လ​ရောင်​ဟာ …. တစ်​စုံတစ်​​ယောက်​အတွက်​ ကြည်​နူးမှု​တွေ ​ပေးသလ်ို

တစ်​စုံတစ်​​ယောက်​အတွက်​ … စိတ်​ကူးယဉ်​အ​တွေးကမ္ဘာထဲ ဆွဲ​ခေါ်သွားတတ်​ပြန်​ပါ​ရော …..

တချို့ကျ​တော့လည်​း …. လ​ရောင်​​အောက်​မှာ ငြိမ်​းချမ်​းပါသတဲ့ ။

တစ်​ချို့ လူ​တွေအတွက်​ လ​ရောင်​ဟာ စိတ်​​ဖောက်​ပြန်​​စေ​လောက်​​အောင်​ ညိုှ့ငင်​အား​ကောင်​း​နေပြန်​သတဲ့​လေ …..

ဒါဆို … ကျ​နော်​့ အတွက်​ ဘယ်​်​လိုဖြစ်​​လေမလဲ ? ??

ဟုတ်​ပါတယ်​ …. တစ်​ခါက လသာတဲ့ညရဲ့ လ​ရောင်​ ​အောက်​မှာ​ပေါ့ …..

ကျ​နော်​့ရဲ့ အမှတ်​တရ တစ်​ခါက ​လေး​တွေ အဖြစ်​ ရှိခဲ့ဖူးတာပါပဲ​လေ …..

 

××××××××××××××××××××××××××××××××

 

ကားသမား​တွေကြားမှာ ကျ​နော်​​ပြော​လေ့ရှိတာက “​ကားသမားမှာ ​ဆောရီးမရှိဘူး” ဆိုတဲ့စကားပါ ။ ကျ​နော့စပယ်​ယာ​လေး​တွေကို ​ပြော​နေကျမို့ သူတို့က ကျ​နော်​့ကို “ဆရာ​ဆောရီး” လို့​တောင်​ ကွယ်​ရာမှာ​ခေါ်ကြတာ ။ ဟုတ်​တယ်​​လေ … တစ်​ခုခုဖြစ်​သွားရင်​ ​ဆောရီး ဆိုပြီး ဝပြန်​ပြင်​လို့မှမရဘဲ ။

အသက်​ ဒါမှမဟုတ်​ တစ်​ခုခုဆုံးရှုံးသွားမှာ​လေ ။

ဒီလိုသတိထား​နေပါလျက်​နဲ့ တစ်​ကြိမ်​မှာ​တော့ ကျ​နော်​့ရဲ့ ဆုံးဖြတ်​ချက်​အမှား​ကြောင်​့

မဖြစ်​သင်​့တဲ့ လွဲ​ချော်​မှုတစ်​ခု ဖြစ်​ခဲ့ရပါတယ်​ ….. အဲဒါက​တော့ လမ်​းခုလပ်​မှာ ကားပျက်​တာဘဲ ။

 

ကြီးကြီးကျယ်​ကျယ်​စက်​ချို့ယွင်​းတာမဟုတ်​ပါဘူး … ရိုက်​ပန်​့ လို့ ကျ​နော်​တို့ကားသမား​တွေအလွယ်​​ခေါ်တဲ့ ဆီတင်​တဲ့ပန်​့​လေးပါ ။ သူ့ရဲ့ လုပ်​ငန်​း​ဆောင်​တာက​တော့ ဆီတိုင်​ကီက ဆီကို ပန်​့နားကို​ရောက်​​အောင်​ လက်​နဲ့ ရိုက်​တင်​ပြီး

ဆီပိုက်​တ​လျောက်​ဆီ​တွေ​လေမခို​အောင်​ ​သူ့ရဲ့ဘားနဲ့​တောင်​့ခံ ထား​ပေးရတာပါ ။

အဲဒီ​နေ့က ဖြစ်​ချင်​​တော့ ရိုုက်​ပန်​့က နဲနဲ ​လေခိုချင်​သလိုဖြစ်​​နေပါပြီ ။ဒါကို ကျ​နော်​က တစ်​​ခေါက်​ပြန်​လာပြီးမှ လဲမယ်​လို့ ဆုံးဖြတ်​ပြီး အညာကို ဆန်​နဲ့ တက်​ခဲ့တာ​ပေါ့ ။

အသွားတုန်​းက အဆင်​​ကြေ​ပေမယ်​့ အပြန်​မှာ​တော့ နှစ်​​နေရာ​လောက်​ ထိုးရပ်​​တော့တာပါပဲ ။

​နောက်​ဆုံး ထိုးရပ်​သွားတဲ့ ​နေရာက​တော့ ကျ​နော်​​မောင်​ဆာမိနဲ့ အလွန်​ဓတ်​ကျလှတဲ့

သင်​းချိုင်​းတစ်​ခုရဲ့​ရှေ့မှာပါ ။ အဲဒီရိုုက်​ပန်​့​ရဲ့တတ်​ဘိုးက ဟိုတုန်​းက ၁၀၀ဝ ဘဲတန်​တာပါ ။ဒါ​ပေမယ်​့ ​ကားကြီးပစ္စည်​းဖြစ်​လို့ ​နေရာတိုင်​းဝယ်​မရပါဘူး ။ဘုရင်​့​နောင်​ကားဝန်​းထဲမှာ မှရနိုင်​တာဆို​တော့ …..

 

တိုက်​တိုက်​ဆိုင်​ဆိုင်​ အဲဒီ​နေ့က တနင်္ဂ​နွေ​နေ့​လေ ။ ဘုရင်​့​နောင်​​ဈေး ပိတ်​တာ​ပေါ့ဗျာ ။ ဘယ်​တတ်​နိုင်​မလဲ … စပယ်​ယာကြွက်​နီကိုရန်​ကုန်​ပြန်​လွှတ်​ပြီး ​နောက်​​နေ့ဝယ်​ပြီး ပြန်​လာခိုင်​းရတာ​ပေါ့ ။ကျ​နော်​က​တော့ ကုန်​​တွေပါလို့ ကားမှာပဲ ​စောင်​့ရတာ​ပေါ့ဗျာ …

ကြွက်​နီက သရဲ​ကြောက်​တတ်​လွန်​းလို့ သူ့ကိုထားခဲ့ရင်​ ထွက်​​ပြေးမှာ​လေ ။ ကိုယ်​့အပြစ်​နဲ့ကိုယ်​ ဆို​တော့

့ ​စောင့်​​ပေဦး​တော့ ​မောင်​ဆာမိ ​ပေါ့ဗျာ ။

ကားစပျက်​တဲ့ အချိန်​က ​နေ့လည်​ပိုင်​းဆို​တော့ ရန်​ကုန်​ကို ကားကြုံနဲ့ ကြွက်​နီကိုတင်​​ပေးလိုက်​ရပါတယ်​ ။ ကျ​နော်​က​တော့ ကားသမား​တွေချ​ပေးခဲ့တဲ့ ​ပြောင်​းဖူးပြုတ်​ရယ်​ ​ကွမ်​းယာရယ်​ အဆာ​ပြေဝါးရင်​း ​နေ့လည်​စာပြီးလိုက်​ရတယ်​​လေ ။

 

ဒီမှာ ကြုံလို့ ချစ်​စရာ​ကောင်​းတဲ့ ဟိုင်​း​ဝေးကားသမား​တွေရဲ့ အကျင်​့​လေး​ပြောဦးမယ်​ဗျ ။

ကားသမားအများစုက အတန်​းပညာနဲကြပါတယ်​ ။​ရေးတတ်​ ဖတ်​တတ်​ ရုံပါပဲ ။ ဒါ​ကြောင်​့ သူတို့ရဲ့အပြုအမူ​တွေဟာ ရံဖန်​ရံခါ မယဉ်​​ကျေးကြပါဘူး ။ အဆဲ ​ ​လေးမှမပါရင်​ စကားမ​ပြောတတ်​သလို

နဲနဲရိုင်​းတဲ့အသွင်​​ဆောင်​ပါတယ်​ ။

ဒါ​ပေမယ်​ ့ …. အခုလို လမ်​းမှာ ကားတစ်​စီးစီးပျက်​​နေတယ်​ ဆိုရင်​​တော့ သိသိ မသိသိ လိုတဲ့အကူအညီ ​ပေး​တော့တာပါပဲ ။

ဘာလိုလဲ ၊ ဘာလုပ်​​ပေးရမလဲ​ပေါ့ …. ပြီး​တော့ သူတို့မှာပါလာတဲ့ ​ရေသန်​့ဘူး ၊​ဆေးလိပ်​ ၊ ကွမ်​းယာ နဲ့ စားစရာ ​တွေကို ​ချ​ပေးသွားတတ်​တာပါ ။

ဒီလိုနဲ့ဘဲ ​မောင်​ဆာမိဆီမှာ ​ဆေးလိပ်​နဲ့ကွမ်​းယာ​တွေ အလျံအပယ်​ ဖြစ်​​နေ​တော့တာ​ပေါ့ ။

 

ည​နေ​စောင်​း​ရောက်​လာ​တော့ ​မောင်​ဆာမိလည်​း စဉ်​းစားရ​တော့တယ်​ ….

ညစာဘယ်​လိုလုပ်​ရပါ့ ​ပေါ့​လေ ။ ကားကြီးထားခဲ့ပြီး ရွာထဲလည်​းသွားလို့မဖြစ်​ဆို​တော့ …..

ဟိုကြည်​့ဒီကြည်​့ ကြည်​့ရင်​း သင်​းချိုင်​း​ဘေးမှာ တဲ​လေးတစ်​လုံးသွား​တွေ့ပါတယ်​ ။ ဒီလိုနဲ့ပဲ တဲဆီကိုခတ်​သုတ်​သုတ်​​ပြေးပြီး ညစာထမင်​းကို ပိုက်​ပိုက်​​ပေးပြီးချက်​ခိုင်​းရ​တော့တာ​ပေါ့ ။

တဲပိုင်​ရှင်​အစ်​မကြီးက စီစဉ်​​ပေးမယ်​ဆိုတဲ့အ​ကြောင်​း ၊ ကား နားကိုလာပို့​ပေးမယ်​ဆိုတဲ့အ​ကြောင်​း ​ပြော​တော့ ​မောင်​ဆာမိလည်​း ကားဆီကိုပြန်​လာခဲ့ပါတယ်​ ။

မကြာပါဘူး … ၁၂ နှစ်​အရွယ်​​ကောင်​​လေးတစ်​​ယောက်​က ​ရေ​နွေးအိုးရယ်​ ပန်​းဂံလုံး​လေးရယ်​ကိုင်​ပြီး ​ရောက်​လာတယ်​​လေ ။ သူ့​နောက်​က ဦး​လေးကြီးတစ်​​ယောက်​ကလည်​း ဗန်​းတစ်​ချပ်​ကိုင်​လို့​ပေါ့ ။ ာဗန်​းထဲမှာ​တော့ အ​ငွေ့တစ်​​ထောင်​း​ထောင်​းနဲ့ ထမင်​းနဲ့ ဟင်​း​တွေပါ ။

 

 

 

 

 

 

ကျ​နော်​လည်​း ကား​ပေါ်မှာစားရင်​ ကျဉ်​းကျပ်​တာနဲ့ ​ဘေး ဘယ်​ညာ​ဝေ့ကြည်​့​တော့ သင်​းချိုင်​းဝကအုတ်​ဂူတစ်​ခုရဲ့​ရှေ့မှာ

သံမံတလင်​း​လေးက ​ပြောင်​ရှင်​း​နေတာ​တွေ့လိုက်​ရတယ်​​လေ ။

ဒါနဲ့ အဲဒီ​နေရာမှာပဲ ည​နေစာ ထမင်​းပွဲက်ို အဝဆွဲ​တော့မယ်​​ပေါ့ … .။ ​သေချာကြည်​့​တော့ တရုပ်​လူမျိုးတစ်​​ယောက်​ရဲ့ အုတ်​ဂူဖြစ်​​နေပါတယ်​ ။ဒါ​ကြောင်​့ ဂူ​ရှေ့မှာ ကန်​​တော့ဖို့ သံမံတလင်​း​လေးခင်​းထားတာ​ပေါ့ ။

ကျ​နော်​က ထမင်းစား​နေတုန်​း ဟိုဦး​လေးကြီးက ​ဘေးက​နေ ​ရေ​နွေးငှဲ့​ပေးရင်​း စကားစမည်​ ​ပြောတာ​ပေါ​့​လေ ။

သူ့သားက​တော့ ကားနားသွားပြီး လှည်​့ပတ်​ကြည်​့​နေ​လေရဲ့ ။

​ဪ​ …. ဒါနဲ့ … ကျ​နော်​မိန်​ရည်​ရှက်​​ရေ စားခဲ့တဲ့ ည​နေစာရဲ့ ဟင်​း​လေး​တွေကို ​ပြောရဦးမယ်​ ဗျို ့ …..

 

ကျ​နော့ကို​ကျွေးတာ ဘာဟင်​းလို့ ထင်​ကြသလဲ ဗျာ …..

ဒညင်​းသီး ဆားရည်​စိ်​မ်​နဲ့ ငံပိရည်​ဆိုရင်​​တော့ မှားလိမ်​့မယ်​ဗျို့ ….

ငရုပ်​သီးဆား​ထောင်​းနဲ့ ဟင်​းရွက်​ပြုတ်​ဆိုရင်​လည်​း မဟုတ်​​သေးပါဘူး ခင်​ဗျ …..

ဒီလို ဒီလို ….

ဗိုက်​ကွဲ​နေတဲ့ ခတ်​ကြမ်​းကြမ်​းထမင်​းရယ်​ ၊ ဝက်​သားလုံး​ကြော်​ရယ်​ ပြီး​တော့ ဝက်​ချိုချဉ်​ရယ်​ …. ကြက်​ပဲငပိ ရယ်​ ……

ကဲ ယုံကြလား ….. တကယ်​ ပါဗျာ ။ ​ကြောက်​တတ်​ရင်​​တော့ ပုံပြင်​ထဲက ကျပ်​ကုန်​းက ကျပ်​​တွေဖန်​ဆင်​း​ပေးတယ်​​ပေါ ့ ….

အဖြစ်​မှန်​က ဒီလိုဗျို့ ……

တကယ်​​တော့ သူတို့က သုဘရာဇာ​တွေပါ ။ ကျ​နော်​ကားပျက်​တဲ့ ​နေ့က April လရဲ့ လဆန်​းပိုင်​း​ပေါ့ဗျာ ။ ဆို​တော့ .. ….

April လဆန်​းပိုင်​း​တွေမှာ တရုပ်​လူမျိုး​တွေက ​သေဆုံးသွားပြီဖြစ်​တဲ့ မိဘဘိုးဘွား​တွေကို လာကန်​​တော့​လေ့ရှိပါတယ်​ ။

ဒီလို ကန်​​တော့ပြီးသွားရင်​ စား​သောက်​ဖွယ်​ရ​တွေကို အများအားဖြင်​့ နီးစပ်​ရာကို​ပေးခဲ့တာပါပဲ ။

အဲဒီ​နေ့ကလည်​း တစ်​စုံတစ်​​ယောက်​ လာကန်​​တော့ပြီး ​ပေးသွားတယ်​ထင်​ပါတယ်​ ။ ​မောင်​ဆာမိက​တော့ သိသိကြီးနဲ့ အ​ပြောင်​ရှင်​းလိုက်​တာဘဲဗျို့ …။ တကယ်​​တော့လည်​းဗျာ ….

သုဘရာဇာဘဲဖြစ်​ဖြစ်​ ၊ သ​တောင်​းစားဘဲဖြစ်​ဖြစ်​ … မဲမဲဖြူဖြူ လူ​တွေဘဲ မဟုတ်​လားဗျာ ….

လူ​တွေစားတဲ့ အစာ ကို လူတစ်​​ယောက်​က စားနိုင်​ရမှာ​ပေါ့ ။ လူ​တွေ​နေတဲ့ ​နေရမှာ လူတစ်​​ယောက်​အဖြစ်​ ​နေတတ်​ရမှာ​ပေါ ။

ဒီ​နေရာမှာ ကာလာ​တွေခွဲပြီး မာန်​တက်​​နေရင်​ ​နောက်​ဆုံး​တော့ အားလုံးအတူတူပဲ

​သေကြရမှာပါ​လေ ။ ဘယ်​သူကများအသက်​ရှင်​တုန်​းကဥစ္စ

ာပစ္စည်​း​တွေ သယ်​သွားနိုင်​လို့လဲ ။

 

××××××××××××××××××××××××××××××××××××××

 

မြင်​ကွင်​း​လေးက ကဗျာဆန်​ချင်​မှ ဆန်​ပါလိမ်​့မယ်​ …..

လဆန်​း ၁၃ ရက်​ဝန်​းကျင်​ မို့ လမင်​းကြီးက အ​ရှေ့ဘက်​ကထွက်​လာပြီး

သင်​းချိုင်​းထိတ်​က လက်​ပံပင်​ထိတ်​မှာ တွဲခို​နေတဲ့အချိ်​န်​ …..

အုတ်​ဂူတစ်​လုံးရဲ့​ရှေ့မှာ လူသားနှစ်​​ယောက်​ဟာ ​ရေ​နွေးကြမ်​းအိုးတစ်​လုံးအလယ်​မှာချပြီး

​အေး​အေးလူလူ စကား​ပြော​နေကြတယ်​ …..

တစ်​​ယောက်​က လန်​ဒန်​စီးကရက်​ကိုဖွာပြီး တစ်​​ယောက်​က ဖက်​ကြမ်​း​ဆေး​ပေါ့လိပ်​ကို ဖွာ​နေ​လေရဲ့……..

ဖုန်​းဆိုး​မြေကိုဖြတ်​သန်​းလာတဲ့ ​လေ​ပြေညှင်​းက​တော့ သူတို့ရဲ့မီးခိုး​ငွေ့​တွေကို သယ်​​ဆောင်​သွားတယ်​​လေ …..

​ပြောက်​တိ​ပြောက်​ကြား လ​ရောင်​​အောက်​ကမြင်​ရတဲ့ သူတို့မျက်​နှာ​တွေ​ပေါ်မှာ​တော့

​ကျေနပ်​ခြင်​း နဲ့အတူ ​လေး​လေးနက်​နက်​​တွေး​နေပုံပါပဲ …..

ဆွဲဆွဲငင်​ငင်​ အူလိုက်​တဲ့ ​ခွေးအူသံတစ်​ချက်​တစ်​ချက်​နဲ့အတူ ရယ်​သံသဲ့သဲ့ လည်​းကြားနိုင်​ပါ​သေးတယ်​ …..

တစ်​​ယောက်​က ကားသမား

တစ်​​ယောက်​က သုဘရာဇာ ….

သတို့ဘာ​တွေ​ပြော​နေကြလဲ လို့ဆိုရင်​ ………

အဲဒီ အ​ကြောင်​း​တွေကို တစ်​​နေ့ ​နေ့မှာ​တော့ ​ပြောပြချင်​မိပါ​သေးတယ်​ ……။

 

​လေးစားလျှက်

​မောင်​ဆာမိ

 

 

 

 

 

 

 

 

About ေမာင္ရိုး

surmi has written 113 post in this Website..