တစ်​ခါက နှင်​့ လ​ရောင်​​အောက်​ကထမင်​းပွဲ

လ​ရောင်​ဟာ …. တစ်​စုံတစ်​​ယောက်​အတွက်​ ကြည်​နူးမှု​တွေ ​ပေးသလ်ို

တစ်​စုံတစ်​​ယောက်​အတွက်​ … စိတ်​ကူးယဉ်​အ​တွေးကမ္ဘာထဲ ဆွဲ​ခေါ်သွားတတ်​ပြန်​ပါ​ရော …..

တချို့ကျ​တော့လည်​း …. လ​ရောင်​​အောက်​မှာ ငြိမ်​းချမ်​းပါသတဲ့ ။

တစ်​ချို့ လူ​တွေအတွက်​ လ​ရောင်​ဟာ စိတ်​​ဖောက်​ပြန်​​စေ​လောက်​​အောင်​ ညိုှ့ငင်​အား​ကောင်​း​နေပြန်​သတဲ့​လေ …..

ဒါဆို … ကျ​နော်​့ အတွက်​ ဘယ်​်​လိုဖြစ်​​လေမလဲ ? ??

ဟုတ်​ပါတယ်​ …. တစ်​ခါက လသာတဲ့ညရဲ့ လ​ရောင်​ ​အောက်​မှာ​ပေါ့ …..

ကျ​နော်​့ရဲ့ အမှတ်​တရ တစ်​ခါက ​လေး​တွေ အဖြစ်​ ရှိခဲ့ဖူးတာပါပဲ​လေ …..

 

××××××××××××××××××××××××××××××××

 

ကားသမား​တွေကြားမှာ ကျ​နော်​​ပြော​လေ့ရှိတာက “​ကားသမားမှာ ​ဆောရီးမရှိဘူး” ဆိုတဲ့စကားပါ ။ ကျ​နော့စပယ်​ယာ​လေး​တွေကို ​ပြော​နေကျမို့ သူတို့က ကျ​နော်​့ကို “ဆရာ​ဆောရီး” လို့​တောင်​ ကွယ်​ရာမှာ​ခေါ်ကြတာ ။ ဟုတ်​တယ်​​လေ … တစ်​ခုခုဖြစ်​သွားရင်​ ​ဆောရီး ဆိုပြီး ဝပြန်​ပြင်​လို့မှမရဘဲ ။

အသက်​ ဒါမှမဟုတ်​ တစ်​ခုခုဆုံးရှုံးသွားမှာ​လေ ။

ဒီလိုသတိထား​နေပါလျက်​နဲ့ တစ်​ကြိမ်​မှာ​တော့ ကျ​နော်​့ရဲ့ ဆုံးဖြတ်​ချက်​အမှား​ကြောင်​့

မဖြစ်​သင်​့တဲ့ လွဲ​ချော်​မှုတစ်​ခု ဖြစ်​ခဲ့ရပါတယ်​ ….. အဲဒါက​တော့ လမ်​းခုလပ်​မှာ ကားပျက်​တာဘဲ ။

 

ကြီးကြီးကျယ်​ကျယ်​စက်​ချို့ယွင်​းတာမဟုတ်​ပါဘူး … ရိုက်​ပန်​့ လို့ ကျ​နော်​တို့ကားသမား​တွေအလွယ်​​ခေါ်တဲ့ ဆီတင်​တဲ့ပန်​့​လေးပါ ။ သူ့ရဲ့ လုပ်​ငန်​း​ဆောင်​တာက​တော့ ဆီတိုင်​ကီက ဆီကို ပန်​့နားကို​ရောက်​​အောင်​ လက်​နဲ့ ရိုက်​တင်​ပြီး

ဆီပိုက်​တ​လျောက်​ဆီ​တွေ​လေမခို​အောင်​ ​သူ့ရဲ့ဘားနဲ့​တောင်​့ခံ ထား​ပေးရတာပါ ။

အဲဒီ​နေ့က ဖြစ်​ချင်​​တော့ ရိုုက်​ပန်​့က နဲနဲ ​လေခိုချင်​သလိုဖြစ်​​နေပါပြီ ။ဒါကို ကျ​နော်​က တစ်​​ခေါက်​ပြန်​လာပြီးမှ လဲမယ်​လို့ ဆုံးဖြတ်​ပြီး အညာကို ဆန်​နဲ့ တက်​ခဲ့တာ​ပေါ့ ။

အသွားတုန်​းက အဆင်​​ကြေ​ပေမယ်​့ အပြန်​မှာ​တော့ နှစ်​​နေရာ​လောက်​ ထိုးရပ်​​တော့တာပါပဲ ။

​နောက်​ဆုံး ထိုးရပ်​သွားတဲ့ ​နေရာက​တော့ ကျ​နော်​​မောင်​ဆာမိနဲ့ အလွန်​ဓတ်​ကျလှတဲ့

သင်​းချိုင်​းတစ်​ခုရဲ့​ရှေ့မှာပါ ။ အဲဒီရိုုက်​ပန်​့​ရဲ့တတ်​ဘိုးက ဟိုတုန်​းက ၁၀၀ဝ ဘဲတန်​တာပါ ။ဒါ​ပေမယ်​့ ​ကားကြီးပစ္စည်​းဖြစ်​လို့ ​နေရာတိုင်​းဝယ်​မရပါဘူး ။ဘုရင်​့​နောင်​ကားဝန်​းထဲမှာ မှရနိုင်​တာဆို​တော့ …..

 

တိုက်​တိုက်​ဆိုင်​ဆိုင်​ အဲဒီ​နေ့က တနင်္ဂ​နွေ​နေ့​လေ ။ ဘုရင်​့​နောင်​​ဈေး ပိတ်​တာ​ပေါ့ဗျာ ။ ဘယ်​တတ်​နိုင်​မလဲ … စပယ်​ယာကြွက်​နီကိုရန်​ကုန်​ပြန်​လွှတ်​ပြီး ​နောက်​​နေ့ဝယ်​ပြီး ပြန်​လာခိုင်​းရတာ​ပေါ့ ။ကျ​နော်​က​တော့ ကုန်​​တွေပါလို့ ကားမှာပဲ ​စောင်​့ရတာ​ပေါ့ဗျာ …

ကြွက်​နီက သရဲ​ကြောက်​တတ်​လွန်​းလို့ သူ့ကိုထားခဲ့ရင်​ ထွက်​​ပြေးမှာ​လေ ။ ကိုယ်​့အပြစ်​နဲ့ကိုယ်​ ဆို​တော့

့ ​စောင့်​​ပေဦး​တော့ ​မောင်​ဆာမိ ​ပေါ့ဗျာ ။

ကားစပျက်​တဲ့ အချိန်​က ​နေ့လည်​ပိုင်​းဆို​တော့ ရန်​ကုန်​ကို ကားကြုံနဲ့ ကြွက်​နီကိုတင်​​ပေးလိုက်​ရပါတယ်​ ။ ကျ​နော်​က​တော့ ကားသမား​တွေချ​ပေးခဲ့တဲ့ ​ပြောင်​းဖူးပြုတ်​ရယ်​ ​ကွမ်​းယာရယ်​ အဆာ​ပြေဝါးရင်​း ​နေ့လည်​စာပြီးလိုက်​ရတယ်​​လေ ။

 

ဒီမှာ ကြုံလို့ ချစ်​စရာ​ကောင်​းတဲ့ ဟိုင်​း​ဝေးကားသမား​တွေရဲ့ အကျင်​့​လေး​ပြောဦးမယ်​ဗျ ။

ကားသမားအများစုက အတန်​းပညာနဲကြပါတယ်​ ။​ရေးတတ်​ ဖတ်​တတ်​ ရုံပါပဲ ။ ဒါ​ကြောင်​့ သူတို့ရဲ့အပြုအမူ​တွေဟာ ရံဖန်​ရံခါ မယဉ်​​ကျေးကြပါဘူး ။ အဆဲ ​ ​လေးမှမပါရင်​ စကားမ​ပြောတတ်​သလို

နဲနဲရိုင်​းတဲ့အသွင်​​ဆောင်​ပါတယ်​ ။

ဒါ​ပေမယ်​ ့ …. အခုလို လမ်​းမှာ ကားတစ်​စီးစီးပျက်​​နေတယ်​ ဆိုရင်​​တော့ သိသိ မသိသိ လိုတဲ့အကူအညီ ​ပေး​တော့တာပါပဲ ။

ဘာလိုလဲ ၊ ဘာလုပ်​​ပေးရမလဲ​ပေါ့ …. ပြီး​တော့ သူတို့မှာပါလာတဲ့ ​ရေသန်​့ဘူး ၊​ဆေးလိပ်​ ၊ ကွမ်​းယာ နဲ့ စားစရာ ​တွေကို ​ချ​ပေးသွားတတ်​တာပါ ။

ဒီလိုနဲ့ဘဲ ​မောင်​ဆာမိဆီမှာ ​ဆေးလိပ်​နဲ့ကွမ်​းယာ​တွေ အလျံအပယ်​ ဖြစ်​​နေ​တော့တာ​ပေါ့ ။

 

ည​နေ​စောင်​း​ရောက်​လာ​တော့ ​မောင်​ဆာမိလည်​း စဉ်​းစားရ​တော့တယ်​ ….

ညစာဘယ်​လိုလုပ်​ရပါ့ ​ပေါ့​လေ ။ ကားကြီးထားခဲ့ပြီး ရွာထဲလည်​းသွားလို့မဖြစ်​ဆို​တော့ …..

ဟိုကြည်​့ဒီကြည်​့ ကြည်​့ရင်​း သင်​းချိုင်​း​ဘေးမှာ တဲ​လေးတစ်​လုံးသွား​တွေ့ပါတယ်​ ။ ဒီလိုနဲ့ပဲ တဲဆီကိုခတ်​သုတ်​သုတ်​​ပြေးပြီး ညစာထမင်​းကို ပိုက်​ပိုက်​​ပေးပြီးချက်​ခိုင်​းရ​တော့တာ​ပေါ့ ။

တဲပိုင်​ရှင်​အစ်​မကြီးက စီစဉ်​​ပေးမယ်​ဆိုတဲ့အ​ကြောင်​း ၊ ကား နားကိုလာပို့​ပေးမယ်​ဆိုတဲ့အ​ကြောင်​း ​ပြော​တော့ ​မောင်​ဆာမိလည်​း ကားဆီကိုပြန်​လာခဲ့ပါတယ်​ ။

မကြာပါဘူး … ၁၂ နှစ်​အရွယ်​​ကောင်​​လေးတစ်​​ယောက်​က ​ရေ​နွေးအိုးရယ်​ ပန်​းဂံလုံး​လေးရယ်​ကိုင်​ပြီး ​ရောက်​လာတယ်​​လေ ။ သူ့​နောက်​က ဦး​လေးကြီးတစ်​​ယောက်​ကလည်​း ဗန်​းတစ်​ချပ်​ကိုင်​လို့​ပေါ့ ။ ာဗန်​းထဲမှာ​တော့ အ​ငွေ့တစ်​​ထောင်​း​ထောင်​းနဲ့ ထမင်​းနဲ့ ဟင်​း​တွေပါ ။

 

 

 

 

 

 

ကျ​နော်​လည်​း ကား​ပေါ်မှာစားရင်​ ကျဉ်​းကျပ်​တာနဲ့ ​ဘေး ဘယ်​ညာ​ဝေ့ကြည်​့​တော့ သင်​းချိုင်​းဝကအုတ်​ဂူတစ်​ခုရဲ့​ရှေ့မှာ

သံမံတလင်​း​လေးက ​ပြောင်​ရှင်​း​နေတာ​တွေ့လိုက်​ရတယ်​​လေ ။

ဒါနဲ့ အဲဒီ​နေရာမှာပဲ ည​နေစာ ထမင်​းပွဲက်ို အဝဆွဲ​တော့မယ်​​ပေါ့ … .။ ​သေချာကြည်​့​တော့ တရုပ်​လူမျိုးတစ်​​ယောက်​ရဲ့ အုတ်​ဂူဖြစ်​​နေပါတယ်​ ။ဒါ​ကြောင်​့ ဂူ​ရှေ့မှာ ကန်​​တော့ဖို့ သံမံတလင်​း​လေးခင်​းထားတာ​ပေါ့ ။

ကျ​နော်​က ထမင်းစား​နေတုန်​း ဟိုဦး​လေးကြီးက ​ဘေးက​နေ ​ရေ​နွေးငှဲ့​ပေးရင်​း စကားစမည်​ ​ပြောတာ​ပေါ​့​လေ ။

သူ့သားက​တော့ ကားနားသွားပြီး လှည်​့ပတ်​ကြည်​့​နေ​လေရဲ့ ။

​ဪ​ …. ဒါနဲ့ … ကျ​နော်​မိန်​ရည်​ရှက်​​ရေ စားခဲ့တဲ့ ည​နေစာရဲ့ ဟင်​း​လေး​တွေကို ​ပြောရဦးမယ်​ ဗျို ့ …..

 

ကျ​နော့ကို​ကျွေးတာ ဘာဟင်​းလို့ ထင်​ကြသလဲ ဗျာ …..

ဒညင်​းသီး ဆားရည်​စိ်​မ်​နဲ့ ငံပိရည်​ဆိုရင်​​တော့ မှားလိမ်​့မယ်​ဗျို့ ….

ငရုပ်​သီးဆား​ထောင်​းနဲ့ ဟင်​းရွက်​ပြုတ်​ဆိုရင်​လည်​း မဟုတ်​​သေးပါဘူး ခင်​ဗျ …..

ဒီလို ဒီလို ….

ဗိုက်​ကွဲ​နေတဲ့ ခတ်​ကြမ်​းကြမ်​းထမင်​းရယ်​ ၊ ဝက်​သားလုံး​ကြော်​ရယ်​ ပြီး​တော့ ဝက်​ချိုချဉ်​ရယ်​ …. ကြက်​ပဲငပိ ရယ်​ ……

ကဲ ယုံကြလား ….. တကယ်​ ပါဗျာ ။ ​ကြောက်​တတ်​ရင်​​တော့ ပုံပြင်​ထဲက ကျပ်​ကုန်​းက ကျပ်​​တွေဖန်​ဆင်​း​ပေးတယ်​​ပေါ ့ ….

အဖြစ်​မှန်​က ဒီလိုဗျို့ ……

တကယ်​​တော့ သူတို့က သုဘရာဇာ​တွေပါ ။ ကျ​နော်​ကားပျက်​တဲ့ ​နေ့က April လရဲ့ လဆန်​းပိုင်​း​ပေါ့ဗျာ ။ ဆို​တော့ .. ….

April လဆန်​းပိုင်​း​တွေမှာ တရုပ်​လူမျိုး​တွေက ​သေဆုံးသွားပြီဖြစ်​တဲ့ မိဘဘိုးဘွား​တွေကို လာကန်​​တော့​လေ့ရှိပါတယ်​ ။

ဒီလို ကန်​​တော့ပြီးသွားရင်​ စား​သောက်​ဖွယ်​ရ​တွေကို အများအားဖြင်​့ နီးစပ်​ရာကို​ပေးခဲ့တာပါပဲ ။

အဲဒီ​နေ့ကလည်​း တစ်​စုံတစ်​​ယောက်​ လာကန်​​တော့ပြီး ​ပေးသွားတယ်​ထင်​ပါတယ်​ ။ ​မောင်​ဆာမိက​တော့ သိသိကြီးနဲ့ အ​ပြောင်​ရှင်​းလိုက်​တာဘဲဗျို့ …။ တကယ်​​တော့လည်​းဗျာ ….

သုဘရာဇာဘဲဖြစ်​ဖြစ်​ ၊ သ​တောင်​းစားဘဲဖြစ်​ဖြစ်​ … မဲမဲဖြူဖြူ လူ​တွေဘဲ မဟုတ်​လားဗျာ ….

လူ​တွေစားတဲ့ အစာ ကို လူတစ်​​ယောက်​က စားနိုင်​ရမှာ​ပေါ့ ။ လူ​တွေ​နေတဲ့ ​နေရမှာ လူတစ်​​ယောက်​အဖြစ်​ ​နေတတ်​ရမှာ​ပေါ ။

ဒီ​နေရာမှာ ကာလာ​တွေခွဲပြီး မာန်​တက်​​နေရင်​ ​နောက်​ဆုံး​တော့ အားလုံးအတူတူပဲ

​သေကြရမှာပါ​လေ ။ ဘယ်​သူကများအသက်​ရှင်​တုန်​းကဥစ္စ

ာပစ္စည်​း​တွေ သယ်​သွားနိုင်​လို့လဲ ။

 

××××××××××××××××××××××××××××××××××××××

 

မြင်​ကွင်​း​လေးက ကဗျာဆန်​ချင်​မှ ဆန်​ပါလိမ်​့မယ်​ …..

လဆန်​း ၁၃ ရက်​ဝန်​းကျင်​ မို့ လမင်​းကြီးက အ​ရှေ့ဘက်​ကထွက်​လာပြီး

သင်​းချိုင်​းထိတ်​က လက်​ပံပင်​ထိတ်​မှာ တွဲခို​နေတဲ့အချိ်​န်​ …..

အုတ်​ဂူတစ်​လုံးရဲ့​ရှေ့မှာ လူသားနှစ်​​ယောက်​ဟာ ​ရေ​နွေးကြမ်​းအိုးတစ်​လုံးအလယ်​မှာချပြီး

​အေး​အေးလူလူ စကား​ပြော​နေကြတယ်​ …..

တစ်​​ယောက်​က လန်​ဒန်​စီးကရက်​ကိုဖွာပြီး တစ်​​ယောက်​က ဖက်​ကြမ်​း​ဆေး​ပေါ့လိပ်​ကို ဖွာ​နေ​လေရဲ့……..

ဖုန်​းဆိုး​မြေကိုဖြတ်​သန်​းလာတဲ့ ​လေ​ပြေညှင်​းက​တော့ သူတို့ရဲ့မီးခိုး​ငွေ့​တွေကို သယ်​​ဆောင်​သွားတယ်​​လေ …..

​ပြောက်​တိ​ပြောက်​ကြား လ​ရောင်​​အောက်​ကမြင်​ရတဲ့ သူတို့မျက်​နှာ​တွေ​ပေါ်မှာ​တော့

​ကျေနပ်​ခြင်​း နဲ့အတူ ​လေး​လေးနက်​နက်​​တွေး​နေပုံပါပဲ …..

ဆွဲဆွဲငင်​ငင်​ အူလိုက်​တဲ့ ​ခွေးအူသံတစ်​ချက်​တစ်​ချက်​နဲ့အတူ ရယ်​သံသဲ့သဲ့ လည်​းကြားနိုင်​ပါ​သေးတယ်​ …..

တစ်​​ယောက်​က ကားသမား

တစ်​​ယောက်​က သုဘရာဇာ ….

သတို့ဘာ​တွေ​ပြော​နေကြလဲ လို့ဆိုရင်​ ………

အဲဒီ အ​ကြောင်​း​တွေကို တစ်​​နေ့ ​နေ့မှာ​တော့ ​ပြောပြချင်​မိပါ​သေးတယ်​ ……။

 

​လေးစားလျှက်

​မောင်​ဆာမိ

 

 

 

 

 

 

 

 

42 comments

  • ကြည်ဆောင်း

    July 5, 2013 at 6:33 am

    ဆရာမင်းသိင်္ခရဲ့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားကိုတောင်သတိရမိသေးတော့ ့
    သူများမလုပ်နိုင်တာတွေလုပ်နိုင်ပါပေ့လို့ဘဲ တွေးမိလိုက်တယ် ့

  • Ma Ma

    July 5, 2013 at 7:31 am

    ခုလေးတင် အရမ်းကြောက်စရာကောင်းတဲ့ သရဲကားကြည့်တဲ့အခါ သွေးအမျိုးအစားအလိုက် ခံစားတတ်ပုံကို ဖေ့စ်ဘုတ်မှာ ရှဲထားတာတွေ့လိုက်တယ်။
    Bသွေးပိုင်ရှင်တွေကတော့ သရဲဆိုတဲ့အသံကြားတာနဲ့ ပြေးပြီဆိုတာကို ဖတ်ပြီး မှန်လိုက်တာလို့ တွေးမိတယ်။
    အဲ – ဘိုဆာမိရေးမယ့် မမြင်ရတဲ့သရဲဇာတ်လမ်းတော့ စိတ်ဝင်စားတယ်။
    😀

    • โทรศัพท์มือถือ

      July 5, 2013 at 7:52 am

      comment ရေးမလို့လုပ်တုန်းမှာပဲ.. မမ ရဲ့ FB ကအကြောင်းလေးကို စိတ်ဝင်စားသွားတယ်
      မမရေ… လင့်ခ်လေး လုပ်ပါ့အုံးဗျ… အဲ့ဒီအကြောင်းလေး ဖတ်ချင်ပါတယ်…..
      xxxxxxxxxxxxxxxxxxxxxxxxx
      မနက်ထ ဘရိတ်ဖတ်သွားစားမလို့…
      ရွာထဲဝင်ကြည့်လိုက်တာ……
      ဘိုးတော်ဦးဆာမိရဲ့ ပို့စ်ကိုစိတ်ဝင်စားပြီး ဝင်ဖတ်လိုက်တယ်…..
      ဖတ်ရင်းဖတ်ရင်းနဲ့ အရှိန်လေးကောင်းလာတုန်း ဘိုးတော်ကတော့ မရော့မယ်ဗျာ….
      တန်းလန်းကြီးလုပ်ပါနဲ့ဗျ….. ကသိကအောက်နိုင်လှတယ်………..
      အဲ့ဒီအကြောင်းတွေကို တစ်နေ့နေ့မှာ ပြောချင်ပါတယ်ဆိုတော့….
      အခွင့်များသာခဲ့ရင်… အဲ့လို သင်းချိုင်း ဇရပ်လေးပေါ်မှာပဲဖြစ်ဖြစ်
      ဆေးလိပ်လေးဖွာရင်း နားထောင်ချင်ပါတယ်………………………

        • surmi

          July 6, 2013 at 1:15 pm

          မကြည်​​ဆောင်​း​ရေ
          ​စော​စေစီးစီး​​​အား​​ပေးသွားတာ​ကျေး​ကျေးဗျာ
          တကယ်​​တော့ အများထက်ထူးပြီး လုပ်​နိုင်​​တော့မဟုတ်​ပါဘူး ။ အ​ခြေအ​နေအရပြင်​လိုက်​ရတာပါဗျ 🙂

          အန်​တီမမ​ရေ

          ငယ်​ငယ်​က​တော့သရဲ​ကြောက်​မှာ​ပေါဗျာ
          သိတတ်​တဲ့ အရွယ်​​ရောက်​မှ မ​ကြောက်​​တော့တာပါ ။ သရဲပုံပြင်​​တွေက​တော့ ကားသမား​တွေ​ပြောလွန်​းလို့ နားရည်​ဝ​နေပါပြီ ​နောင်​ကျရင်​​တော့ …အဲဒီတုန်​းက​ပြောဖြစ်​ခဲ့တာ​လေး​တွေ
          ပြန်​​ပြောဖြစ်​ဦးမယ်​ထင်​ပါရဲ ့

          ​မောင်​မိုဘိုင်​​ရေ
          မပျက်​မကွက်အား​ပေး​နေတာ ​ကျေး​ကျေး​နော်​
          ဆက်​ရန်​လာဦးမှာပါ
          ခု ​နောက်​ပိုင်​း ​တော်​​တော်​မအားလို့ပါ 🙂

  • အလင်း ဆက်

    July 5, 2013 at 7:48 am

    သူတို ့ဘာတွေ ပြောခဲ့ကြသလဲ
    သိပ်သိချင်မိတယ်ဗျာ။
    ကဗျာအကြောင်း စာအကြောင်းတွေလည်း ဖြစ်နိုင်တယ်
    နိုင်ငံရေးနဲ ့အတွေး အခေါ် ဒဿနတွေ လည်း ဖြစ်နိုင် တယ်
    အချစ် အကြောင်းးလည်း ဖြစ်နိုင် တယ်
    ဘာသာရေးနဲ ့ တရား သဘော တွေလည်း ဖြစ်နိုင်တယ်

    အင်းးးးစိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်
    တကယ့် အဖြစ်အပျက် တစ်ခု ကို
    အားရပါးရ ဖတ် လိုုက်ပါတယ်။

    😆

    • surmi

      July 6, 2013 at 1:25 pm

      ထင်​​နေတဲ့အ​ကြောင်​း​တွေ​တော့မဟုတ်​ဘူး
      ​ပြောပြပါ့မယ်​
      တ​နေ့ ​နေ့​ပေါ့ 🙂
      မ​စောင်​့နိုင်​ရင်​ လက်​ဘက်​ရည်​တိုက်​​ပေါ့ကွယ်​ ဟဲဟဲ

  • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

    July 5, 2013 at 7:58 am

    ဆိတ်ဖွားဆိုလို့ .. ဆြာခ ရဲ့ ဇာတ်လိုက်ကျော် ဦးဆိတ်ဖွားခမျာတော့
    လက်ဖက်ရည်ဆိုင် မနက်စောစော သွားရင်တောင် ကိုယ့်ခွက်နဲ့ကိုယ် သွားရတာဒဲ့..
    ပီး .. ဆိုင်ဘေးနားလေးမယ် ဆောင့်ကြောင့်လေး ထိုင် သောက်ရသတဲ့ …
    သုဘရာဇာသောက်တဲ့ဆိုင်ဆို လူတွေ မသောက်မှာ စိုးလို့တဲ့ ..
    စိတ်ထဲ ..ကိုကျော်သူရေးတဲ့ စာစုတွေ အစီအရီ ထွက်ကျကုန်တယ်
    ထားပါတော့ သုဘရာဇာ …

    ဟိုဆိတ်ဖွားကတော့ ..ငိငိ..(ရှင်ရဲဖွတ် လို့ ကျော် မပြောဘုနော်..)
    ကဘုန်းကျော် အလိုတော် အတိုင်းဆိုရင်တော့ ဟိုအယ်ချုပ် ခင်မောင်something
    ကို သောက်ခွက် ၂ချက်လောက်ရိုက်ရင် ပေါ်မယ့်ဟာကို အဟွာ သန်းရှာကြတယ် ဆိုပဲ ..
    ကွိကွိ…
    တကယ်လို့များပေါ့လေ. .အရှေ့အာရှ က အလွမ်းတတ်ဆုံးယောက်ျားတယောက် က ဘူလဲ ဆိုတာ သိချင်ရင်ဒေါ့
    ဟီဟိ…

    ဒက်ဂလောက်… ဒက်ဂလောက်

    😛

    • surmi

      July 6, 2013 at 1:32 pm

      ဆိတ်​ဖွား ဆိုလို့ ​တောင်​ငူက အခုကားကြီးဝန်​းဖြစ်​​နေတဲ့နားမှာ သင်​းချိုင်​းရှိခဲဖူးတယ်​​လေ
      ဆရာခ ကအဲဒီသင်​းချိုင်​းကိုဇတ်​အိမ်​တည်​ပြီး ပ​ရော်​ဖက်​ဆာ​ဒေါက်​တာဆိတ်​ဖွားကို
      ​မွေးဖွားခဲ့တာ​ပေါ့
      ဆိတ်​ဖွားသင်​းချိုင်​းလို့​တောင်​ အဲဒီဝတ္ထု နာမည်​ကြီးစဉ်​က​ခေါ်ခဲ့​သေးတာ ။
      အင်​းးးး ကို​ကျော်​သူ့စကား​တွေပြန်​သတိယပါတယ်​​လေ
      အ​ရှေ့အာရှက အလွမ်​းတတ်​ဆုံးကိုရှာဖို့ဆု​ငွေထုတ်​ရင်​​တော့
      ​​ပြောပြ လိုက်​ပါ့မယ်​​လေ

      ကွိစ်​ 🙂

  • ပထမဆုံး ပေါလိုဒါဂဒေါ့ …
    အောက်ဆုံး အကန့် ရေးထားတာကို အကြိုက်ဆုံးဘဲ ဥဆာမိ …။
    သူဒို့ ဘာဒွေ ပေါဒလဲ သိဂျင်ဒေးဒယ် …။
    ကြုံရင် ပြောပေး၊ ရေးပေးဘာအုံး ခည …။

    ကျုပ်တော့ ဒါကို ဖတ်အပြီး …
    အဲ့ဒီလို နေရာ၊ အဲ့ဒီလို အချိန်မျိုးမှာ
    လူသားဒို့ မွေးဖွားရှင်သန်ရာ သင်္ချိုင်းမြေမှာ
    ထမင်းလေး တစ်နပ်တော့ လွေးဖြစ်အောင် လွေးဦးမယ်လို့
    တေးလိုက်မိသေးတယ် ဆရာ ……။

    လေးစားစွာဖြင့်
    မောင်အံ

    • surmi

      July 6, 2013 at 1:36 pm

      တကယ်​​ပြောတာလား​မောင်​အံ
      ​မောင်​ရင်​သွားကြည်​့ချင်​ရင်​ လိုက်​ပို့မယ်​​လေ 🙂
      ထမင်​းပါစားချင်​ရင်​ မှာ​ကျွေးဦးမှာ
      ရန်​ကုန်​က​နေ ​နေ့ချင်​းပြန်​သွားလို့ရတယ်​​နော
      ဟို​ရောက်​မှထွက်​မ​ပြေးနဲ့ 🙂

  • ဦး ကျောက်ခဲ

    July 5, 2013 at 9:03 am

    ကိုရင်ဆာ တို့လို့တန်းလန်းနဲ့ ရပ်ခဲ့ပြန်ပြီ…
    ပရော်ဖက်ဆာဆိတ်ဖွား ဧည့်ခံတာစားသုံးလာလို့ လောကဓာတ်ကိုအမြင်ကြည်တာပေါ့…
    အရေးအခင်းမဖြစ်ခင် ကြံတောသင်္ချိုင်းထဲက ကိုဆိတ်ဖွားတွေဆီမှာ…
    မူးယစ်ဆေးဝါး ခွက်ပုံးချက်အရက် လိုချင်တာအကုန်ရတယ်ဗျ…
    ယုံမလားတော့မသိဘူး ဖဲဝိုင်း ဂျင်ဝိုင်း အကုန်ရှိတယ်… ရဲကိုကိုတွေတောင် မလာရဲဘူး
    :mrgreen:

    • surmi

      July 6, 2013 at 1:41 pm

      မထားခဲ့ပါဘူး ဦး​ကျောက်​ရယ်​
      အစ်​ကို​ပြောလို့ ​သွေးပူ​လေ့ကျင်​့ခန်​းပြန်​လုပ်​​နေတာ​လေ 🙂
      သင်​းချိုင်​းအ​ကြောင်​းက​တော့သိပါ့ဗျာ ။ငယ်​ငယ်​က​ကျောင်​း​ပြေးရင်​ သင်​းချိုင်​းထဲ​ပြေး​နေကြဆို​တော့ …
      မ​ပြော​တော့ဘူး … ​ပေါ်ကုန်​လိမ်​့မယ်​ 🙂
      ဆက်​ရန်​လာပါဦးမယ်​ ဟဲ ဟဲ

  • ဟာဂျာ လုပ်ပီဂျာ ဦးချာမိ ဂျီးကဒေါ့…….. ဒီမှာ ဖတ်မလို. အရှိန်တင်ဒုံးချိတေးဒယ်ဂျာ… မျက်လုံးကို ဘရိတ်မနဲ.ဖမ်းလိုက်ရတယ်… တန်းလန်းကြီး တန်းလန်းကြီးးးးးးးးးးးးးး

  • kyeemite

    July 5, 2013 at 9:56 am

    ဖတ်လို့ကောင်းလိုက်တာဗျာ…ဆက်ရေးပါအုံးကိုရင်ဆာမိရေ..
    ခေတ်ကွာသွားတာလား…မိဘတွေက ကလေးတွေကိုသရဲနဲ့မခြောက်ကြတော့လို့လား
    သရဲရုပ်ရှင်တွေကြည့်ရတာရိုးနေလို့လား…ဘာလားကြောင့်တော့မသိ..
    ခုခေတ်လူငယ်တွေ သရဲတော့သိပ်မကြောက်ကြတော့ဘူးနော..
    ကျုပ်ငယ်ငယ်ကများ ကြောက်တတ်ချက်ကတော့..နေဝင်ရင် အိမ်ပြင်ကိုခိုင်းမရတော့ဘူး..
    ရှားရှားပါးပါး ပြတတ်တဲ့ မြန်မာသရဲကား..ဝင်းဦးပါတဲ့“ဆောင်းအိမ်မက်”တို့..
    ညွှန့်ဝင်းပါတဲ့ “လကွယ်မိုးနှောင်း”တို့..ဆိုတဲ့ကားတွေများကြည့်ပြီးရင် ကြောက်လိုက်တာမှ
    ညီကိုမောင်နှမတွေ တန်းစီအိပ်ရင်တောင် အလယ်ကိုစုတိုးအိပ်ကြတာ….
    တော်တော်ကြီးလာမှ ကြောက်တတ်တာတွေမနဲဖျောက်ယူရတယ်ဗျို့… 😆

    • surmi

      July 6, 2013 at 1:53 pm

      ကို​ရွှေတိုက်​​ရေ
      လာမယ်​​နော်​ ​ဖြေး​ဖြေး ။ပြီးမှ ဒီလူကြီး ​​ရေးတာ အန်​ချင်​လိုက်​တာဖြစ်​​နေဦးမယ်​
      ဟဲဟဲ
      ကျုပ်​က အ​ကြွေးမထားဘူး…​ပြောပြဦးမှာ 🙂

      ဦးမို်​​က်​​ရေ
      မလွတ်​တန်​းအား​ပေးဖတ်​ရှု​ပေး​နေတာ​ကျေး​ကျေးဗျာ ။
      က​လေး​တွေသိပ်​မ​ကြောက်​တတ်​​တော့တာက​တော့ လက်​​တွေ့ပိုဆန်​သွားကြလို့များလား ထင်​မိတယ်​
      အိမ်​က က​လေး​တွေကို​တော့ ငယ်​တုန်​းအရွယ်​မှာ ​ကြောက်​စရာဇတ်​ကား​တွေမကြည်​့ခိုင်​းဘူး
      စိတ်​နယ်​လွန်​ဖြစ်​ရပ်​​တွေနဲ့ ပရ​လောကအ​ကြောင်​း​တွေကို အသိညဏ်​မပြည်​့စုံခင်​မှာ
      မ​ပြောပြ မ​ဆွေး​နွေးတာ ပို​ကောင်​းမယ်​လို့ထင်​တာပဲ

  • Shwe Ei

    July 5, 2013 at 10:44 am

    လရောင်အောက်က မြင်ကွင်းတိုင်း ခံစားတတ်ရင် ကဗျာဆန်တာကြီးဘာဘဲ…

    အနော်တော့ အူးလေးတို့၂ယောက် ကြည်နူးဆွတ်ပျံ့လွမ်းမောဖွယ်ရာ အကြောင်းလေးတွေပြောကြမယ်လို့ မှန်းလိုက်တယ်…ေိေိ

  • Crystalline

    July 5, 2013 at 10:45 am

    သချိုင်းဆိုပေမယ့် ဘယ်လိုမှကြောက်စရာမကောင်းတဲ့ သချိုင်းတွေရောက်ဖူးတယ်.. ပန်းပင်လေးတွေနဲ ့
    အိန်ဂျယ်ရုပ်လေးတွေနဲ ့ အဲဒီနေရာမျိုးသွားသေချင်စိတ်ပေါက်တယ်.. :mrgreen:

    • surmi

      July 6, 2013 at 2:04 pm

      နန်​း​တော်​ရာသူ ​ရေ
      ​ပျောက်​​နေတာလည်​း ကြာလှ​ပေါဗျာ
      အင်​းးးး သံ​ချောင်​းအ​ကြောင်​း​ပြောရရင်​​တော့ဗျာ သိတဲ့အတိုင်​းဘဲ​လေ 🙂

      မ​ရွှေအိ ခင်​ဗျ
      တကယ်​့အဖြစ်​အပျက်​က တခါတရံ ကဗျာဆန်​ချင်​ ဆန်​​​နေတတ်​တာပါပဲ​လေ
      တကယ်​​ပြော​နေတဲအ​ကြောင်​းက ……..
      မကြာမှီ လာမည်​ 🙂

      @ခရစ်​စတယ်​လိုင်​း
      ထင်​မိတာ​တော့ ခရစ်​ယန်​သင်​းချိုင်​းများဖြစ်​​နေမလား ပဲ
      ကျ​နော်​​ပြောတဲ့​နေရာက​တော့ သာမန်​လမ်​း​ဘေးမှာ​တွေ​နေကျဖြစ်​တဲ့ ရွာသင်​းချိုင်​းတစ်​ခုပါ
      ကြံဖန်​ပြီး ​နေတတ်​​အောင်​​နေကြည်​့ရတာ​လေ 🙂

  • Ma Ei

    July 5, 2013 at 11:04 am

    လရောင်အောက်ထမင်းဝိုင်းရဲ့စကားတွေ
    ပြောချင်တဲ့ နေ့တနေ့ ကို မျှော်နေပါမယ်….
    ကျမတို့ ယမုံနာ တိုးအဖွဲ့နဲ့ ပုဂံ ဘုရားဖူးသွားတဲ့ အခေါက်မှာ
    ဒေါင်းသေချောင်းဖြတ်ဖို့ကို ရေနဲနဲရှိနေ မှောင်ရီကလဲပျိုးနေ ဆိုတော့
    ကားသမားကမရဲတရဲစမ်းမောင်းရင်း ကားကြီးသဲနစ်ပါလေရော…
    ရွာသားတွေက ကားဘီးအောက်ကို သံပေါက်ပြားတွေထည့်လို့ရအောင်
    လာကူပေးနေကြပြီး လူကြီးတွေ၊အမျိုးသမီးတွေနဲ့
    ကလေးတွေ ဟိုဖက်ကမ်းမှာသွားစောင့်နေကြပါဆိုတော့
    ချောင်းရေစပ်စပ်ကို ကူးသွားကြပြီး ကမ်းပေါ်က အကာမရှိ အဆောက်ဦးတစ်ခုမှာ
    သွားစောင့်နေကြတာ….ချောင်းထဲက ကားကို ငေးနေမိတာ လရောင်နဲ့ ချောင်းရေနဲ့ အတော်လှတယ်ပေါ့… အချိန်တွေလဲကြာတော့မှ လလေးကလဲသာသာ ဘေးဘီကိုလဲ ကြည့်မိရော
    ဟိုဘက်ဒီဘက် နှစ်ဘက်လုံး ခတ်လှမ်းလှမ်းမှာ အုတ်ဂူတွေရယ်…
    ကင်းခြေများတွေ၊မီးရထားကောင်တွေကလဲ ဟိုနားဒီနား…
    အချိန်တွေ တစ်ကမ္ဘာကြာသွားလားမှတ်ရတယ်…
    အမှတ်တရပါဘဲ…

    ချောင်းရေစပ်စပ်ကို ကူးသွားပြီး ကမ်းပေါ်က အကာမရှိတဲ့

    • surmi

      July 6, 2013 at 2:13 pm

      အစ်​မ မအိ​ရေ
      အဲဒီကားသမားကိုနားရင်​ရိုက်​ရမှာဗျ
      ​ဒေါင်​း​သေ​ချောင်​းမှာ အဲဒီလိုဝါးတာတားသွားလုပ်​ရင်​ ကားစီးလုံးတိုက်​​ရေ​မျောသွားနိုင်​တယ်​
      ကျ​နော်​တို့ဆိုရင်​ ​တောင်​​ပေါ်မှာမိုး​တွေမဲပြီးရွာ​နရေင်​မကူး​တော့ဘူး
      ​တောင်​ကျ​ရေက သိပ်​​ကြောက်​ဖို့​ကောင်​းတယ်
      ကမ်​း​ဘေးက ရွာ​တွေက အဲဒီလိုကားနစ်​​နေရင်​သိပ်​ကြိုုက်​တာ ။သူတို့တွန်​းခရတယ်​​လေ ။
      ဒရိုင်​ဘာအ​တွေ့အကြကြဲုနဲလို့ထင်​တယ်​​နော

  • မောင် ပေ

    July 5, 2013 at 11:20 am

    ရှေးလူကြီးတွေ ရဲ ့စကား
    ငတ်မရှက် ဆိုသလိုလိုပေါ့နော
    အဲ့ထမင်းဝိုင်းမှာ မပါတဲ့အရာ တစ်ခု ကျန်ခဲ့သလိုလိုပဲ ကိုဆာမိရေ

    • surmi

      July 6, 2013 at 2:15 pm

      ဘာများကျန်​ခဲ့ပါလိမ်​့ ကို​ပေ ​ရေ
      အရက်​​တော့မဟုတ်​​လောက်​ဘူးထင်​တယ်​ 🙂

  • ခင် ခ

    July 5, 2013 at 11:21 am

    တရုတ်လူမျိုးတွေက သေလွန်တဲ့အခါ သင်းချိုင်းဂူမှာ အစားအသောက်အစုံအလင် ကောင်းကောင်းမွန်မွန် နဲ့ ပြုလုပ်ပေးကြတယ်။ ဒါကြောင့်လားမသိဘူး နောင်ဘဝကူးသွားတဲ့ တရုတ်တွေ လူပြန်ဖြစ်တော့ ကောင်းကောင်းစား ကောင်းကောင်းနေကြရ စီပွားရှာလွယ်ကြတယ်။
    မြန်မာတွေကျတော့ သေလွန်တဲ့အခါ ထမင်းတနပ်စာ စားမိန်စာထုပ်လေးတစ်ထုပ်ဘဲ ထဲ့ပေးလိုက်ကြတယ်။
    ဒါကြောင့် မြန်မာတွေလူပြန်ဖြစ်တော့ ထမင်းနပ်မှန်အောင်စားရဖို့ အတော်ရုန်းကန်နေရတာ များလားလို့ ဒီပိုစ့်ဖတ်ပြီး တွေးမိတယ်။ ( မယုံရင်တော့ ပုံပြင်ပေါ့နော် )။

    • surmi

      July 6, 2013 at 2:23 pm

      သိပ်​​တော့မဆိုင်​လှဘူးထင်​ပါတယ်​ဦးခ ​ရေ …..
      ကံ ကံ၏အကျိုးပါပဲ ။ လူမျိုးအသီးသီးရဲ့ ​သေလွန်​တဲ့အခါမှာပြုလုပ်​ကြတဲ့
      ဓ​လေ့ထုံးစံထဲကအချို့ဟာ သိပ်​အကျိုးများလှတယ်​မဟုတ်​ပါဘူး
      ​ပြောရင်​ လဲ အငြင်​းပွားဖွယ်​ရာ​တွေဖြစဘာဦးမှာ ဆို​တော့ 🙂
      ဘာပဲဖြစ်​ဖြစ်​ လာအား​ပေးတာ ​ကျေး​ကျေးဗျာ ​နော

      • ခင် ခ

        July 6, 2013 at 3:21 pm

        ကံ ကံ၏အကျိုးပါပဲ မဆိုင်ဘူးဆိုတာ လက်ခံပါတယ်။ ကျွန်တော်လည်း “မယုံရင် ပုံပြင်မှတ်´´ ဆိုတာလေးနဲ့ မန့်ချင်လို့ ကြံဖန်ရေးရတာပါ ဆရာဆာရယ်။

  • သာမီးကတော့ အသည်းနှလုံးနုနယ်သူပါ..သရဲကားမပြောနဲ့ လူသတ်ကားတွေတောင် မကြည့်ရဲဘူး… ဟာသကားပဲ ကြည့်တယ်…
    အပြင်မှာ တကယ်သာ အဲ့လိုနေရာမှာ အဲ့လိုအချိန်ရှိမယ်ဆိုရင်တော့ ဘာမှမဟုတ်ဘဲ ကြောက်စိတ်နဲ့တင် အသက်ထွက်လောက်တယ်…

    ဒါနဲ့..မျက်မှန်လေးအကြောင်း ပြောတာလားဟင်င်င်.. :mrgreen:

  • ဗုံဗုံ

    July 5, 2013 at 2:53 pm

    ဟမ်မလေး…အုတ်ဂူ ကြီးတွေနဲ့ မှောင်မှောင်မည်းမည်း… ဦးဆာရယ်…. မိဗုံသာဆို ကြောက်လန့်တကြားနဲ့ မျက်မှန်လေးကို ပြေးဖက်ထားလိုက်မှာဘဲ မွန်လေးထက်အရင်.. (မယုံရင် ပုံပြင်မှတ်) :mrgreen:

    • surmi

      July 6, 2013 at 2:27 pm

      မွန်​မွန်​ နဲ့ဗုံဗုံ
      မအားတဲ့ကြားက ကျုပ်​သားမျက်​နှာနဲ့ လာအား​ပေးတာ​ကျေး​ကျေး​နော 🙂
      တကယ်​​တော့ …..
      ဘာမှမဖြစ်​ရင်​ ဘာမှ မဖြစ်​ဘူးလို့သာမှတ်​လိုက်​
      ဘာမှမဖြစ်​​တော့ဘူး 🙂

  • Mr. MarGa

    July 5, 2013 at 8:55 pm

    တစ်ခုတော့ ရှိတယ် ဗျ
    အဲဒီ ထမင်း တစ်နပ် ဟာ အတော် စားမြိန်မယ် လို့ ထင်မိတယ် ဦးဆာရေ့
    ပြောခဲ့တဲ့ အကြောင်းအရာတွေကလဲ
    စိတ်ဝင်စားစရာ ကောင်းမယ် လို့ ထင်မိပါတယ်ဗျာ

  • uncle gyi

    July 6, 2013 at 12:04 am

    ပုံးကလေးနဲ့ပိုက်ဒါရိုက်ဆက်မောင်းလိုက်ရောပေါ့ကိုဆာမိရယ်

    • surmi

      July 6, 2013 at 2:42 pm

      သဂျားမင်​း
      ရန်​ကုန်​​ရောက်​​အောင်​လာခဲ့
      ​ပြောပြမယ်​ 🙂

      အန်​ကယ်​ကြီး​ရေ
      ကား​ပေါက်​စမဟုတ်​​တော့ ပုံး​ထောင်​​မောင်​းဖို့မဖြစ်​​လောက်​ဘူးခင်​ဗျ
      V8340 အင်​ဂျင်​ဖြစ်​​နေတယ်​​လေ

  • အရီးခင်လတ်

    July 6, 2013 at 2:10 am

    သူတို့ ပြောစကားတွေ ကို နားထောင်ဖို့ စောင့်နေပါတယ် ကဆာမိ ရေ။
    ပြီးခဲ့တဲ့လက အများကြိုက် Post လေး အတွက်လဲ Congratulations ပါ။
    ပွဲကျရင် ကျွန်မ ကို ဆိုပြမဲ့ သီချင်း ဆိုပါဗျို့ လို့လဲ request လုပ်ပါတယ်။။ 😉

    • surmi

      July 6, 2013 at 2:56 pm

      အရီးလတ်​​ရေ
      မ​တွေ့ရတာ​တောင်​ကြာ​ပေါ့ဗျာ
      အင်​းး ​ရေး​တော့ ​ရေးဖြစ်​ပါဦးမယ်​ ။ ​ကျေး​ကျေးပါဗျာ
      ဟိုသီချင်​းက​တော့ အရီးပြန်​လာမှဘဲ ဆိုဖို့​လေ့ကျင်​့ထားပါ့မယ်​ 🙂
      ခု​တော့ ………..

      ဦး​ကြောင်​
      ချက်​ကြီးကအဲဒီ​ခေတ်​က မ​ပေါ်​သေးဘူးဗျ
      ဘာ ဝင်​းထိန်​ဆိုလား ????
      အဲဒဆိုဟုတ်​တုတ်​တုတ်​

  • ဦးကြောင်ကြီး

    July 6, 2013 at 10:02 am

    မဟုတ်မှလွဲရော ဒေါက်တာချက်ကြီးဆိုက်မှာ တင်တဲ့ မူဗွီကားအသစ် အကြောင်းများလား… 🙄

    • ဒေါက်တာကြီး အကြောင်း
      ပျံမပေါချမ်းဘာနဲ့ဒေါ့ ဒက်ဒီရာ …
      စာမလာ ဒဒင်းမကျား ပျောက်ရှတွားဒါဂို
      ရင်နာနွန်းနို့ … 👿

      • surmi

        July 6, 2013 at 3:00 pm

        ​မောင်​အံရယ်​
        ဒို့ဦး​ကြောင်​လည်​း ဆိုဒ်​​ထောင်​ထားတယ်​ကြားမိတာဘဲကွ
        သူ့​မေးကြည်​့လိုက်​​လေ 🙂

  • ရဲစည်

    July 7, 2013 at 5:33 pm

    အူး ဆာမိ အားကျလို့ ..
    အနော်လဲ လရောင်အောက်မှာ အတင်းဆွဲ(ဆွဲလား ရမ်းလား) လုပ်ခံရတဲ့ အကြောင်း ရေးဦးမှ … ကွိ ကွိ ..

    • surmi

      July 8, 2013 at 9:13 am

      လုပ်​ပါ လုပ်​ပါ ကိုရဲစည်​​ရေ
      ဆွဲလားယမ်​းလားက ပိုပြီးစိ်​တ်​ဝင်​စားဖို့​ကောင်​းတယ်​ဗျ
      ​စောင်​့​နေမယ်​ဗျို့
      မ​ရေးပဲ​တော့မ​နေနဲ့ဦး​နော
      ဖုန်​းဆက်​ပြီးလှမ်​း​မေးမှာ 🙂

  • KZ

    July 8, 2013 at 9:26 am

    ဆောရီး ဆိုတဲ့စကားက ကားသမား ဒစ်ရှင်နရီမှာ မရှိဘူးပေါ့နော်။ :mrgreen:

    ဦးဆာကလေ …
    ဗိုက်ဆာပါတယ်ဆိုမှ ဖတ်ပြီး ဗိုက်ဆာလာအောင်။
    တစ်ချို့ကလည်း မစားကောင်းဘူး ဘာဘူးပေါ့။
    အာဏာစက်လျော့တယ် ဆိုလား ဘာလားးးးး
    ကျနောဖြင့် စားချက်က ပြောင်လို့။ :mrgreen:

    • surmi

      July 8, 2013 at 9:53 am

      မခိုင်​ဇာ​ရေ
      အဲဒီလိုဘဲဗျ …လုပ်​သလိုမဖြစ်​​တော့ ဖြစ်​​အောင်​လုပ်​်​့ရတာ​ပေါ့ 🙂
      တခါတ​လေမှာ ကိုယပြငါချင်​သလိုပြုပြင်​လို့မရတဲ့ပတ်​ဝန်​းကျင်​မှာ
      ကိုယ်​့ဟာကိုယ်​ဘဲပြင်​ရ​တော့တာ​ပေါ့​လေ
      အခု​တော့လည်​း ….ပြန်​​ပြောရင်​ ပုံပြင်​​တွေပါပဲ 🙂

Leave a Reply