lake Hillier ကန်ဟာ Australia အနောက်ဖက် Recherche Archipelago ကျွန်းတွေထဲမှာ အကြီးမှားဆုံး ကျွန်းစုထဲမှာရှိပါတယ် ….
ဒီကန်ရဲ့ ထူးခြားချက်ကတော့ ပန်းရောင်ရေတွေ ဖြစ်နေလို့ပါပဲ ….. ကန်ရဲ့ ထူးခြားချက်ကို ထင်ထင်ရှားရှား တွေ့မြင်ရဖို့အပေါ်စီးကနေ ကြည့်ရင် သိနိုင်ပါတယ် …
ကန်ရဲ့ အရောင်ပြောင်းလဲမှု မရှိပဲ ကန်ထဲမှရေကို ခပ်ယုကြည့်ရင်ေ၇ဟာ ပန်းရောင်ဖြစ်နေပါတယ် ….
ကန်ရဲ့အလျားက 600 မီတာလောက်ရှည်တယ် … ကန်ပတ်လည်ကို paperbark နဲ့ eucalyptus အပင်တွေနဲ့ ၀န်းရံထားပါတယ် …. တောင်ပင်လယ်ရဲံ မြောက်ဘက်ပိုင်းမှာ ရှ်ပါတယ် …
ဒီကျွန်းနဲ့ ဒီကန်ကို Flinders ဆိုသူက 1802 ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ် ….. သူကတော့ ကျွန်းရဲ့ အမြင့်ထိပ်ကနေ ရှာဖွေတွေ့ရှိခြင်းဖြစ်ပါတယ် …. John Thistle ကတော့ ဒီကန်က ရေကိုယူပြီး လေ့လာကြည့်တဲ့အခါမှာ ဆားဓါတ်ပါဝင်နေတယ်လို့ဆိုပါတယ် … ဘာကြောင့် ပန်းနေလဲလို့တော့ အဖြေရှာမတွေ့သေးပါဘူးတဲ့ …. လေ့လာသူတွေကတော့ halophilic ဘက်တီးရီးယားကြောင့်ဖြစ်မယ်လို့ယူဆနေကြပါတယ် ….
ပုံမှန်ရေအရောင်မဟုတ်ပေမဲ့ လူတွေက်ုဒုက္ခမပေးပဲ …အပေါ်ကကြည့်ရင် ပန်းရောင် …. ပုံပေါ်နေပြီး…. ကမ်းနားကနေကြည့်ရင်ကြည်လင်တဲ့ ပန်းရောင်ရေပြင်ကိုတွေ့၇မှာပါ …. ကမ်းခြေတလျောက်မှာတော့ ဆားခဲတွေ ဖုံးအုပ်ထားပါတယ် …

33

ဒါတွေဘယ်ကမလဲ
ခုတောင်ကြီးမှာတောင် နာမည်ကြီးနေတဲ့ အပြာရောင်ရေကန် …. အခုမှ ကြားဖူးပေမဲ့ ရှိတာကြာပြီတဲ့
အနော်တော့ မသိသေးဘူး..
ဒီတခါရောက်ရင်တော့ သွားဖို့တော့ အစီအစဉ်ရှိတယ် …
အောင်ပန်း-ကျူံးလမ်းခွဲ-ရွာငံ သို့ … ရွာငံမရောက်ခင် … တောလမ်းလေးအတိုင်းဝင်သွားရတယ် ။ ရေပြာအိုင်သို့ဆိုင်းဘုတ်ရှိတယ် လို့ဆိုပါတယ် …
တောင်ကြီးသွားလည်မဲ့ သူများ သွားစေလိုတယ် ….
အဲနေရာမှာ ထူုးခြားတာတွေ အများကြီးပါတဲ့ ….
အပြာရောင်က သဘာဝအတိုင်း ရှိနေတာလို့ဆိုပါတယ်
သွားပြီးတဲ့သူတွေလည်း ဒဲ့ပုံရိုက်လာကြဖို့ မမေ့နဲ့နော် …
1011013_10200283230708396_1575249141_n
1013967_10200283226028279_1537638241_n

ဘာရယ်မဟုတ် ….
တောင်ကြီး Group မှာ နာမည်ကြီးနေလို့
ဒီလိုပဲ
မြန်မာနိုင်ငံမှာ အများကြီးမှ အများကြီးပါ
မသိသေးတဲ့နေရာ ထူးခြားတဲ့နေရာတွေ …
သိသူဖော်စာ မသိသူ ကျော်လွားဆိုတာမျိုးနေမှာပါ …..

နွေးသီး
တောင်ကြီးကို ပြန်ချင်သောအချိန်

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer