အနော်တို့မှာလဲ ချိတယ် ….

Yin Nyine NwayJuly 12, 20131min25521

lake Hillier ကန်ဟာ Australia အနောက်ဖက် Recherche Archipelago ကျွန်းတွေထဲမှာ အကြီးမှားဆုံး ကျွန်းစုထဲမှာရှိပါတယ် ….
ဒီကန်ရဲ့ ထူးခြားချက်ကတော့ ပန်းရောင်ရေတွေ ဖြစ်နေလို့ပါပဲ ….. ကန်ရဲ့ ထူးခြားချက်ကို ထင်ထင်ရှားရှား တွေ့မြင်ရဖို့အပေါ်စီးကနေ ကြည့်ရင် သိနိုင်ပါတယ် …
ကန်ရဲ့ အရောင်ပြောင်းလဲမှု မရှိပဲ ကန်ထဲမှရေကို ခပ်ယုူကြည့်ရင် ရေဟာ ပန်းရောင်ဖြစ်နေပါတယ် ….
ကန်ရဲ့အလျားက 600 မီတာလောက်ရှည်တယ် … ကန်ပတ်လည်ကို paperbark နဲ့ eucalyptus အပင်တွေနဲ့ ဝန်းရံထားပါတယ် …. တောင်ပင်လယ်ရဲံ မြောက်ဘက်ပို်င်းမှာ ရှ်ပါတယ် …
ဒီကျွန်းနဲ့ ဒီကန်ကို Flinders ဆိုသူက 1802 ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ် ….. သူကတော့ ကျွန်းရဲ့ အမြင့်ထိပ်ကနေ ရှာဖွေတွေ့ရှိခြင်းဖြစ်ပါတယ် …. John Thistle ကတော့ ဒီကန်က ရေကိုယူပြီး လေ့လာကြည့်တဲ့အခါမှာ ဆားဓါတ်ပါဝင်နေတယ်လို့ဆိုပါတယ် … ဘာကြောင့် ပန်းနေလဲလို့တော့ အဖြေရှာမတွေ့သေးပါဘူးတဲ့ …. လေ့လာသူတွေကတော့ halophilic ဘက်တီးရီးယားကြောင့်ဖြစ်မယ်လို့ယူဆနေကြပါတယ် ….
ပုံမှန်ရေအရောင်မဟုတ်ပေမဲ့ လူတွေက်ုဒုက္ခမပေးပဲ …အပေါ်ကကြည့်ရင် ပန်းရောင် …. ပုံပေါ်နေပြီး…. ကမ်းနားကနေကြည့်ရင်ကြည်လင်တဲ့ ပန်းရောင်ရေပြင်ကိုတွေ့ရမှာပါ …. ကမ်းခြေတလျောက်မှာတော့ ဆားခဲတွေ ဖုံးအုပ်ထားပါတယ် …

33

ဒါတွေဘယ်ကမလဲ
ခုတောင်ကြီးမှာတောင် နာမည်ကြီးနေတဲ့ အပြာရောင်ရေကန် …. အခုမှ ကြားဖူးပေမဲ ့ရှိတာကြာပြီတဲ့
အနော်တော့ မသိသေးဘူး..
ဒီတခါရောက်ရင်တော့ သွားဖို့တော့ အစီအစဉ်ရှိတယ် …
အောင်ပန်း-ကျူံးလမ်းခွဲ-ရွာငံ သို့ … ရွာငံမရောက်ခင် … တောလမ်းလေးအတိုင်းဝင်သွားရတယ် ။ ရေပြာအိုင်သို့ဆိုင်းဘုတ်ရှိတယ် လို့ဆိုပါတယ် …
တောင်ကြီးသွားလည်မဲ့ သူများ သွားစေလိုတယ် ….
အဲနေရာမှာ ထူုးခြားတာတွေ အများကြီးပါတဲ့ ….
အပြာရောင်က သဘာဝအတိုင်း ရှိနေတာလို့ဆိုပါတယ်
သွားပြီးတဲ့သူတွေလည်း ဒဲ့ပုံရိုက်လာကြဖို့ မမေ့နဲ့နော် …
1011013_10200283230708396_1575249141_n
1013967_10200283226028279_1537638241_n

ဘာရယ်မဟုတ် ….
တောင်ကြီး Group မှာ နာမည်ကြီးနေလို့
ဒီလိုပဲ
မြန်မာနိုင်ငံမှာ အများကြီးမှ အများကြီးပါ
မသိသေးတဲ့နေရာ ထူးခြားတဲ့နေရာတွေ …
သိသူဖော်စာ မသိသူ ကျော်လွားဆိုတာမျိုးနေမှာပါ …..

နွေးသီး
တောင်ကြီးကို ပြန်ချင်သောအချိန်

21 comments

  • Myo Thant

    July 12, 2013 at 3:02 pm

    မှတ်ထားပြီဗျာ

    ဒီဇင်ဘာမှ သားနဲ့သွားမယ်

  • Garfield

    July 12, 2013 at 3:04 pm

    ဟယ်။
    သွားချင်လိုက်တာ။
    ဓာတ်ပုံရိုက်ရရင် ရှယ်ပဲနေမှာ။ 🙂

    • Yin Nyine Nway

      July 12, 2013 at 3:18 pm

      အခု ဂူ တခုတောင် ထပ်တွေ့တယ်ပြောတယ်
      အဲဂူလည်း အရှည်ကြီးလို့ပြောတယ်
      ဒီနှစ်မှာတော့ ရေကန်ပြာ က လူစိတ်ဝင်စားတဲ့နေရာတခု ဖြစ်လာမယ်လို့ ခန့်မှန်းထားကြတယ် …

      • ကထူးဆန်း

        July 12, 2013 at 10:03 pm

        ဂူ ဆိုတာ ထန်စမ်းဂူ ဘေး ကို ပြောတာလား .. ကျောက်စာဂူ ဆိုပြီးခေါ်မယ်တဲ့ .. အခု ထန်စမ်းဂူ ကလည်း တကယ်တော့ အားလုံး မဖော် နိုင်သေးတာလို့ ပြောပါတယ ်.. အဲ့ဒိ့ နှစ်ဂူ အပြင် နောက်တစ်ဂူလည်း ထပ်ရှိပါတယ် တဲ့ .. မဖော်ထုတ် နိုင်သေးလို့ပါတဲ့ …. ဖြစ်နိုင်ရင်တော့ ဟိုပုန်းကိုရင်လေး အစား ရှေးဟောင်းက တာဝန်ယူ ဖော်ထုတ်ပြီး သဘာဝဂူ ဖြစ်စေချင်တယ် .. အခုတော့ လမ်းတွေ အားလုံးချောအောင် လုပ်ပြီး ဘုရားတွေ အတင်းဖြည့်ထားတော့ သဘာဝ အရသာ ပျက်နေတယ် ..
        အောင်ပန်း ကနေ ပင်းတယ ရောက်ခဲ့ပေမဲ့ အဲ့ဒီ့ ကန်ပြာ ဆိုတာ မသိခဲ့ဘူး .. မန္တလေး ရေငံ လမ်းကနေလည်း သုံးလေးခေါက် သွားဖူးပေမဲ့ စကားမစပ်မိလို့လားတော့ မသိဘူး မကြားဖူးခဲ့ဘူး … ဒီတစ်ခေါက်ရောက်မှ သွားကြည့်လိုက်ဦးမယ် …. ကျေးဇူးပါ

        • Yin Nyine Nway

          July 13, 2013 at 10:01 am

          ထန်စန်းဂူ ဟုတ်ဖူး
          အသစ်တွေ့တာ လို့ပြောတယ်
          တောင်ကြီးမြို့ပေါ်မှာပဲ
          သိမ်တောင် ပရိယတ္တိစာသင်တိုက်မှာလို့ပြောတယ်
          သူက တောလမ်း အတိုင်းဖြစ်နေတာဆိုတော့
          ဖြစ်နိုင်ချေများပါတယ်

  • အရီးခင်လတ်

    July 12, 2013 at 3:26 pm

    တကယ်တော့ အရင်က တို့ မြန်မာပြည် မှာ နေရာလှလှ တွေ၊ သစ်တောစိမ်းစိမ်းတွေအများကြီး ဘဲ။
    လောလောဆယ်တော့ ဘယ်နေရာကြည့်ကြည့် တောင်ဂတုံး တွေ ဖြစ်နေပြီ။
    အတော်နှမြောစရာဘဲ။
    အရီးလဲ တောင်ကြီးမှာ ၆လ လောက် နေဖူးတယ်။
    အဲဒီဖက် ကို တော့ မရောက်လိုက်ဘူး။
    တောင်ကြီးမှာ နေရတာ၊ စားရတာ အရမ်းကို ကောင်းတာဘဲ။

    • Yin Nyine Nway

      July 12, 2013 at 3:50 pm

      အရီး ဘယ်မှာနေခဲ့တာလဲ
      အခု ပြန်ပြုပြင်ထားတာ
      အရင်ကဆို တောကတုံးကြီး
      ရန်ကုန်မလာခင် ရှေ့ လေးငါးနှစ်က သစ်ပင်စိုက်အသင်းလေးထောင်ပြီး
      လိုက်စိုက်ထားတယ်
      ခုဆို တော်တေ်ာလှနေပြီတောင်ကြီးက

      • အရီးခင်လတ်

        July 12, 2013 at 3:58 pm

        လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော် က ကွန်ပျူတာသင်တန်းကျောင်း မှာ။
        (နွေးသီး တို့ မွေးစဘဲ ရှိဦးမယ်)
        မြို့လည် ဗိုလ်ချုပ်လမ်းပေါ်မှာ။
        အဲဒီကနေကြည့်ရင် မြစိမ်းတောင် လား။ မြင်ရတယ်။
        အဲဒီ တုန်းကလဲ လှတာအရမ်းဘဲ။
        တောင်ကြီး ကနေ ပြန်ကို မပြန်ချင်တာ အိမ်တွေက အတင်းပြန်ခေါ်လို့။
        တောင်ကြီးက လူတွေ က တကယ်ဘဲ ချစ်ဖို့ကောင်းတာ ကတော့ ကိုယ်တွေ့ပါဘဲ။

  • Ma Ei

    July 12, 2013 at 3:35 pm

    တောင်ကြီးကလော ကို ချစ်လို့ အလည်ရောက်ဖြစ်တာ
    အခေါက်ခေါက် အခါခါ မနှစ်ကဘဲရောက်ခဲ့သေးတာ…
    မသိလိုက်လို့ မသွားခဲ့ရဘူးရယ်…
    နောက်တစ်ခေါက်ဆို ရောက်အောင်သွားရမယ်…

  • Shwe Ei

    July 12, 2013 at 3:48 pm

    ကိုင်း ဒီဇင်ဘာခရီးစင်ကို ရှမ်းပြည်ဘက် တားဂတ်ထားပါမယ်….

    ဖိုက်တင်း ဖိုက်တင်း 😀

  • Yin Nyine Nway

    July 12, 2013 at 3:52 pm

    မမအိ ….
    အနော် မွေးပြီး ခဏပြန်မှာ
    လိုက်ခဲ့
    အကို 5ယောက် မောင် 5ယောက်နဲ့ မိတ်ချက်ပေးမယ် …. 😛

      • Yin Nyine Nway

        July 12, 2013 at 4:16 pm

        4 ယောက်ကျန်တေးတယ် …
        တန်ဆောင်တိုင်လာလည်ပေါ့အေ…
        အနော်တော့ချိဘူး 😛

  • Ma Ma

    July 12, 2013 at 4:06 pm

    ပန်းရောင်ရေကန်နဲ့ ယှဉ်ပြီး ရေပြာကန်ကို ပြလိုက်တာက ပိုပြီး စိတ်ဝင်စားစရာကောင်းသွားတယ်။

    ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရင် အဲဒီလို နေရာအသစ်တွေ ရှာဖွေပြီး သွားကြရင် အဲဒီဒေသတွေမှာ မီးခိုးမထွက်တဲ့ စက်ရုံတွေနဲ့ တိုးတက်လာမှာ အမှန်ပဲ။
    🙂

  • kotun winlatt

    July 12, 2013 at 10:48 pm

    ပိုက်ပိုက်ချိရင် ရောက်အောင်သွားးးဦးးမယ်ဗျို့….

  • ဦးကြောင်ကြီး

    July 13, 2013 at 9:28 am

    ဆိုးဆေးပုံး မှောက်ကျလို့လဲ ဖြစ်နေအုံးမယ် ….

  • kyeemite

    July 13, 2013 at 10:18 am

    စိတ်ဝင်စားစရာပဲဗျာ…သွားချင်လိုက်တာ..

  • စိတ်ဝင်စားစရာပဲနော်…
    တောင်ကြီး..အင်းလေး..ကလော.. ဘက်တွေကို သွားချင်တာ..ကိုယ့်ဘာသာကိုယ်က အချိန်မရှိ..ရုံးကလည်း ပြည်ပခရီးပဲ အားသန်နေတယ်… 🙁

    ဟဲဟဲ..ခုပဲ Inle ရုံးကို ဖုန်းဆက်မေးလိုက်မယ်…ရေပြာကန်အကြောင်းကို… ကျေးကျေး မနွေးသီး…

  • အလင်း ဆက်

    July 13, 2013 at 12:09 pm

    ကျွန်တော်တော့
    အပြာရောင် မျက်ရည် အကြောင်း
    ကြားဖူးတယ်

    ဦးထီး သချင်း လေ

  • Mr. MarGa

    July 13, 2013 at 5:44 pm

    သွားချင်တယ်
    ရှမ်းပြည်ကို
    တောင်ကြီး ကလော
    အဲဒီဘက်မှာ အေးအေးဆေးဆေး နေချင်တယ်
    တောင်ကြီးသူကလေး တွေကိုလဲ ကြိုဆိုပါတယ်ဗျိုး……… :mrgreen:

  • Nyein Nyein

    July 13, 2013 at 6:20 pm

    သွားချင်တယ်။ မရင်ငြိမ်း ပြန်ရင်ခေါ်သွားပေးပါဗျို့….. ဓာတ်ပုံ လှလှလေးတွေလည်း ရိုက်ချင်တယ်။ အဲလိုမျိုး သဘာဝအလှတရားတွေရှိတဲ့ နေရာကို သွားချင်တယ်။ စိတ်လန်းဆန်းပေါ့ပါးချင်လို့။

Leave a Reply