Reverse sense of Psychology

ムラカミJuly 4, 20131min18812

 

 

 

 

 

 

ဂုဏ်ယူလိုက်ဇမ်းဘာ

ကျုပ်တို့ သီဟပူရကို အင်-ယာတွေ အတော်များများ တင်ပို့တဲ့တိုင်းပြည်မှာနေတာ..

နောက်ပိုင်း hospitality management ဆိုတာ လူငယ်ထု သည်းခြေကြိုက် မြို့ပြကဗျာ ဖြစ်လာတဲ့အကြောင်းကောသိလား

အဲ … မလေးက လယ်တွေ ဘယ်ကောင်တွေ ပင်ပင်ပန်းပန်း ထွန်ပေးနေတယ်ထင်သတုန်း

ပြီးတော့ ပြုတ်တူနဲ့ ပလာယာ ကိုင်ပြီး ပေးတာယူကျွေးတာစားနေတာကော ဘယ်ကလာတဲ့ကောင်တွေထင်သတုန်း

နီးနီးစပ်စပ် ယပက်လက်ပင်လယ်ပြင်မှာ ပါဏာတိပါတာကျူးလွန်နေတဲ့ အမျိုးတွေဘယ်လောက်ရှိလဲ ခင်ဗျားသိလား

ပထဝီ တကြောလွတ်တယ် အပြောခံရလောက်အောင် လှိုင်းမူးခံပြီး ရေထဲကမတက်တဲ့ လူတွေလည်း တပြွတ်

တခြား ပန်းကန်ဆေး ဆူရှီလိပ် တက္ကစီမောင်း ရင်း ရွာက အမျိုးတွေဖို့ ဆိုတာကလွဲလို့ ဘာမှမသိတဲ့

ဖြစ်သမျှအကြောင်း အကောင်းထင်ထားရတဲ့ ခပ်ညံ့ညံ့ လူလည်အာရှသားတွေကလည်း ကမာ္ဘအနှံ့ပဲ…
အဲ့ဒီ့ လူတန်းစားက ရွာကအမျိုးတွေ လုပ်တာကိုင်တာ တွေမှာ မှားတာတွေ့လို့ ထောက်ပြရင် ဆဲမယ်

သူရို့ ကြုံတွေ့ လိုက်နာရတဲ့ ပိုပြီး အလုပ်ဖြစ်မယ့် တကယ်တမ်းလည်း ဖြစ်သင့်တဲ့ ပုံစံသစ်ကို ဆွေးနွေးရင် ဆဲတယ်

ဘယ်မှာတော့ ဘယ်လို ကျင့်သုံးသဗျ လို့ တင်ပြရင် – င်ခေါင်းကျယ်တယ် ဆိုပြီးတော့ ဆဲကွယ်..

မသိရင် မှတ်ထား ..အဲ့သည့်လူတန်းစားက သိသိကြီးနဲ့ နိုင်ငံခြားသား အနှိမ်ခံ ကိုယ့်လူမျိုး အဆဲ ခံပြီး

အမျိုးတွေဖို့ ဆိုပြီး ကိုယ့် ရင်ဘတ်တခုလုံးဖွင့်ပြီး ထွန်ယက် နေတာ

ဘာလဲ မကျေနပ်ဘူးလား .. ကောင်းပြီ

ဆဲဗျာ …

 

 

P.S

ပြန်ဆဲမယ်

12 comments

  • KZ

    July 4, 2013 at 10:05 am

    ညည်းရဲ့ စန်ဇစ်တီဗီတီ က ကောင်းလွန်းနေတယ်။

    ကျုပ်ဖြင့် ဘာမှ ပြောအားမရှိတာ ဒီ ရက်ပိုင်းးး 🙁

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 4, 2013 at 10:23 am

      နိုင်ဂျံဂါးက ဆိုရင် ဟုတ်သော်ရှိမဟုတ်သော်ရှိ မျက်စိမှိတ် အထင်ကြီးခဲ့တဲ့ တခေတ် ရှိဖူးတယ်
      နိုင်ဂျံဂါးက ဆိုရင် ဟုတ်သော်ရှိမဟုတ်သော်ရှိ မျက်စိမှိတ် လေးစားအားကျခဲ့တဲ့ တခေတ် ရှိဖူးတယ်
      နိုင်ဂျံဂါးက ဆိုရင် ဟုတ်သော်ရှိမဟုတ်သော်ရှိ မျက်စိမှိတ် ကိုယ်တိုင် သွားဖို့ လုပ်ဖို့ ကြိုးပမ်းကြတဲ့ တခေတ် ရှိဖူးတယ်

      အခုခေတ်ပြောင်းသွားပြီ
      နိုင်ဂျံဂါးက ဆိုရင် ဟုတ်သော်ရှိမဟုတ်သော်ရှိ ကလော်ဆဲ တဲ့ ခေတ် ရောက်လာပြီ။
      ခေတ်သာပြောင်းသွားတာ မပြောင်းတာက နိုင်ဂျံဂါးက ဆိုရင် ဟုတ်သော်ရှိမဟုတ်သော်ရှိ ဆိုတာပဲ။
      ကျည်လွတ်ရာနေရာကနေ ဝင်ဝင် ဟောင်မနေဲ့ ဆိုတဲ့ စကားနဲ့ .. ရင်ဝဖနောက်နဲ့ ပေါက်ဖို့ လက်မရွံ့တဲ့ လူတန်းစား
      ရှိနေတယ်ဆိုတာ …တခါတခါ မေ့လျော့နေတတ်တာ ကျုပ်ရဲ့ အကြီးမားဆုံး ချို့ယွင်းချက်။

      ဖားသက်ပြင်း
      ၂၀၁၃-၀၇-၀၄

  • ဦး ကျောက်ခဲ

    July 4, 2013 at 10:33 am

    ကျုပ်လည်း နိုင်ဂျန်ဂါးမှာနေတယ်…
    သူများတိုင်းပြည်တိုးတက်ဖို့ သွားရေးလာရေးအဆင်ပြေစေဖို့…
    အသက်စွန့်ပြီး မြေအောက်မှာ လှိုဏ်ခေါင်းဖောက် ဥမင်တူးပေးတယ်လေ…
    အားဟိ… သခင်မျိုးပါဗျ… :mrgreen:

  • KZ

    July 4, 2013 at 10:46 am

    ပြောပြီးတာ အများကြီးးး
    ပြန်ဖျက်လိုက်ပြီ။
    ဟီးးးး

    ပြောလိုက်ပါအေ။
    ကိုယ်တိုင်သာ ကျည်လွတ်တာပါ။ (ခု လောလောဆယ်)
    ကိုယ့်မိသားစုက ကျည်ကွယ်ရာမှာ မဟုတ်ပါဘူးးး
    အဲဒါသိရက် ကြောင်းကျိုးမဆင်ချင်ပဲ ပြော (ဟောင်) နေရလောက်အောင် ဉာဏ်မရှိတဲ့ အဖြစ်မဟုတ်ပါဘူးးးး

    ကျည် ဆိုတာတွေ ထည့်ပြောနေကြတော့ ကိုယ့် နိုင်ငံ အခြေအနေ ကိုယ်သိသေးသားပဲ လို့ မှတ်ရတော့မလားမသိ။ :mrgreen:

    သီတင်းကို အပေါ်စီးက မြင်ရတဲ့ နေရာနဲ့ ….
    တစ်ဆင့်ကြားရတဲ့ နေရာ မတူဘူး ဆိုတာလေး သတိထားမိရင် ကောင်းမယ်ကွယ်။

    အင်တာနက်သုံးနိုင်ပြီး
    ဘယ်သီတင်းက အမှန်လဲ။
    ဘယ်သီတင်းမျိုးမဖတ်သင့်ဘူးလဲ
    ဘယ်သီတင်းမျိုး မရှယ်သင့်ဘူးလဲ မခွဲခြားနိုင်ပဲ …………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………

    အင်းးးးး မီးပျက်သွားပြီပဲ မှတ်ပါတော့။ :mrgreen:

  • lele kyi

    July 4, 2013 at 11:02 am

    Everything will be alright at the end. If not alright not the end.
    I think management is important to solve the problem. Must be right person for right position to make decision as well. Wrong approaching to slove the problem and can’t get the right result till now.
    Just my thought.
    Can scold me too.. 😀

  • amatmin

    July 4, 2013 at 11:10 am

    ရွာက အမျိုးတွေ ဖို့ဆိုပီး ဒွတ်ဘယ်ဘလက်တွေ
    သယ်သယ်လာတဲ့ လူဒွေကိုဆဲစရာလားဗျာ..
    ဆဲစရာမကောင်းဘဲ ချစ်စရာကောင်းတာကို
    မသိလို့နေကြမှာဘာ.. 😛

    အမှန်တော့.. ကိုယ်စီညဏ်မှီကြသလောက် ရေး ပြော ဆွေးနွေးနေတာမို့..
    ဆဲတဲ့သူက သူ့အသိလေးနဲ့ တိုင်းထွာဆဲပေမဲ့လည်း ကိုရင့်စာထဲကလို ပြန်တော့မဆဲပါနဲ့ဗျာ.. 😛
    ဘယ်သူကဘာ ဆိုတာ..
    စာ(တကယ်)ဖတ်သူတွေက ခွဲသွားတာပါ ရယ်..

  • စနေ

    July 4, 2013 at 11:33 am

    အကိုတော် ဘာတွေ အစိတ်လောက်လျှော့ပါ … 🙂

  • Shwe Ei

    July 4, 2013 at 1:19 pm

    ဇဂါးမစပ်…အခုတလော ရွာထဲမှာ ပြောနေကြတဲ့ ဖောရှော ဆိုတာ ဘာဒုန်းငင် ????

    • Mr. MarGa

      July 4, 2013 at 2:31 pm

      ဘဖောကို ရှောစောင်တစ်ထည် ပေးလိုက်သတဲ့ :mrgreen:

  • โทรศัพท์มือถือ

    July 4, 2013 at 4:34 pm

    အရှေ့အာရှက လူသားတစ်ယောက် ရေးထားတာတဲ့
    နိုင်ဂျံဂါး အကြောင်းတွေကို ဖတ်ရှု့လေ့လာသွားတယ်ဗျာ….
    ဒါနဲ့ မရှင်းလို့ မေးရအုံးမယ်..
    နိုင်ဂျံဂါး ဆိုတာ ဘာကိုပြောတာလဲဗျ…..

  • ဦးကြောင်ကြီး

    July 6, 2013 at 11:06 am

    ကိုယ့်ဈေးကိုယ်ဖျက် ငဂီမှတ် နိပွန်ကျွန်းမှာ လျှာဂျီးထွက်… 😛

Leave a Reply