အရူးချီးပန်းStatus ,ပုစွန်ဦးနှောက်များမန့်

အရူးချီးပန်းStatus ,ပုစွန်ဦးနှောက်များမန့်

 

အရူးတစ်ယောက်ရှိတယ်။

ရူးတာမှသွက်သွက်ခါအောင်ရူးနေတဲ့ အရူးချီးပန်းတစ်ယောက်ပေါ့။

လမ်းတကာလှည့်လည်သွားလာရင်း တစ်နေ့ဆိုင်ရှင်အိပ်ငိုက်နေတဲ့အင်တာနက်ဆိုင်တစ်ခုထဲလျှောက်ဝင်

ပြီး ဖေ့စ်ဘုတ်မှာ ကောက်ကာငင်ကာရေးလိုက်တာက

 

“ကမာ္ဘကျော်မင်းသမီး အင်ဂျလီနာဂျိုလီသည် မိခင်ဖြစ်သူကဲ့သို့ရင်သားကင်ဆာဖြင့်သေဆုံးမည်ကိုစိုးရိမ် သောကြောင့် သူမ၏ရင်သားများက ဖြတ်ပစ်လိုက်သည်။

သူမအနေနှင့်ထိုသို့ မဆင်မခြင်ပြုမူလိုက်ခြင်းကြောင့် သူမကိုအစဉ်တစိုက်အားပေးလာသော ပုရိသ ပရိတ်သတ်များအတွက် များစွာနစ်နာပေသည်။

ရင်သားကင်ဆာဖြစ်ပွားခြင်းမှကာကွယ်ရန် နှပ်ချီးနှင့်နွားနို့ကိုရောပြီး နေ့စဉ်ပူတင်းဖုတ်စားပါဟု အကြံပေးခြင်းများကိုလည်း လက်ခံခဲ့ခြင်းမရှိပဲ သူမလုပ်ချင်တာလုပ်ခြင်းဟာ ဖြစ်သင့်ပါရဲ့လား။”

ရေးသူ-အရမ်းချီးပူး

 

ဆိုပြီး ပေါက်ကရလျှောက်တင်လိုက်ရာ……………………………….

တစ်မိနစ်အတွင်းမှာပဲ

Like လုပ်သူ သန်းပေါင်းများစွာနှင့် Comment သောင်းချီရလိုက်လေသည်။

 

  • A-“သူမအနေနဲ့ လုပ်ချင်တာလုပ်လိုက်ခြင်းဟာ မဖြစ်သင့်ဘူးကွ”
  • B-“သူမအနေနဲ့ နွားနို့နဲ့နှပ်ချီးကို မှီဝဲသင့်တာပေါ့”
  • C-“ဒါနဲ့ ပူတင်းဖုတ်ရင် မီးမပြင်းဖို့လိုတယ်နော်”
  • D-“ဟေ့ကောင် မင်းကဘယ်လောက်နားလည်လို့လဲကွ…ဘာကောင်မို့လဲ”
  • C-“ငါဘာကောင်ရမှာလဲကွ ငါက ပူတင်းဖုတ်တဲ့နေရမှာ အိတ်စပတ်ကွ..မင်းကကော ဘယ်လောက်နားလည်တဲ့ကောင်လဲကွ”
  • D-“ဘာကွ မင်းမေ###@@@$$$”
  • E”ဘာတွေဖြစ်နေကြတာလဲကွ….ဘာမှနားမလည်ပေမယ့် -ီးပဲကွာ”
  • F-“ဟုတ်တယ် ဟုတ်တယ် ဘာတွေဖြစ်နေတာလဲ ကျွန်မလဲထောက်ခံတယ် သိလား ဟိဟိ”
  • G-“အပေါ်ကကောင်တွေဘယ်လောက်မိုက်လို့လဲကွ…ဟိုဂျိုလီဆိုတဲ့ဟာမကကော ဘာကိတ်စန ဟိုဥစ္စာဖြတ်ရတာလဲ…..ဘယ်သူသတ္တိရှိလို့လဲ”
  • H-“ဘာ…နွားနို့နဲ့နှပ်ချီးကိုမစားပဲ ဖြတ်လိုက်တယ် သောက်ရူးမပဲ….ဦးနှောက်မှရှိရဲ့လား..ငါဆိုစားတာပေါ့(တကယ်လားတော့မသိ)”
  • J-“ရှင်တို့ဘယ်လောက်နားလည်လို့ရမ်းပြောနေတာလဲ……….အဲ့ဒါစတိုင်လ်ရှင့် ဒါပေမယ့်အမျိုးသမီးဂုဏ်တော့ ထိခိုက်သရှင်”
  • K-“လုပ်ချင်တိုင်းလုပ်နေရင်တော့…..စစ်ပွဲတွေနွှဲရလိမ့်မယ်(ဆိုင်လားတော့မသိ) “
  • L-“အားယားပြီး ၁၅၀ဝဖုန်းလေးရလို့ အင်တာနက်တက်သုံးမိပါတယ်….ဘာတွေပြောနေကြတာလဲ..
  • ဘာမှပြန်မပြောရင် ငါလဲဆဲမယ်ကွာ @@@@####$$$$”
  • M-“ဟေ့ဟေ့…ငါတို့ကောင်တွေကတော့ရမ်းမပြောဘူး ငါတို့ကောင်တွေက ဖုန်းမဲမပေါက်ခင်တည်းက
  • အင်တာနက်မှာ ဘာသတင်းတွေပြန့်နေပြီလဲ ဘယ်ကောင်ကိုဝိုင်းဆဲနေကြပြီလဲ အမြဲနားစွင့်နေတာ
  • အခုသုံးခွင့်ရတာနဲ့ ဘယ်သူ့ကိုဆဲဖို့အခွင့်ရနေချိန်လဲဆိုတာတန်းသိပြီး တန်းဝင်ဆဲလို့ရတယ်ကွ”
  • N-“ဆဲချင်တိုင်းဆဲရအောင် ဒါမင့်ပထွေးအိမ်လားကွ….”
  • O-“ဘာတွေလဲတော့မသိဘူး အဟင့် အင်တာနက်ဆိုတာ ချစ်သူရှာဖို့မှတ်ပါတယ် ငါးစိမ်းတန်းထဲရောက်နေသလိုလို ရှစ်လေးလုံးကာလလိုလိုနဲ့…တော်ပြီ နောက်မသုံးတော့ဘူး အဟင့်”
  • Q-“ဒီမှာ ချစ်သူရှိပါတယ် အက်လိုက်ရမား ဟဲဟဲ”
  • O-“တော်ပါ မသာကြီး..သေမယ် ဟွန်း”
  • စာရေးသူ ကလုန်းများ- “ဘာပဲဖြစ်ဖြစ် ကိုချီးပူးရဲ့ အာဘော်တွေက မိုက်လတယ်ဗျာ အားပေးနေမယ် ဆက်ရေးဆက်ရေး”
  • @@@@@@@@
  • #########
  • ********
  • &&&&&
  • !!!!!!
  • ^^^^^^^
  • ??????

အရူးလည်း ဖရုဿဝါစာမျိုးစုံကိုဖတ်အပြီး ပျော်ရွှင်မြူးတူးလျက် ပြန်ထွက်သွားလေတော့သည်။

………

……

….

..

 

24-6-2013(09:07 PM)

(မှတ်ချက်=ရုန့်ရင်းကြမ်းတမ်းသောသုံးနှုန်းမှုများပါရှိက သည်းခံပေးကြစေလိုပါတယ်။

FB တခွင်ကဖရုဿဝါစာမျိုးစုံကိုကွက်ကွက်ကွင်းကွင်းသိမြင်ကာ ပညာရှိနည်းနဲ့ရှောင်ကွင်း

ကြစေလိုလျက် အရာရာတိုင်းအပေါ်တွေးခေါ်သုံးသပ်ကြစေလိုတဲ့စေတနာသက်သက်)

33 comments

  • ရဲစည်

    July 5, 2013 at 8:02 pm

    မှတ်ချက်ကို ဘာလို့ မျဉ်းတား ဖျက်ထားသတုန်း …..
    ကိုယ်တိုင်လား ….?
    who?
    ကောင်းပါတယ် အတွေးခပ်နက်နက် သို့ပေသိ ရွာထဲက ကဝိအကျော်အမော်တွေ လောက်တော့ မကောင်းဘူးပေါ့ ….
    ဆိုတော့ … ခုတလော ရွာထဲ ကိုယ်ပိုင်ဟန်နဲ့ တွေးပီး ကိုယ့်စာတွေကို လေယာဉ်ပေါ်က ကျဲချသူတွေအစား
    ဆလု ဆလု ….. ဆစ်စ်

  • မှတ်ချက်ကိုမျဉ်းဖြတ်ရတဲ့အကြောင်း-ရိုင်းတယ်ထင်သူ၊မထင်သူ နှစ်မျိုးကြား ကြိုက်သလိုခံစားနိုင်စေရန်။
    Who?-ကိုယ်တိုင်
    ကဝိအကျော်အမော်တွေလောက်မကောင်းခြင်း-ကိုယ်တိုင်က ကဝိအကျော်အမော်မဟုတ်ပါသဖြင့်
    (ပထမဆုံးမန့်ချက်အား ကျေးဇူးတင်လျက်)

  • Mr. MarGa

    July 5, 2013 at 9:05 pm

    ပျောက်နေတာ အတော်ကြာ
    ပေါ်လာတော့ သရော်စာနဲ့
    ဖတ်ကာရယ် ကြည့်ပြန်တော့
    အလို……………….မိုက်သဟ :mrgreen:

  • uncle gyi

    July 5, 2013 at 11:45 pm

    အင်း ကိုယ့်ကိုယ်ကိုယ်
    အခုမှပဲ
    ပုဇွန်ဥဏှေက်ဖြစ်မှန်းသိတော့တယ်

  • အရီးခင်လတ်

    July 6, 2013 at 2:14 am

    ပုဇွန်ခေါင်းထဲက ဆီ ကတော့ အတော်စားလို့ ကောင်းပါ့ မနန်း ရေ။ 😆

    တောင်ငူ အကြောင်းရေးမယ် လို့ပြောတာ မရေးသေးဘူးလား။

    • တောင်ငူအကြောင်းရေးဖို့ရိုက်လာတဲ့ဖုန်းထဲကဓာတ်ပုံတွေမန်မိုရီကတ်ပျက်တဲ့ထဲပါသွားတယ်အရီးရယ်

  • ဒါ …..
    တစ်ကျွန်းပြန် .. အဲ … ယောင်လို့ … တစ်ကျော့ပြန် …
    ယောက်ခမ ရဲ့ ပို့စ်ပေါ့နော် ….
    ယောက်ခမ တစ်ယောက် အီတာနက်ဂျီး အိုခေ နေဘီ ထင်ဒယ် …
    ဝမ်းသာဒယ် … ဗျဲ ….

    • ကွန်ပူတာနဲ့သုံးရတဲ့ညဘက်တွေမှာလိုင်းကျပီး
      ဖုန်းနဲ့ဖြစ်သလိုသုံးနေရပါကြောင်း အံအံရေ

  • အဲဒီ ကော့မန်.တွေပေးတာ ကျွန်တော်ထင်တာတော့
    သခင်မျိုးဟေ့ ဒို.ဗားမန်း (cd-သကြီး) ဒွေပဲနေမှာပေါ့…. ဟိဟိ

    အရူးက တင်ချင်တာတင်.. အဲဒီ အရူးတင်တာကို တင်တဲ့သူထက်ရူးတဲ့သူတွေက လိုက်ပြော.. ဟေဟေဟေ ကောင်းပါလေ့ ကောင်းပါလေ့…
    သများနိုင်ငံတွေမှာ အွန်လိုင်းနဲ. ကွန်ဖရန်.တွေလုပ်နေကြ ဖိုရမ်တွေလုပ်ကြ အဆန်းတွေထွင်ကြ…
    အခုတော့ဟုတ်ပေါင်… ဆဲကြဆိုကြ ကိုက်ကြဖဲကြ ရန်ဖြစ်ကြ ဖွကြ မြှောက်ကြ ပင့်ကြ…
    သခင်မျိုးဟေ့ ဒို.ဗားမန်း……….. (cd-သဂျီး)

    • ဆဲကြဆိုကြ ကိုက်ကြဖဲကြ ရန်ဖြစ်ကြ ဖွကြ မြှောက်ကြ ပင့်ကြ…

      ဆိုဒေါ့ဂါ …
      အိုက်ထဲ နင်ရော ပါဒလား ဒက်ဒက်တိုက် …

    • ခု၁၅၀ဝဖုန်းတွေထွက်ပြီးမှပိုဆိုးလာသဗျ
      သူများကနိုင်ငံတကာ လူမျိုုးတကာနဲ့ခင်မင်ချင်တာ
      အဲ့လိုခင်မင်မေရင်တောင် ကြောက်နေရတော့မယ့်ကာလ

  • အလင်း ဆက်

    July 6, 2013 at 10:11 am

    အဟီး

    ရင်သားကင်ဆာ ပျောက်စေတဲ့ နည်းလမ်းလေးက တမျိုးနော်

    ဆိုးဘူးးး

  • ဦးကျောက်ခဲ

    July 6, 2013 at 10:33 am

    တကျော့ပြန် နန်းတော်ရာသူရဲ့ အရူးချီးပန်းကိုဖတ်ပြီး ပုဇွန်ဦးနှောက်နဲ့ မန့်လိုက်မယ်…
    ကျောက်စ်။ ။ ဟေ့လူတွေ ဂျိုလီလေး ချိုချိုဖြတ်လိုက်တော့ ရင်မလေးတော့ဘူးပေါ့…
    ……………… ဘရက်ပစ်လည်း အလုပ်ရှုပ်သက်သာ၊ အကောင်းဘက်က မြင်ကြပါဗျာ…
    ဟီး ဟီး :mrgreen:

    • ဥကျောက်က ပစ်အတွက်ပူနေသေးတယ်
      အဲ ပစ်အတွက်ပူတာကအကြောင်းမှုတ်ဘူး ကိုယ့်အတွက်ကိုယ်ကြိုပူပီးအရမ်းချီးပူးဆေးနည်းတော့ယူမသွားနဲ့ဦးဗျ

  • ခင် ခ

    July 6, 2013 at 10:55 am

    ရင်သားကင်ဆာဖြစ်မှာစိုးလို့ ရင်သားကြိုဖြတ်တော့ ရင်သားကင်ဆာမဖြစ်တော့ဘူးလို့ ထင်နေပုံဘဲ။
    ရင်သားရှိလို့ ရင်သားမှာ ကင်ဆာကျိတ်ဖြစ်ရင် အဲဒီအခါ ရင်သားကိုဖြတ်ပြီး ဆေးကုလို့ရတယ်။ အခုလိုဖြတ်လိုက်တော့ ဖြတ်ခဲ့ပြီးကျန်ခဲ့တဲ့ ရင်သားအရင်းပိုင်းမှာ ရင်သားကင်ဆာကျိတ်ဖြစ်ရင် ဘယ်လိုဖြတ်ကုမလဲ စဉ်းစားခဲ့ဟန်မတူဘူး။ ကိုယ်ခန္ဓာအစိတ်အပိုင်းဆိုတာ မဖြစ်မနေဖြတ်ထုတ်ရမယ် ဆိုမှ ဖြတ်ထုတ်ခါ ကုသင့်တယ်လေ။

      • ခင် ခ

        July 6, 2013 at 3:01 pm

        ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်ဆိုတာ လူတိုင်းရဲ့သွေးထဲမှာရှိတယ်၊ အဲဒီဆဲလ် level ဘယ်လောက် အဆင့်ရှိနေပြီလဲ ဆိုတာကို သွေးစစ်ကြည့်ရင်သိနိုင်တယ်၊ အစားအသောက် အနေအထိုင်ကြောင့် အဲဒီသွေးထဲက ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်ပမာဏတိုးလာကြတယ် အဲဒီကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်တွေက တိုးလာတာနဲ့အမျှ အချင်းချင်းစုဝေးပြီး အားဖြစ်လာတယ် ပုံမှန်အားဖြင့်ခန္ဓာကိုယ် သွေးကြောတွေက သွေးတွေဟာ ရေစီးကြောင်းလိုဘဲ ကောင်းတဲ့နေရာတွေ ကိုရွှေးစီးကြ လည်ပတ်ကြတယ်၊ အဲဒီမှာ ခုန ကင်ဆာဆဲလ်တွေကတော့ ခန္ဓာကိုယ်အစိတ် အပိုင်းက ဒါဏ်ရှိတဲ့နေရာမှာ သွားစုပြီးသွေးလည်ပတ်တဲ့အထဲမပါတော့ဘူး၊ အဲဒီကနေ အမြစ်တွယ်ပြီး ပြန့်ပွားကာ ကင်ဆာကြီးထွားမှုဖြစ်လာတာဘဲ၊( တိုင်းရင်းအခေါ်အရ မြစ်ပွားနာ လို့ခေါ်တယ်) ၊ ဒါကြောင့် အစားအသောက်အနေအထိုင်ကြောင့် ကင်ဆာဖြစ်ဖို့ အခြေအနေ ဆဲလ်တွေတိုးခဲ့ရင် ရင်သားမရှိလည်း အခြားဒါဏ်ဖြစ်တဲ့နေရာမှ စုကာဖြစ်မှာပါဘဲ၊ ရင်သားဖြတ်ထားလို့ ရင်သားကင်ဆာ ဖြစ်ပွားမှု့နှုန်းနည်းသွားတယ်ဆိုတာ ခုနဆဲလ်တွေ စုစေဖို့နေမရှိလို့လေ ဒါပေမယ် အခြားစုစရာနေရာမှာတော့ သွားစုပြီး အမြစ်စတွယ်ပါလိမ့်မယ်။ အဲဒါကြောင့် ရောဂါမဖြစ်ဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကြိုတင်ကာကွယ်ကာကွယ်တဲ့ အနေနဲ့ဖြတ်ခြင်းကို တိုင်ရင်းရှု့ထောင့်ကတော့ မလုပ်သင့်တဲ့အချက်လို့ ယူဆပါတယ်။ ဥပမာ – သွားပိုးစားသွားကျင်လို့ ကိုက်ခဲနေရင်တောင် ဆေးထဲ့ကာ သွားဖာပြီး အသုံးပြုလို့ရရင် အလွယ်တကူ မနုတ်စေချင်ပါဘူး၊ တတ်နိုင်လို့သွားနုတ်ပြီး သွားစိုက်လို့ရပေမယ့် သွားနုတ်တဲ့ အခါဦးနှောက်နာမ်ကြောတွေနဲ့ စပ်ဆက်နေလို့ အခန့်မသင့်ရင်ထိခိုက်နိုင်ဖွယ်ရှိတတ်ပါတယ်ပေါ့။

        • ဦးခရဲ့ဗုသုတလေးတွေကိုမှတ်သားသွားပါတယ်ဗျို့
          သူတို့ကတော့ ဘိလပ်အယူကိုး

  • ဦးကြောင်ကြီး

    July 6, 2013 at 11:18 am

    နန်းတော်ရာသူ
    လှမ်းခေါ်ရာဆူ
    မန်းစော်ငါယူ
    ကမ်းပေါ်ညာထူ..

  • မောင် ပေ

    July 6, 2013 at 11:49 am

    ဘယ်လို ပြောရမလဲ ပေါ့နော်
    အချိုတွေ အမြဲတမ်းစားရတဲ့အခါ
    အစပ်လေးလဲ ရံဖန်ရံခါ စားတတ်သလိုမျိုးပေါ့နော်
    အဲဒါ … အဲဒါ ပဲပေါ့နော်

  • ဟုတ်တယ် ယောက်ခမရေ… ကိုယ်ချင်းကိုယ်ချင်းတွေ မန့်တာပဲ ကောင်းတယ်…
    🙂
    (အနော်တော့ အရူးချီးပန်းစတေးတပ်စ် မတင်မိဝူး ထင်တာပဲ..) အဟိ

    • တင်ချင်တင်မိမှာပါ စဉ်းစားပါဦး :hee: (နောက်တာပါကွယ်)
      ကိုယ့်အချင်းချင်းကလွဲပြီး ဘယ်ပေ့ချ်မှ မမန့်ရဲ့အောင်ပါကွယ်

  • ko pauk mandalay

    July 6, 2013 at 12:41 pm

    အောင်မာ ဂျိုလီအတွက် ရင်သားအစားထိုးဘို့ လုပ်ပေးမယ့်သူကအဆင်သင့်တဲ့ဗျ

  • နောက်ဘွကျရင် စပါယာတစ်စုံပါအောင်လှူတာနေမှာ ဥပေါက်ရ
    တို့နန်းရှေ့ရတီစိုး(အဲ..ယောင်လို့ အက်ဒါကမန်းလေးက အလှဖန်တီးရှင်ဗျ) :kwi:
    နန်းစုရတီစိုးလေးကျတော့ အစားပေးမယ့်လူချိဝူးနား

  • KZ

    July 8, 2013 at 10:24 am

    သူ့ဟာနဲ့ သူတော့ လိုက်လို့ပဲ သော်သော်ရယ်။ :mrgreen:

  • Shwe Ei

    July 8, 2013 at 11:03 am

    ဟိုတလောက ဖေ့ဘုတ်မာ ပြန့်နှံ့နေတဲ့ ဆောင်းပါးတခု ခေါင်းစဉ်ဖတ်လို်က်ရတယ်

    အတန်းပညာ နိမ့်နိမ့်တတ်လေ ဖေ့ဘုတ်များများသုံးလေ ဒဲ့

    ဘလိုပုံစံမျိုးကို တားဂတ်ထားပီး ပြောတာမှန်းမသိလိုက်ပေမဲ့ (ဆက်မဖတ်လို့)

    ကိုယ်တိုင်လဲ သေချာမသိတဲ့အကြောင်းအရာတခုကို အချိန်ပေးပြီး ငြင်းခုန်နေဖို့ ဆိုတာ တော်တော်အားနေမှဖြစ်မယ်လို့တော့ တွေးလိုက်မိတယ်…….

    • ကျွန်မလည်းဖတ်ရတယ် မရွှေအိရေ ဆိုလိုချင်တာကတော့ မပြည့်စုံသေးတဲ့လူငယ်တွေကအခွင့်အရေးကောင်းကိုရှာဖွေချင်ကြပါတယ်
      အခုလိုမျိုးရိုင်းနေ ရန်လိုနေတာတွေတော့ သူများနိုင်ငံသားတွေကော ဘ်လိုပါလိမ့်လို့ တွေးမိတယ်

Leave a Reply