ဓာတ်သေပညာကျမ်း အပိုင်း(၈)

ဓာတ်သေပညာကျမ်း အပိုင်း(၈)

ရှက်တာစပိ

အခုပြောမှာကတော့ ဓာတ်သေပညာမှာ အဓိကကျတဲ့  shutter speed အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်.

shutter speed ကိုမပြောခင် shutter ကိုအရင်ပြောပါမယ်.. ရှက်တာ ဆိုတာက ကင်မလာ ဘော်ဒီထဲက ပုံရိပ်ဖမ်း ဆင်ဆာ ကို မရောက်ခင် ဆင်ဆာရှေ့မှာ shutter လေးရှိပါတယ် ..

 အဲဒီ shutter တံခါးပေါက်ကလေးဟာ ဓာတ်သေရိုက်လိုက်တဲ့ အချိန်တဒင်္ဂလေးမှာ ဖွင့်ပြီး ပြန်ပိတ်ပါတယ်.. အဲဒီ ရှက်တာလေးအဖွင့်အပိတ်လုပ်လိုက် တဲ့ နှုန်းဟာ  ဓာတ်သေပညာမှာ အဓိကကျတဲ့ မဟာ့မဟာ အကျိူးသက်ရောက်မှုကြီး ဖြစ်သွားပါတဲ့.. Butterfly effect ပေါ့ဗျာ..

ကမာ္ဘကြီးရဲ့ အစွန်းတဘက်မှာ လိပ်ပြာလေး အတောင် တချက်ခတ်ခြင်းက.. အစပြုတဲ့ လေပွေမုန်တိုင်းများ.. အဲလိုပေါ့နော်..

ဒီရှက်တာပိတ်တာ ဖွင့်တာ ပေါ်မူတည်ပြီး ဓာတ်သေတွေကို အမျိုးမျိုး ခရီရေးတစ် လုပ်နိုင်ပါသတဲ့..ဟုတ်ပီဗျာ ..ဘာတွေကိုပေါ်မှာ များသက်ရောက်ပါလဲဆိုရင်.. ရှေ့အပိုင်းမှာ ပြောခဲ့တာလေးပြန်ပြီး ရီဗစ်ရှင် လုပ်ချင်ပါတယ်..

အပါချာအကျဉ်းအကျယ်ဟာ ကြောင့် ဘာသက်ရောက်မှုတွေ ဖြစ်ခဲ့ပါသလဲ.. မေ့နေရင် အပိုင်း (၅) နဲ့ (၆) ကို ရှက်တာစပိအကြောင်းဖတ်ပြီးရင်  ပြန်ကြည့်ပါ.. ဘာလို့ပြန်ကြည့်ခိုင်းတာလဲဆိုတော့ ရှုပ်သွား အောင်ပါ..ဟိ..

ဟုတ်ပါတယ် တကယ်ရှုပ်တော့မှာ ဖြစ်ပါတယ်.. အဲဒါကြောင့် ခုမကြည့်ပါနဲ့ဦး ရှက်တာစပိအကြောင်းပြောပြီး မှ ပြန်ကြည့်ပါ..လုံးဝမကြည့်နဲ့နော်..

ဒီ ရှက်တာတံခါး အဖွင့်အပိတ်လုပ်တဲ့နှုန်းကြောင့် သက်ရောက်မှု ၃ ခုဖြစ်သွားပါတယ်။ အဲဒါကတော့ (၁) အိတ်စပိုရှာ နဲ့ (၂) မိုးရှင်း နဲ့ (၃) capturing တို့  ဖြစ်ပါတယ်.

(၁) အိတ်စပိုရှာ

ရှက်တာတံခါးလေး အဖွင့်အပိတ်ဟာ အိတ်စပိုရှာ လို့ခေါ်တဲ့ ပုံရိပ်ပေါ် အလင်းရောက် ရှိတဲ့ ပမာဏ ကိုအနည်း/အများ ဖြစ်စေပါသတဲ့.. ဆရာဦးစိုးဝင်းပြောတဲ့ ဥပမာလိုု ရှင်းပြရရင်

ရေပိုက်တစ်ခုနဲ့ တိုင်ကီ ထဲကိုရေဖြည့်တဲ့ အခါ.. ရေထည့်တဲ့ အချိန်မြန်ရင် ရေသိပ်မရဘူး.. ရေထည့်တဲ့ အချိန်ကြာရင် ရေပိုရမယ်.

အဲဒီလိုပဲ တံခါးပေါက်ကလေးရှိတယ် အဲဒီတံခါးပေါက်ကလေးကို မြန်မြန်ဖွင့်/ပိတ် ရင် အလင်းနဲနဲရမယ်.. နှေးနှေး ဖွင့်/ပိတ်ရင် အလင်းများများရမယ်.. ရှက်တာ ဟာ ပုံရိပ်ဖမ်းဆင်ဆာထဲကို ပုံရိပ်ဝင်ဖို့ ဖွင့်ပေးလိုက်တယ်..ပြီးတော့ ပြန်ပိတ်တယ်..

ကင်မရာမှာရှိတဲ့ ရှက်တာစပိ အမြန်နှုန်းတွေက အကြာဆုံး 30s (စက္ကန့် ၃၀) ကနေ 1/8000s (တစ်စက္ကန့်ရဲ့ ၈၀၀ဝ ပုံတစ်ပုံ) အထိရှိနိုင်ပါတယ်.. တချို့ ကင်မလာက 1/8000.. တချို့က 1/4000 စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်.. ပုံမှန်အားဖြင့်တော့ 1/125s နဲ့ 1/600s ကြားလောက်မှာ ရိုက်ကြပါတယ်.

အဲဒီ shutter ရဲ့ speed                  မြန်ရင် အလင်းနဲနဲရမယ်.. ဒါကြောင့် ပုံက မှောင်မယ်.. အိတ်စပိုရှာ အန်ဒါဖြစ်မယ်..

ပြန်ပိတ်တဲ့ shutter ရဲ့ speed          နှေးရင် အလင်းများများ ရမယ်          ပုံက လင်းမယ်..    အိတ်စပိုရှာ အိုဗာ ဖြစ်မယ်.. အသင့်အတင့်နှုန်းကို ညှိပြီးထားနိုင်မှ  ပုံက အိတ်စပိုရှာ မှန်မယ်..

ဪမှားပြီးမှတ်မိနေမှာစိုးလို့ ရှက်တာစပိက တစ်စက္ကန့်အတွင်းမှာ ရိုက်လို့ရတဲ့ နှုန်းနဲ့မတူဘူးနော်(fps=frame per second) fps က တစ်စက္ကန့်မှာ ၃ ပုံတို့၊ ၄.၅ ပုံတို့ ၈ ပုံတို့ စသဖြင့် ရိုက်နိုင်ပါတယ်..

ဆက်ရန်

14 comments

  • မင်ဂါဘာ ချာမ .. အဲ .. ချာအုပ် .. :mrgreen:
    အတန်းလာတက်တွားဘာဒယ် ချာအုပ် …
    အခုဟာ ဖတ်ပီး ရှေ့ကဟာဒွေ မေ့တွားလို့
    ပြန်ဖတ်ရအုံးမယ် ချာအုပ် …

    စကားမစပ် ချာတီဖီကတ် ဘယ်ဒေါ့ ပေးမှာဒုန်းဟင်င်

    • ဂန္ဓာရီ ဆြာအုပ်

      July 4, 2013 at 9:05 am

      ဆာတီဖီကိတ်လား.
      သင်တန်းကြေးဖြင့်မပေးဘဲနဲ့ ဟွန်း

      • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

        July 4, 2013 at 9:10 am

        ဘာဒွေတုန်း
        ဒါတွေ သများမသိဝူး သများ သိတာ camera 360 ပဲ …
        သများရဲ့ ဆက်ဆီ ဂလော်စီ မွေးသမိခင် မမှတ်မိမယ့် မျက်ခွက်လေး …ကွိကွိ..

  • ရွှေတိုက်စိုး

    July 4, 2013 at 11:41 am

    ဆြာအုပ် ရှပ်တာ စပိ လက်ချာတက်သွားပါတယ်ဂျ..
    ဒါဆို ကျွန်တတောလိပ်ခေါင်း လန်း ကင်မလာလေးက ရိုက်လိုက်ရင် ဖလပ် ဆိုတာ တော်တော်ကြာမှ မြည်တာဗျ.. အလင်းနဲတဲ့အထဲ ကို ရိုက်ရင် ပိုကြာတယ်.. အဲဒါ.. ဆြာအုပ်ပြောသလို. ရှပ်တာ စပိ လားမသိဘူးနော်.. အဲလိုကြာရင် အလင်းက များလာတယ်လေ….အဲဒါ ဟုတ်သလား…

    • ဂန္ဓာရီ ဆြာအုပ်

      July 5, 2013 at 2:06 pm

      တိုက်တိုက်
      ဖလက်သံနှေးနေတာက ရှက်တာစပိနှေးသွားလို့ဗျ
      အလင်းနဲတဲ့အခါ စပိနှေးသွားတယ်
      အလင်းပိုရအောင်ရှက်တာက ကြာကြာလေးဖွင့်ပေးလိုက်တာပါ။

  • KZ

    July 4, 2013 at 11:49 am

    ဘာတဲ့။
    အမြန်နှုန်းနဲ့ရွေ့လျားနေတဲ့ အရာတွေ ရိုက်ရင် ရှပ်တာ စပိတင်ရမယ်ဆိုလား ဘာလားးးး
    ဆြာအုပ်ပြောဖူးတာ။

    ဒီသင်ခန်းစာ သိပြီးရင်တော့ …..

    “ပျံသန်းတဲ့ ငှက်ကို … သူတို့မို့ ဖမ်းချင်တာ”

    ပုံရိပ်။ ပုံရိပ် :mrgreen:

    ရှိသမျှ ငှက်တွေ လိုက်ရိုက်မှ။ :mrgreen:

    • ဘာနဲ.လဲ ဒုတ်နဲ.လားဟင်….
      ကင်မလာရိုက်ရင် ဘယ်တော့မှ အတည့်မရိုက်တာ ရှပ်တာမှန်မဆိုးလို.လားဟင်…… အန်တီ ကေဇွတ်.. ခွိ

      • KZ

        July 4, 2013 at 2:54 pm

        ဘာရယ်။
        တိုက်တိုက်တော့ နာ ရိုက်တာ ခံရတော့မယ်။ (ဓာတ်ပုံ) :mrgreen:

        ရမ်းရမ်းလှတော့ ကြွေကုန်မှာစိုးလို့ပါ။ ခွိခွိခွိ။ :mrgreen:

  • Mr. MarGa

    July 4, 2013 at 1:47 pm

    ရှပ်တာ…..ရှပ်တာ
    အတော်လဲ ရှပ်ပြာပြာ နိုင်သကိုး…….
    ဒီ အကောင်လေးက ဒါ့ပုံတွေကို ခိုင်းစေတယ်လို့ မှတ်သွားလိုက်သဗျို့ :mrgreen:

  • padonmar

    July 4, 2013 at 10:17 pm

    စာအုပ်
    ပလဲဆင့်တီချာပါ။
    ရှေ့ကစာတွေ မေ့ကုန်ပြီ။
    ဘိုလုပ်ရမလဲ။

  • ဦးဦးပါလေရာ

    July 5, 2013 at 12:59 am

    အဲဒီတော့-
    အလင်းရောင်နည်းတဲ့အချိန်မျိုးဆို အလင်းများများဝင်အောင် အပါချာကိုလဲ ကျယ်ကျယ်ဖွင့်ရမယ်
    ရှပ်တာစပိကိုလဲ နှေးနှေးထားရမယ်
    အဲ့ ၂ ချက်တော့ နားလည်ပါပြီ
    ဒါပေသိ ရှပ်တာစပိနှေးရင် ပုံတွေက ဝါးသွားရော
    ဒီတော့ ပုံမဝါးအောင်ဆို လက်မတုန်မှဖြစ်မယ်

    ကောက်ချက်
    (အလင်းရောင်နည်းသောအချိန်တွင် အသက်ကြီးသူ လက်တုန်သူများ ဓါတ်ပုံမရိုက်သင့်…။)

    မှန်လားမှားလားဆြာ…..

    • ဂန္ဓာရီ ဆြာအုပ်

      July 5, 2013 at 2:14 pm

      ဟုတ်ပ ဦးပါရေ
      တကယ်ကတော့ ရှက်တာစပိကို ရှော့ရတာက နောက်ဆုံးအဆင့်ပါ
      ပထမတဆင့်ပ အပါချာကျယ်တယ်
      မရရင် ISO တင်မယ် noise ကိုကြောက်တယ်ဆိုမှ
      နောက်ဆုံးရှက်တာစပိကို တင်လိုက်ရတာပါ
      တခါတလေတော့ အရမ်းမမှောင်ဘူးဆိုရင် ISO လောက်မှာ ကိစ္စပြတ်ပါတယ်
      shutter speed ကတော့ 1/60s လောက်ထားနိုင်ရင် ဘလား မဖြစ်လောက်ပါဘူး

Leave a Reply