သတိရခြင်းများစွာဖြင့်

သတိရခြင်းများစွာဖြင့်..ငါမင်းဆီစာရေးလိုက်တယ်

မင်းအချစ်တွေ…..လွတ်လပ်ပါစေချစ်သူ………

 

သတိရခြင်းများစွာဖြင့်…ငါမင်းကိုလွမ်းနေတယ်…

မင်းအလွမ်းတွေ…အနှောင်အဖွဲ့ကင်းလွတ်ပါစေ

 

သတိရခြင်းများစွာဖြင့်…ငါငိုနေတယ်…

ငါ့မျက်ရည်တွေက…သန့်စင်ပါတယ်ချစ်သူ

 

သတိရခြင်းများစွာဖြင့်…မင်းကိုငါချစ်တယ်ချစ်သူ

မင်းအချစ်တွေ….ကတိတည်ပါစေ…

 

သတိရခြင်းများစွာဖြင့်…ငါတွေးနေတယ်ချစ်သူ

ဒီအချိန် မင်းဘာတွေလုပ်နေမလဲ

 

သတိရခြင်းများစွာဖြင့်…ငါတစ်ယောက်တည်းပါချစ်သူ

မင်းဘေးနားမှာ ဘယ်သူရှိနေမလဲ

 

သတိရခြင်းများစွာဖြင့်…ဘဝကိုဆက်လျှောက်နေဆဲပါ..

မင်းဘဝတွေ…သန့်စင်နေပါစေ

 

သတိရခြင်းများစွာဖြင့်…အဝေးကိုငါမျှော်ကြည့်မိတယ်ချစ်သူ

မင်းပုံရိပ်တွေ…မြင်ယောင်ဆဲပါ

 

သတိရခြင်းများစွာဖြင့်…မင်းဆီကိုစာရေးလိုက်တယ်

နှလုံးသားဆိုတဲ့စာရွက်ငယ်နဲ့………

သံယောဇဉ်ဆိုတဲ့ ဖောင်တိန်ရယ်….

အလွမ်းတွေကို မှင်ရေလုပ်ပြီး……..

စိတ်ချင်းဆက်သွယ်မှုကြေးနန်းနဲ့….

ငါ…မင်းဆီစာပို့လိုက်တယ်……

 

သတိရခြင်းများစွာဖြင့်……………….

 

××××××××××

 

ရင်နှင့်ရင်း၍

Base of true story

Aung Moe Thu

18.12.2010 (SAT)

9.44AM

6 comments

  • အလင်း ဆက်

    July 5, 2013 at 5:32 pm

    ကျွန်တော့်ရင်ထဲက တစ်စုံတစ်ယောက်ကို
    သတိရခြင်း များစွာနဲ့
    ဒီကဗျာလေး ဖတ်လိုက်တယ်

  • သတိရခြင်းများစွာဖြင့်…ငါတွေးနေတယ်ချစ်သူ

    ဒီအချိန် မင်းဘာတွေလုပ်နေမလဲ

    သတိရခြင်းများစွာဖြင့်…ငါတစ်ယောက်တည်းပါချစ်သူ

    မင်းဘေးနားမှာ ဘယ်သူရှိနေမလဲ

    သတိရခြင်းများစွာဖြင့်…ဘဝကိုဆက်လျှောက်နေဆဲပါ..

    မင်းဘဝတွေ…သန့်စင်နေပါစေ

    (ဆိုတေးသီချင်းလေးနဲ့လိုက်မယ်..အဝေးရောက်ချစ်သူ…လေ
    ဂေဇက်မှာ ဖလက်ဆောင်းတွေတင်လို့ရရင် ဂွတ်သွားမှာ ကဗျာတွေနဲ့တွဲလိုက်လို့ကတော့ ဟက်ခနဲပဲ)

  • နည်းနည်း ပိုခေတ်မှီသွားအောင်
    ကြေးနန်းနဲ့ မလုပ်နဲ့ဒေါ့ …
    အီးမေးလ် နဲ့ လုပ်လိုက် …

  • KZ

    July 8, 2013 at 10:29 am

    သတိရခြင်းများစွာနဲ့ ………………………

    သတိရတယ်တို့ လွမ်းတယ်တို့ဆိုတာ မြစ်ပွါးနာတဲ့ ..! :mrgreen:

Leave a Reply