
အရှင်အာနန်ဒါ က စာကြည့်တိုက်မှူးဖြစ်လာတာ၊
ဆရာတော်ကို ရဟန်းစာဆိုကဗျာဆရာအဖြစ်လူသိများပြီး၊
မြန်မာကဗျာတွေကိုအင်ဂလိပ်လိုဘာသာပြန်ပေးခဲ့တာ၊
ဆရာတပည့်နှစ်ပါးက မဟာယနဘုန်းကြီး ဆိုငြားလဲ ပျံလွန်တော်မူကြတဲ့အထိ
ထေရာဝါဒဘုန်းကြီးတွေအကြားမှာသီတင်းသုံးကြတာပါ၊
_____||
=========================

(၁၆)

=========================
နှင်းကေသရာ ကြောက်/ကျောက် တဲ့ သူရဲကောင်း
–  ကြက်အူလှည့်
http://myanmargazette.net/177927
=========================
||_____
အဲ့သည့်မှာပဲ သူရဲကောင်း လဂွန်းကျောက်လည်း မျက်လုံးလေး ကလယ်ကလယ် ဖြစ်ပြီး
ဒယ်ဒီ ဖားသား ချစ်ဖေဖေ ရဲ့ သာမီးဒေါ်ကလေး မွေ့နှင်း ကေသရာ ကို အလိုရှိပါတယ်။
ခါတိုင်းဆို တူလို့လား တန်လို့လား လုပ်မှာဖြစ်ပေမယ့်… တဖက်ကလည်း ရန်သူဘုရင့်ခေါင်း မဟုတ်လား…
ကိုယ်ကတောင်ပြန်ပြီး သာမီးရယ် ..ကျိုက်လိုက်ပါသမီးရယ်.. လုပ်ရမယ့်အချိန်လေ…။
ကောင်းပြီ … ဘိုဖြူ။ ပြည့်ဇီ။(ပြည့်စုံပါစေ)
_____||
=========================

(၁၇)

=========================
မဲရတဲ့ အရသာ…..
– ဦးကျောက်ခဲ
https://myanmargazette.net/177817
=========================
||_____
ကိန္နရာမလေးက ဘီယာပုလင်းထုပ်ဘေးချ ကိန္နရီအထီးကိုကို ကို၊ မောင်ကျောက်ဘေးနားထားပြီး အခုလိုဆိုသဗျ…
မောင်ရယ်တဲ့… ဒီကျွန်းကို ဗမာတွေမလာလို့ ဗမာလိုပဲ ပြောကြရအောင်ပါတဲ့။
ခင်မတို့မချစ်ရတာကြာလို့ ခင်မ မောင့်ကိုအရမ်းလွမ်းနေတာတဲ့…
မောင်လည်း ခင်မကို အရမ်းလွမ်းနေလို့…
ဒီညတော့ ခင်မကို အတိုးချ ချစ်မယ်တဲ့…
….ဆိုပြီး ပြောလိုက်ကြတဲ့ လင်မယားစကားဗျာ ကြားကမောင်ကျောက် နားထောင်ကောင်းကောင်းနဲ့ထောင်လိုက်တာ မာလ်ဘိုရိုလည်းဘယ်လိုကုန်မှန်းမသိ၊ အာတွေလည်းခြောက်လို့ အခုခေတ်လိုသာ “တက်ကနီကွေး” မီရင် အသံဖမ်းပြီး
ရွာသားတွေကို နားသောတ ဆင်စေချင်လိုက်တာဗျာ။
_____||
=========================

(၁၈)

=========================
သင်္ဘောအခန်းတွင်းမှ ၀ိညဉ်ခေါ်သံ (၁)
– ကိုရင်စည်သူ
http://myanmargazette.net/178409
=========================
||_____
တရေးအနိုး အာခေါင်တွေခြောက်လို့ရေဆာနေသည်။
စာရေးစာပွဲပေါ်မှာ ရေသန့်ဘူးရှိသဖြင့် ထယူရန် မျက်လုံးကိုဖွင့်ပြီး ခြုံထားသော စောင်ကိုဖယ်ရန် အောက်သို့ငုံ့ကြည်မိသည်။
အောက်သို့အကြည့် မျက်လုံးများပြာဝေသွားသည်။ ။
စောင်.. စောင်.. စောင်ကြီးက အောက်ပိုင်းတစ်ခုလုံး တစ်စုံတစ်ယောက်ကလှန်ထားသလို အပေါ်သို့မြောက်တက်နေသည်။
ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး လေဟာနယ်ထဲရောက်နေသလို စောင်ကြီးအပေါ်ကိုမထားသည်။
တစ်စုံတစ်ယောက်က စောင်ကိုလှန်ပြီး တစ်ခုခုကို ရှာနေသဖြင့် စောင်က အပေါ်ကို မြောက်တက်နေသည့် ပုံစံမျိုး။
ကိုရင် ဇောချွေးတွေပြန်နေသည်။ ခြေထောက်ကိုလည်း မလှုပ်ရဲ။ ကိုယ့်နှလုံးခုန်သံ ကိုယ်ကြားနေသည်။
သေချာသည် ငါ အိပ်မက်မက်နေတာမဟုတ် တစ်စုံတစ်ခုက ငါ့ကိုခြောက်လှန့်နေပြီ။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းချုပ်လိုက်သည်။
_____||
=========================

(၁၉)

=========================
မျက်လုံးလေး ကလည်ကလည်နဲ့ အရွယ်ရောက်လူ အကုန်သိတယ် …
– နွယ်ပင်
http://myanmargazette.net/178627
=========================
||_____
“ဟဲ့ ရစ်လိုက်လေ နင့်နှယ့် ကြည့်လို့ကောင်းနေလားလို့ ” ပြောတာနဲ့
ရစ်ဖို့ ရီမုတ်လိုက်ရှာတာ ဘယ်ကလေး ကောက်မပြီးဆော့နေမှန်း မသိ ၇ှာလို့ကို မတွေ့ဘူး
အမှန်က ရစ်စရာမလိုပါဘူး ကိုယ်တွေက အဲ့တာကို ကြည့်ချင်လို့ ငှားတာပဲဟာကို
အခုဟာက ကလေးတွေလည်းပါတော့ ရစ်ခိုင်းတာကို ၇ီမုဒ်ကလည်းမတွေ့ဆိုတွေ့
အကဲပိုတဲ့ အစ်ကိုက (အမှန်က သူ့သမီးလည်း ကြည့်နေတော့) ဘာမပြောညာမပြောနဲ့ လုပ်မိလုပ်ရာထပြီး
တီဗီေ၇ှ့ သူပုဆိုးကြီးဖြန့်ဲပီး ကာလိုက်တော့ကာမှ ခုနကကလေးတွေ
မျက်လုံးလေးကလည်ကလည်ကနေ မျက်0န်း0ိုင်း0ိုင်းတွေကို ဖြစ်ကုန်ကြတော့တာပဲ ….
_____||
=========================

 (၂၀)

=========================
“ခေါက်ဆွဲအစုံသုတ် ချဉ်ချဉ်ငံငံစပ်စပ်´´
– ခင်ခ
http://myanmargazette.net/179211
=========================
||_____
တစ်ချိန်တည်းမှာဘဲ ဒီမိုကရေစီကလည်းလိုချင်သေး
ကုလားကိုလည်းမောင်းထုတ် ချင်နေသေး
တရုတ်တွေလုပ်တဲ့စီမံကိန်းတွေလည်းရပ်လိုက်ချင်သေး
ဘာသာသာသနာအကြောင်းပြုဥပဒေ လုပ်ကာ သာသနာကလည်းပြုချင်သေး
စစ်အစိုးရအနွယ်သမ္မတနေရာမှာလည်း လူလဲလိုက်ချင်သေး
တကယ့် ကိုဘဲ ဘာဘဲဖြစ်ဖြစ်ငါတို့တွေ တစ်ပြိုင်နက်ထဲဖြစ်ချင်တာတွေ စုကာတောင်းဆိုမယ်ဟ ဆိုသလိုပါဘဲ
ခုန ရေခဲမုန့်ဈေးရောင်းတာလေးကြည့်ပြီးစဉ်စားနေတုန်း ဘေးစားပွဲကိုရောက်လာတဲ့ မြန်မာကလေးတစ်သိုက် မှာလိုက်သံက “အန်တီကြီး သမီးတို့ကို ခေါက်ဆွဲအစုံသုတ် လေးပွဲ ချဉ်ချဉ်ငံငံစပ်စပ်နော် ´´ တဲ့။
သြော် ဟုတ်ပေသားဘဲ မြန်မာတွေက ခေါက်ဆွဲအစုံသုတ် ချဉ်ချဉ်ငံငံစပ်စပ် ကို စားတတ်ကြတာကိုး။
_____||
=========================

 (၂၁)

=========================
ဓာတ်သေပညာကျမ်း
–  ဂန္ဓာရီ ဆြာအုပ်
http://myanmargazette.net/177688
http://myanmargazette.net/177807
http://myanmargazette.net/177872
http://myanmargazette.net/178275
http://myanmargazette.net/178517
=========================
||_____
အိတ်စပိုရှာဆိုတဲ့ အလင်း/အမှောင်ကို ကင်မလာထဲမှာ ပါတဲ့ ပုံရိပ်ဖမ်း ဆင်ဆာထဲကို လိုအပ်သလို ရစေဖို့ အဓိကဆောင်ရွက်ပေးမှာ ကတော့
ကင်မလာမှာ ပါတဲ့ ရှက်တာ (shutter) နဲ့ မှန်ဘီလူးမှာ ပါတဲ့ အပါချာ (aperture) ပေါက် တို့ဖြစ်ပါတယ်။
ပုံရိပ်ဟာ မှန်ဘီလူး ထဲက ၀င်လာပြီး အပါချာကို ဖြတ်ပြီး ကင်မလာထဲက ပုံရိပ်ဖမ်းဆင်ဆာ ကိုရောက်ပါတယ်။
_____||
=========================

 

++++++++++++++++++++++++++++++++

ဒီနေရာမှာ Vote ပေးခဲ့ကြပါ …..။

++++++++++++++++++++++++++++++++

++++++++++++++++++++++++++++++++

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။