သား လိမ္မာ သမီး လိမ္မာ

etoneJuly 30, 20101min511
ကျွန်တော် ငယ်ငယ် အလုပ်သင် ဆရာဝန် ဘဝက ဆရာ အတ္တကျော် ရေးတဲ့ သားငယ် သမီးငယ် များကို ပြုပြင် ထိန်းကျောင်းနည်း ဆိုတဲ့ စာအုပ်ကလေး ဝယ်ဘူး ပါတယ်။
ကျွန်တော်နဲ့မရဲ့ ကိုယ်ပိုင် စာကြည့်တိုက် လေးမှာ စာအုပ် စုံအောင် ဆိုပြီး
ပိုက်ဆံလေး ရှိလာရင် ဝယ်စု တော့တာ ပါပဲ။ မကတော့ ဆရာမ ဂျူး ရဲ့စာအုပ်တွေ
ကြိုက်တယ်။ ကျွန်တော်က ဆရာ အတ္တကျော် စာအုပ်ဝယ် တော့ စီနီယာ အမ တစ်ယောက် က
နင်တို့က ကလေးယူဖို့ ဝေးသေးတယ် တဲ့။ ငါ့ကို ပေးဆို ယူ သွား လိုက်တာ
ပြန်မပေး တော့ဘူး။ တကယ်တမ်း ပြောရရင်က လေးတွေကို ပဲပြင် ထိန်းသိမ်း
ဖို့ဆိုတာ မိဘဖြစ်မဲ့ သူတိုင်း လေ့ လာ သင့်ပါတယ်။

ကလေးလေး တွေဆိုတာ ကိုယ်ပဲ့ပြင် ဆုံးမရင် ဆုံးမသလို လူတော်လေးတွေ ဖြစ်လာ နိုင်ပြီး၊
ကိုယ် မဆုံးမ မသွန်သင် တတ်ရင် လည်း ကလေးဆိုး လေးတွေ၊ လူရမ်းကား လေးတွေ
ဖြစ်လာ မှာပါပဲ။ ဆရာ အတ္တကျော်ရဲ့ စာအုပ်လေးက တော့ မရှိရှာ တော့ပါဘူး။
တစ်နေ့က Webmed မှာ Discipline tactics ဆိုတဲ့ ဆောင်းပါလေး ဖတ်မိလို့
ဘာသာပြန်ပြီး ဖော်ပြ လိုက်ပါတယ်။ မိဘ လောင်းလျာတွေ အတွက် စိတ်င်စားစရာ
ဆောင်းပါလေး ဖြစ်လို့ မျှဝေ ပေးလိုက် ပါတယ်။

Discipline စည်းကမ်း ဆိုတာ ဘာလဲ။

မိမိ ရင်သွေးငယ် ကို ဘယ်ဟာ ကတော့ ကောင်း တယ်၊ ဘယ် ဟာက တော့ မကောင်းဘူး။ ဘယ်လို အပြုအမူက လက်ခံနိုင် လောက် တဲ့ အပြုအမူ ဖြစ်ပြီး ဘယ်လို အရာမျိုး ကတော့
မှားယွင်းတဲ့ အပြုအမူတွေ ဖြစ်တယ် ဆိုတာ သင်ကြား ပြသ ပေးတာ Discipline
ပါပဲ။ ဆုပေး ဒဏ်ပေး စနစ် ရှိရ ပါမယ်။ ကောင်း တာ လေးတွေ လုပ်ရင် ဆုပေး ပြီး
မကောင်းတာ ကို လုပ်ရင် အပြစ်ပေး ခံရမယ် ဆိုတာ ရှင်းလင်း ပြောကြား ဖို့
လိုပါတယ်။ ကျွန်တော် ကတော့ ခုထိ ကလေး မရှိသေး တော့ အတွေ့ အကြုံတော့
မရှိပါဘူး။ ကလေး တွေကို စည်းကမ်းတွေ သတ်မှတ်ဖို့ ဆိုတာ ထင်သလောက် တော့
မလွယ်ကူ လှပါဘူ။

တချို့ လုံးဝ နားမ ထောင် ဂျစ်ကန်ကန် လေးတွေ တွေ့ဘူး ပါတယ်။ အာခံတဲ့ ကလေး တွေပေါ့။ အထူးသဖြင့် သူတို့ကို အရမ်းအလို
လိုက် တဲ့ သူရှိရင် အာကိုးနဲ့ အာခံ တတ်ပါတယ်။ ဥပမာ အမေက စည်းကမ်း တွေ
ထုတ်နေ ပေမယ့် အဖေက အလို လိုက် နေရင် အဖေ အား ကိုးနဲ့ ဂျစ်ကန်ကန် လုပ်တတ်
ပါတယ်။ ဒါကြောင့် မိဘလောင်း လျာ တွေ အနေနဲ့ ကလေး ယူတော့မယ် ဆို ကတည်းက
ကြိုတင် တိုင်ပင် သင့်ပါတယ်။ ဘယ်လို ထိန်းကျောင်း ပဲ့ပြင် ကြမလဲ ဆိုတာ
ကြိုတင် တိုင်ပင် သင့်ပါတယ်။ တစ်ချို့ ကလေးတွေ ကြတော့ ပြန် မပြော၊
နားမထောင် လေးတွေ၊ ဘယ်ကနေ တတ် လာတယ် မသိ၊ ငယ်ငယ် ရွယ်ရွယ်နဲ့ ပြန်မပြော၊
နားမထောင် အကျင့်လေး တွေ တွေ့ရ တတ်ပါတယ်။ ဖြစ်နိုင်တာ တော့ အဖေတွေ ဆီက အတု
ယူတယ် ထင်ပါတယ်ဗျာ။

မိဘတွေရဲ့ အဓိက တာဝန်က ရင်သွေးငယ် လေးတွေ ကိုယ့်ကိုယ်ကို တန်ဖိုး ထားတတ် လာအောင်၊ ကြီးသူ ကိုရိုသေ၊ ရွယ်တူကို
လေးစား၊ ငယ်သူကိုသနား တတ် လာအောင်၊ ကိုယ့်အားကိုယ် ကိုးပြီး ကြိုးစား တတ်
လာအောင် သင်ကြား ပေးရပါမယ်။ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ် တွေနဲ့
စာသင်ကျောင်း တွေ မှာ သင်ကြား ပြသ ပေမယ့် တာဝန် အရှိဆုံး သူတွေ ကတော့
လက်ဦး ဆရာဖြစ် တဲ့ မိဘ နှစ်ပါးပါပဲ။ ဒါကြောင့် သားသမီး မကောင်း မိဘခေါင်း
လို့ ဆိုကြတာ ပေါ့။

သားသမီး တွေကို စည်းကမ်းနဲ့ ထိန်းတယ် ဆိုတဲ့ နေရာမှာ မိဘ (၃) မျိုးခွဲခြား သတ်မှတ်ထား ပါတယ်။ မှတ်သား စရာပါပဲ။

(၁) An authoritative parent

ဒီလို မိဘ တွေကတော့ သားသမီး တွေနဲ့ပက်သက်ပြီး စိတ်ကူး အိမ်မက် ကောင်းကောင်း
လေးတွေ ရှိပါတယ်။ အပြုအမူပိုင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်
ရာမှာ ပျော့ပြောင်းပြီး စိတ်ရှည် ကြပါတယ်။ ကောင်းရင် ဘာ့ကြောင့်
ကောင်းတယ်၊ မကောင်းဘူး ဆိုရင် လည်း ဘာ့ကြောင့် မကောင်းဘူး ဆိုတာ
ရှင်းပြတတ် ကြပါတယ်။ အမေရိကန် စိတ် ကျန်းမာရေး အဖွဲ့ ကတော့ ဒီလိုမိ ဘမျိုး
ကို နံပါတ် (၁) ပေးထားပါတယ်။

(၂) An authoritarian parent

သူတို့ မှာလည်း စိတ်ကူး အိမ်မက်လေးတွေရကြပါ တယ်။ ငါ့သားလေး ကို လိမ္မာအောင်
သွန်သင်မယ်။ ငါ့သမီးလေးကို ယဉ်ကျေး အောင် ဆုံးမမယ် ဆိုတာ မျိုးပေါ့။
ဒါပေမယ့် စိတ်ရှည် သီးခံမှု အားနည်း ပါတယ်။ “သမီး ဒါကို လုပ်ရမယ်။ ပြန်မမေးနဲ့။ အမေခိုင်းတဲ့ အတိုင်းသာ လုပ်” ဆိုတာ မျိုးပေါ့။ သူတို့က တော့ နံပါတ် (၂) အမျိုးအစား မိဘတွေ ဖြစ်ပါတယ်။

(၃) A permissive parent

သူတို့ကတော့ နံပါတ်(၃) နဲ့ နောက်ဆုံး နေရာမှာ ရှိပါ တယ်။ သားသမီးနဲ့ ပက်သက်ပြီး
ရည်မှန်းချက်၊ မျှော်လင့်ချက် မရှိကြ ပါဘူး။ စည်း မျဉ်း စည်းကမ်း တွေနဲ့
ပဲ့ပြင် ထိန်းကျောင်း ရကောင်း မှန်းလည်း မသိကြ ပါဘူး။ ကျွန် တော်တို့
ပတ်ဝန်းကျင်မှာ ဒီလို မိဘ (၃) မျိုးလုံး ကို တွေ့နိုင် ပါတယ်။ ကိုယ်လည်း
မိဘ ဖြစ်လာတဲ့ တစ်နေ့ ကျရင် ဘယ်လို မိဘမျိုး ဖြစ်ချင် သလဲ၊ ဖြစ်သင့် သလဲ
ဆိုတာ ကြိုတင် ဆုံးဖြတ် ထားကြပါစို့ …

ခုဆက်ပြီး စည်းကမ်း သတ်မှတ်တဲ့ နည်းစနစ် လေးတွေ အကြောင်း ဆက်ချင် ပါတယ်။ ဒီနေရာ မှာလည်း
အပေါ်မှာ ဖော်ပြခဲ့ တဲ့ မိဘ အမျိုးအစား၊ ကလေးတွေ ရဲ့ လိမ္မာ ရေးခြား
ရှိမှု၊ အသက် အရွယ်၊ မကောင်းတဲ့ အမူ အကျင့် အမျိုးအစား ပေါ် မူတည် ပြီး
စည်းကမ်း သတ်မှတ်ပုံ လေးတွေ ကွဲပြား တတ်ပါတယ်။

ကောင်းတာ လေးတွေ လုပ်ရင် ချီးကျူး ပါ။

ကိုယ့်ရင်သွေး မှာ ကောင်းတဲ့ အမူ အကျင့်လေး တွေ ရှိရင် ထုတ်ဖော် ချီးကျူးဖို့ ဝန်မလေး
သင့်ပါဘူး။ ချီးကျူး ခံရပြီး ဆိုတာ နဲ့ သူတို့လေးတွေ ဒီအမူအကျင့်ကောင်း
တွေကို ဆက်လက် ထိန်းသိမ်း သွားကြ ပါလိမ့်မယ်။

မကောင်းတဲ့ အကျိူးဆက် လေး တွေကို ခံစား ပါစေ။

သူတို့လေး တွေမဟုတ်တာ လုပ်ရင် ဘာဖြစ်မယ် ဆိုတာကို သိအောင်လုပ် ပြရပါမယ်။ ဥပမာ အရုပ်
ကို ချိုးပစ်တယ် ဆိုပါ စို့။ ဆူတာ ရိုက်တာ မလုပ်ပါနဲ့။ အသစ်လည်း ဝယ်မပေး
ပါနဲ့။အရုပ်နဲ့ ကစား ချင်တဲ့အခါ သူသိ ပါလိမ့်မယ်။ ငါ ချိုးပစ်ရင် ငါပဲ
ဒုက္ခ ရောက်ပါ လား ဆိုတာ သူသိပါစေ။ သတိ အတန်တန် ပေးတာ နားမထောင် တဲ့ ကလေး
တွေမှာ ဒီနည်း လေးက ထိရောက် တတ်ပါတယ်။ အရေး ကြီး တာက အန္တရာယ် မဖြစ်
ဖို့တော့ လိုပါတယ်။ မီးပူကို ကိုင်ဖို့ ကြိုးစား နေတဲ့ ကလေးကို အကြောင်း
သိအောင် လွှတ်ပေး လိုက်မယ် ဆိုတာမျိုး မလုပ်ရပါဘူး။ အန္တရာယ် မဖြစ်
အောင်တော့ ထိန်း ရပါမယ်။

လက်ခံဖွယ် ကြောင်းကျိုး ဆက်များ

နောက်တစ်မျိုး ကတော့ Logical consequences လေးတွေပါ။ ဒါကို မလိုက်နာရင် တော့ ဒီလိုဖြစ်မယ် ဆိုတာ ကြိုပြော ရပါမယ်။
ဥပမာ သား မင်းအရုပ်တွေ ကစားပြီး ရင်သိမ်း ရမယ်၊ ဒီတစ်ခါ ကြမ်းပြင်ပေါ်မှာ
ပြန့်ကြဲနေ ရင်တော့ မေမေ တစ်ပါတ်တိတိ သိမ်းထားမယ် ဆိုပြီး ကြိုတင် သတိပေး
ရပါမယ်။ နားမထောင် ရင်လည်း တိတိ ကျကျ လုပ်ရပါမယ်။ မျက်ရည်လေး တစ်စက်
ကျရုံနဲ့ အလျော့ပေး လိုက် တာမျိုး မလုပ်ရ ပါဘူး။ မျက်ရည် ကျရင် ရတယ် ဆိုတာ
သိသွားပါ လိမ့်မယ်။

တားမြစ်ပိတ်ပင်ခြင်း။

တစ်ခါ တစ်လေတော့ အကျိုးဆက် တွေ ကို ပေးမ တွေ့ နိုင်တာတွေ ရှိပါတယ်။ ဒီလို
အခါမျိုး မှာတော့ တားမြစ် ပိတ်ပင်တဲ့ နည်း လေးတွေ သုံးရပါမယ်။ ဆိုကြပါစို့
… အလယ်တန်း ကျောင်းသား တစ်ယောက်၊ အိမ်စာတွေကို မလုပ်ဘူး။ တီဗီ ရှေ့မှာ
ပဲ ဂိမ်းဆော့ နေတယ် ဆိုရင် ဆော့ပါစေ။ စာမေးပွဲ ရောက်ရင် သိလိမ့် မယ်
ဆိုပြီး လွတ် ထားလို့ မရပါဘူး။ ဂိမ်းစက်ကို ထိုက်သင့်တဲ့ အချိန် အတိုင်း
အတာ အထိ သိမ်းထား ရပါမယ်။ ကျေနပ် လောက်မှ ပြန်ပြီး ခွင့်ပြု ရပါမယ်။

ကျဉ်ထားခြင်း။ (Time out )

မဟုတ်တာ လုပ်လာရင် ဒီနည်း လေးလည်း ကောင်းပါတယ်။ နေရာလေး ကိုတော့ ကြိုတင် စီစဉ်
ထားရ ပါမယ်။ ဆိတ်ငြိမ်ပြီး ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းတဲ့ နေရာကို ရွေးရ
ပါမယ်။ အိပ်ယာလို အလွယ်တကူ အိပ်ပျော်မယ့် နေရာမျိုး၊ မီးဖို၊
ရေချိုးခန်းလို အန္တရာယ် ရှိတဲ့နေ
ရာမျိုး တွေ မဖြစ်ရ ပါဘူး။ ကလေး က လည်း သူ့ကို ဘာလို့ ဒီလို အပြစ် ပေးရတယ် ဆိုတာ နားလည် သိတတ်တဲ့ အရွယ်ဖြစ်
ရပါမယ်။ အကြာကြီးလည်း မလုပ်သင့် ပါဘူး။ ၂-၃ မိနစ် လောက်ဆို လုံလောက်
ပါပြီ။ အသက ်၂-၃ နှစ် အရွယ် ကလေး တွေမှာ အလုပ်ဖြစ် ပါတယ်။ သူတို့ လေးတွေက
မိဘ နဲ့ ခွဲနေ ရရင် အရမ်း ဝမ်းနည်း တတ်လို့ တစ်ခါလောက် လုပ်ပြ လိုက်တာနဲ့
မှတ်သွား တတ်ကြ ပါတယ်။

ရိုက်နှက် ဆုံးမခြင်း။
ဒီနည်း ကိုတော့ ကလေး စိတ်ပညာရှင်တွေ ကအားမပေး ကြပါဘူး။ ကျွန်တော်လည်း အားမပေး ပါဘူး။ တစ်ချို့ မိဘတွေက ပြော
တတ် ပါတယ်။ အသားလေး နာမှ မှတ်တာ တဲ့။ ရိုက်နှက် ဆုံးမခြင်း ရဲ့ အပြစ် တွေ က တော့ _

(၁) ကလေးက ပိုမို ဆိုးသွမ်း လာခြင်း၊ ကြမ်းတမ်း လာခြင်း
(၂) လက်လွန် သွားရင် ကလေးကို ထိခိုက် နိုင်ခြင်း
(၃) ကိုယ်ချစ်တဲ့ သူ တစ်ယောက်ကို ကိုယ်ခန္ဓာ နာကျင် ထိခိုက်အောင် ရိုက်နှက်ခြင်း ဟာ သာမန်ပဲလို့ ကလေး စိတ်မှာ စွဲထင် သွားခြင်း

စည်းကမ်းတွေ ထုတ်ပြီး ရင်လည်း Maintain လုပ်ဖို့ အရေးကြီး ပါတယ်။ ကိုယ့်က လေး ဘယ်လို
ကလေးမျိုး လည်း ဆိုတာ သိဖို့ လို ပါတယ်။ ကလေးမှာ ရှိတဲ့ လိမ္မာ ယဉ်ကျေးတဲ့
အပြုအမူ လေးတွေကို ဖော်ထုတ်၊ သူမှာရှိတဲ့ အရည် အချင်း တွေကို မြေထောင်
မြှောက် ပေး ရပါမယ်။ ဒါလေးတွေကို ကိုယ့် ရဲ့ စည်းကမ်း ဘောင်လေးနဲ့
ထိန်းပေး ရ ပါမယ်။ ဂီတ ဝါသနာရှင် ကလေးကို ဆရာဝန် ဖြစ်အောင် အတင်း
ဇာတ်သွင်းဖို့ ကြိုးစား ရင်တော့ မှားပါ လိမ့်မယ်။

အရွယ်ရောက်ပြီး ကလေးတွေ ကိုတော ့ စည်းမျဉ်း စည်းကမ်းနဲ့ ပက်သက်ပြီး ပါဝင်ခွင့် ပေးရ ပါမယ်။ သူလိုက်နာ နိုင်ရင်ဘာ ဆု လိုချင်လည်း၊ မလိုက်နာရင် ဘယ်လို
အပြစ်ပေးတာ ခံချင်လည်း ဆိုတာကြို မေး နိုင်ပါတယ်။ ကလေးကို လေးစား ရပါမယ်။
Behave the way you want your child to behave. ကလေး ဆိုတာ မိဘကို အတုခိုး
တာပါပဲ။ ကိုယ်ကလည်း စံနမူနာပြ နေပြဖို့ လိုပါတယ်။ ကလေးကို ဆေးလိပ်
မီးညှိခိုင်းတဲ့ မိဘက “ဆေးလိပ် သောက်ရင် တော့လား … ငါနဲ့ တွေ့မယ်”လို့
ပြော မထွက် သင့်ပါ ဘူး။ အရက် ဝယ်ခိုင်းခြင်း၊ ဆေးလိပ် မီးညှိ ခိုင်းခြင်း
စတဲ့ ကလေးကို မလေးစားတဲ့ အပြု အမူတွေ မလုပ်သင့် ပါဘူး။ အပြစ် ပေးတာ
ပြီးရင်တော့ ကလေးကို သူရဲ့ မူလ အခွင့် အရေးတွေ ပြန်ပေး ရပါမယ်။ နောက်
မလုပ်တော့ ပါဘူး (၃) ကြိမ်အော် ဆ ိုတာ မျိုးထက် ဘာကြောင့် သားကို ဒီလို
အပြစ် ပေးရတယ်၊ ဘယ်လို လိမ္မာအောင် နေရမယ် ဆိုတာ ရှင်းပြ ရပါမယ်။ ကလေး
မလုပ်နိုင် တဲ့ အပြစ်တွေ မပေးဖို့ လိုပါမယ်။ သင့်တော်တဲ့ အပြစ်ပေး နည်းတွေ
ဖြစ်ဖို့လို ပါတယ်။

ကလေးရဲ့ အပြုအမူ တွေနဲ့ပက် သက်ပြီး ဘာကြောင့် သူ ဒီလို လုပ်ရတယ် ဆိုတာ လေ့လာဖို့ လိုပါတယ်။ ဥပမာ … အဖေနဲ့
အမေ တကျီကျီ ရန်ဖြစ် နေလို့ ကလေး စိတ်ထိခိုက် ရာက ဒီလို အပြုအမူ ဆိုးတွေ
လုပ်လာတယ် ဆိုရင် အဖေနဲ့ အမေမှာ အပြစ် ရှိပါတယ်။ သူချစ်တဲ့ အတန်း ဖော်
သူငယ်ချင်း တွေ နယ် ပြောင်း သွားလို့ စိတ်ထိခိုက် နေတယ် ဆိုရင် လည်း
နားလည် သဘော ပေါက်အောင် ရှင်းပြဖို့ လိုပါတယ်။ ကလေးရဲ့ သူငယ်ချင်းတွေ
အကြောင်းလည်း သိထား သင့်ပါတယ်။ ကျောင်းမှာဆရာ တာ ဝန် ဆိုပြီ လွှတ် ထားလို့
မရပါဘူး။ ကလေးနဲ့ ပက်သက်သ မျှ အရာ အားလုံးဟာ မိဘနဲ့ သက်ဆိုင် ပါတယ်။
ကိုယ်က အမှား လုပ်မိ ရင်လည်း ကလေးကို တောင်းပန် ရပါမယ်။ သင့်က
လေးကိုပြုပြင် ထိန်းကျောင်းလို့ မရနိုင် တော့ဘူး ဆိုရင်တော့ က လေး ဆရာဝန်
ဆီကို သွားပြဖို့ တိုက်တွန်း လိုပါတယ်။ စကားမစပ် သင့် ကလေးမှာ အောက်ပါ
လက္ခဏာ တွေ တွေ့ နေရ ရင်တော့ စိတ်ရောဂါ ဆရာဝန်နဲ့ ပြသ သင့်ပါတယ်။

(၁) ဘယ်လိုပင် ဆုံးမပါစေ၊ လူကြီးမိဘ၊ ဆရာသမား များကို မလေးစားခြင်း
(၂) ကြမ်းတမ်း ခက်ထန်ခြင်း၊ ပစ္စည်း ကိရိယာ များကို ဖျက်ဆီး ပြစ်တတ်ခြင်း
(၃) စိတ်ဓါတ်ကျတဲ့ ရောဂါ လက္ခဏာများ တွေ့ရခြင်း
(၄) စိတ်ကြွ မူးယစ်ဆေးဝါး များသုံးစွဲခြင်း
(၅) မိသားစု အတွင်းမှာ အံဝင်ခွင်ကျ လုံးဝ မဖြစ်တော့ခြင်း

ဖတ်ရတာ လည်း ပျင်းနေ လောက်ပြီ။ မိဘဖြစ်ပြီး သား အကိုအမ တွေကိုလည်း ဝေဖန် ပေးဖို့ ဖိတ်ခေါ် ပါတယ်။

ချမ်းမြေ့ ပျော်ရွှင်ဖွယ် မိသားစု လေးတွေ ပိုင်ဆိုင် နိုင်ပါစေဗျာ

One comment

  • Gong Zhu

    September 16, 2010 at 5:14 pm

    အပျိုလေးတွေ ဝေဖန်လို့မရဘူးပေါ့လေ ဟုတ်လား . . .

Leave a Reply