သတိရခြင်းများစွာဖြင့်..ငါမင်းဆီစာရေးလိုက်တယ်

မင်းအချစ်တွေ…..လွတ်လပ်ပါစေချစ်သူ………

 

သတိရခြင်းများစွာဖြင့်…ငါမင်းကိုလွမ်းနေတယ်…

မင်းအလွမ်းတွေ…အနှောင်အဖွဲ့ကင်းလွတ်ပါစေ

 

သတိရခြင်းများစွာဖြင့်…ငါငိုနေတယ်…

ငါ့မျက်ရည်တွေက…သန့်စင်ပါတယ်ချစ်သူ

 

သတိရခြင်းများစွာဖြင့်…မင်းကိုငါချစ်တယ်ချစ်သူ

မင်းအချစ်တွေ….ကတိတည်ပါစေ…

 

သတိရခြင်းများစွာဖြင့်…ငါတွေးနေတယ်ချစ်သူ

ဒီအချိန် မင်းဘာတွေလုပ်နေမလဲ

 

သတိရခြင်းများစွာဖြင့်…ငါတစ်ယောက်တည်းပါချစ်သူ

မင်းဘေးနားမှာ ဘယ်သူရှိနေမလဲ

 

သတိရခြင်းများစွာဖြင့်…ဘ၀ကိုဆက်လျှောက်နေဆဲပါ..

မင်းဘ၀တွေ…သန့်စင်နေပါစေ

 

သတိရခြင်းများစွာဖြင့်…အဝေးကိုငါမျှော်ကြည့်မိတယ်ချစ်သူ

မင်းပုံရိပ်တွေ…မြင်ယောင်ဆဲပါ

 

သတိရခြင်းများစွာဖြင့်…မင်းဆီကိုစာရေးလိုက်တယ်

နှလုံးသားဆိုတဲ့စာရွက်ငယ်နဲ့………

သံယောဇဉ်ဆိုတဲ့ ဖောင်တိန်ရယ်….

အလွမ်းတွေကို မှင်ရေလုပ်ပြီး……..

စိတ်ချင်းဆက်သွယ်မှုကြေးနန်းနဲ့….

ငါ…မင်းဆီစာပို့လိုက်တယ်……

 

သတိရခြင်းများစွာဖြင့်……………….

 

××××××××××

 

ရင်နှင့်ရင်း၍

Base of true story

Aung Moe Thu

18.12.2010 (SAT)

9.44AM

About အောင် မိုးသူ

ဘကြီး အောင် has written 220 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။