သဒိန်းဇိမ် elite

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ခိုမ်မျိုးခိုမ်နွယ်

ရခိုင် မောင်တောမြို့နယ် လွှတ်တော်အမတ်များအား နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးနေရာ ဂေဇက်ရွာသဂျီး အယာတိုလာ မာမွတ်ခိုမ်၏အမျိုး အဗ္ဗဒူလာ လျှာပွတ်ခိုမ်လည်း ပါဝင်နေသည်။

အောင်ပုဂွင်

ရှမ်းပြည်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရာ လစ်ဟာသွားသော ဈေးဂွက်တွင် မိတ်အင်ဖားပြုတ် ဖောရှောအောင်ပု အရက်ပုလင်းများ နေရာယူလာဂျောင်း ဖားရိုက်သူတဦးမှ ပြောဆိုသည်။

မတယားဗူး

စားပွဲထိုးလုပ်သား ရှားပါးလာမှုကြောင့် မြန်မာစစ်တပ်၏ ခလေးစစ်သား မှောင်ခိုကုန်ကူးမှု ချက်ခြင်းရပ်တန့်ရန် လဖက်ရည်ဆိုင်ရှင်များအသင်းမှ တညီတညွတ်ထဲ တောင်းဆိုလိုက်သည်။

ဝံကြီးလာပြီ

လွှတ်တော် မေးခွန်းများကို ပြည့်စုံစွာ ဖြေကြားနိုင်သူကိုသာ တာဝန်ပေးရန် အစိုးမရသို့ ငှက္ကဌဦးရွှေမန်း သတိ ပေးပြီးနောက် ပျားရည်ထုတ်လုပ်မှုအား ဝက်ဝံကြီးမှ၎င်း၊ မြောက်ပိုင်းနယ်စပ် ပဋိပက္ခအား မျောက်ဝံကြီးမှ၎င်း၊ လူဦးရေ သန်းကောင်စာရင်း ကောက်ယူမှုအား လူဝံကြီးမှ၎င်း ဖြေကြားသွားမည်ဟု ဆိုသည်။

မမြင်ဝံ့မကြည့်သာ

ပုဂံတိုးရစ် ခရီးသွားလုပ်ငန်း ညဖျော်ဖြေရေး ဝန်ဆောင်မှု လိုအပ်ချက်အား တဖက်တလမ်းမှ ဖြည့်ဆည်းပေးရန် မကြာခင် လပြိုဘွ စွန့်တော့မည့် ရှာရွတ်ကျောက်မှ ၎င်းအမြတ်တနိုး မွေးမြူထားသည့် အာရပ်ဗိုက်သားလှုပ် အကဖြင့် နှုတ်ဆက်ဧည့်ခံ ဖျော်ဖြေမည်ဖြစ်သည်။

ဦးကျောက်ဗိုက် မူးနောက်ထိုက်..


တေရောဗဲ

လွှတ်တော်တင်သွင်းထားသည့် စာနယ်ဇင်း လွတ်လပ်ခွင့် ဖိနှိပ်သည့် ဥပဒေဂျမ်းအား အငြိမ်းစား ယူပီးနောက် သဘောထား မည်သို့ ရှိမည်နည်း မေးခွန်းကို ဒုဝံဂျီး ဦးရဲထွဋ် (ခ) ဒေါက်တာ ဆိတ်မဖွား မှ ဝံဂျီးနှင့်မိမိ ရာထူးမှ အနားယူလျင် မိမိတို့ရေးသောစာ ဖတ်သူရှိမည် မဟုတ်၍ ပြသနာ မရှိပါဟု ဖြေကြားသွားသည်။

ပြိုင်စရာရှားလို့

မကြာခင် ကျင်းပမည့် အရှေ့တောင်အာရှ ဆီးဂိမ်း ဂေါ်လီရိုက်၊ သားရေကွင်းပစ်၊ အတင်းပြော အားကစားနည်း သုံးမျိုးတွင် ယှဉ်ပြိုင်မည့် ဂေဇက်ရွာသူားများ ကန်ဒေါ်ဂျီးစောင်း တနေရာတွင် ဆုံတွေ့ရန် စီစဉ်ထားဂျောင်း သတင်းရရှိသည်။  

နှစ်တထောင်ကျိန်ဇာ

မြန်မာနိုင်ငံ ပထမဆုံး အမွှာအသင်း ဝက်ဗ်ဆိုက် အင်တာနက်တင်လိုက်ရာ မိခင်ဝမ်းတွင်းမှ ပြိုင်တူ အော်ဟစ် ဆူပူသောင်းဂျန်း ကန်ကျောက် ထွက်လာသည့် မိုးပြာ ဒုတိယဂိုဏ်းချုပ် ဝါးတားကာလာ ဦးခိုင်နှင့် အမွှာမွေးချင်း အယာတိုလာ ခိုမ်မေနီတို့၏ ချွတ်စွပ်တူသော ဓာတ်ပုံများ ထွက်ပေါ်လာသည်။

ထသုံးလုံးစုန်း

ထိုင်းဝံကျီးဂျုပ်ဟောင်း သက်ဆင်နှင့် ထိုင်းကာကွယ်ရေးဒုဝံကျီးတို့ ဟောင်ကောင်ကျွန်းတွင် လျှို့ဝှက်တွေ့စဉ် ပြောဆိုသော အသံဖိုင် ထွက်ပေါ်လာရာ ယင်းအထဲတွင် ဂေဇက်သဂျီး အယာတိုလာ ခိုမ်မေနီအား လွှတ်တော် နိုင်ငံရေး ထောက်ခံမှုအတွက် ထိုင်းနိုင်ငံ အမြင့်စုန်းဗွဲ့ “ထူထုံထိုင်း”  ချီးမြှင့်ရန် ညွှန်ကြားချက် ပါဝင်သည်။

အမူးသမားသစ္စာ

ကိုးကန့် မူးယစ်ရာဇာ လော်စစ်ဟန် စနေနေ့က ကွယ်လွန်သွားရာ ဂေဇက် မူးရစ်ရွာစွာ မိုက်ကယ်အောင်ပုမှ ပုဆိုးစလွယ်သိုင်း၍ အရက်ပုလင်းကိုင်ကာ ဝမ်းနည်းဂျောင်း သဝဏ်လွှာ ကိုယ်တိုင် ပေးပို့သည်။

ငှဲ.ငှဲ..ငှဲ

စာနယ်ဇင်း အုပဒေဂျမ်းနှင့် ပတ်သက်၍ ပျံကျားရေးဝံကျီးမှ ပြုံးပြုံးရယ်ရယ်ဖြင့် ပေးထားသော လူဂျီးလူဂေါင်း ကတိမတည်ဂျောင်း စာနယ်ဇင်းကောင်စီ၏ စွပ်စွဲချက်ကို ဝံကျီးဦအောင်ကြည်မှ ကတိပေးစဉ် ဦးကျောက်လုံး ရယ်သံပြု ကတိပေးခဲ့၍ စောင့်ထိန်းရန် မလိုဂျောင်း တုံ့ပြန်လိုက်သည်။

11 comments

  • ဦးကျောက်ခဲ

    July 8, 2013 at 9:52 am

    တေဘီဆရာ… ကကြောင်ကတော့ လုပ်ချလိုက်ပြန်ဘီ…
    ကျောက်စ် ဗိုက်က အဲဒီလောက်မရှိပါဘူးဗျာ…
    အခုရှိတာလေးတောင်မှ ဝါထွက်အမှီ အကုန်ဖြုတ်ရမယ်ဆိုလို့…
    ညစာ ရှောင်နေရပါဂျောင်း…. အားဟိ :mrgreen:

  • Crystalline

    July 8, 2013 at 9:59 am

    အဲဒီဘော်ဒီနဲ ့တောင်ရှည်နဲ ့ဆိုကွက်တိပဲ …. :mrgreen:

  • surmi

    July 8, 2013 at 10:02 am

    ကျုပ်​ထင်​တာ​တော့ အဲဒါ ဦး​ကြောင်​ ကိုယ်​့ဓာတ်​ပုံ ကိုယ်​တိုင်​ တင်​တာလားးးးးးးလို့ ….
    🙂 🙂 🙂

  • အလင်း ဆက်

    July 8, 2013 at 10:23 am

    အဟိ

    ဂေါ်လီရိုက်
    သားရေကွင်းပစ်
    အတင်းပြော ဖို့တဲ့

    တဒယ်ဆိုရင်တော့ ဝမ်းသာတယ်ဂျ
    အဲဒီ ကစားနည်းတွေ အကုန် ဝါတနာ ပါဒယ်

    😆

  • ရဲစည်

    July 8, 2013 at 11:01 am

    လောစစ်ဟန် အတွက်တော့ စိတ်မကောင်းဘူး …
    🙂
    ဒင်းတို့ ကောင်းမှုကြောင့် ပြည်တွင်းကို ဘိန်းတွေ ရောက်မလာတာ …
    ကျုပ်တို့ ရဲ့ မူးယစ်ဆြာများ ကျေးဇူးတော်ကြောင့် ဘိန်းထက်ဆိုးတဲ့ အဆိပ်သီးတွေ ပြည်တွင်းမှာ ဒလဟော
    🙁
    ရှင်းရှင်း ပြောရရင် အဲ့ အဆိပ်ဆေးပြားတွေ ချနေရတဲ့ အစား ဘိန်းရှူရတာမှ ဟုတ်တုတ်တုတ် …. ။
    🙂

  • ဒက်ဒီကြောင်ရဲ့ ပို့စ်တွေတိုင်းမှာ …
    နောက်ပိုင်းပေါ့နော် ..
    အပေါ်ဂ ကုတ်ဂျီးဒွေ ပါပါနေပေါ့ရော ..
    အိုက်ဒါ စတိုင်ထွင်ထားဒါလားဟင်င် .. 🙄

  • Wow

    July 8, 2013 at 2:06 pm

    ကြောင့်ပုံလား ကျောက်ပုံလားဟင်င်င်.. :mrgreen:

  • Ma Ma

    July 8, 2013 at 2:37 pm

    မြန်မာနိုင်ငံမှာထုတ်နေကြတဲ့ ပုဂ္ဂလိကသတင်းစာတွေကို ကြောင်ကြီးဆီမှာ သတင်းလိုက်နည်း၊ သတင်းရေးနည်း သင်တန်းတက်ခိုင်းရမယ်။ :mrgreen:

  • မောင် ပေ

    July 8, 2013 at 8:02 pm

    မူစလင် ဗမာချစ်ကြည်ရေးအဖြစ်
    မာမွတ်ခိုင် ၏ သမီးတော်လေး ဖာတီမာခိုင် နှင့်
    ဗဗပ ( ဗမာဗုဒ္ဓဘာသာပါတီ ) ဥက္ကဌ ရှင်ကြီးကြောင် တို ့ မကြာမှီ နဖူးတိုက် ဒူးတိုက် ဆွေးနွေးမည် ဟု သိရှိရသည်။

  • Yin Nyine Nway

    July 9, 2013 at 11:03 am

    လော်စစ်ဟန် တေတွားတာတော့ ဝမ်းနည်းတယ် ….
    သူမချိရင် ဝနဲ့ ကိုးကန့် ပြန်တွေ့ကြမပေါ့ ….

  • Char Too Lan

    July 9, 2013 at 12:32 pm

    အူးကြောင်ကတော့လုပ်ပီ ငဂျင်းခေါင်းဖင်တွေပဲ အမျီးပေးထားပီးတော့
    ချက်လက်ဖက်ကျုရံ လင်မပေးထားဗူးဆိုဒေါ့ အာကျယ်တဝံ့တိချင်ယင်
    ဘာကလိရမဒုံးးးးးးးးးးးးးးဗျ 😛

Leave a Reply