ပုရွက်ဆိတ်

မိုးတွေရွာကာနီးတုန်းက

သတိထားမိတာလေးတခုရှိတယ်။

မိုးလွတ်ရာပြောင်းရွှေ့နေတဲ့ပုရွက်

ဆိတ်တွေပါ။

အကောင်ကမဲမဲ ချီလာတဲ့ဥတွေက

ဖြူဖြူ။အတန်းလိုက်ချီတတ်သွား

တာ။ ရှေ့ကခေါင်းဆောင် တ

ကောင်နောက်ကို နောက်က

နောက်လိုက် ပုရွက်ဆိတ်တွေ က

တညီထဲလိုက်တာ။ကြည့်လို့အရမ်း

လှတာပဲ။ရှေ့ကကွေ့ရင်ကွေ့တဲ့

အတိုင်းနောက်ကကွေ့တယ်။

ရှေ့ကတတ်ရင်နောက်က တညီတ

ညာတတ်တယ်။အောက်ကိုဆင်း

ရင်လိုက်ဆင်းတယ်။

လမ်းမှာတဲ့ကောင်တွေ နောက်

မှာပြတ်ကျန်တဲ့ကောင်တွေကို

ပြန်တည့်မတ်ပေးတဲ့ အထိန်း

ကောင်တွေကပြန်ထိန်းပေးတယ်။

၁ဝ မိနစ်လောက်ကြာတော့ သူတို့

လိုရာပန်းတိုင်ခရီးကို အဆင်ပြေ

ပြေနဲ့ ရောက်သွားကြတယ်။

ငါတို့များတော့ သူတို့နဲ့ကွာပါ့။

ရှေ့ကသွားတဲ့လူနောက်လည်း

မလိုက်ချင်။ ရှေ့ကလူကလည်း

စောင့်မခေါ်။ သွားချင်တဲ့နေရာ

ကလည်း ရေရေရာရာ မရှိ။

လမ်းကြောင်းတွေက များ။

ဦးတည်ချက်မရှိ။ခေါင်းဆောင်

ကောင်းမရှိ။နောက်လိုက်ကောင်း

မရှိ။ အချင်းချင်းလည်းမညီညွတ်။

ဒီလိုတွေနဲ့ သွားနေရင်တော့

မိုးရွာရင် ဒုက္ခရောက်မယ်။

ဟင်းဟင်း ဒါမျိုးဆို

ဆရာအံရေ ဟုတ်လားမသိဘူး :mrgreen:

9 comments

  • မင်းမင်း

    July 5, 2013 at 4:18 pm

    ဒါကြောင့်ရှေးလူကြီးတွေပြောတာ

    “ဆရာမပြရင် ငပိဖုတ်တောင်ပြာလူး”

    ဆိုပဲ။ ဆရာအံ ရေ ကျေးဇူးပဲဗျိုးးးးးး

    ခုကျနော်ဖုန်နဲ့ တင်လိုက်တာပါ။

    • တိန် !!!
      ဟက်လူ … ဟက်လူ …
      ချရာအံ ဒေါ့ မီလုပ်ဘာနဲ့ ခညာ ….
      ရှိဂျီးခိုးဘာရဲ့နော်ဗျာ …
      တော်ကြာနေ .. လူဂျား အဟားခံနေရဘာအုံးမယ် ခီည … :mrgreen:

  • အလင်း ဆက်

    July 5, 2013 at 6:01 pm

    ပုလုပ်ဆိတ်တွေရဲ့ ထူးခြားချက် နောက်တစ်ခုက
    အစားအသောက်တွေရဲ့ နေရာကို သိပြီး တန်းတန်းမတ်မတ် ရောက်လာတတ်တာပဲ ။
    အ နံ ့ခံ ကောင်းတာလားးး
    ဘာလားးးး

  • ရေးတတ်တဲ့လူတွေများ
    ပုရွတ်ဆိတ်တွေနေရာရွှေ့တာတောင် ပုံပမာပြသွားလေရဲ့
    ခပ်တိုတိုနဲ့ဖတ်ရတာ စိတ်ရှည်ကျေနပ်ပါတယ်

  • မင်းမင်း

    July 6, 2013 at 9:20 am

    နန်တော်ရာသူ ရေ

    အပြစ်တင်တာလွယ်ပါတယ်ဗျ ဟီးးးး

    အပြစ်ကင်းအောင်နေပြရတာ အင်မတန်ခက်ပါတယ်

    အလင်းဆက်ရေ ပုရွက်စိတ်က အနံ့ခံကောင်းတာထက်

    သူတို့ရဲ့ စုပေါင်း ဝိရိယ ကြိုးပမ်းအားထုတ်မူ့ ကောင်းလို့ လို့

    ထင်ပါတယ် :mrgreen:

    ကျုပ်ကတော့ ကျုပ်မသိတာပြောပြရင် ဆရာစာရင်းသွင်းပစ်တာပဲ

    အဲဝေဖန်စရာရှိလာရင်တော့……………………::lol: ဆရာအံ ရေ

    ရွာသားဖြစ်ချင်တဲ့သူတွေ ရှိတယ်ဗျ။မဝင်တတ် မလုပ်တတ် ရွာစည်းကမ်း

    ရွာဓလေ့ အဲဒါတွေ ပြန်မေးတော့ ကျုပ်လဲ အသေးစိတ်ပြောတတ်ဘူး

    တချို့ဟာတွေဆိုသိတောင်သိဘူး :mrgreen:

    အဲဒါနဲ့ပါတ်သက်လို့မေးချင်တာ ဆရာရှာနေတာ ::roll:

    သူကြီးလဲ မေးရမှာအားနာနေတာ

    ဆရာအံ ပဲ မေးရကောင်းမလားးးးး8-0

  • Ma Ma

    July 6, 2013 at 9:34 am

    ဆရာတော်တွေ ဟောတဲ့တရားတွေထဲမှာ နာဖူးတာ ပျားလိုလူနဲ့ ယင်ကောင်လိုလူ ဆိုလားပဲ။
    ခုစာကိုဖတ်ပြီး ပုရွက်ဆိတ်လို ကျင့်ရမယ်လို့ မှတ်သားနာယူသွားပါတယ်။ 😀

  • ဦးကြောင်ကြီး

    July 6, 2013 at 9:54 am

    ပုရွက်ဆိတ်ကို တိရစာ္ဆန်လိုမထားဘဲ သူ့နေရာဝင်တွေးတာ သဂျီးသိရင် နှစ်တထောင်ကျိန်စာ တိုက်လိမ့်မယ်… မြန်မြန်ပြန်သိမ်း … :mrgreen:

  • မောင်ထက်ကြီး(မုံရွာ)

    July 8, 2013 at 11:31 pm

    ပုရွက်ဆိပ် သင်ခန်းစာပေါ့ဗျာ……

  • padonmar

    July 9, 2013 at 4:57 am

    အတွေးကောင်း အရေးကောင်းလေးပါပဲ။

Leave a Reply