မထိုက်တန်ဘူးလား ( ငြိမ်းချမ်းမှု အခိုက်အတန့် )

alinsettJuly 4, 20132min24018

ဒီဂဘာလောကကြီးတစ်ခုလုံး သာယာအေးချမ်းဖို ့ ငါဆန္ဒပြင်းပြနေတယ် ။

ဘယ်သူ သိနိုင်မလဲ ။

ဟိုနိုင်ငံမှာ ဗမာတွေ မရှုမလှ ဖြစ်နေတာ ငါ စိတ်မချမ်းသာဘူး ။

ဘယ်သူသိနိုင်မလဲ ။

လူမျိုးရေး မုန်းတီးမှုကနေ ဖြစ်လာတဲ့ အကြမ်း ဖက်မှုတွေ မမြင်ချင်ဘူး ။ မကြားချင်ဘူး

ဟုတ်တယ် ။

ငါက တပါးသူရဲ့နာကျင်မှုကို မြင်ရကြားရရုံနဲ့ ငါကိုယ်တိုင်နာကျင်လာသလို ခံစားလွယ်တတ်တယ်။

ဘယ်သူ ဘာပြောမလဲ ။

တကယ်ဆို ငါတို ့နိုင်ငံမှာ ဘာသာရေးက ဒီလောက်ကြီးစိုးထားတာ ။

ဘာ ဆိုးဝါးမှုမှ မဖြစ်သင့်ဘူး မဟုတ်လား ။

အခုတော့ မဖြစ်သင့်တာတော်တော်များများက အလိုတူတူ မတူတူ ဖြစ်ပျက်နေတယ် ။

သူတော်ကောင်းတရား ကို တကယ်လက်ကိုင်ထားရိုးမှန်ရင် /

ဘာသာရေး အဆုံးအမနဲ့ ့ကိုယ်တိုင် ရဲ့ အသိထဲကယဉ်ကျေးမှုကို လက်ကိုင်ထားရိုးမှန်ရင် ဆိုးယုတ်မှု တော်တော်များများ လျော့သွားမယ် မဟုတ်လား ။

အခု ကြည့် ။

ငါတို ့ ဘာတွေ လုပ်နေလဲ ။

ငါတို ့ လုပ်နေတာ မှန်တယ် ထားလိုက် ။

ဒါဆို ငါတို ့ အလုပ်ခံနေရတာ တွေ

ငါတို ့ကို လုပ်နေတာတွေကရော မှန်လားးး။

မျက်စိတစ်ဆုံး မကြည့်ပဲ မျက်တောင်တစ်ဆုံးလောက် ကြည့်ပြီး လုပ်သမျှ အကြွေးဟောင်း ဆပ် တာပါပဲလေ ဆိုပြီး ငုံ ့ခံနေမလားး ။

ဟို က ရေရှည် စီမံကိန်းတွေ ဆွဲပြီး ကို လုပ်နေတာ ။

မြစ်ပြီးရင် ချောင်း ။

ချောင်းပြီးရင်မြောင်း ။

မြောင်းကြိုမြောင်းကြားပါ မကျန်တော့ဘူးဆိုရင်တော့

ငါတို ့ဘဝတွေ

ငါတို ့အိပ်မက်တွေ

ငါတို ့မျှော်လင့်ချက်နဲ ့ငါတို ့မနက်ဖြန်တွေက်ိုပါ ခုတ်ထွင် ရှင်းလင်းဖို ့အသင့် ပြင်ထားပြီးသားးး ။

ငါတို့ ့မျှော်လင့်ချက်တွေ ငါတို ့မနက်ဖြန်တွေ

ပျောက်ဆုံးပါးလျ လာတာနဲ့အမျှ ငါ ့သွေးရူးသွေးတန်း မျှော်လင့်ချက်တစ်ခု က

ငါ့ ရင်ထဲမှာ အမြစ်တွယ်တက် ပြီး တဖြည်းဖြည်းနဲ့ အဆမတန် ကြီးထွားလာခဲ့ပြီပဲ ။

ဘယ်သူ သိနိုင်မလဲ ။

အဲဒီ ငါ့မျှော်လင့်ချက်ကို ငါပြောပြမယ် ။

မင်းးး မရယ်နဲ့နော် ။

ငါလေ ဟောဒီတစ်ဂဘာလုံး

 ငြိမ်းချမ်းသာယာနေတဲ့ အချိန်လေးတစ်ခု လိုချင်တယ် ။ သေနတ်သံ တစ်ချက်မှ မရှ ိ။

တောက်ခတ် သံ တစ်ချက်မှ မရှိ ။

နာကျင်စွာ အော်ဟစ်လိုက်သံ တစ်ချက်မှ မရှိ ။

ဆိုးဝါးသော ခံစားချက် အဖြစ်အပျက် တစ်ခုမှ မရှိ ။

တစ်စက္ကန် ့မှ ကို မရှိ ။

ကြည်နူး သာယာမှု အပြည့်နဲ တစ်ဂဘာလုံး တချိန်တည်း

တပြိုင်တည်း ငြိမ်းချမ်း သာယာနေမယ့်အချိန်ကလေး တစ်ခု

ငါလိုချင်တာပါ။

ငြိမ်းချမ်းမှု အခိုက်အတန့်ကလေးပေါ့ ။

တစ်ဂဘာလုံးနော် ။

မဖြစ်နိုင်ဘူးးးဆိုရင်တောင် ဖြစ်ချင်တယ်။

မရ နိုင်ဘူးးးဆိုရင်တောင် လိုချင်တယ် ။

လူ သားဘဝက ရခဲတယ်တဲ့ ။

ရတောင့်ရခဲ တန်ဖိုးကြီးတဲ့ လူသားဘဝ မှာ

အဲဒီလောက်

တစ်စက္ကန့်လောက်ပဲ ဖြစ်ဖြစ်

တစ်ဂဘာလုံး ငြိမ်းချမ်းမှု အခိုက်အတန့်လေးနဲ့ ့ထိုက်တန်သင့်တယ်လို ့

မင်းးးးမထင်ဘူးလား ။

. . . . . . . . . . . . . 

 

==========================

alinsett

18 comments

  • အလင်း ဆက်

    July 4, 2013 at 1:42 pm

    အခုလက်တလော တွေးမိတဲ့ အတွေးလေးကို
    ချရေးမိတာပါ ။

    ဖတ်ရှု ခံစားပေးသူများအားးးကျေးဇူးတင်ပါတယ်နော်

    လေးစားစွာဖြင့်
    အလင်းဆက်

  • KZ

    July 4, 2013 at 1:55 pm

    ရပ်။
    ခဏလေး ရပ်တန့်!
    ထိခိုက်နိုင်တဲ့ လုပ်ရပ်လေးတွေ ရပ်!
    နာကျင်နိုင်တဲ့ စကားတွေ ရပ်!
    မခံချင်ဖြစ်တဲ့ အတွေးတွေ ရပ်!
    ပြဿနာဖြစ်မဲ့ တို့မီးတွေ ရပ်!
    တစ်နိုင်ငံလုံးလောင်မဲ့ ရှို့မီးတွေ ရပ်!

    မကောင်းတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ အားလုံး ခဏလေး ရပ်!

    အင်းးးးးးး
    ကျုပ်လည်း ရပ်မှ။ :mrgreen:

    • အလင်း ဆက်

      July 4, 2013 at 2:03 pm

      ဟုတ်ပါ့ မမခိုင်ဇာ ရေ

      အားလုံး တပြိုင်တည်း ရပ် ကြည့်ချင်လိုက်တာ

      အင်းးးး

      ကျွန်တော်လည်း ရပ် ရ ဦးမယ်
      😆

    • Mr. MarGa

      July 4, 2013 at 2:08 pm

      လည်……..နေတဲ့
      ကမာ္ဘကြီးကို
      အားလုံး ရပ်တန့်လိုက်မယ် ဆိုရင်
      ရှိရှိသမျှ အရာတွေအားလုံး
      အရှိန်နဲ့ လွင့်ထွက်ကုန်မပေါ့
      အင်နားရှား…….လေကွယ်
      အင်နားရှား…….အင်နားရှား………. :mrgreen:

      • KZ

        July 4, 2013 at 2:15 pm

        သေချာဖတ်ပါ။
        ကဘာကြီးကိုမရပ်ခိုင်းပါဘူးးးး
        အပြစ်ပြောဖို့ပဲ စဉ်းစားနေတယ်။
        မုန်းတယ်။ :mrgreen:

        မရပ်နဲ့။
        ဆက်လုပ်ကြ၊။
        နိုင်ငံကြီး အပ် စိုက် ဒေါင်း ဖြစ်တဲ့ထိ မရပ်ကြနဲ့။ :mrgreen:

  • Mr. MarGa

    July 4, 2013 at 2:01 pm

    မထင်ဘူး
    မထင်ဘူး
    လုံးဝ လုံးဝ ကို မထင်ဘူး
    ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင် နတ်ပြည်သာ တက်ခဲ့
    (နတ်သားတော့ လက်မခံဘူး နတ်သမီးပဲ လက်ခံတယ် ) :mrgreen:

    • အလင်း ဆက်

      July 4, 2013 at 2:05 pm

      နှာဘူးးးးသကြားမင်း

      ဟိဟိ

      😆

      နတ်ပြည်မှာ လည်း စစ် ဖြစ်တာပဲ

      😆

  • မင်းမင်း

    July 4, 2013 at 2:25 pm

    တယေက်ကရပ်ခိုင်းတယ်

    တယောက်က်က မရပ်ခိုင်းဘူး

    ရှုပ်ပါတယ်လေးးးးးးးး

    ရပ် သွား လေးလုပ်နေမှ ဟီးး 🙄 🙄 🙄

    • အလင်း ဆက်

      July 4, 2013 at 5:37 pm

      ကမင်းမင်းး
      ရပ် သွား လေး ဆိုတာ ဘလိုမျိုးလဲ ။

      အဟိ။

      =======
      ဖတ် ရှု ခံစားပေးတဲ့ ကမင်းမင်း ရေ
      ကျေးးးဇူးးးးး

  • โทรศัพท์มือถือ

    July 4, 2013 at 4:26 pm

    စိုင်းထီးဆိုင်ရဲ့ သဘာဝရဲ့ရင်သွေးငယ်တွေ…..
    သချင်းလေးကို နားထောင်ကြည့်ပါ………
    အဲ့လိုနေရာလေးကို သွားချင်ဘူးလားလို့………..
    သွားချင်တယ်ဆိုရင် ကျုပ်နဲ့လိုက်ခဲ့…..

  • အလင်း ဆက်

    July 4, 2013 at 5:41 pm

    ဆာဝါလီခမ့်

    သခင်မိုမို ရေ

    အဲဒိ ဦးထီး သချင်းထဲက ဟောဒီ စာသားလေး အသည်းစွဲတယ်

    ပိုင်ဆိုင်တာ အားလုံးးးစွန် ့ကာလေ
    မနာလိုစရာလည်း ပဲ မရှိတော့ပေ
    ဘယ်သူမဆို အားလုံးးးတန်းတူနေ
    ညီအစ်ကိုလို ကြင်နာ မှုနဲ့လေ

    လောက အသစ်တည်နေ

    အရာ ရာ လှ လှ လှပရာ မြေ
    အရာရာ သန် ့သန် ့ သန့်ရှင်းးးရာမြေ

    အဲ ဆိုရင်းနဲ ့တစ်ပု ် ဆုံးတော့မပေါ့

    😆

  • uncle gyi

    July 4, 2013 at 10:49 pm

    ကိုယ်နဲ့နီးရာအသိတွေဝေလိုက်
    ကိုယ်နဲ့နီးရာအစာတွေဝေလိုက်
    ကိုယ်နဲ့နီးရာကြိုတင်ကာကွယ်မှုတွေလုပ်လိုက်
    ဒါဆိုအားလုံးကောင်းဖို့မမျှော်လင့်နိုင်တောင်
    အတော်များများကောင်းသွားနိုင်မယ်ထင်ပါတယ်

  • ငြိမ်းချမ်းချင်ရင် တရားထိုင်ကွယ့် …။
    အာနာပါန ရှုကွယ့် …။
    ဒီထက် ဝိပဿနာတရား ပွားများကွယ့် …။
    တစ်ဒင်္ဂတင် မကဘူး …။ ထာဝရ အတွက်ပါ ငြိမ်းချမ်းသွားမယ်ကွယ့် …။

Leave a Reply