အိုဘယ့် ဆက်ရှင်

တရွေ့ရွေ့ ကုန်လွန်လာ

လကုန်ခါနီးပြန်ပေါ့

တွက်ကြည့်တော့ ငါ့ဆက်ရှင်

၁၃ဝ ပင် မပြည့်သေး

အလိုလေး ကယ်ကြပါ

တစ်လမှာ ဆက်ရှင် ၁၅၀

ဘယ်သူထွင်တယ်မသိတဲ့ ဒီစည်းကမ်းနော်

မပြည့်သော် ငါးထောင်ဖြတ်သတဲ့

လိုလာမယ့် ဆက်ရှင် ၂ဝ ကျော်

ဘယ်သူလာလို့ ကူမလဲနော်

၁၅ဝ မကျော်ရင်

ပိုင်ရှင်က ငါးထောင်ဖြတ်

အရပ်ကတို့ရေ

အမေပေးတဲ့ နာမည်တောင်ငါမေ့

ဟိုတကွေ့မှာ ကြည်ပြာ

သီတာ ဆိုတာ အခု

ညုလိုက်ရတဲ့ လူတကာ

အရှက်ဆိုတာ မေ့တာကြာပေါ့

အချော့ကြိုက်တဲ့ ဟိုကောင်လေး

ဘယ်ချောင်ပြေးနေသလဲကွယ်

ချစ်တယ်ဆိုပြီး အတင်းနမ်း

အတော်ကြမ်းတဲ့ ဦး

သနပ်ခါးလူးထားဆို

အပိုမပြောပဲ ဇွတ်ဆိုးသူ

အဲဒီလူလည်း ငါမတွေ့

မေ့သွားပြီလားကွယ်

နမ်းမယ် နမ်းမယ်နဲ့ အနမ်းပါမက

ဖက်လို့မဝတဲ့ ဟိုတစ်ယောက်လည်း

ပျောက်နေဆဲပါပဲလား

အရှက်တရား  ဟုတ်လား

အဲဒါ စားလို့မှ မရတာ

အသပြာရှိမှ ဒီဝမ်းက ဝ တော့မပေါ့

ဒီတော့လည်း စာမတတ်လှတဲ့ဘဝစုတ်

အထည်ချုပ်မှာ တကယ်လုပ်ပေမယ့်

ရတာထက် ဖြတ်တာများလှ

ရှင်တို့ကတော့ ဘာမှမသိ

အဲသည်တော့လည်း ကျမမှာ

ဒီဇာတ်မဟာ

မာဆတ်တကာကျင်လည်

ခင်တွယ်ရာမရှိ နာဂစ်၏ သမီးပျို

အပိုတွေထား အကိုရေ လာမလား

ဘာသားနဲ့ထုတာမှတ်လို့

ကိုယ့်အပူနဲ့ကိုယ့်ကိုယ်တွေ့

နောက်တစ်နေ့ ငါမရောက်ချင်

၁၅ဝ မပြည့်ရင်  ၁၅ဝ မပြည့်ရင်

ဆင်တစ်ကောင်လို့တင်စားလျက်

ငါးထောင်တန်တစ်ရွက်

လွင့်ထွက်သွားတော့မှာမို့

အကိုတို့ရေ

မြန်မြန်လာလေကွယ် ။

 

 

20 comments

  • Wowwwwwwww
    မိုက်လှချည်လား…. တကယ့် မာဆတ်သမီးပျိုတစ်ယောက် ရဲ.ခံစားချက် ထင်ဟပ်မြင်သာလှသဗျာ…
    ကိုမျိုးသန်.ရေ အငှားခံစားချက်ကလေး မိုက်သဗျို…
    တိတ်တိတ်ကလေးမေးအုံးမယ်… ဘယ်နားလေးလဲ………..ဟိဟိ ရှူးးးးးးးးးးးးးးးးးတိုးတိုး

    • Myo Thant

      July 5, 2013 at 3:04 pm

      သူတို့တွေမှာလည်း ကောင်းချင်ပါလျက် ပျက်ဖို့ဇာတာ ပါလာကြသူတွေ ရှိပါတယ် ၊

      အကောင်းကို ရှာသော်လည်း အကောင်းကား မတွေ့တော့ပြီ တဲ့ ၊ အဲဒီစကားလိုပေါ့ ၊

      လူတွေက သူတို့ကို ဘယ်လိုမြင်လဲ ?

      ကျနော်က အများအမြင်နဲ့ မတူတဲ့ ဘက်ကနေ အငှားခံစားကြည့်တာပါ ၊

      အဲဒီနေရာ သိချင်လို့လား ၊ ဒီမှာ ပြောလို့ မကောင်းဘူး ၊ ကျနော့်ဆီ ဖုန်းဆက်လိုက်လေ ၊ 🙂 🙂 🙂

      • အေးဗျာ ကိုမျိုးသန်.ရယ်… ကျုပ်လဲ သူတို.ဘဝ ကို စာနာပါတယ်…
        ဒါကြောင့်လဲ မသွားချင်ပဲသွားသွားပြီး သူတို.လေးဒွေ အဆင်ပြေပါစေတော့ဆိုပြီး… ဒါနသွားသွားပြုနေရတာပါဗျာ..
        သွားချင်လွန်းလွန်းလို.ရယ်တော့လဲ ဟုတ်ဘူးပေါ့ဗျာ……….ဟဲဟဲဟဲ နောဗျာ.. နော….

        • Myo Thant

          July 6, 2013 at 9:33 am

          ဆယ်အိမ်ခေါင်းရဲ့
          မဒမ်ကြီးကြားသွားမှ
          ပြေးပေါက်မှားနေဦးမယ်နော့ 🙂

  • ရေထားဒါ မိုက်ဒယ် …
    ကျုပ်ဒေါ့ ဒါဘဲ ပေါဒေါ့မယ် …

    စကားမစပ် …
    ဟိုအပေါ်ဂ လူ …
    ခညား မိန်းမ ဂ အခေါ် လွှတ်လိုက်လို့ လာခေါ်ဒါ …
    နားရွက်လေး ဆွဲပီး ခေါ်ဂဲ့ဆိုဘဲ .. :mrgreen:

    • ခင် ခ

      July 5, 2013 at 3:57 pm

      ဒီအပေါ်ကလူ ခင်ဗျားကလည်း
      ဟိုအပေါ်ကလူကို ဘယ်မှာခေါ်ရမလဲ
      တန်းသိနေသလိုပါဘဲနော်။
      အဲ သူများတာပြောတယ် ဒို့ ၃ ယောက်လုံးက
      တစ်နေရာထဲမှာ ဆုံကြသလိုဘဲ ဖြစ်နေပြီပေါ့နော်။….အဟိ။

    • ဟဲ့အကောင် နီ ဒီလောက် ပညာ မစုံဘဲ နာသမီးများ လိုချင်သေးတယ်..
      ဒီမယ် ယောက္ခ တော်မယ့် လူလောက် ပညာမစုံ ဇ မရှိရင် လာမတော်နဲ… ဝေးသေး……ငှဲငှဲငှဲ…

      • အောင်မာ .. အောင်မာ ..
        လူဂိုများ အထင်စမောလို့ …
        ပညာများ စုံဘာ့ ..
        ၁၂ ကျိုး၊ ၁၃ ကျိုး တောင် အကုန်တတ်တယ် ..
        ဘာမှတ်နေလဲ .. ဗျဲ …
        ကိုင်းးး တော်လို့ ရဘီလား ယောက္ခမ တိုက်

  • အလင်း ဆက်

    July 5, 2013 at 5:36 pm

    လာပါပြီဗျာ
    အချော့ကြိုက်တဲ့ ကောင်လေး
    အောင်ရဲလင်းနဲ့ တူတဲ့
    အလင်းဆက်

    လာပါဘီ
    ဟီဟိ

    တွေ့နေကျ သမားရိုးကျ မဟုတ်တဲ့ အ ကြောင်းအရာ လေးကို ကဗျာ ဖွဲ ့သွားတာ
    လေးစား အားကကျ မိတယ်ဗျာ

    🙂

  • Shwe Ei

    July 5, 2013 at 5:44 pm

    အနော် အက်ဖ်ဘီမှာ ရှယ်မယ်ဗျာ…

  • Mr. MarGa

    July 5, 2013 at 6:41 pm

    ဘဝ ဘဝ
    ဘကုန်းနဲ့ ဝလုံးပေါင်းလိုက်ရုံလေးပေမင့်
    တချို့တချို့တွေ အတွက်ကျပြန်တော့လဲ
    အတော် ခက်ခဲတတ်တယ်နော်

  • မုံရွာကွန်ပျူတာတက္ကသိုလ်နားကဆိုတဲ့ ဆက်ရှင်တွေကိုဖွဘုတ်မှာ ကွက်ကွက်ကွင်းကွှုင်းမြင်လိုက်ရတဲ့ခဏ
    အဲ့ကျမှ အဲ့ဒါတွေက အဲ့ဒီလိုလားဆိုတာ စသိတယ်၊လန့်မိတယ်
    အိုဘယ့် ခလေးမလေးတို့ဘဝရယ်…

  • naywoon ni

    July 5, 2013 at 8:47 pm

    အော်….ဟော်ဟော်……….. ဟိုး အပေါ်ကလူဒွေ ဆက်ရှင် တစ်ရာ့ငါးဆယ်ပြည့်အောင်ဖြည့်ပေးချင်လို့နဲ့တူရဲ့ နေရာတောင်နေကြသေးရဲ့….။ အင်း ဝါသနာပါလို့တော့ ဟုတ်ဟန်မတူပါဘူးလေ…………။

  • Myo Thant

    July 6, 2013 at 10:23 am

    သာမန်စတိုးဆိုင်ဝန်ထမ်းမလေး လုပ်ဖို့တောင် ဘွဲ့ ရရမယ်ဆိုတော့
    ၁ဝ တန်းမပြောနဲ့ ၄ – ၅ – ၆ တန်းလောက်ပဲ တတ်ခဲ့ရှာသူတွေက ဘာလုပ်ရမလဲ ။
    အထည်ချုပ် ဆိုရင်တောင် ၉ တန်း ၁ဝ တန်းမှ ၊ ဒီတော့ အုတ်သယ် မဆလာသယ်
    အဲဒါမျိုးတွေဖြစ်ရော ၊
    အတန်းပညာရှိသူတွေတောင် ဉာဏ်နည်းတတ်သေးတာ
    စာက ကောင်းကောင်းမတတ် ကျင်လည်ရတဲ့အရပ်က ခပ်ပေပေဆိုရင်
    သူတို့တွေ ဘယ်လောက်မြင့်မြင့်များ စဉ်းစားတတ်လာမှာတဲ့တုန်း ၊
    ခေတ်နဲ့စနစ်ကို လက်ညိုးထိုးလိုတာ မဟုတ်ပေမယ့်
    ပညာရေး ကို ပစ်ထားခဲ့တဲ့ နှစ် လေး ငါး ခြောက်ဆယ်အတွင်းမှာ
    လူလာဖြစ်ကြရင်း နိမ့်ကျခြင်းတွေနဲ့ ငါတို့ နှစ်ပါးသွားခဲ့ရတာလေ ။

    • โทรศัพท์มือถือ

      July 6, 2013 at 2:43 pm

      ကိုမျိုးသန့်ရဲ့ ဆက်ရှင်က ဘာများလဲလို့……
      ကိုမျိုးသန့်ဂျီးလည်း အတော်အတန် ဇာပ်မျှေားနေတယ်ထင်ပ….
      ငွေနောက်လိုက်ချင်တဲ့ သူရှိသလို…
      စားဝတ်နေရေးအရပေါ့………
      ကျနော့အမြင် … ကျနော်သိသလောက်ကတော့ စားဝတ်နေရေးအတွက်ထက်
      ကြာလာတော့ ငွေရလွယ်လို့ ပျော်တဲ့ဖက်လဲလာပီး ရုန်းမထွက်ကြတဲ့လူတွေကများပါတယ်…
      ဒါကလဲ အထက်မှာ ကိုမျိုးသန့်ပြောတဲ့ အကြောင်းတွေနဲ့ ဆိုင်ပါတယ်…….

  • ရဲစည်

    July 6, 2013 at 3:53 pm

    အိုး …. ဟို့ …. ဟို့ …..
    ဘရာဘိုပါ အူးလေးရေ

    မတူညီတဲ့ ဘဝတွေမှာ
    မတူညီသလို နေထိုင်ရင်း
    အချိုးအကွေ့ ဆိုတာကို …
    မိမိလိုရာအတိုင်း မဟုတ်တဲ့ ဘဝ …

    မိုးစက်တင်လေ ….

  • Crystalline

    July 6, 2013 at 5:02 pm

    ယောက်ျားတွေပဲသွားလေ့ရှိတဲ့ ကာရာအိုကေမျိုးကိုရောက်ဖူးတယ်.. ဦးလေးတွေ အစ်ကိုတွေနဲ ့သွားတာ..
    သူတို့ဘဝသူတို ့ပျော်နေတာလား…ပျော်ချင်ယောင်ဆောင်နေရသူတွေလည်းရှိမှာပါ.. စိတ်ထဲတော်တော် မကောင်းဘူး.. ဒါပေမယ့် သူတို ့ဝင်ငွေက ၁ဝ ဂဏန်းအထက်ကအနည်းဆုံးဆိုလား.. ဘာပဲဖြစ်ဖြစ်ကြည့်ရတာ စိတ်မကောင်းဘူး.. သူတို ့ဆက်ဆံခံရမယ့်ဘဝကိုတွေးကြည့်တာနဲ ့စိတ်ညစ်မိတယ်..
    မာဆတ်မှာရော..အဲလိုမိန်းကလေးသွားလို ့ရလား..သွားလေ့လာချင်လို ့.. အခုတော့ မျက်မမြင်တွေနှိပ်တဲ့ဆီ ပဲသွားလေ့ရှိတယ်.. နှိပ်တာတော်တော်လေးအဆင်ပြေတယ်..

    • Myo Thant

      July 8, 2013 at 2:14 pm

      ဝင်ငွေ ဆယ်ဂဏန်းဆိုတာရှိနိူင်ပေမယ့်
      အများစုကတော့ မဖြစ်နိူင်ပါ ၊
      ဒီလိုပဲ ရုန်းကန်ရင်း ငွေရလွယ်တဲ့ အရသာနောက် ပါသွားတာတွေ ရှိသလို
      တချို့ကတော့ ဒီထက်ပိုကောင်းတာ ဘာ ဆိုတာ မသိတော့ပဲ အဲဒီဝဲထဲမှာပဲ . . . . .

    • Foreign Resident

      July 8, 2013 at 6:37 pm

      ” မာဆတ်မှာရော..အဲလိုမိန်းကလေးသွားလို ့ရလား..သွားလေ့လာချင်လို့ ”

      ယောက်ျားလေးတွေကို ကိုယ်လုံးတီးချွတ်ပြီး ဆီ နှင့် ပွတ် နှိပ်ပေးတဲ့ ၊
      Grand Mee Ya Hta ဟော်တယ် ကိုတောင် ၊
      အဘ ကတော့ ၊ အဘ မိန်းမ ပါခေါ်သွားပြီး ၂ ယောက်လုံး အနှိပ်ခံတာပဲ ။
      OK ပါ ။ ပြဿနာ မရှိပါဘူး ။ အေးဆေးပါ ။

  • KZ

    July 9, 2013 at 8:58 am

    သနားပါတယ်။
    တစ်ချို့က ဝမ်းရေးအတွက်မို့သာလုပ်ကြရတာ။
    မနှိပ်တတ်တဲ့ သူတွေ အများကြီးးးးးးးးးးး
    .
    .
    ကျနော်တို့ နိုင်ငံမှာက ယောင်္ကျားတွေ ဇိမ်ခံ အသားယူနေရာ အဖြစ်ဖွင့်တာများလို့သာ အထင်သေးစရာ နေရာဖြစ်နေတာ။
    နယ်တွေမှာတော့ အကြောပညာ၊ အနှိပ်တကယ်တတ်တဲ့ အဖိုးကြီး အဖွားကြီးတွေရှိတယ်နော်။
    .
    .
    သူများနိုင်ငံမှာ တကယ် နှိပ်တတ်ရင် အသက်မွေးဝမ်းကြောင်းပညာဖြစ်တယ်။

    .
    .
    ကျနော် အရင် အနှိပ်ခန်းဖွင့်ချင်တယ်ပြောလို့ အရီခံရဘူးတယ်။ အနှိပ်ခန်းဆိုတာနဲ့ ဒါပဲ ပြေးမြင်ကြတာကိုးးးး
    တတ်တဲ့ ပညာရှင်တွေ စုစည်းထားတဲ့ နေရာမျိုး တကယ် လုပ်ချင်ခဲ့တယ်။
    .
    .

    အနှိပ်ဆိုတာ မနှိပ်တတ်ရင် ……
    အညောင်းမပြေတဲ့ အပြင် အပူမထွက်ပဲ ကိုယ်တွင်းထဲ ပြန်လည်ပြီး ပိုဆိုးတာမျိုးးး။
    ယိုးဒယား စပါ တွေမှာတော့ အနုနည်းတွေရော၊ အကြောပြင်တာတွေရော ရှိတယ် ပြောတယ်။
    တရုတ် အကြောပြင်ကတော့ တကယ်ကောင်းတဲ့ ပညာတစ်ခုပဲ။

Leave a Reply