“ကော်မရှင်´´

ခင္ခJuly 5, 20131min15321

“ကော်မရှင်´´

 

အိုးသည် – ညဉ်းဆီက ဘုရားပန်း ဈေးဝယ်သူတွေကို ပန်းရောင်းရင် ငါ့ အိုးလေးပါတွဲ ရောင်းပါလားဟင်

 

ပန်းသည် – အို ဘုရားပန်းလာဝယ်တဲ့သူတွေက သူတို့မှာ ပန်းအိုးရှိပြီးသားတွေပါ လာဝယ်ရင် ဘုရားပန်းအိုးရောရောင်းလားလို့ မေးတာကြားဘူးပါ့တော်။

 

အိုးသည် – အရင်ရှိတာတော့ရှိတာပေါ့ အခုလိုတွဲရောင်းတော့ ပန်းအိုးအသစ်လဲချင်စိတ်ရှိသွားရင် ငါ့အိုးလေး တွေလည်း ရောင်းရတာပေါ့အေ။

 

ပန်းသည် – ညဉ်းက ညဉ်းအိုးရောင်းရဖို့ ငါ့ပန်းတွေနဲ့တွဲရောင်းကာမှ ပန်းဘဲဝယ်ချင်တဲ့သူက ပန်းဘဲမရောင်း ဘူးထင်ပြီး မဝယ်မှ ဟုတ်ပေ့ဖြစ်နေပါ့မယ်တော်။

 

အိုးသည် – အကုန်လုံးတော့ ဘယ်ဟုတ်ပါ့မလဲ ပန်းတစ်ချို့ကို ပန်းအိုးလေးနဲ့တွဲပြီး ပြထားမှာပေါ့ ဒါဆို ပန်းလာဝယ်တဲ့သူက အိုးနဲ့ပန်း မြင်ပြီဝယ်ချင်တော့လည်း ညဉ်းပန်းရော ငါ့အိုးရော ရောင်းရတာပေါ့

 

ပန်းသည် – အကယ်လို့ ငါ့ပန်း အလွတ်တွေရောင်းလို့ကုန်ရင် ညဉ်းပန်းအိုးထဲက ပန်းတွေပါ ငါ့ကတော့ နုတ်ရောင်းမှာနော်။

 

အိုးသည် – အေးပေါ့ရောင်းရမှာပေါ့၊ ဒါပေမယ့် ဈေးဝယ်ကို ပန်းအိုးရောဝယ်သွား မလားတော့ နည်းနည်း မေးပေးပေါ့အေ၊ ငါ့ပန်းအိုးပါရောင်း ရရင် ရောင်းရတဲ့ အိုးပေါ်မူတည်ပြီး ညဉ်းကိုရောင်းပေးခ(ကော်မရှင်)ပေးမှာပေါ့။

 

ပန်းသည် – ဒါဆိုရင် နင်အိုးရှိသလောက် ပန်းတွေထိုးပြီး တင်ထားလိုက်မယ်လေ ပန်းဘဲလိုချင်တော့လည်း ပန်းဘဲထုတ်ရောင်း လိုက်မှာပေါ့ အဲလို အကုန်ထိုးတော့လည်း အိုးပါဝယ်ချင်ရင် ညဉ်းအိုးရော ငါ့ပန်းရော မြန်မြန်ကုန်တာပေါ့တော်။

 

အိုးသည် – အဲဒါဆို ငါအိုးတွေထုတ်ပြီး ခင်းလိုက်မယ် ညဉ်းလည်း ညဉ်းပန်းတွေ လာထိုးလိုက်ပေါ့။

 

ပန်းသည် – ညဉ်းအိုးတွေရောင်းရတဲ့အပေါ် ငါ့ကိုရောင်းပေးခ(ကော်မရှင်)ပေးမှာနော်။

 

အိုးသည် – စိတ်ချပေးမှာပေါ့။

 

ပန်းသည် – ညဉ်းအခြားနေရာ ပန်းအိုးပို့စရာရှိသေးရင် သွားပို့လေ ငါရောင်းထားပေးမယ်၊ ထားခဲ့တဲ့ အိုးအရေ အတွက်သာ ညဉ်းမှတ်သွားလိုက်။

 

အိုးသည် – အေး ဒါဆို ဈေးဟိုဘက်ထိပ်ဘက် ခဏ အိုးသွားစပ်လိုက်အုံးမယ်ခဏလေးဘဲ။

 

ပန်းသည် – အေးအေး စိတ်ချ ငါ့ရောင်းထားပေးမယ်။

 

မိတ်ဆွေ သင့်ပစ္စည်းလေး အရောင်းတွက်ဖို့ ကော်မရှင်ပေးရေး စဉ်စားစို့ …………..။

 

 

ခင်ခ။

(ကိုယ့်အတွေးနဲ့ကိုယ် ရေးပုံက….)

21 comments

  • မိတ်ဆွေ သင့်ပစ္စည်းလေး အရောင်းတွက်ဖို့ ကော်မရှင်ပေးရေး စဉ်စားစို့ …………..။

    ဟေဟေဟေ့ လေးခ ကျွန်တော်ယောက္ခမကြီး ပန်းထိုးပီးရောင်းပေးပါလားဟင်… လေးခကို ကော်မရှင်ပေးမယ်လေ…….. ခွိ

    • ခင် ခ

      July 5, 2013 at 3:34 pm

      အင်း ကော်မရှင်ထက်စာရင် “ ဟေဟေဟေ့ လေးခ ကျွန်တော်ယောက္ခမကြီး ပန်းထိုးပီးရောင်းပေးပါလားဟင်… လေးခကို ကော်မရှင်ပေးမယ်လေ…….. ခွိ´´ ဒီစာလေးကို ပရင့်ထုတ်ပြီး ရန်ကုန်ရောက်တုန်း သွားပြလိုက်ရင်တော့ဖြင့်…………… အဲ ဒါကော်မရှင်ထက် ပိုရချင်ရမှာလေ ဘယ်နယ့်လဲ လုပ်လိုက်ရမလား ဆရာ။

      • ရွှေတိုက်စိုး

        July 6, 2013 at 10:20 am

        အမငီး လုပ်ပါနဲ.ဂျာ… အလကားနောက်တာပါ… ယောက္ခပေးထားတဲ့ အိမ်လေး အခုမှ နေတာ တလ ချိတေးဒယ်………..ခိခိခိ

  • ဦး ကျောက်ခဲ

    July 5, 2013 at 3:51 pm

    ကျောက်စ်လည်း အိမ်ကဂွစာ အမအပျိုကြီးကို…
    ဘာနဲ့တွဲရောင်းရရင်ကောင်းမလဲ စဉ်းစားနေတာ…
    ကော်မရှင်ပေးဆိုလည်း ပေးရတာပေါ့ဗျား… :mrgreen:

  • ရင်ဘတ်ဂျီးထဲဂ အဂျစ်ဒွေ မွေးဖွားဒတ်ဒယ်ဆိုဒဲ့
    အသီးနှလုံးကိုရော ရောင်းလို့ ရမားဟင်င် 🙄
    ကော်မချင် ပေးဘာ့မယ် :mrgreen:

    • ခင် ခ

      July 5, 2013 at 4:14 pm

      ကိုကျောက်အမအပျိုကြီးကို အံစာတုံး အသီးနှလုံးနဲ့ တွဲပြီး အစွံထုတ်လိုက်။
      ဒါဆို အံစာတုံးက ကိုကျောက်ကို ကော်မရှင် ပေးလိုက်ပေါ့။
      နှစ်ယောက်လုံး ထွတ်စေချင်တာ ထွက်သွား မကောင်းဘူးလား ဆရာ ၂ ယောက်?

      • ဦး ကျောက်ခဲ

        July 5, 2013 at 4:17 pm

        မီလုပ်ပါနဲ့ ဆြာခရယ် ကျောက်စ်အမကြီးက ၅ဝနားနီးနေပြီ ဟိ
        :mrgreen:

        • ခင် ခ

          July 5, 2013 at 4:45 pm

          ကိုကျောက် ကလည်း မနေ့က ဖေ့ဘုတ်မှာ ထိုင်းကကျော်ကြားတဲ့ ၆၁ နှစ်ရှိ ဘုန်းတော်ကြီးက အခုလူထွက်ပြီး အသက် ၅ဝ အရွယ် အမျိုးသမီးနဲ့ ဖူးစာရှင်အချစ်တွေ့လို့ လက်ထပ်ယူတယ်တဲ့ဗျ။
          သတင်းပြောပြတာပါ။

      • ဦးခတို့ဒီလိုတွဲဖက်ရောင်းစပ်တတ်ပုံမျိုးနဲ့တော့ တော်တော်အလုပ်ဖြစ်ပြီ
        ခုပဲကြည့် နှစ်ဦးနှစ်ဖက်ပြေလည်ရင် မောင်အံရောဦးကျောက်ပါအိုကေသွားပြီ။
        :p

  • အလင်း ဆက်

    July 5, 2013 at 4:54 pm

    အပြန်အလှန်စကားပြော ဟန် လေး
    ရေးထားတာ ကြိုက်ပါအိ ။

    😆

  • မောင် ပေ

    July 5, 2013 at 6:20 pm

    နင့်အိုးလေးက လှလိုက်တာ
    ဘယ်လောက်ဈေးလဲ ဟင်
    အို… ဘယ်လောက်ဖြစ်ဖြစ် ဝယ်မယ်ကွာ
    ကားပေါ်လိုက်တင်ပေးနော
    ဟီဟိ

  • naywoon ni

    July 5, 2013 at 8:48 pm

    ကျုပ်တို့ဆီမှာ ကော်မရှင်နဲ့ရောင်းတာက ဘောလုံးပွဲ မောင်းနဲ့ နှစ်လုံးသုံးလုံးဗျ…။ 10% အထက်မှာရှိတယ်နော် စိတ်ဝင်စားရင်………………။

  • Mr. MarGa

    July 6, 2013 at 7:40 pm

    နတ်သမီးတွေကို လျှော့ဈေးနဲ့ ထုတ်ရင်ကောင်းမလားမသိ
    ကော်မရှင် ပေးပါမယ်ဗျို့

  • kyeemite

    July 8, 2013 at 4:22 pm

    တစ်ခုစဉ်းစားမိတယ်…လူတွေကတစ်မျိုးဗျ ကိုခရ…
    ပန်းအိုးထဲပန်းထိုးထားပြီးရောင်းရင် သူများထိုးထားပြီသားပန်းဆိုပြီး
    မဝယ်ချင်ပြန်ဘူးဗျ…

    • ခင် ခ

      July 9, 2013 at 9:30 am

      ဆရာမိုက်ကလည်း ပန်းအိုးနဲ့ထိုးရောင်းတာ ဟန်လေးလုပ်ပြတာပေါ့ ပန်းစည်းကိုတော့ ပြုပြင်ပြီး ဘယ်ထိုးမှာလဲဗျ။

  • KZ

    July 8, 2013 at 4:41 pm

    ဖိနပ် တစ်ဖက်ဝယ် ရင် နောက်တစ်ဖက်ပါ အလကားရမယ်။ ငိငိငိ :mrgreen:

    နောက်တာ ကိုခ။

    ကျုပ်ဖြင့် ဂျပန်က မောင်ကို ရေနံချောင်းဘက်က မောင် အလိုက်ပေး ရောင်းတာကို ဝယ်မဲ့သူ မရှိလို့။ :mrgreen:

    နောက်ခါရောင်းရင် တာဝလိန်သာ က မောင် ကို ပါ တွဲထုတ်ရမယ်။ :mrgreen:

    • ဦးကျောက်ခဲ

      July 8, 2013 at 6:11 pm

      သားသားက အရမ်းချောတာဆိုတဲ့ ကောင်ကလေးပါထပ်ထည့်…
      ဒါမှ မယူရင် ကြောင်ခြစ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်လိုက်လေ :mrgreen:

      • KZ

        July 8, 2013 at 7:32 pm

        ဟောင်ကောင်က လူဂျီးကိုပါ ထည့်မလို့ မရတော့လို့သာ။ :mrgreen:

        • ခင် ခ

          July 9, 2013 at 9:44 am

          တွဲပေးပုံက စိတ်ဝင်စား စရာမှမပါသာ
          တကယ်ဆို ဂျပန်က မောင်ကို ရေနံချောင်းဘက်က မောင် အလိုက်ပေးပြီး KZ ကို ကံစမ်း မဲအဖြစ် မဲနှိုက်ခွင့်ပေးမယ်ဆိုရင်တော်သေးတယ်။ ( နောက်မှ လုပ်ထုံးလုပ်နည်း အတိုင်း မဲ တွေအားလုံးမှာ ပေါက်မဲ တစ်ခုမှမပါဘဲ ထားလိုက်လေ) မဟုတ်ဘူးလားဗျ။

        • KZ

          July 9, 2013 at 9:48 am

          ဪ ဂလိုကိုးးးးးး
          ကျန်းးးးးးးးးး
          ကိုကြီးခတို့ စီးပွါးရေးအမြင်ရှိချက်။
          နောက်ခါ အဲ့လို လုပ်လိုက်မယ်။ ခွိခွိခွိ။ :mrgreen:

Leave a Reply