မူရင်းမရှိတော့တဲ့ မိတ္တူ

naywoon niJuly 7, 20131min2179

အဲဒိနေရာမှာ
မြင်မြင်သမျှ အရာအားလုံး
ခံစားရသမျှ အားလုံးဟာ
မိတ္တူတွေချည့်ပဲ …..
မူရင်းရှာမတွေ့တော့ဘူး …..။
မိတ္တူကို မိတ္တူတွေကူးရင်း
မိတ္တူပေါ်မှာ မိတ္တူတွေ ကူးရင်းနဲ့
မူရင်းကိုမေ့နေကြတာကြာလှပါပကောလား……..။
တစ်ကယ်တော့က
မူရင်းဆိုတာကိုသတိမရတော့လောက်အောင်
မိတ္တူတွေဆင့်ပွားယူလာကြ
မိတ္တူပေါ်မိတ္တူတင်ကူးလိုက်နဲ့
အလုပ်တွေရှုပ်နေကြတော့တာပ……။

နေဝန်းနီ

9 comments

  • ဒီလိုနဲ့ …
    ကွာလတီတွေလည်း တဖြည်းဖြည်းနဲ့
    ညံ့ဖျင်းလာခဲ့ရောပေါ့ …..။

    ဒါ့ထက် … ဘဂျီးနေ ကဗျာကို ဖတ်ရင်း …
    ဘာမဆိုင်၊ ညာမဆိုင် “The Machine is Us/ing Us” ဆိုဒဲ့ ဘီဒီယိုလေးဂို ပြေးမြင်လိုက်မိသေးဒယ် …

  • အလင်း ဆက်

    July 8, 2013 at 8:03 am

    ကြိုက်တယ်ဗျာ

    တစ်ခါတစ်ခါမှာ
    အနုပညာဆိုတာ
    ဓါတ်ပုံရိုက်ထားတဲ့ ဓါတ်ပုံကိုမှ
    ဓါတ်ပုံ ထပ် ရိုက်ပြီး
    ရိုက်ထားတဲ့ပုံကိုမှ ဓါတ်ပုံ မှန်ဘောင်ထဲ ထည့်ပြ ရတာ လားးးးး
    လို့တွေးမိတယ်

    ပလေတိုရဲ့ ကြေးမုံ သီဝရီကြီးကိုလည်း
    မုန်းဒယ်

  • KZ

    July 8, 2013 at 8:42 am

    စေ့စေ့တွေးကြည့်ရင်
    ဒီလောကကြီးမှာ မူရင်းရောရှိလို့လားးးး
    ကိုယ်တိုင်ကရော မူရင်းမှန်းသေချာလို့လားဟင်?? :mrgreen:

  • ဦးကြောင်ကြီး

    July 8, 2013 at 9:57 am

    မူရင်းမရှိ
    လူပျင်းရိ
    ခူအင်းငါးပိ
    ဆူသင်းဘိ
    အူတင်းကဝိ
    ဂူရှင်းညှိ
    ဖြူဝင်းဂတိ
    လူခြင်းသိ..

    • Ma Ma

      July 9, 2013 at 9:16 am

      ခူအင်းငါးပိ ..
      အတော်ပဲ ငါးပိကြော်ငြာရင် သုံးရမယ်။ :mrgreen:

  • surmi

    July 8, 2013 at 10:06 am

    အဟမ်​းးးးးးးး
    သတိ !!!!!!
    မူရင်​း​ကောင်​းမှ မိတ္တူ​ကောင်​းမည်​
    မူရင်​း​ကောင်​း​အောင်​ လုပ်​ပါ 🙂

  • ခင် ခ

    July 8, 2013 at 11:50 am

    မူရင်း ပျောက်ဆုံး ရေစို စုတ်ပြဲလျှင် တန်းဖိုးအတိုင်းပေးလျှော်ရမည် ဆိုပြီ ရေးထားတဲ့ စာအုပ်ဆိုင်တစ်ခုမှ ရှေးစာအုပ်တစ်ခု ဌားသွားတဲ့သူက ပျောက်သွားလို့ လာပြောတော့ ဆိုင်ရှင်က သူ့တန်ဖိုးအတိုင်း ပေးလျှော်ပေါ့။ ဒါနဲ့ စာအုပ်တန်ဖိုး စာရင်းလှန်ကြည့်တော့ ၄၆၅ ကျပ်တဲ့။ ဒါနဲ့ဘဲ ပျောက်တဲ့သူကပေးလျှော်တယ်လေ။
    တစ်နေ့ အဟောင်းဆိုင်တန်းမှာ အဲဒီပျောက်သွားတဲ့စာအုပ်ကို စာအုပ်အဌားဆိုင်ကသူက တွေ့တော့ ဘယ်လောက်လဲဈေးမေးကြည့်တာ ၁၅၀ဝ ကျပ်လို့ဆိုတော့ ဈေးလျော့ခိုင်းတော့ ၁၃၀ဝ နဲ့ရမယ် ကျွန်တော် အဲဒီစာအုပ်ပြန်ကောက်ထားတာတောင် ၁၂၀ဝ ပေးရတယ်လို့ဆိုတယ်လေ။ ဒါနဲ့ဘဲ အလျှော်ရတာ ၄၆၅ ကျပ်၊ သူပြန်ဝယ်ရတာ ၁၃၀ဝ ကျပ်နဲ့ ပေါ့။
    ( လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လှည်းတန်း-ဦးထွန်းလင်းလမ်းမှာ ညနေဆို စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်လေးတွေရှိခဲ့ဘူးတဲ့ အခါက ကြားခဲ့ရတဲ့အဖြစ်ကလေးပါ။)
    တစ်ခါတလေ မူရင်း တွေကလည်း အဲလိုသံသရာလည်တတ်တယ်လေ။

  • မောင် ပေ

    July 8, 2013 at 8:26 pm

    စကားမစပ်
    အမျိုးညံ အသားမကောင်း အနံ ့အရသာမကောင်း တဲ့ သရက်ပင်တွေတောင်မှ
    ကိုင်းကူးစိုက်နည်း နဲ ့မိတ္တူပွားလိုက်တော့
    အဖိုးတန် စိန်တလုံး တွေ ဖြစ်ကုန်တာကလား

  • ရဲစည်

    July 8, 2013 at 9:15 pm

    မိတ္တူကိစ္စက အခုတလော တရကြမ်း ဖမ်းနေတဲ့ ဝတ်သောက်ကားတွေ ကိတ်ဆနဲ့ရော ဆိုင်လားဟင်င်င်င် …..
    🙂

Leave a Reply