တရွေ့ရွေ့ ကုန်လွန်လာ

လကုန်ခါနီးပြန်ပေါ့

တွက်ကြည့်တော့ ငါ့ဆက်ရှင်

၁၃၀ ပင် မပြည့်သေး

အလိုလေး ကယ်ကြပါ

တစ်လမှာ ဆက်ရှင် ၁၅၀

ဘယ်သူထွင်တယ်မသိတဲ့ ဒီစည်းကမ်းနော်

မပြည့်သော် ငါးထောင်ဖြတ်သတဲ့

လိုလာမယ့် ဆက်ရှင် ၂၀ ကျော်

ဘယ်သူလာလို့ ကူမလဲနော်

၁၅၀ မကျော်ရင်

ပိုင်ရှင်က ငါးထောင်ဖြတ်

အရပ်ကတို့ရေ

အမေပေးတဲ့ နာမည်တောင်ငါမေ့

ဟိုတကွေ့မှာ ကြည်ပြာ

သီတာ ဆိုတာ အခု

ညုလိုက်ရတဲ့ လူတကာ

အရှက်ဆိုတာ မေ့တာကြာပေါ့

အချော့ကြိုက်တဲ့ ဟိုကောင်လေး

ဘယ်ချောင်ပြေးနေသလဲကွယ်

ချစ်တယ်ဆိုပြီး အတင်းနမ်း

အတော်ကြမ်းတဲ့ ဦး

သနပ်ခါးလူးထားဆို

အပိုမပြောပဲ ဇွတ်ဆိုးသူ

အဲဒီလူလည်း ငါမတွေ့

မေ့သွားပြီလားကွယ်

နမ်းမယ် နမ်းမယ်နဲ့ အနမ်းပါမက

ဖက်လို့မဝတဲ့ ဟိုတစ်ယောက်လည်း

ပျောက်နေဆဲပါပဲလား

အရှက်တရား  ဟုတ်လား

အဲဒါ စားလို့မှ မရတာ

အသပြာရှိမှ ဒီဝမ်းက ဝ တော့မပေါ့

ဒီတော့လည်း စာမတတ်လှတဲ့ဘဝစုတ်

အထည်ချုပ်မှာ တကယ်လုပ်ပေမယ့်

ရတာထက် ဖြတ်တာများလှ

ရှင်တို့ကတော့ ဘာမှမသိ

အဲသည်တော့လည်း ကျမမှာ

ဒီဇာတ်မဟာ

မာဆတ်တကာကျင်လည်

ခင်တွယ်ရာမရှိ နာဂစ်၏ သမီးပျို

အပိုတွေထား အကိုရေ လာမလား

ဘာသားနဲ့ထုတာမှတ်လို့

ကိုယ့်အပူနဲ့ကိုယ့်ကိုယ်တွေ့

နောက်တစ်နေ့ ငါမရောက်ချင်

၁၅၀ မပြည့်ရင်  ၁၅၀ မပြည့်ရင်

ဆင်တစ်ကောင်လို့တင်စားလျက်

ငါးထောင်တန်တစ်ရွက်

လွင့်ထွက်သွားတော့မှာမို့

အကိုတို့ရေ

မြန်မြန်လာလေကွယ် ။

 

 

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..