ဒီဂဘာလောကကြီးတစ်ခုလုံး သာယာအေးချမ်းဖို့  ငါဆန္ဒပြင်းပြနေတယ် ။

ဘယ်သူ သိနိုင်မလဲ ။

ဟိုနိုင်ငံမှာ ဗမာတွေ မရှုမလှ ဖြစ်နေတာ ငါ စိတ်မချမ်းသာဘူး ။

ဘယ်သူသိနိုင်မလဲ ။

လူမျိုးရေး မုန်းတီးမှုကနေ ဖြစ်လာတဲ့ အကြမ်း ဖက်မှုတွေ မမြင်ချင်ဘူး ။ မကြားချင်ဘူး

ဟုတ်တယ် ။

ငါက တပါးသူရဲ့နာကျင်မှုကို မြင်ရကြားရရုံနဲ့ ငါကိုယ်တိုင်နာကျင်လာသလို ခံစားလွယ်တတ်တယ်။

ဘယ်သူ ဘာပြောမလဲ ။

တကယ်ဆို ငါတို့ နိုင်ငံမှာ ဘာသာရေးက ဒီလောက်ကြီးစိုးထားတာ ။

ဘာ ဆိုးဝါးမှုမှ မဖြစ်သင့်ဘူး မဟုတ်လား ။

အခုတော့ မဖြစ်သင့်တာတော်တော်များများက အလိုတူတူ မတူတူ ဖြစ်ပျက်နေတယ် ။

သူတော်ကောင်းတရား ကို တကယ်လက်ကိုင်ထားရိုးမှန်ရင် /

ဘာသာရေး အဆုံးအမနဲ့ ကိုယ်တိုင် ရဲ့ အသိထဲကယဉ်ကျေးမှုကို လက်ကိုင်ထားရိုးမှန်ရင် ဆိုးယုတ်မှု တော်တော်များများ လျော့သွားမယ် မဟုတ်လား ။

အခု ကြည့် ။

ငါတို့  ဘာတွေ လုပ်နေလဲ ။

ငါတို့  လုပ်နေတာ မှန်တယ် ထားလိုက် ။

ဒါဆို ငါတို့  အလုပ်ခံနေရတာ တွေ

ငါတို့ ကို လုပ်နေတာတွေကရော မှန်လားးး။

မျက်စိတစ်ဆုံး မကြည့်ပဲ မျက်တောင်တစ်ဆုံးလောက် ကြည့်ပြီး လုပ်သမျှ အကြွေးဟောင်း ဆပ် တာပါပဲလေ ဆိုပြီး ငုံ့ ခံနေမလားး ။

ဟို က ရေရှည် စီမံကိန်းတွေ ဆွဲပြီး ကို လုပ်နေတာ ။

မြစ်ပြီးရင် ချောင်း ။

ချောင်းပြီးရင်မြောင်း ။

မြောင်းကြိုမြောင်းကြားပါ မကျန်တော့ဘူးဆိုရင်တော့

ငါတို့ ဘဝတွေ

ငါတို့ အိပ်မက်တွေ

ငါတို့ မျှော်လင့်ချက်နဲ့ ငါတို့ မနက်ဖြန်တွေကိုပါ ခုတ်ထွင် ရှင်းလင်းဖို့ အသင့် ပြင်ထားပြီးသားးး ။

ငါတို့ မျှော်လင့်ချက်တွေ ငါတို့ မနက်ဖြန်တွေ

ပျောက်ဆုံးပါးလျ လာတာနဲ့အမျှ ငါ့ သွေးရူးသွေးတန်း မျှော်လင့်ချက်တစ်ခု က

ငါ့ ရင်ထဲမှာ အမြစ်တွယ်တက် ပြီး တဖြည်းဖြည်းနဲ့ အဆမတန် ကြီးထွားလာခဲ့ပြီပဲ ။

ဘယ်သူ သိနိုင်မလဲ ။

အဲဒီ ငါ့မျှော်လင့်ချက်ကို ငါပြောပြမယ် ။

မင်းးး မရယ်နဲ့နော် ။

ငါလေ ဟောဒီတစ်ဂဘာလုံး

 ငြိမ်းချမ်းသာယာနေတဲ့ အချိန်လေးတစ်ခု လိုချင်တယ် ။ သေနတ်သံ တစ်ချက်မှ မရှိ။

တောက်ခတ် သံ တစ်ချက်မှ မရှိ ။

နာကျင်စွာ အော်ဟစ်လိုက်သံ တစ်ချက်မှ မရှိ ။

ဆိုးဝါးသော ခံစားချက် အဖြစ်အပျက် တစ်ခုမှ မရှိ ။

တစ်စက္ကန့် မှ ကို မရှိ ။

ကြည်နူး သာယာမှု အပြည့်နဲ တစ်ဂဘာလုံး တချိန်တည်း

တပြိုင်တည်း ငြိမ်းချမ်း သာယာနေမယ့်အချိန်ကလေး တစ်ခု

ငါလိုချင်တာပါ။

ငြိမ်းချမ်းမှု အခိုက်အတန့်ကလေးပေါ့ ။

တစ်ဂဘာလုံးနော် ။

မဖြစ်နိုင်ဘူးးးဆိုရင်တောင် ဖြစ်ချင်တယ်။

မရ နိုင်ဘူးးးဆိုရင်တောင် လိုချင်တယ် ။

လူ သားဘဝက ရခဲတယ်တဲ့ ။

ရတောင့်ရခဲ တန်ဖိုးကြီးတဲ့ လူသားဘဝ မှာ

အဲဒီလောက်

တစ်စက္ကန့်လောက်ပဲ ဖြစ်ဖြစ်

တစ်ဂဘာလုံး ငြိမ်းချမ်းမှု အခိုက်အတန့်လေးနဲ့ ထိုက်တန်သင့်တယ်လို့ 

မင်းးးးမထင်ဘူးလား ။

. . . . . . . . . . . . . 

 

==========================

alinsett

alinsett

About alinsett

alinsett has written 615 post in this Website..

. . .