၅၅အလွန်

“၅၅အလွန်”

စိုစိုစိမ်းစိမ်းလေးနဲ့စ

ရော်ရွက်ဝါမှာဆုံးသွားတဲ့

သစ်ရွက်များလို

…………………………………………….

……………………………………….

ကျနော်ဆိုတာကလည်း

“ဘဝ “လို့အမည်တတ်ထားတဲ့

ဘာမှန်းမသိတဲ့

ကန့်သတ်ခြင်း လွင်ပြင်ကျယ်ထဲမှာ

ပျော်တလှည့် ပျင်းတစ်ခါ

ခွင့်လွှတ်ခြင်းရန်ဖန်ရန်ခါ

မနိုင်၍သည်းခံရခြင်း မြောက်များစွာ

အောင်မြင်ခြင်းတစ်ကြိ်မ်တစ်ခါ

ကျရှုံးခြင်းပေါင်းအကြိမ်များစွာ

တက်ကြွတစ်ခါ

တွေဝေတစ်လှည့်

တစ်ခါတစ်ခါရုန်းကန်

တစ်ခါတစ်ခါ မျောပါ

တစ်ခါတစ်ခါကန့်လန့်သွား

သံသရာကြီးထဲမှာ

…………………………………………

ကူးခတ်တယ်ထင်ရင်း

နစ်မြုတ်။

အမြင့်တက်တယ်ထင်ရင်း

ပြုတ်ကျ။

ပျော်ရွှင်တယ်ထင်ရင်း

ငိုကြွေး။

ရတယ်ထင်ရင်း

ပြန်ပေးနေရ

 

အော်………………

ဖြတ်သန်းခဲ့သောကာလ

၅၅ ကို

နောက်ပြန်ပြေးကြည့်တဲ့အခါ

သိလိုက်တာ

တစ်ခုထည်းပါဘဲ။

အဲဒါ……………………………….

“ငါဟာ……………ငါမဟုတ်ဘူး”

“ငါဟာ……………ငါမဟုတ်ဘူး”

“ငါဟာ……………ငါမဟုတ်ဘူး”

“ငါဟာ……………ငါမဟုတ်ဘူး”

 “ငါဟာ……………ငါမဟုတ်ဘူး”

ဆိုတဲ့ ကိုငှက်ဆိုခဲ့တဲ့စာသားလေးအတိုင်းပါဘဲဗျာ။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ

3-7-2013

 

21 comments

  • KZ

    July 4, 2013 at 10:19 am

    ရှေ့ကို ကြိုကြည့်မိရင် ကြာတယ်လို့ ထင်ရတဲ့ အချိန်တွေက
    နောက်ပြန်ကြည့်ရင် ခဏလေးလိုပဲနော်။

    • ko pauk mandalay

      July 4, 2013 at 2:25 pm

      အတိတ်ဆိုတာက ရိပ်ကနဲဖြတ်ပြေးသွားတာ ပါ ကေဇက်ေ၇

  • ခင် ခ

    July 4, 2013 at 10:56 am

    တခါတလေတော့လည်း လွမ်းမိပါတယ် ( အတိတ် )
    တခါတလေတော့လည်း ရမ်းမိပါတယ် ( ပစ္စုပ္ပန် )
    တခါတလေတော့လည်း လှမ်းကြည့်ပါတယ် ( မဝေးသေးတဲ့ အနာဂတ် )
    တခါတလေတော့လည်း မှန်းကြည့်ပါတယ် ( မရောက်သေးတဲ့ အနာဂတ် )
    တကယ်တော့ လွမ်းမိ ရမ်းမိ လှမ်းကြည့် မှန်းကြည့် တာတွေဟာ လုပ်ကိုလုပ်ဖြစ်နေကြတာ
    လူ့ဘဝ လားလို့…..။

    • ko pauk mandalay

      July 4, 2013 at 2:28 pm

      လွမ်းရင်း ရမ်းရင်း လှမ်းရင်း မှန်းရင်းနဲ့
      ဘဝတွေက တစစကြွေ……………………………………………

  • အလင်း ဆက်

    July 4, 2013 at 11:02 am

    ငါဟာ ငါ မဟုတ် ဘူးးးလို ့
    သိလိုက် ရတာကိုက

    အမြတ်ပါပဲ

    ကဗျာလေး ကောင်းလွန်းလို ့
    ရင်ထဲမှာ
    သိမ်းထားမယ်ဗျာ

  • ko pauk mandalay

    July 4, 2013 at 2:33 pm

    ကျေးကျေးပါအလင်းဆက်ရေ
    ကဗျာဆိုရင် ကျနော်က စိတ်ကူးပေါက်ရင် တထိုင်ထဲချရေးပြီး
    တင်တတ်တာကြောင့် ကဗျာပြခန်းကို မပို့ဖြစ်တာ ခွေးလွှတ်ပါနော်။

  • kyeemite

    July 4, 2013 at 3:52 pm

    အော်..အသက်တွေကြီးလာကြသလို
    ပညာဉာဏ်(လောကီရော၊ လောကုတ္တရာရော)တွေလည်း ကြီးရင့်လာကြရင်တော့ ကြီးရတာတန်ပါတယ်ကိုပေါက်ရေ….
    ကျုပ်လည်းကိုပေါက်နဲ့မလှမ်းမကမ်းမှာ ပါလာပါရဲ့… 😆

    • ko pauk mandalay

      July 4, 2013 at 4:41 pm

      ကိုမိုက်ရေ
      လေးဆယ်=40 လဲရေးပြီးပြီ။
      55အလွန်လဲရေးပြီးပြီ။

      အဲတော့ ခြောက်ဆယ် ခုနှစ်ဆယ်တွေ ကိုလဲ ရေးခွင့်ကြုံချင်ပါသေးတယ်ဗျာ။

  • โทรศัพท์มือถือ

    July 4, 2013 at 4:52 pm

    ၅၅ အလွန် ဘဂျီးတစ်ယောက်ရဲ့ ခံစားချက်လေးတွေကို
    ရေးထားတာ ခံစားသွားပါတယ်………
    ဒဂယ်တော့ ဘဝဆိုတာဂျီးက ဘာမှန်းကို မသိပါဘူးးး
    ကျနော်တို့ ဘဝတွေ ကိုပေါက်လိုပဲ ၅၅ အလွန်တွေ ဘာတွေဆိုတာ
    ရှိလာပါအုံးမလား မသိ…………

  • padonmar

    July 4, 2013 at 8:15 pm

    ကိုပေါက်ရေ
    ၁၀ဝ အလွန်လည်း ရေးနိုင်ပါစေ။

  • uncle gyi

    July 4, 2013 at 10:44 pm

    ဘီတယ်ကငါ ၆၄ နှစ်ရောက်တဲ့အခါတဲ့
    ကိုပေါက်က ၅၅ အလွန်တဲ့
    ၂ လုံးသမားတွေမဖတ်မိစေနဲ့နော်ကိုပေါက်
    အတိတ်ပေးတယ်ဆိုပြီးအပြီဆွဲနေမှဒုက္ခ

  • ko pauk mandalay

    July 4, 2013 at 10:52 pm

    အီးကယ်ဂျန်ကလဲ 55 ဆိုပြန်စရာမလိုတော့ဘူးလေဗျာ မိုက်တယ်

  • surmi

    July 4, 2013 at 11:18 pm

    ၅၅ မှသည်​ ၁၀ဝ တိုင်​​အောင်​ ​စောင်​့ဖတ်​​နေချင်​ပါ​သေးတယ်​ဗျို့ ……….

  • ဦးဦးပါလေရာ

    July 5, 2013 at 12:27 am

    တိုက်ဆိုင်လိုက်တာ အကိုရေ-
    ကျနော်လဲ မိုင်တိုင်၂၆ ဆိုတဲ့ ဗီဒီယိုကားနာမည်လေး ခေါင်းထဲရောက်လာတာနဲ့
    မိုင်တိုင် ၄၈ ဆိုပြီး စာလေးတပုဒ်ရေးထားမိတယ်….
    ကိုပေါက်နောက်က လိုက်ဦးမယ်…
    😀

  • ငါဟာ ငါ မဟုတ်ဘူး …
    ဆိုဒေါ့ဂါ …
    ဖေပေါက် ဆိုဒါ လွန်ဂဲ့ဒဲ့ အတိတ်က
    အခြား အခြား ပေါ့နော် …
    (ရမ်းတုတ်)

    အင်း .. ဘာလိုလိုနဲ့ တို့များ ဖေပေါက်တောင် ၅၅ လွန်ခဲ့ပြီ …။
    ကျုပ်လည်း ဘာထူးသလဲ …။
    ၅ဝ လွန်ခဲ့ပြီပဲလေ …။

  • မောင် ပေ

    July 5, 2013 at 11:22 am

    နောက်ကျခဲ့ရပြီ ၂လုံးထီ
    ဒါကြောင့်မို ့ ၊ ဒီရက်ပိုင်းတွေအတွင်း
    ၅ တွေ အရမ်းမြူးတာကိုး

  • ဦးကြောင်ကြီး

    July 6, 2013 at 10:29 am

    ငါမဟုတ်
    တဏှာထုပ်
    အရာလုပ်
    ပါချုပ်
    အထှာကုပ်
    နှာမှုတ်
    လာပုတ်
    ကြာရုပ်..။

  • ko pauk mandalay

    July 6, 2013 at 12:53 pm

    ကြာခူး
    လာပူး
    နှာဘူး
    အထှာမြူး
    ပါဘူး
    တဏှာထူး
    အဲဒါ ငါမဟုတ်ဘူး

  • Mr. MarGa

    July 6, 2013 at 8:03 pm

    ဪ………..လေးပေါက်……….လေးပေါက်
    အခုမှ ငယ်ငယ်လေး ရှိသေးတာပါလား
    ငါးဆယ့်ငါးဆိုတာ တစ်ဝက် ကျော်ရုံလေးပဲ ရှိသေးတယ် :mrgreen:
    လေးပေါက်ရေ
    နောက်ထပ် နောက်ထပ် နှစ်ပေါင်းများစွာ
    လေးပေါက်ရဲ့ ပုံတွေ၊ စာတွေ၊ ကဗျာတွေကို တွေ့ချင်ပါသေးတယ်…………..
    (နောက်ကျတဲ့ ဆုတောင်းအတွက် ခွေးလွှတ်ပါ)

Leave a Reply