စဉ်းစားကြစေလိုပါတယ် ( ၅၆ ) (14.6 Billion )

Foreign ResidentJuly 8, 20138min32730

စဉ်းစားကြစေလိုပါတယ် ( ၅၆ )

(14.6 Billion )

 

အင်း ။ ဒီ Post လေးကို ၊

ရေးမိရတာကတော့ ၊

အခုတစ်လော ဖတ်မိတဲ့ ၊

သတင်းလေး တစ်ပုဒ်ကြောင့်ပါ ။

 

ပြီးခဲ့တဲ့ ၁၉ – ၆ – ၂၀၁၃ နေ့ ၊ Australia ABC News ထဲက ၊

” National diabetes strategy proposed to combat disease

set to become number one health burden ” ဆိုတဲ့ Article လေးကို ဖတ်မိပါတယ် ။

 

www.abc.net.
www.abc.net.

 

အဲဒီ Article ရဲ့ ဆိုလိုရင်းက ၊

ဆီးချို ရောဂါဟာ ၃ မျိုး ( type-1၊ type-2 ၊ gestational diabetes ) ရှိတယ်တဲ့ ။

အဲဒီ ဆီးချို ရောဂါ ၃ မျိုး ထဲကမှ ၊ type-2 diabetes ရောဂါ တစ်မျိုးတည်း ( ရောဂါ တစ်မျိုးတည်း ) အတွက် ၊

Australia နိုင်ငံ ရဲ့ လက်ရှိ ကုန်ကျငွေဟာ တစ်နှစ် ကို 14.6 Billion Dollars တောင်ရှိတယ်တဲ့ ။

နောက် ၁၂ နှစ်လောက်ကြာရင် ကုန်ကျမယ့် ငွေဟာ 30 Billion Dollars တောင်ရှိလာမယ်တဲ့ ။

 

အားပါးပါးပါး ။ နည်းနည်းနောနော ပိုက်ဆံ မှ မဟုတ်တာ ။

14.6 Billion Dollars = မြန်မာငွေ ၁၃ ၈၇ဝ Billion ကျပ် = မြန်မာကျပ်ငွေ သိန်းပေါင်း ၁ ၃၈ရ သိန်း ။

 

အဲဒါ ၊ type-2 diabetes ဆိုတဲ့ ရောဂါလေး တစ်မျိုး ( တစ်မျိုး ) တည်း  အတွက်ကို ကုန်တာနော် ။

ငွေ ပမာဏ ကို နဲနဲလေး မှန်းဆလို့ရအောင် ယှဉ်ပြရရင် ။

 

မြန်မာနိုင်ငံရဲ့ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ် တစ်နှစ်လုံးစာ အတွက် ၊

အစိုးရ တစ်ခုလုံး ရဲ့ အသုံးစရိတ် ဘတ်ဂျက် = မြန်မာငွေ ၁၅ ၂၀ဝ Billion ကျပ် ။

ကျန်းမာရေး ( ကဏ္ဍ ) ဝန်ကြီးဋ္ဌာန ရဲ့ အသုံးစရိတ် ဘတ်ဂျက် = မြန်မာငွေ ၄၉၉ Billion ကျပ် ။

 

အဲဒီတော့ကာ ၊

လူဦးရေ သန်း ၂ဝ ကျော်ကျော်သာ ရှိတဲ့ ဩဇီ မှာ ၊

Type – 2 diabetes ဆိုတဲ့ ရောဂါလေး တစ်မျိုးတည်းအတွက်ကို ကုန်ငွေဟာ ။

 

လူဦးရေ သန်း ၆ဝ လောက် ရှိတဲ့ ၊ လူဦးရေ ၃ ဆ လောက် ပိုများတဲ့ ၊ မြန်မာ တစ်နိုင်ငံလုံး အတွက် ၊

အစိုးရ ကျန်းမာရေး ကဏ္ဍ တစ်ခုလုံး အသုံးစရိတ် ရဲ့ ၂ရ ဆ ( ၂ရ ဆ ) တောင် ရှိနေပြီး ၊

ဘဏ္ဍာရေး တစ်နှစ်စာ ၊ အစိုးရ တစ်ခုလုံး ရဲ့ အသုံးစရိတ် ဘတ်ဂျက် လောက်နီးပါး ရှိနေပါတယ် ။

 

အားပါးပါး ။ အားပါးပါး ။ များလှချေလားကွယ် ။

ဒီလောက်များတဲ့ ငွေ တွေ ၊ ဘယ်လိုများ ထိန်းကွပ် Control လုပ်နေပါသလဲ ၊

နဲနဲ စပ်စု ကြည့်မိပါတယ် ။

 

အဲဒီမှာ ၊ လေ့လာရင်း ၊ လေ့လာရင်း ၊ သတိထားမိလာတာက ၊

သူတို့ နိုင်ငံတွေမှာ ၊ နိုင်ငံသား တစ်ဦးချင်းစီ / အားလုံး ကို ၊

စောင့်ကြည့် ၊ မှတ်တမ်းယူ ၊ ထိန်းကျောင်းပေးနေတဲ့ စံနစ်လေး ကိုပါ ။

 

အဓိက ကတော့ ၊ သူတို့ရဲ့ အဲဒီ စံနစ်လေး ကို ရွာသူားတွေ ဗဟုသုတ ရစေဖို့ရာ ၊

မျှဝေ လိုက်ပါတယ်ကွယ် ။ ဆရာကြီး လုပ်တယ်လို့ မထင်ကြပါနှင့် ကွယ် ။

 

Type – 2 diabetes ဆီးချို ရောဂါ အကြောင်းပြောရင်းနှင့် ကြုံတုန်း ၊

ဩဇီ နိုင်ငံ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စံနစ် ( Medicare System ) အကြောင်း ၊

ရွာသူားတွေ ဗဟုသုတ ရဖို့ နဲနဲလေး ပြောပြချင်ပါတယ် ။

 

အကြမ်းဖျင်းအားဖြင့် ၊ ဩဇီ နိုင်ငံ မှာ ၊ ဩဇီ နိုင်ငံသား အားလုံး ရဲ့ စားဝတ်နေရေး နှင့် ၊

ကျန်းမာရေး ၊ ပညာရေး အစ ရှိသည် တို့ကို အစိုးရက တာဝန်ယူပါတယ် ။

 

ချမ်းသာတဲ့သူတွေကတော့ ၊ ကျန်းမာရေး အာမခံကို ကိုယ့်ပိုက်ဆံနှင့် ကိုယ် ထားရတာပေါ့ ။

အလုပ်သမား မှန်သမျှတွေ ရဲ့ ကျန်းမာရေး အာမခံ ကို အလုပ်ရှင်က ထားပေးရပါတယ် ။

အလုပ်လက်မဲ့ တွေ နှင့် ဆင်းရဲ တဲ့သူတွေ ရဲ့ ကျန်းမာရေး ကို အစိုးရက တာဝန်ယူပါတယ် ။

 

ဆင်းရဲလို့ ၊ ပိုက်ဆံ မရှိလို့ ဆေးမကုရ ၊ မခွဲ မစိတ် ရ ဆိုတာ မရှိစေရပါဘူး ။

ဆင်းရဲတဲ့ ၊ ပိုက်ဆံ မရှိတဲ့ သူတွေက ၊ အစိုးရ ဆေးရုံမှာ အခမဲ့ ဆေးကု ၊ ခွဲစိတ်လို့ ရပါတယ် ။

တစ်ချို့ ချမ်းသာတဲ့သူတွေတောင် ၊ ပိုက်ဆံ မကုန်အောင် အစိုးရ ဆေးရုံမှာ အခမဲ့ ခွဲစိတ်ကြ ပါတယ် ။

 

အဲဒီမှာ ၊

အဲဒီလောက်များပြားလှတဲ့ ကျန်းမာရေး အသုံး စရိတ်ကြီးကို ဗရမ်းဗတာ ဖြစ်မသွားအောင် ၊

အဲဒီ အခမဲ့ ကျန်းမာရေး စံနစ်ကြီးကို ဆရာဝန်တွေ နှင့် ပြည်သူတွေက အလွဲသုံးစား မလုပ်ရအောင် ၊

ပြည်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု ကို အစိုးရ ညွှန်ကြားထားတဲ့ အတိုင်း ၊

နောက်ဆုံး လက်ခံထားတဲ့ / အမှန်ဆုံး စံနစ် နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးအောင် ၊

ဩဇီ နိုင်ငံ အစိုးရ စီမံ ခန့်ခွဲနေပုံလေးကို ပြောပြချင်ပါတယ် ။

 

ဩဇီ နိုင်ငံ မှာ ဩဇီ နိုင်ငံသားတွေတင်မကဘူး ၊ နိုင်ငံခြားသား အမြဲတန်း နေထိုင်သူတွေကိုပါ ၊

အောက်မှာ ပြထားတဲ့ Medicare Card တွေ ထုတ်ပေးထားပါတယ် ။

အစိုးရ စရိတ် နှင့် ဆေးခန်းပြ ၊ ဆေးရုံတက် ၊ ဆေးကုချင်ရင် အဲဒီ ကဒ် ပြရပါတယ် ။

 

Medicare Card
Medicare Card

 

အဲဒီ ကဒ် မှာ နာမည်ပဲပါပြီး ၊ ဓါတ်ပုံ မပါတဲ့အတွက် ၊ တစ်ချို့က အလွဲသုံးစား လုပ်ကြပါသေးတယ် ။

ဥပမာ ပြောရရင် ၊ ဂျာပွန် က ဂွီဂွီ က ၊ ဩဇီ နိုင်ငံ က အဘ ဆီ လာလည်တယ် ဆိုပါစို့ ၊

ဂွီဂွီ က အဘ ရဲ့ Medicare Card ကို သုံးပြီး ဩဇီ မှာ သူ့တကိုယ်လုံး ဆေးစစ် ဆေးကုသွားလို့ ရပါတယ် ။

အဲ ဆိုးတာ တစ်ခုကတော့ ၊ ဂွီဂွီ့ ဆီမှာ ရှိရှိသမျှ ရောဂါ တွေဟာ ၊ အဘ နာမည်နှင့် စာရင်း ဝင်သွားပါမယ် ။

( ဟီ ဟိ ၊ သဘောပြောတာပါ ၊ ဂွီဂွီ့ ဆီမှာ ဘာ ရောဂါဆိုးမှ မရှိပါဘူးကွယ် ။ လို့ထင်ပါတယ် )

 

ကဲ ၊ ထားပါတော့ ၊ တလွဲတွေ ရောက်ကုန်ပြီ ။

ဆေးကုတဲ့အခါတိုင်း ၊ အဲဒီ Medicare Card ကို Swipe လုပ်ရပြီး ၊

ဆေးခန်း / ဆေးရုံ / ဓါတ်ခွဲခန်း / ဆရာဝန် တွေ ကလည်း အဲဒီ လူနာရဲ့ ဆေးကုသမှု မှတ်တမ်းကို ၊

လူနာရဲ့ Medicare Card နံပါတ်နှင့် တကွ Medicare ရုံးချုပ်ကို အမြဲ သတင်းပို့ရပါတယ် ။

 

Medicare ရုံးချုပ်ကို သတင်း မပို့ချင်လို့လဲ လုံးဝ ( လုံးဝ ) မရပါဘူး ။

Medicare ကို သတင်း မပို့ရင် ၊ Medicare ကလည်း ၊

၁ ။ အဲဒီ ဆရာဝန်ကို လူနာကြည့်ခ မပေးဘူးလေ ။

၂ ။ အဲဒီ ဆေးခန်း / ဆေးရုံ ကို ဆေးကု စောင့်ရှောက်ခ မပေးဘူးလေ ။

၃ ။ အဲဒီ ဓါတ်ခွဲခန်း ကိုဆိုရင်လဲ ဓါတ်ခွဲ စစ်ဆေးခ မပေးဘူးလေ ။

 

ဩဇီ နိုင်ငံ မှာ အားဆေး နှင့် နှာစေးပျောက်ဆေး ကလွဲပြီး ၊ တခြားဆေးတွေ အကုန်လုံး ဟာ ၊

ဆရာဝန် ထောက်ခံစာ ( Medical Prescription ) ပါမှ ရောင်းပါတယ် ။

 

အဲဒီ ဆရာဝန် ထောက်ခံစာ ( Medical Prescription ) ကလဲ ၊

၁ ။ ထောက်ခံစာ ( Prescription ) ထဲကအတိုင်းပဲ အတိအကျ ရောင်းရပါတယ် ။ ပို မရောင်းပါဘူး ။

၂ ။ ထောက်ခံစာ ( Prescription ) ကလဲ တစ်ခါပဲ သုံးလို့ရပါတယ် ။

၃ ။ ဆေးဝယ်တဲ့ ဆေးဆိုင်က အဲဒီ ထောက်ခံစာ ( Prescription ) ကို တစ်ခါတည်း သိမ်းပါတယ် ။

၄ ။ ဆေးဆိုင်ကလည်း အဲဒီ ထောက်ခံစာ ( Prescription ) နှင့် ဆေးဝယ် Receipt ကို
Medicare က ို သတင်း ပြန်ပို့ရပါတယ် ။

 

ဆရာဝန်တွေကလည်း ထောက်ခံစာ ( Medical Prescription ) ကို ၊

တကယ် လိုအပ်မှပဲ ပေးပါတယ် ။ လွယ်လွယ် မပေးပါဘူး ။

 

အဘ မိန်းမ ဆိုရင် ၊ မြန်မာတွေက အခွင့်အရေး ( ခွင့်စာ ၊ အစ ရှိသဖြင့် ) တောင်းတတ်ပြီး ၊

မပေးရင် မျက်နှာနာရတဲ့အတွက် ၊ မြန်မာတွေကို လုံးဝ နီးပါး ဆေး မကုပါဘူး ။

 

အဘ မိတ်ဆွေ မြန်မာ လူနာ တွေ ကိုလဲ ၊ လုံးဝ မခေါ်ခဲ့ဘို့ ပြောထားပါတယ် ။

ဆေး လာကုမှာ စိုးလို့ ဆိုပြီး ၊ မြန်မာ တွေ နှင့်လည်း တတ်နိုင်သမျှ မပေါင်းပါဘူး ။

 

( မြန်မာ ထဲက သူ အားနာပြီး ဆေးကုပေးတာဆိုလို့ ၊ အဘ တစ်ယောက်ပဲ ရှိတယ် ၊ ဟီ ဟိ ။

ဒါတောင် ဆေးကုချင်လို့ မဟုတ်ဘူး ၊ အဘ တစ်ကိုယ်လုံးကို နှိုက်နှိုက် ချွတ်ချွတ် သိချင်လို့ ဖြစ်မယ ် ၊ ဟီ ဟိ )

 

အဘ မိန်းမ နှင့် Medical Centre တစ်ခုတည်းမှာ အတူတူ အလုပ်လုပ်တဲ့ ၊

လူချစ် လူခင် အရမ်းပေါ ၊ သဘော အရမ်းကောင်း ၊ တစ်နှစ် ဒေါ်လာ ငါးသိန်းကျော် ဝင်တဲ့ ၊

မြန်မာ ( လူပျို ) ဆရာဝန် ကြီး တောင်မှ ၊ သူ အသစ်စက်စက် ဝယ်ထားတဲ့ Lexus ကားကြီးကို ၊

လူနာက ဆယ်ပြားစေ့ နှင့် အစင်း အရှည်ကြီး ခြစ်သွားတာ ခံရပါတယ် ။

 

( ဆေးစွဲနေတဲ့ လူနာတွေက ၊ ဆရာဝန်က မူးယစ်ဆေး ဆေးစာ ရေးမပေးရင် သိပ် စိတ်ဆိုးပါတယ် ။

တစ်ချို့ဆိုရင် မူးယစ်ဆေး ဆေးစာ ရေးမပေးလို့ ဆရာဝန်ကို ဆေးကုနေရင်း တန်းလန်းကို လည်ပင်း ထ ညှစ်ပါတယ် )

 

ကဲ ၊ ထားပါတော့ ၊ တလွဲတွေ ရောက်ကုန်ပြန်ပြီ ။

လိုရင်းက ၊ ဩဇီ တစ်နိုင်ငံလုံးမှာ ရှိရှိသမျှ ၊

၁ ။ ဆေးကုသမှု မှတ်တမ်း ( Medical Treatment ) တွေ ။

၂ ။ ဆေးစစ် မှတ်တမ်း ( Lab Report ) တွေ ။

၃ ။ ဆေးစာ / ဆေးဝယ် မှတ်တမ်း ( Medical Prescription & Receipt ) တွေ ။

အားလုံးဟာ Medicare စံနစ်ကြီးကို သတင်းပို့နေကြရတဲ့ အတွက် ။

 

၁ ။ နိုင်ငံသား တစ်ဦးချင်းစီတိုင်း ရဲ့ ကျန်းမာရေး အခြေအနေ မှတ်တမ်း အစိုးရ ဆီမှာ ရှိပါတယ် ။

၂ ။ ဆရာဝန် တစ်ဦးချင်းစီတိုင်း ရဲ့ ဆေးကုသမှု ပုံစံ / ဆေးပညာ တတ်မြောက်မှု အဆင့်ကို သူမှန်းနိုင်ပါတယ် ။

 

အဲဒီ စံနစ် ကြီး အလုပ် လုပ်နေတယ် ဆိုတာကို သက်သေပြတဲ့ အနေနှင့် ၊

ဩဇီက ဆရာဝန် တစ်ယောက်ချင်း စီကို ၊ ၃ လ / ၆ လ တစ်ခါလောက် မှန်မှန်လာနေတဲ့ ၊

အဲဒီ ဆရာဝန် ရဲ့ ဆေးကုသမှုကို သုံးသပ်ထားတဲ့ Practice Review ကို သက်သေပြလိုက်ပါတယ် ။

 

ဆရာဝန် တစ်ယောက်ချင်း စီကို မှန်မှန်ပို့နေတဲ့ ၊ Practice Review တွေ အများကြီး ( အများကြီး ) ထဲက ၊

ဆီးချို ( Type 2 Diabetes ) ရောဂါ အတွက် ပို့တဲ့ Practice Review တစ်ခုထဲ ကိုပဲ ဖေါ်ပြလိုက်ပါတယ် ။

 

ဒါကတော့ ၊ ဆီးချို ( Type 2 Diabetes ) ရောဂါ အတွက် ပို့တဲ့ Practice Review ရဲ့ Cover Letter ပါ ။

NPS ဆိုတာက National Prescribing Service ပါ ။

အမျိုးသား ဆေးညွှန်း ဋ္ဌာန လို့ အဓိပ္ပါယ် ပြန်ရမယ် ထင်တယ် ။

 

ဆီးချို ( Type 2 Diabetes ) ရောဂါ အတွက် ပို့တဲ့ Practice Review ရဲ့ Cover Letter ပါ ။
ဆီးချို ( Type 2 Diabetes ) ရောဂါ အတွက် ပို့တဲ့ Practice Review ရဲ့ Cover Letter ပါ ။

 

ပြီးခဲ့တဲ့ နှစ် ( 2011 ) မှာ သူ သုံးခဲ့တဲ့ ဆီးချို ဆေး အမျိုးအစား နှင့် ပမာဏ တွေ ။

သူ အလုပ်လုပ်တဲ့ ဒေသ က ၊ တခြား ဆရာဝန်တွေ ကရော ၊

ဘယ်လောက် / ဘယ်လို သုံးနေကြတယ် ဆိုတာနှင့်ပါ နှိုင်းယှဉ်ပြထားပါတယ် ။

 

တခြား ဆရာဝန်တွေ ဘယ်လို သုံးနေကြတယ် ဆိုတာ နှိုင်းယှဉ်ပြထားပါတယ် ။
တခြား ဆရာဝန်တွေ ဘယ်လို သုံးနေကြတယ် ဆိုတာ နှိုင်းယှဉ်ပြထားပါတယ် ။

သူ သုံးခဲ့တဲ့ ဆီးချို ဆေး အမျိုးအစား နှင့် ပမာဏ တွေ ကိုပဲ ၊

ပြီးခဲ့တဲ့ နှစ်အလိုက် သုံးခဲ့တာ အနဲအများ  ထပ်ခွဲပြထားပါသေးတယ် ။

 နှစ်အလိုက် သုံးခဲ့တဲ့ ဆီးချို ဆေး သုံးခဲ့ပုံ တွေ ။
နှစ်အလိုက် သုံးခဲ့တဲ့ ဆီးချို ဆေး သုံးခဲ့ပုံ တွေ ။

 

ဒါတွေ ကတော့ ၊ အသက်အရွယ်ပေါ် မူတည်ပြီး ၊

သူ က ဆီးချို ဆေး တွေကို ဘယ်လိုပေးနေတယ် ဆိုတာကို ပြထားတာ ။

အသက်အရွယ်ပေါ် မူတည်ပြီး ဆီးချို ဆေး တွေကို ဘယ်လိုပေးနေတယ် ။
အသက်အရွယ်ပေါ် မူတည်ပြီး ဆီးချို ဆေး တွေကို ဘယ်လိုပေးနေတယ် ။

 

ဒါ ကတော့ ၊ အချိန်ကာလ တစ်ခု အတွင်းမှာ ၊ သူ ကြည့်ခဲ့တဲ့ လူနာ အရေအတွက် နှင့် ၊

သူ အလုပ်လုပ်တဲ့ ဒေသ က ၊ တခြား ဆရာဝန်တွေ  ကြည့်ခဲ့တဲ့ လူနာ အရေအတွက် နှင့် ၊

နှိုင်းယှဉ်ပြထားတာ ။

ကြည့်ခဲ့တဲ့ လူနာ အရေအတွက် နှင့် တခြား ဆရာဝန်တွေ  ကြည့်ခဲ့တဲ့ လူနာ အရေအတွက် ။
ကြည့်ခဲ့တဲ့ လူနာ အရေအတွက် နှင့် တခြား ဆရာဝန်တွေ ကြည့်ခဲ့တဲ့ လူနာ အရေအတွက် ။

 

မြန်မာ ဆရာဝန်တွေ က အလုပ် အရမ်းလုပ်ကြတယ် ။ တွေ့လား ။

အချိန်ကာလ တစ်ခု အတွင်းမှာ ၊ မြန်မာ ဆရာဝန် တစ်ယောက် ကြည့်တဲ့ လူနာ အရည် အတွက်က ၊

သူ့ ဒေသထဲ မှာဘဲ ၊ တခြား ( အဖြူ ) ဆရာဝန် တစ်ယောက် ကြည့်တဲ့ လူနာ အရည် အတွက် ထက် ၊

” ၃ ဆ ” ( ၃ ဆ ) တောင်များတယ် ။

 

( သနားပါတယ် ။ လင်ကျွေးမှု ၊ သားကျွေးမှု အတွက် သူ့ ခမျာ ပင်ပန်းရှာတယ် ၊

တော်ပြီ ၊ အခုအချိန်ကစပြီး အဘ လည်း လိင်လိင် မာမာ ပဲ နေတော့မယ် ၊ မကဲတော့ဘူး ၊ ဟီ ဟိ )

 

အဲဒါတွေက ၊ သုံးသပ်ချက် Practice Review ပေါင်း မြောက်များစွာ လာတဲ့အထဲက ၊

ဆီးချို ( Type 2 Diabetes ) ရောဂါ တစ်ခုထဲ အတွက် ပို့တဲ့ ၊

Practice Review တစ်ခုထဲက ပုံ / ဂရပ် တစ်ချို့ ပါကွယ် ။

 

ဒါတောင် ပုံတွေ စာတွေ အများကြီး ကျန်သေးတယ် ။ ရွာသူားတွေ ပျင်းရိသွားမှာစိုးလို့ ဆက်မတင်တာ ။

( တကယ် ကတော့ ၊ အဘ လည်း သူတို့ Medical Terminology တွေ မဖတ်တတ်ဘူးရယ် ။ ဟီ ဟိ )

 

ကဲ ၊ ကဲ ၊ ဒီလောက်ဆိုရင်ပဲ ၊ အဘ အဓိက ပြောလိုတဲ့ ၊ သူတို့ရဲ့ ကျန်းမာရေး စံနစ်ကြီးက ၊

သူ့ နိုင်ငံသား လူ တစ်ဦးချင်းစီ ရဲ့ ကျန်းမာရေး အခြေအနေ ကိုသာမက ၊

ဆရာဝန် တစ်ဦးချင်းစီ ရဲ့ ဆေးကုသမှု ပုံစံ / ဆေးပညာ အနိမ့်အမြင့် ကိုပါ ၊

စောင့်ကြည့် ထိမ်းသိမ်းနေတယ် ဆိုတာ ပေါ်လွင် လောက်ပါပြီကွယ် ။

 

ဒါ ၊ ကျန်းမာရေး စံနစ် ၊ တစ်ခုတည်း ရှိသေးတာနော် ။

တစ်နိုင်ငံလုံးက ၊ လူ တစ်ယောက်ချင်းစီတိုင်းကို စောင့်ကြည့်နေတာ ၊ တွေ့တယ် မဟုတ်လား ။

 

သေသေ ချာချာ ကြည့်တတ် ၊ မြင်တတ် ရင် ၊

ဥပဒေလဲ စိုးမိုး ၊ ပိုက်ဆံ လဲရှိ ၊ စံနစ် လဲကျတဲ့ အစိုးရ တစ်ခုက ၊

သူ့ တိုင်းသူ ပြည်သားတွေအပေါ် ၊ လူ့ အခွင့်အရေးတွေကို မထိခိုက်ပဲ ၊

ဘယ်လို ၊ ပါးပါး နပ်နပ် ထိန်းကျောင်း ကိုင်တွယ်သွားလဲ ဆိုတာကို မြင်နိုင် ပါတယ် ။

 

အဘ တို့တိုင်းပြည် မှာကတော့ ၊

အစိုးရ ကလည်း ၊ “ မိုးပေါ် ထောင် မ ဖေါက်တတ်ဘူးကွ ” ဆိုပြီး ကြိမ်းသလို ။

ပြည်သူတွေကလည်း ၊ “ – – နှင့် ငါး အရုပ် ရေးပြရမယ် ” ဆိုပြီး ကြိမ်းကြပါတယ် ။

ဪ ၊ အကြမ်းဖက် ဝါဒ နှင့် ပဲ ကြီးပြင်း ၊ မွေ့လျော် ၊ အကြိုက်တွေ့ နေကြတာကိုး ။

 

ရက်စက် တဲ့ အစိုးရ ကြောင့်ပဲ ၊ ပြည်သူတွေ ကြမ်းတမ်း ကုန်ကြသလား ။

ဒါမှမဟုတ် ၊ ပြည်သူတွေ ၊ သူတို့ နှင့် ထိုက်တန်တဲ့ အစိုးရ ကိုပဲ ရနေသလား ။

အကျိုး နှင့် အကြောင်း ပဲ Vicious Circle ပါတ်လည် ရိုက်နေလား ။ အဘ လဲ မသိတော့ပါဘူး ။

အင်းးးးးး ၊ သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ၊ လို့ပဲ့ သဘောထားပါတော့တယ် ။

 

စိတ်အားတော့ မ လျော့ကြပါနှင့်အုံး ။

အဘ တို့ ဩဇီ ကို မြန်မာ ကျန်းမာရေး ဝန်ကြီး Dr ဖေသက်ခင် လာတုန်းက ၊

ဝန်ကြီး က ၊ ဩဇီ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကို သဘောကျတယ် ၊ လေ့လာချင်တယ် ဆိုလို့ ၊

ဆစ်ဒနီ က ဆရာဝန်တွေက ၊ စရိတ် နှင့် တကွ Sponsor ပေးမယ့် အဖွဲ့တစ်ခု ရှာပေးလိုက်တယ် ။

 

အခု မြန်မာ ဆရာဝန်ကြီးတွေ ၊ ဩဇီ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကို လာ လေ့လာတော့မယ်တဲ့ ။

( အဲဒီ အဖွဲ့ကို ၊ ဝန်ကြီး ရဲ့ ဇနီး ဆရာဝန်မကြီး ကိုယ်တိုင် ဦးဆောင်ပြီး လာမယ်တဲ့ ၊

အဲဒီတော့ကာ ၊ ဩဇီ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကို မှီဖို့ ကတော့ ၊ နီးပါပြီ ၊ နီးပါပြီ ။ )

 

ရွာသူား တွေ ၊ ဗဟု သုတ ပြည့်စုံပြီး ၊ အကြား အမြင် ကျယ်ကြပါစေ ကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

30 comments

  • KZ

    July 8, 2013 at 5:26 pm

    ဟုတ်တယ် အဘ။
    ဒီမှာလည်း ကလေးတစ်ယောက် မွေးကတည်းက နေ ကျောင်းထားးး
    အသက်ကြီး စစ်မှုထမ်း (အမျိုးသား)
    အလုပ်လုပ်
    နောက် ပင်စင် အထိ ဆေးစစ်ချက် မှတ်တမ်း စုံစုံလင်လင် ထုတ်ပေးထားတယ်။

    နာမည်ပြော၊ နံပတ်ပြောလိုက်တာနဲ့ ချက်အပ် ဟစ်(စ) တန်းထွက်လာတာမျိုးပါ။

    ဒါမဲ့။ ဒါမဲ့လေ။

    ဒီတစ်ခေါက်ပြန်တော့ အဒေါ်တွေကို အမျိုးသမီးတွေ ၄ဝ ကျော်ရင် ဘာစစ် ညာစစ်နဲ့ သွား ဆရာလုပ်မိတာ။
    “မစစ်ဘူး” တဲ့။
    “စစ်ရင် ရောဂါ တွေ့မစိုးလို့” ဆိုပဲ။
    “တွေ့လို့ ရောဂါအရ၊ ငွေကြေးအရ၊ မကုနိုင်ရင် စိတ်ဆင်းရဲရမှာမို့” တဲ့။
    “ခေါက်ကနဲ့သေချင် သေပါစေ” တဲ့ဗျာ။

    အဲလို အခြေအနေတွေနဲ့ အဲလိုအတွေးတွေ နဲ့ နိုင်ငံ ဆိုရင်ရော ဘယ်လို လုပ်ရမတုန်း အဘရယ်။ 🙁

    • Foreign Resident

      July 8, 2013 at 6:22 pm

      “မစစ်ဘူး” တဲ့။
      “စစ်ရင် ရောဂါ တွေ့မစိုးလို့” ဆိုပဲ။
      “တွေ့လို့ ရောဂါအရ၊ ငွေကြေးအရ၊ မကုနိုင်ရင် စိတ်ဆင်းရဲရမှာမို့” တဲ့။
      “ခေါက်ကနဲ့သေချင် သေပါစေ” တဲ့ဗျာ။

      အဲဒီ Idea လေး ၊ အဘ မှာလဲရှိတယ် ။
      အဘ လဲ ဆေး မစစ် ချင် ဘူး ။ ရောဂါ တွေ့ရင် စိတ်ဆင်းရဲနေရဦးမယ် ။

      ဒါပေမယ့် ၊ အဘ ဘဝ အကျိုးပေး အရ ၊
      သင်္ဘောသား ဖြစ်နေတော့ ၊ သင်္ဘော တက်ခါနီးတိုင်း ဆေးစစ် ။
      မိန်းမ ဆရာဝန်မ ကလည်း ဩဇီ ပြန်ရောက်တိုင်း ၊ အဘ တစ်ကိုယ်လုံးကို ဆေး ပြန်စစ် ။
      ဆရာဝန်မ အမေ ကလည်း အဘ မြန်မာပြည် ရောက်တိုင်း မျက်စိ ဒေါက်ထောက်ပြီး စစ် ။

      အဲဒါ ။ ဆေးစစ်စစ် နေရတာကို ၊ အဘ လဲ စိတ်ကုန်နေပြီ ။
      ခေါက်ကနဲ ဖြစ်သွားလဲ ၊ အေးတာပဲ ။

  • ဦးကျောက်ခဲ

    July 8, 2013 at 5:31 pm

    အဘရေ… ညီမလေး မီးဖွားလို့သွားနေတုန်းက မျက်မြင်ခင်ဗျ…
    အိမ်ရှေ့အိမ်က တစ်ယောက်ထဲနေတဲ့ အသက် ၉ဝကျော်အဖွားကြီးကို…
    မြို့နယ်ကောင်စီက အပါတ်စဉ် ဆေးရုံကားနဲ့ ကျန်းမာရေး လာစစ်ပေးတယ်ဗျ…
    အဖွားကြီးက လူအိုရုံမှာမနေနိုင်ဘူးဆိုတော့၊ အိမ်မှာ အရေးပေါ်ရင်…
    အချက်ပေးဖို့ သတိပေးစံနစ်တောင် အလကားတပ်ပေးထားသေးတယ်…
    ဒါပေသည့်… ကျောက်စ်တော့ မနေနိုင်ဘူး… ပျင်းစရာကြီး… ဟီး ဟီး :mrgreen:

  • Ma Ma

    July 8, 2013 at 5:35 pm

    အဖက်ဖက်က ပြီးပြည့်စုံတဲ့ အုပ်ချုပ်မှုယန္တယားကို ဘယ်လိုနည်းနဲ့ ဘယ်တော့များမှ ရနိုင်ပါ့မလဲ။
    ရွှေပြည်တော် မျှော်တိုင်း ဝေး မဝေးတော့ မသိဘူး။
    ကြားရတာတော့…….
    ၂၀၁၄ မေလကစပြီး စက်မှုဇုန်တွေကို လျှပ်စစ်မီးဖြန့်ဝေမှုကို အစိုးရက မပေးတော့ပဲ ပုဂ္ဂလိကကုမ္ပဏီက တဆင့် ပေးတော့မယ်။
    မီတာခ တစ်ယူနစ်ကို ၁၅၀-၂၀ဝ လောက်ဖြစ်မယ် ပြောနေတယ်။
    အိုဘယ့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး….. :'(

    • Foreign Resident

      July 8, 2013 at 6:14 pm

      ” မီတာခ တစ်ယူနစ်ကို ၁၅၀-၂၀ဝ လောက်ဖြစ်မယ် ပြောနေတယ် ”

      အခုကော ၊ မီတာခ က တစ်ယူနစ်ကို ဘယ်လောက် ယူနေတာလဲဟင် ။

      • padonmar

        July 9, 2013 at 7:22 am

        အိမ်သုံးမီတာခက တယူနစ် 35 ကျပ်+ထိန်းသိမ်းခ 1000-2000 ပါ။

      • kyeemite

        July 9, 2013 at 11:29 am

        စက်မှုဇုံကပါဝါမီတာခကတော့ တစ်ယူနစ်၇၅ကျပ်ပါ..နမူနာ…
        Power Meter(ယူနစ်) Cost Maintenance Cost H.P Cost Total Cost
        30855 2,314,125 5,000 85,800 2,404,925

        H.P Cost ဆိုတာကတော့ စက်ရုံမှာတတ်ထားတဲ့ ထရန်စဖေါ်မာရဲ့ KVA ပေါ်မူတည်တယ်..
        အပေါ်ကနမူနာက 400KVA အတွက်ပါ..

        • padonmar

          July 9, 2013 at 8:21 pm

          အဲသဟာပေါ့
          မီးမလာလည်း ပါဝါမီတာ ထိန်းသိမ်းစောင့်ရှောက်ခ က သိန်းဂဏန်း သောင်းဂဏန်းပေးနေရတာ။
          ယူနစ်တန်ဖိုးမှာ တင်ပြီး သုံးသလောက်ပေးရတဲ့ စနစ်ပဲဖြစ်သင့်တယ်။

    • Foreign Resident

      July 11, 2013 at 7:50 am

      ” စက်မှုဇုန်တွေကို လျှပ်စစ်မီးဖြန့်ဝေမှုကို အစိုးရက မပေးတော့ပဲ
      ပုဂ္ဂလိကကုမ္ပဏီက တဆင့် ပေးတော့မယ်။
      မီတာခ တစ်ယူနစ်ကို ၁၅၀-၂၀ဝ လောက်ဖြစ်မယ် ပြောနေတယ် ”

      ဟဲ ဟဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ။ Ma Ma တို့ ကိုင်တွယ် ဖြေရှင်းသွားနိုင်မှာပါ ။
      ဟုတ်တယ် မှတ်လား ။ ရှင်ကြီးဝမ်း ၊ ရှင်ငယ်ဝမ်း ၊ ရိုးနေလောက်ပါပြီ ။

  • Mr. MarGa

    July 8, 2013 at 6:42 pm

    အိုကွယ်…………
    ရွှေပြည်တော်……..မျှော်တိုင်း………..ဝေး…………
    အဲဒီလို အခြေအနေကို ရောက်တော့ ရောက်မှာပါ။။
    အချိန်ကတော့ ဘယ်လောက်ကြာမယ်…….မသိ

  • အရီးခင်လတ်

    July 8, 2013 at 8:28 pm

    မပူကြနဲ့ တော့ဗျို့။
    ကျန်းမာရေးအတွက် ဘတ်ဂျက်မလုံလောက်ရင် အလှူခံ ပေး မတဲ့။
    😆
    or
    🙄
    or
    👿

    ဒီ စကားကြားလိုက်လို့ စဉ်းစားခိုင်းပြန်တာလား အဘဖောရေ။
    ဒီလို အစိုးရ နဲ့ကတော့ မလွယ်ပါဘူးကွယ်။
    သူတောင်းစားတိုင်းပြည်ဖြစ်ရတော့မယ်။
    ပြည်သူ တွေမှာ ကိုယ်ပိုင် တိုင်းပြည် ဝင်ငွေတွေ ရှိပါရက်နဲ့ သူများတွေ ဆီက တောင်းစားနေရတာ ရင်နာဖွယ်ဘဲ။
    တိုင်းပြည်ဘဏ္ဍာ ကို အေးဓားမြတိုက်ထားသူ တွေ ကို မေ့၊
    ခဲပစ်ပေးလိုက်တဲ့ နောက် ကိုဘဲ ကြည့်ပြီး ပြေးလိုက် နေကြရင်တော့ လဲ ဒီလူ တွေ လက်ထဲမှာဘဲ ပျော်ပျော်ကြီး နေကြပေဦးတော့။

    လောလောဆယ် ပြသနာ ကို ဖြေရှင်းဖို့ မကြိုးစားဘဲ၊ အဓိက နဲ့ သာမည မကွဲ ဘဲ၊ လိုရာပန်းတိုင် ကို စည်းစည်းလုံးလုံး ဦးမတည်ဘဲ နေလို့ ကတော့ “အရင်အတိုင်းဘဲ” “ဘာမှမပြောင်းနိုင်ပါ”။
    အဘတို့ အကြိုက်ပေါ့။
    အဲဒါမှ လူမျိုးသာမက တိုင်းပြည်ပါပျောက်မှာ။

    အခုဖြစ်နေတာက ဘာသာ၊ လူမျိုး ကို ကယ်တင်နေတာလား??????
    အဘ တို့ ကို ကယ်တင်နေတာလား??????
    စဉ်းစားကြစေလိုပါတယ်။
    (စီအာ – အဘဖော)

  • မောင် ပေ

    July 8, 2013 at 8:52 pm

    ဆီးချိုရောဂါပေါ့နော်
    အဲဒါဖြစ်လို ့စိတ်ဒုက္ခရောက်နေသူများအတွက်
    ဖိုးဖိုးပေ ရဲ ့လက်ဆောင်လေးကတော့
    “ကုလားမျက်စေ့” ပင် နဲ ့“ဆူးလေ” ပင် တို ့က အရွက်နုလေးတွေကို
    သုံးခွက်တစ်ခွက် တင်ကြိုသောက်ဗျား
    အရသာကတော့ အရမ်းကိုခါးပါလိမ့်မယ်
    ဒါပေသည့် တစ်ပတ်ထက် ပိုမသောက်ရတာကိုတော့
    သောက်ဖူးသူတွေ သိပါတယ်
    အလျင်းပျောက် အလျင်းပျောက် တဲ့ ဗမာဆေးမြီးတို တဲ့ဗျား

  • ရဲစည်

    July 8, 2013 at 10:07 pm

    တားလဲ တိသလောက် ဝင်ပေါပါရစေ … ညင့်ညင့်

    အခုဦးဖောပြောတဲ့ အစိုးရရဲ့ စနစ် CCMUD ဆိုလား အဲ့စနစ်ကို နယူးဇီလန်လဲ ကျင့်သုံးပါသတဲ့ အလွန်ကောင်းပါတယ်ဗျ ….
    မြန်မာနိူင်ငံမှာ ဒီစနစ်ကို ကျင့်သုံးမယ်ဆို အလွန်ကောင်းတဲ့ အနေအထားပါ ၁၉၉၆ လောက်က ကျင့်သုံးဖို့ ကြိုးစားပါသေးတယ်။ အစိုးရကလဲ သဘောတူခဲ့ပါတယ် ဗဟိုထိန်းချုပ်ရေးစနစ် ဖြစ်တဲ့အတွက် ကောင်းလော့တေး ဆိုတာကြီးပဲ တွင်တွင်ပြောပါတယ်။
    ဒါပေသိ နောက်ပိုင်း ဘယ်သူက ဒွန့်လို တွန့်သွားလဲမသိ မလုပ်ဖြစ်လိုက်ပါဘူး။

    အဲ လုပ်ဖြစ်လိုက်တာကတော့ စစ်တပ်ထဲမှာပါဘဲ ခေတ်တော့ မမှီပေမဲ့ လုပ်ပုံကိုင်ပုံ နည်းစနစ် ၆၅%လောက် သွားတူပါတယ်။ လိုနေတာကတော့ ခေတ်မှီစက်ကိရိယာနဲ့ research lab ဘဲလိုနေတာပါ။ အောက်ခြေက လိုက်ပါ ဆောင်ရွက်မှုပိုင်းလဲ မဆိုးပါဘူး စစ်တပ်ဆိုတော့ အကြောက်တရား နည်းနည်းပါလို့ တော်တန်ယုံ ဆားပြားတွေ ကွီနင်းတွေ မော်ဖင်းတွေ အပြင်ထုတ်ပီး ခိုးရောင်းတာက လွဲလို့ အဆင်ပြေပါတယ် … ဟိဟိ။ ဘာဘဲ ဖြစ်ဖြစ် ကောင်းပါတယ်လို့ ယူဆခဲ့မိပါတယ်။ ကနေ့အထိ စစ်တပ်ဟာ ဆေးကုသမှုကို စားရိတ်အကုန်အကျခံပီး -၅၅ လောက်ထိ ဆောင်ရွက်နိူင်ခဲ့ပါတယ်။ ဆိုလိုသည်မှာ စနစ်အောင်မြင်မှုနဲ့ လိုက်ပါဆောင်ရွက်နိူင်မှုပါ။ ၂၀၀ဝနောက်ပိုင်းမှာတော့ ခေါင်းဆောင်ပိုင်းရဲ့ အမြော်အမြင် ကြီးမှု အရပ်သားပိုင်း မားကတ်တင်း ပိုင်ပိုင် ထိုးဖောက် ဝင်ရောက်နိူင်မှုကြောင့် အပြင်နဲ့ တန်းတူလောက် အနေအထားထိ ဖြစ်သွားလို့ အတော်များ ပြုတ်ကုန်ပီး လက်ရှိအခြေအနေမှာ ၂၅%လောက် ယဲ့ယဲ့ ကျန်နေသေးပါတယ် ….. ကွိ ကွိ

    ကျန်းမာရေးဝန်ကြီးဌာနဘက်က ကြည့်ပီးပြောပါမယ်။ ဒီစနစ် CCMUD အတွက် ကနဦး စစချည်း ဝန်ထမ်းအင်အား ၆၀ဝလောက်နဲ့ ဆာဗာကြီးကြီး ကွန်ကောင်းကောင်း ( မန်းဂေဇတ်နီးနီး ) ဘတ်ဂျက်အနေနဲ့ သိန်း ၁၀၀၀ဝ လောက်ဆို ရပါဘီ တသုတ် ၁၅ဝနှုန်းနဲ့ ၄သုတ်ခွဲပီး ပရိုဆီဂျူယာကို ၄လခန့် လေ့လာယုံနဲ့ ပီးပါမယ် ( အတည်ပြောတာ ) ဒါပေသိ ခက်တာက …..

    ဒန့်တန့်တန့် …..
    – ဂနေ့လစဉ် သိန်းထောင် ဂဏန်းဝင်နေတဲ့ ဆရာဝန်ကြီးတွေ အနေနဲ့ ဒီစနစ်ကို လက်မခံနိူင်ပါဘူး။ (ရှင်းပြလို့ ရပါတယ်)
    – နှစ်စဉ် သိန်းသောင်းချီ ရင်းနှီးမြှုပ်နှံထားတဲ့ ဆေးကုမ္ပဏီကြီးတွေ၊ ကျွန်းတင် ဆန်ပို့ ဆေးသွင်းသူတွေ၊ ရင်းနှီးမြှုပ်နှံသူ
    ဆရာဝန်ကြီးတွေ ဘိုချုပ်သားသမီးတွေ ကျိကျိတက် ချမ်းသာသူတွေ၊ တဘက်မှာ အစိုးရအတွက် အနစ်နာခံပေးပြီး
    တဘက်မှာ ဒီလုပ်ငန်းနဲ့ ပြန်လည်ပတ်နေသူတွေ၊ ပုဂ္ဂလိက ဆေးရုံ ချယ်ယာမန်တွေက ဒီစနစ်အပေါ် ခေါင်းခါကျပါလိမ့်မယ်။
    – ပြည်သူလူထုရဲ့ စာရိတ္တ (သဂျီးပြောတဲ့ စနစ်မဟုတ်ဘူး … လူ ဆိုတာ)

    ဆိုတော့ …
    အထက်မှာ အနော် ဖြီးခဲ့ ဖြန်းခဲ့သလို ဂလို ဘယ်လောက်ကောင်းတဲ့ စနစ်ကြီးလာလာ လက်ရှိလည်ပတ်နေတဲ့ ယန္တရားကြီးကို ချက်ချင်း (သို့) များမကြာခင် ပြုပြင်ပြောင်းလဲ ရပ်တန့်ဖို့ရာ မဖြစ်နိူင်ပါကြောင်း။
    ခေါင်းမာသော တလွဲဆံပင်ကောင်းသော သန်း၆ဝကို ကလောက်နဲ့ ပြောင်းလဲဖို့ငှာ မရနိူင်သေးပါကြောင်း။
    🙂

    အဲ့ဒါမို့ ဘဘသန်း နူကလီးယားဗုံး လုပ်လဲ သိလား …. ကိုယ့်ပြည်ကို ပြန်ကျဲပီး ဘရိန်းဝရရှ် လုပ်ဖို့ …….ငိငိ
    သူ့ကို မြောက်ပေးတာ သဂျီး …..
    :mrgreen:

  • uncle gyi

    July 8, 2013 at 11:02 pm

    ရှေးလူကြီးများပြောတာကြားဖူးတာ
    ရှိတဲ့လူများဇာချဲ့တာလိုက်တာ
    အဘကမြန်မာနိုင်ငံကျမ္မာရေးအသုံးစရိတ်တွက်ပြနေတာ
    အဘတို့အခုသုံးနေတဲ့တနိင်ငံလုံးကျမာ္မရေးအသုံးစရိတ်
    ကျုပ်တို့ဆီမယ်လူတယောက်ဝတ်တဲ့တဆင်စာမရှိလောက်ဖူးလားလို့

    • Foreign Resident

      July 9, 2013 at 8:00 am

      uncle gyi says:
      ” အဘတို့ အခု သုံးနေတဲ့ တနိင်ငံလုံး ကျမ္မာရေး အသုံးစရိတ် ”
      ” ကျုပ်တို့ဆီမယ်လူတယောက်ဝတ်တဲ့တဆင်စာမရှိလောက်ဖူးလားလို့ ”

      အင် ၊ အဲဒီလောက်တော့လဲ ၊ မနည်းလောက်သေးဘူး uncle gyi ရဲ့ ။

      မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အသုံးစရိတ် = မြန်မာငွေ ၄၉၉ Billion ကျပ် = ၄၉၉ဝ ဝ၀ဝ သိန်း ကျပ် ။

  • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

    July 9, 2013 at 6:37 am

    ဟီဟိ..
    ဩဇီမှာ တပါတ်လောက် ဆေးလာချအူးမှ…။
    အဲ့ဒါနဲ့ ကျော်လည်း ပြန်ရော ..အဘကို ဆြာဝန်က ကျော်ချတဲ့ ဆေးတွေပေး..
    အဘခညာ သင်္ဘောမတက်ခင် ဦးချိန်တီ ပုလင်းလိုက်မျိုရ … ကွိကွိ..။

  • ခင် ခ

    July 9, 2013 at 12:51 pm

    ဗဟုသုတအဖြစ် ဖတ်ရလို့ ကောင်းပါ၏။
    ကျွန်တော်တို့နေတဲ့ မြန်မာနိုင်ငံကလည်း အဘဖောရေးတဲ့စနစ်မျိုး လုပ်မှာပါ၊ မလုပ်ဘဲမနေပါဘူး၊ အဲလို လုပ်လာတဲ့တစ်နေ့ အဘဖောရေးတဲ့ ဩဇီပုံစံနဲ့ တူ/မတူ သာ/မသာ ကိုတော့ ကြည့်ကာ ဆုံးဖြတ်ကြဖို့ ကျွန်တော်နောက်လူငယ်တွေကို လက်ကမ်းကာ မှာခဲ့ပေးပါ့မယ်။ ခင်ခ တစ်သက်တော့ မှီနိုင်ပါ့ မလား တွေးရင်းနဲ့ပေါ့။

  • kai

    July 9, 2013 at 1:57 pm

    ယူအက်စ်ကျမ်းမာရေးစနစ်ကတော်တော်ညံ့တယ်..။
    အဲဒါနဲ့..အခုအိုဘားမားကထလုပ်လိုက်တာ.. အိုဘားမားကဲယားဖြစ်ပါရောလား..
    ကောင်းမကောင်းတော့မသိသေး…

    ဆိုတော့..
    မြန်မာပြည်က.. ယူအက်စ်ကပုံစံလည်းလာလေ့လာနေတယ်ကြားပါတယ်..။
    ဒီလအတွက်သတင်းစာဆောင်းပါးတောင်.. အိုဘားမားကဲယားအကြောင်းရွေးထားတယ်..
    သတင်းစာထွက်ပြီးတင်ပေးပါ့မယ်..။

    • Foreign Resident

      July 9, 2013 at 2:14 pm

      သူကြီးရဲ့။
      မြန်မာပြည်က ဩဇီ ကျန်းမာရေး ပုံစံ ယူလို့ မရလောက် ပါဘူး ။
      ဩဇီ ပုံစံ က တိုင်းပြည် တော်တော်လေး ချမ်းသာမှ လုပ်နိုင်မယ် ။

      အခု မြန်မာ နိုင်ငံ အခြေအနေ က ၊
      ရန်ကုန်မှာ ခုံးကျော် တံတားလေး ၃ ခုလောက် ဆောက်မိပါတယ် ၊
      အစိုးရပါ အကြွေးတင်ရလောက်အောင်ကို မွဲနေတယ် ဆိုတော့ ။

      တရုတ်ပြည်မှာလို ၃ ထပ်လမ်း တွေများ ဖေါက်လိုက်မိလို့ကတော့ ၊
      တပြည်းလုံးမှာ ရှိရှိသမျှ အပျိုတွေ အကုန်လုံး Export လုပ် ရောင်းစားမှရမယ် ။
      တိုင်းပြည် မွဲချက်ကတော့ ကမ်းကုန် ပဲ ။

      • kai

        July 9, 2013 at 2:28 pm

        ဆွမ်းကွမ်းစရိပ်တင်.. တနှစ် ဒေါ်လာသန်း၈၀ဝမက အပိုသုံးနေကြတာကိုးလေကွယ်..
        ကလေးတွေ.. အသက်ကြီးသူတွေ…
        ကျမ်းမာရေးစောင့်ရှောက်မှုမရှိတာဆန်းသလား…

        မွဲကြသည်မှာ… စနစ်ကြောင့်မဟုတ်…

  • ko win

    July 9, 2013 at 9:03 pm

    အာရောဂျံ ပရမံ လာဘံ ။။။
    လာဘ်လာဘ ရှိမှ ကျန်းမာရေးစောင့်ရှောက်ပေးမည်။။။

  • Crystalline

    July 10, 2013 at 10:05 am

    အဲဒါအခွင့်အရေးတွေကိုလိုချင်လို့လည်း camp ထဲရောက်နေသူတွေမှာ တကယ့်ဒုက္ခသည်တွေထက် အခွင့်အရေးသမားတွေပိုများနေတာလား..
    အဘအမျိုးသမီးက မြန်မာတွေကိုဆေးမကုဘူးဆိုလို့ ပါ့သ်ကအသိအစ်မဆရာဝန်မလည်းအဲလိုပဲပြော တယ်.. ဒီကအကျင့်တွေကအရိုးစွဲနေတော့ ဒီကပုံစံ နားလည်မှုနဲ့လုပ်ပေးပါဆိုတာမျိုးလေ.. 🙂

    • Foreign Resident

      July 10, 2013 at 10:53 am

      Crystalline says:
      ” မြန်မာတွေ ကို ဆေးမကုဘူး ဆိုလို့ ၊
      ပါ့သ် က အသိ အစ်မ ဆရာဝန်မ လည်း အဲလိုပဲပြောတယ် ”

      ဟီ ဟိ ။ မိန်းမ တော့ အဖေါ်ရပြီ ။
      ဆစ်ဒနီ က ၊ မွန် သူဋ္ဌေးမ လင်မယားလဲ ၊
      သူတို့ ပိုင်တဲ့ စက်ရုံ မှာ မြန်မာပြည် ကဆိုရင် ၊ လုံးဝ မခန့်တာ တွေ့ဘူးတယ် ။

      အဘ တို့က ၊ မြန်မာတွေနှင့် သိပ် မပေါင်းဖြစ်ဘူးကွယ့် ။
      ကောင်းကျိုး ထက် ၊ ဆိုးကျိုး ပေးတာ ပိုများတယ် ထင်မိလို့ ။
      မြန်မာ ဆရာဝန်တွေ ၊ မြန်မာ သူဋ္ဌေး Level တွေ နှင့် တော့ ပေါင်းဖြစ်ပါတယ် ။

      မြန်မာတွေနှင့် မပေါင်းဖြစ်တာ ၊ တစ်ခုတော့ ကောင်းတယ်ကွယ့် ။
      လုံးဝ မပေါင်းဖြစ်ရင် ၊ လုံးဝ ရန်ဖြစ်စရာ မရှိတော့ဘူးပေါ့ကွယ် ။
      အေးချမ်းတာပေါ့ကွယ် ။

      • အရီးခင်လတ်

        July 10, 2013 at 1:26 pm

        အဘ
        ရွာထဲ မှာ ပေါင်းနေသူတွေ အားလုံး မြန်မာတွေ နော။ 😉

      • Foreign Resident

        July 10, 2013 at 1:50 pm

        အရီးခင်လတ် says:
        ” အဘ ရွာထဲ မှာ ပေါင်းနေသူတွေ အားလုံး မြန်မာတွေ နော။ 😉 ”

        အဘ ဆိုလိုတာက ၊ အဘရဲ့ ဩဇီ က အခြေအနေကို ပြောတာပါကွယ် ။
        အဓိက က ၊ အဘ မိန်းမက မြန်မာတွေ အခွင့်အရေး တောင်းလွန်းလို့ မပေါင်းတာပါ ။
        အဲဒီမှာ ၊ အဘ ပါရောပြီး ၊ ဩဇီ က မြန်မာတွေ နှင့် မပေါင်းဖြစ်တော့တာပါ ။

        သိပ်တော့ မထူးဆန်းပါဘူး ၊ ဒီက ယဉ်ကျေးမှု ကိုယ်နှိုက်ကလည်း ၊
        တစ်ယောက် နှင့် တစ်ယောက် ဖာသိ ဖာသာ နေကြတာပါပဲ ။

  • ဘဘ …
    ကျုပ်လည်း ဘဘ ပေါဒါ ဆင်းဇား ..
    သူညားဒွေ ပေါဒါ ဆင်းဇား ရင်းနဲ့ …
    တစ်ဂေါင်းလုံး ချာချာကို လည်တွားဒါဗျဲ .. :mrgreen:

  • zawwin

    July 10, 2013 at 9:12 pm

    U FR,အဘဖော,LIVE AUSTRALIA UNDER THE WIFE OF DOCTOR,I always read.Now all about of your writing as I performed.Now at this article 56 ,I know that you are Mr.ဖော. As your wife choice you,when seafarer are famous in myanmar.Now you are out of date and cann’t be popular even in myanmar.For your dignity,you can look followers here.တကယ်တော. မင်းက ဒို.ဗမာကို စေတနာ ထားတာ မဟုတ်ဘူး။မင်း မိန်းမ က မယူခင်ကသာ ဩဇီ ရောက်ရင်သင်ဘောသားဆို sorry ပဲဆိုတာ သိမှာဘဲ။ဖောလိုက်အုံး ကိုဖောရေ.။

  • padonmar

    July 10, 2013 at 9:31 pm

    အဘရေ၊
    ကျန်းမာရေးမှာ အော်ဇီတွေ အမေဂျီးကားတွေမပြောနဲ့
    ပညာရေးလေးလည်း ကြည့်ပါအုံး။
    ဖွဘုတ်မှာတွေ့တာ။
    (တကယ်ပြင်ချင်စိတ်လည်း ရှိမှ ပြင်ကြမှာပါ)
    News Watch ဂျာနယ်မှာသောကြာနေ. ပါမည်.စာမူ ပူပူနွေးနွေး မြည်းကြည်.ပါဦး

    စင်္ကာပူလိုဖြစ်ချင်သည်ဆိုလျှင်
    သရဝဏ်(ပြည်)

    ရန်ကုန်မြို.ကြီးကိုစင်ကာပူလိုဖြစ်အောင်လုပ်မည်ဟု အစိုးရအာဏာပိုင်တို.ကဆိုလာသည် ။ ကြွေးကြော်သံသည် ကြွေးကြော်သံအဆင်.မှာပဲရပ်သွားမည်လား ။ လက်တွေ.အကောင်အထည်ဖော်မည်လော။ အိပ်မက်တို.လက်တွေ.ဖြစ်လာရန် ဘာတွေလုပ်ဖို.လိုမလဲ ။ အုပ်တစ်ချပ်သဲတစ်ပွင်.အနေဖြင်. ဤဆောင်းပါးကိုရေးရပါသည် ။

    ကျွန်တော်သည် ဧည်.လမ်းညွှန်တစ်ယောက်အနေဖြင်.လွန်ခဲ.သော ဇွန်လ ၁၄ မှ ၁ရ အထိ ပုဂံသို. စင်္ကာပူရီယန်တိုးရစ် တစ်ဦးနှင်.သွားရပါသည် ။ တိုးရစ်မှာ အသက် ၆၂ နှစ်ခန်.ရှိပြီဖြစ်သော စင်္ကာပူနိုင်ငံသားတစ်ယောက်ဖြစ်ပါသည် ။ မြန်မာပြည်ကလေယာဉ်စီးရမှာကြောက်သဖြင်. ကားနဲ.ပဲသွားချင်တယ်ဆိုသဖြင်. ရန်ကုန် -ပုဂံ အသွားအပြန်ခရီးကို ကားနဲ.ပဲ သွားခဲ.ပါသည် ။ ကားမှာ စူပါကာစတန် ဖြစ်သဖြင်. တိုးရစ်တစ်ဦး ၊ ကျွန်တော် နှင်. ၊ ဒရိုက်ဘာ သုံးယောက်မှာအတော်ပင်ချောင်ချောင်ချိချိ စီး ရပါသည် ။ ရန်ကုန် ၊နေပြည်တော် – မိတ္ထီလာအမြန်လမ်းမှ မောင်းလာခဲ.ပြီး ၊ မိတ္ထီလာ ရောက်မှ ကျောက်ပန်းတောင်းသို.ထိုမှတစ်ဆင်. ပုဂံညောင်ဦးသို.မောင်းခဲ.ပါသည် ။

    အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် တချို.နေရာများ၌ ခရီးသွားများသည် ကျဲကျဲတောက်ပူလောင်သောနေရောင်အောက်တွင် ကားစောင်.နေကြရာ စင်ကာပူ တိုးရစ်ကြီးက ခရီးသည်များ စောင်.ဆိုင်းရန် အမိုးအကာပါသော ကားမှတ်တိုင်များဘာလို.လမ်းဘေးတွင် ထည်.သွင်းတည်ဆောက်ပေးမထားတာလဲဟုမေးပါသည် ။ သူမေးမှကျွန်တော်လဲသတိထားမိတော.သည် ။ ဘတ်စကားလိုင်းမဆွဲသဖြင်. မှတ်တိုင်ထည်.မဆောက်တာဖြစ်နိုင်သော်လည်း ရွာ ရှိသော နေရာများတွင် ဒေသခံရွာသားများ ကားစောင်.ရင်းနားနေနိုင်သော ကားမှတ်တို်င်အဆောက်အဦ်လေးများရှိလျင်ကောင်းလေစွဟု စင်ကာပူတိုးရစ်ကြီးတွေးသလိုတွေးမိပါသည် ။
    “ ငါတို.နိုင်ငံမှာဆို မိုးရွာရင်တောင် ငါတို. ပြည်သူတွေ ထီးမဆောင်းပဲတစ်နေရာကတစ်နေရာသွားလို.ရအောင် စင်္ကြန်ပေါင်းမိုးလေးတွေဆောက်ပေးထားလို.တော်တော်အဆင်ပြေတယ် “ ဟုပြောပါသေးသည် ။

    အပြန်ခရီးတွင် ကျောက်ပန်းတောင်း ၌ ဘက်ဘက်ရည်သောက်ရပ်စဉ် ကျောင်းဆရာမနှစ်ဦးမှ ကားကြုံလိုက်ပါရစေဟု ကျွန်တော်တို.ကိုပြောလာသည် ။ ကျွန်တော်ကလည်းဧည်.သည် နိုင်ငံခြားသားကိုခွင်.တောင်းပြီး လိုက်ခဲ.ပါဟုခေါ ်လာခဲ.သည် ။ ထိုဆရာမနှစ်ဦးသည် နေ.စဉ်ပင် အိမ်မှကျောင်းသို. ၊ ကျောင်းမှအိမ်သို. ဤသို.ပင် ကားကြုံတစ်လှည်. လိုင်းကားတစ်လှည်.ဖြင်. ဖြစ်သလို သွားလာနေရပုံရသည် ။ ကျွန်တော်သည် ဗုဒ္စဘာသာ မြန်မာလူမျိုးတစ်ယောက်ဖြစ်သည်.အပြင် အစ်မ သုံးယောက်မှာလည်းကျောင်းဆရာမများဖြစ်သဖြင်. ဆရာ ၊ဆရာမများကို အထူးကြည်ငြိုလေးစားပါသည် ။ ထိုနေ.ကဆရာမနှစ်ဦးသည် ၆ မိုင် ၊ ရ မိုင်ခန်. ဝေးသော လက်ပံပျားကျေးရွာ ကျောင်းရှေ.တွင် ကားပေါ ်မှဆင်းသွားကြသည် ။ ကျေးဇူးတင်ပါသည်ဟုလည်းတဖွဖွပြောသွားသေးသည် ။
    ကားကိုဆက်မောင်းလာသောအခါ မိတ္ထီလာ Toll Gate အနီးတွင် အဖြူအစိမ်းဝတ်ထားသော ဆရာမ သုံးယောက် ကျွန်တော်တို.ကားကိုတားပြန်သည် ။ ကျွန်တော်က နိုင်ငံခြားသားစင်္ကာပူကြီးကိုအားနာသဖြင်.ရပ်မပေးနှင်.ဟုဒရိုင်ဘာကိုပြောလိုက်ပါသည် ။ သို.သော် တိုးရစ်ကြီးက ရပ်ပေးလိုက်ပါ ၊ဆရာမများဖြစ်သဖြင်.လမ်းကြုံလိုက်ချင်လျင်ခေါ ်ခဲ.ပါဟု ပြောသဖြင်. ကားကိုရပ်ပြီးနောက်ပြန်ဆုတ်ကာဆရာမများကိုကားပေါ ်သို.တက်စေပါသည် ။

    ဆရာမတစ်ဦးက မိုင်တိုင်အမှတ် ၂၈ဝ တွင်ရပ်ပေးပါဟုပြောသည် ။အခြားဆရာမနှစ်ဦးက မိုင်တိုင်အမှတ် ၂၈၂ တွင်ရပ်ပေးပါဟုပြောပါသည် ။ ထို.ကြောင်.အဝေးပြေးအမြန်လမ်းမကြီးအတိုင်းမောင်းလာပြီး သူတို.ပြောသောနေရာများတွင် ရပ်ပေးလိုက်ပါသည် ။ ထိုနေရာသည် လူသူလေးပါးလဲမရှိ ၊ တောကြီးမျက်မည်းဖြစ်သည် ။ ဤနေရာမှ ရွာကျောင်းသို.ရောက်ရန် ဆယ်.ငါးမိနစ်ခန်.လမ်းလျှောက်ရဦးမည် ဟု ဆရာမများကပြောသဖြင်.သိရပါသည် ။ဆရာမတစ်ယောက် အရင်ဆင်းသွားပါသည် ။နောက်ထပ်နှစ်မိုင်ခန်.ကားမောင်းပြီးသောအခါ ကျန်သောဆရာမနှစ်ဦး ကားပေါ ်မှ ကျေးဇူးတင်ကြောင်းပြော၍ ဆင်းသွားကြပါသည် ။ ထိုအခါ စင်္ကာပူတိုးရစ်ကြီးကကျွန်တော်.ကို ဤသို.မေးပါသည် ။

    “ မင်းတို.နိုင်ငံကဆရာ ၊ ဆရာမတွေ နေ.တိုင်းဒီလိုပဲကျောင်းသွားရတာလား “
    “ အများအားဖြင်.တော. ဒီလိုပဲသွားရတာပဲ ၊ အထူးသဖြင်. နယ်တွှေမှာနေတဲ. ဆရာ၊ ဆရာမတွေပေါ. “
    “ သူတို.ကိုအစိုးရက ကျောင်းကားစီစဉ်မပေးဘူးလား “
    “ ဘာကျောင်းကားမှ မရှိပါဘူးကွာ ၊လိုင်းကားရှိရင်လဲ လိုင်းကား ၊ လိုင်းကား မရှိတဲ.နေရာမှာနေရတော.လည်း လာတဲ.ကားကိုလမ်းကြုံတားစီးရတာပေါ. “
    “ ကားကြုံမရရင်ရော “
    “ မရရတဲ.အထိစောင်. ၊ ဒါမှမဟုတ် ကုန်းကြောင်းလျှောက်ပေါ. “
    “ စက်ဘီးနဲ.မသွားဘူးလား “
    “ အမြန်လမ်းပေါ ်မှာ စက်ဘီးစီးခွင်.မရှိဘူး ၊ တစ်ချို.နေရာတွေကျတော.လည်းစက်ဘီးကကုန်းတက်ကုန်းဆင်းဆိုတော. အဝေးကြီးမနင်းနိုင်ကြဘူးပေါ. “
    “ မော်တော်ဆိုင်ကယ်ရော “
    “ ဆရာမတွေရတဲ.လခနဲ. ဘယ်လိုလုပ် ဆိုင်ကယ်ဝယ်နိုင်မှာလဲ ၊ နေ.စဉ် ဓါတ်ဆီဖိုးနဲ. ပြင်ဆင်စားရိတ်ကရှိသေးတယ် “
    “ အစိုးရက ဆရာတွေကို ဆိုင်ကယ် အခမဲ.ထုတ်မပေးဘူးလား ၊ အရစ်ကျစနစ်နဲ.ပဲဖြစ်ဖြစ်ပေါ. “
    “ မပေးပါဘူးဗျာ ၊ အရစ်ကျလဲမရောင်းပါဘူး “
    “ ကျောင်းဆရာတစ်ယောက်လခဘယ်လောက်ရသလဲ “
    “ ရှစ်သောင်း ၊ကိုးသောင်း ၊ လောက်တော.ရ မှာပေါ. ၊ စင်္ကပူဒေါ ်လာနဲ.ဆို တစ်လ ဒေါ ်လာ ၁၃ဝ လောက်တော.ရမှာပေါ. “
    စင်္ကာပူကြီးသည် မြန်မာ.ပညာရေးကိုအတော် စိတ်ဝင်စားပုံ ( စိတ်ဓါတ်ကျသွားပုံ) ရသည် ။ ထို.နောက်သူကဆက်ပြောသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ပညာရေးသည်အရေးအကြီးဆုံးဖြစ်ကြောင်း ၊ စင်္ကာပူနိုင်ငံ၏ ဖွံ.ဖြိုးတိုးတက်မှုကို ပညာရေးအပေါ ်တွင်အခြေခံတည်ဆောက်ခဲ.ကြောင်း။ သူတို.နိုင်ငံတွင် တစ်ချိန်က မူလတန်းကျောင်းဆရာဆရာမများ၏လစာမှာအလွန်ပင်နည်းပါးခဲ.ကြောင်း ။ သို.သော်နိုင်ငံ.ခေါင်းဆောင်နှင်.ပြည်သူများသည် ပညာရေးစနစ်၏အဓိကဒေါက်တိုင်မှာ ဆရာ ဆရာမများဖြစ်သဖြင်. ကျောင်းဆရာများကိုလခတိုးပေးဖို.အစိုးရကိုဝိုင်းဝန်းတောင်းဆိုကြကြောင်း ။ ထို.ကြောင်.ကျောင်းဆရာများ၏လခကို တိုးမြှင်.သတ်မှတ်ပေးခဲ.ရာ ယခုအခါ စင်္ကာပူတွင် မူလတန်းကျောင်းဆရာတစ်ယောက်၏လခမှာ စင်္ကာပူဒေါ ်လာ သုံးထောင် ( မြန်မာငွေ နှစ်ဆယ်.နှစ်သိန်းခန်.) ရှိပြီး တက္ကသိုလ်၊ကောလိပ်များရှိ ကထိက၊ ပါမောက္ခတစ်ယောက်၏လစာမှာ စင်္ကာပူဒေါ ်လာ တစ်သောင်း ၊ နှစ်သောင်းမှ သုံးသောင်းအထိ ( မြန်မာငွေ ၇၄ သိန်း ၊ ၁၄၉ သိန်းခန်. မှ ၂၂၃ သိန်း ခန်. ) အထိရှိကြောင်းသိရသဖြင်.ကျွန်တော်အံ.ဩရသောအလှည်.သို.ရောက်လာပါသည် ။

    သူကထပ်ပြောသည် မှာ မူလတန်းနှင်.အလည်တန်းကျောင်းသားအားလုံးအား ပညာရေးအထွေထွေအသုံးစားရိတ်အဖြစ် တစ်လလျင် စင်္ကာပူဒေါ ်လာ (၁၅ဝ ) မှ (၂၀ဝ ) ကြားကို လစဉ် ကျောင်းသား၏ ဘဏ်စာရင်းစာအုပ်ထဲသို.ထည်.ပေးထားကြောင်း ။ ကျောင်းသားမှ ပညာရေးအတွက် အသုံးစားရိတ် လိုသောအခါ (ဥပမာ စာအုပ်ဝယ်ရန် ) အတန်းပိုင်ဆရာ၏ ထောက်ခံချက်လက်မှတ်ဖြင်. ငွေထုတ်နိုင်ကြောင်း ၊ မိဘက အရက်သောက် ဖဲရိုက်လုပ်ပစ်မည် စိုးသဖြင်.ထိုသို. ထိမ်းချုပ်ထားကြောင်း ။ ထို.ကြောင်.မိဘများမှာ သားသမီး၏ပညာရေးကိုလုံးဝစိတ်ပူစရာမလိုကြောင်း ။ ကျောင်းသားတော်လျင်တော်သလောက်အစိုးရမှထောက်ပံ.သွားမည် ဖြစ်ကြောင်းပြောပြပါသည် ။ဒါတောင် သူပြောသော တစ်လ စင်္ကာပူဒေါ ်လာ (၁၅ဝ ) ဆိုသည်မှာ လွန်ခဲ.သောအနှစ် ၂ဝ က ပေးသောထောက်ပံကြေးဖြစ်ကြောင်း ၊ ယခုခေတ်တွင် ထို.ထက်ပို၍ ရရှိကြမှာဖြစ်ကြောင်းပြောပြပါသည် ။
    ၎င်းအပြင် သက်ကြီးရွယ်အိုများ ပညာသင်ယူလိုပါကလည်း ဥပဒေပညာ ၊ ဆေးပညာမှ အစ ပညာရပ်အသီးသီးကိုအသက်ကန်.သတ်ချက်မရှိလေ.လာနိုင်ရန် နေ.ကျောင်း၊ညကျောင်း စသည်ဖြင်.ဖွင်.လှစ်ပေးထားရာ စင်္ကာပူနိုင်ငံသားများမှာ နေ.မှာအလုပ်လုပ် ညမှာကျောင်းတက်၍ မအားလပ်အောင်ပညာရှာမှီးကြကြောင်းပြောပြပါသည် ။ သူ.ဟန်းဖုန်းမှ မက်ဆိပ်တစ်ခုကိုဖတ်ကြည်.ပါဦးဟု ဆိုပြီးပြသဖြင်. ဖတ်ကြည်.ရာ အသက်အရွယ်ကြီးရင်.သူများအတွက် အီးမေးလ် အင်တာနက်အသုံးပြုနည်းသင်တန်းကို အစိုးရမှ အခမဲ.ဖွင်.လှစ်သင်ကြားပေးမည်ဖြစ်၍ မနက် ၈ နာရီမှ ၁ဝ နာရီတန်းဖြစ်စေ ညနေ ၄ နာရီမှ ၆ နာရီတန်းဖြစ်စေ အဆင်ပြေရာသင်တန်းကိုရွေးချယ်တက်ရောက်နိုင်ရန် ဖိတ်ခေါ ်ပါကြောင်း အကြောင်းကြားစာဖြစ်နေပေသည် ။ အော်စင်္ကာပူမှာကား ပညာလိုချင်သူများမရလိုက်ရမရှိလေအောင် အစိုးရမှ သက်ကြီးရွယ်အိုများအထိအခမဲ.လိုက်လံပို.ချနေကြလေသည်တကား။

    ထိုမျှနှင်.မပြီးသေး ။ တက္ကသိုလ်၊ ကောလိပ်သို.ရောက်လာသောကျောင်းသားအားလုံးကို အစိုးရက ဘဏ်များတွင် ငွေစာရင်းများဖွင်.ပေးပြီး ကျောင်းစားရိတ်အဆင်ပြေစေရန် ချေးငွေများထုတ်ချေးထားကြောင်း ၊ ကျောင်းပြီး၍ အလုပ်ရမှ တဖြည်းဖြည်းပြန်ဆပ်ရပ်ဖြစ်ကြောင်း ပြောပြပါသည် ။ သူတို.နိုင်ငံမှာပညာတတ်ဖြစ်ဖို.တယ်လွယ်ပါလား ဟုတွေးမိပါသည် ။ ကျွန်တော်တို.နိုင်ငံဝယ် အစိုးရအဆက်ဆက်သာ ပညာရေးကို ဤမျှလောက်အလေးထားထောက်ပံ.ခဲ.ပါလျင် မြန်မာလူငယ်အားလုံး ဘွဲ.ရပညာတတ်တွေ ချည်းဖြစ်နေလိမ်.မည် ။ဆရာဝန် ၊ အင်ဂျင်နီယာတွေ ၊ ကွန်ပျူတာပညာရှင်တွေဖြစ်ကုန်ပေလိမ်.မည် ။ နိုင်ငံခြားသွား၍ သက်စွန်.ဆံဖျားကျွန်ခံရသောဘဝ မှလွတ်မြောက်ကြပေလိမ်.မည် ။ ပညာရဲရင်.ပွဲလည်တင်.ပေလိမ်.မည် ။ ငယ်ငယ်ရွယ်ရွယ်နှင်. အရက်သမား ၊ ဖဲသမား ပေတေလေလွင်.နေသောလူငယ် အမြောက်အများကို လမ်းမှန်သို.တင်ဆောင်နိုင်လိမ်.မည် ။

    ထိုအရာအားလုံး၏အခြေခံမှာ ပညာရေးဒေါက်တိုင်ဖြစ်သည် ။ ပညာရေး၏အခြေခံမှာ ဆရာဆရာမများဖြစ်သည် ။ ဆရာ ဆရာမများ၏ လူနေမှုအဆင်.အတန်းနှင်.လျော်ညီသော လုပ်ခလစာနှင်. ထောက်ပံ.ကြေး သည် တိုင်းပြည် တိုးတက်ဖွံ.ဖြိုးရေးအတွက်မဖြစ်မနေလုပ်ကိုလုပ်ရမည်. လမ်းစဉ်ဖြစ်သည် ။ထိုအကြောင်းကိုမီဒီယာမှတစ်ဆင်.တိုင်းပြည်သို.သိအောင်ပြောဖို. နိုင်ငံသားအားလုံးမှာတာဝန်ရှိသည်ဟု တိုးရစ်ကြီးကဆိုပါသည် ။ အနည်းငယ်ရိုင်းသော်လည်းမှန်တာကိုဝန်ခံရလျင် စင်္ကာပူမှအိမ်ဖော်တစ်ယောက်၏ လုပ်ခလစာသည် မြန်မာနိုင်ငံမှကျောင်းဆရာတစ်ယောက်ထက်များပါသည် ။

    ကျွန်တော် ရန်ကုန်တက္ကသိုလ်တွင် တက်စဉ်က နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခဆရာကြီး သည် နေ.စဉ်ကျောင်းသို.လိုင်းကားတိုးစီးပြီးကျောင်းလာရ၏ ။ ၅၁ လိုင်းကားပေါ ်မှ ဆင်းလာသော ပါမောက္ခဆရာကြီးကိုမြင်တိုင်း ကျွန်တော် သည် အသည်းတဆတ်ဆတ်နာအောင်ခံစားရပါ၏ ။ တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင်.ဆိုသူများ မာဇဒါဂျစ် များတဝီဝီ စီးနေကြချိန်တွင် နိုင်ငံခြားတက္ကသိုလ်တစ်ခုမှ Ph.D ဘွဲ.ရလာသော ပါမောက္ခ ဆရာကြီးတစ်ယောက် လမ်းလျောက် ပြီးကျောင်းလာရတာ မည်သို.မျှမဖြစ်သင်.ပါ ။ စစ်ဗိုလ်က ကားစီးကာ ပါမောက္ခက ခြေလျင်လျောက်နေရသော ကမောက်ကမ နိုင်ငံမှ မဆင်းရဲလျင် ဤ ကမ္ဘာပေါ ်ဝယ်ဘယ်နိုင်ငံသည် ဆင်းရဲပါဦးမည်နည်း ။

    ကျွန်တော်.အစ်မကြီး သည် မူလတန်းပြဆရာမတစ်ဦးဖြစ် သည် ။သူသည် ဝက်ထီးကန်မြို. အနီးမှ ရွာတစ်ရွာတွင်တာဝန်ကျရာ ၊ ပြည်မြို.မှ ဝက်ထီးကန်သို.နေ.စဉ်လိုင်းကားနှင်.သွားရပါသည် ။ အစိုးရ၏ သတ်မှတ်ချက်အရ လိုင်းကားဆရာများမှာ ဆရာ ၊ဆရာမ များထံမှ ကားခ တစ်ဝက်သာကောက်ခံခွင်.ရှိပါသည် ။ သက်ဆိုင်ရာ သည် ပညာရေးကိုထောက်ပံ.ပုံမှာ လေဖြင်.၊အမိန်.အာဏာဖြင်.ဝင်ရောက်ထောက်ပံ.ခြင်းဖြစ်ရာ ထိုကိစ္စ၏ရလာဒ်အဖြစ် အချို.ကားဆရာများသည် ကျောင်းဆရာ၊ဆရာမများကိုမြင်သည်နှင်. ကားကိုရပ်မပေးပဲမောင်းပြေးကြခြင်းဖြစ်သည် ။ ထိုသို.မောင်းမပြေးမီ လမ်းဘေးတွင်ကားစောင်.နေသော ဆရာ၊ဆရာမများကို မြင်သည်နှင်. “ မောင်းဆရာရေ ကြိမ်ခွေတွေလာပြီ “ ဟုအော်လေ.ရှိသေးသည် ။ကြိမ်ခွေဆိုတာဘာလဲဟုကျွန်တော်ကမေးတော.
    “ ဒီလိုလေ ကြိမ်ခွေဆိုတာ ဝါးဖောင်တွေကို အနားကွပ်တဲ.နေရာမှာသုံးတာ ၊ ဖောင်ကွပ်တော. ဖွတ်ကောင်ပေါ.ဟယ် “ ဟု ဧဝံမေသုတံ ဤသို. မှတ်သားရပါသည် ။

    အော်ကျောင်းဆရာများကို နှိပ်ကွပ်သည်.နေရာတွင် စစ်အစိုးရသာမက အသိဉာဏ်နိမ်.သော တိုင်းသူပြည်သားအချို. ကပါ တက်ညီလက်ညီပါဝင်ခဲ.ကြသည်ပဲ ။ ကမ္ဘောဒီးယားမှာခမာနီတွေအုပ်ချုပ်စဉ်ကလို မျက်မှန်တပ်တာနှင်. ပညာတတ်ဟုသတ်မှတ်ကာ သတ်မပစ်တာပဲ တော်လှပြီဟုဆိုရမလိုဖြစ်နေပေသည် ။ လူတို.၏အသိပညာနိမ်.ကျခြင်းမှာ ပညာမတတ်၍ ဖြစ်သလို ၊ ပညာမတတ်ခြင်းကြောင်. အသိဉာဏ်နိမ်.ကျကာ အကောင်းအဆိုးမခွဲနိုင်တော.ပေ။

    ကျောင်းဆရာများကျူရှင်သင်တာ ၊ မုန်.ရောင်းတာလောက်ကိုပဲ ပျက်ရယ်ပြု ၊အပြစ်တင်နေကြသော မြန်မာ.လူ.အသိုင်းအဝိုင်းဝယ် ထိုသို.ကျူရှင်ပြ ၊မုန်.ရောင်းပြီးဝင်ငွေရှာရသည်အထိနိမ်.ကျလာသော နောက်ခံအကြောင်းတရားများကိုမည်သူကမှစိတ်မဝင်စားကြပေ ။ ပညာရေးအတွက်သုံးသော ဘတ်ဂျက်သည် နည်းလွန်းသဖြင်. ကျောင်းများသည် အမိုးနှင်. အကာပါလျင် ကျောင်းအင်္ဂါရပ်နှင်.တူပြီဟု အားလုံးကလက်ခံထားကြရသည် ။ကျွန်တော်.သားကြီးတက်ရောက်ပညာသင်ကြားသော အ.ထ.က(၁) မြောက်ဥက္ကလာကျောင်းဆိုလျင် စာသင်ခန်းပြူတင်းပေါက် များမှာ မှန်များကွဲနေသည် ။ ထို.ကြောင်.မိုးရွာလျင် ပြူတင်းပေါက်ဘေးတွင်ထိုင်သော ကျောင်းသားမှာ မိုးရေတွေရွှဲကုန်သည် ။ တစ်ချို.စာသင်ခန်းများမှာ ပြူတင်းပေါက်ရှိသော်လည်းတံခါးများမရှိတော.သဖြင်. ရရာပျဉ်ပြားများဖြင်. အသေပိတ်ရိုက်ထားရ၏ ။ သားအငယ်တက်ရသောစာသင်ခန်းဝယ် ပြူတင်းပေါက်တံခါးသည် ချိတ်စရာ ချိတ်မရှိသဖြင်.လေတိုက်တိုင်း ဂျိမ်းကနဲတံခါးပိတ်သည်ကို ကလေးများကကြည်.ရှောင်နေရသည်။အိမ်သာမှာလည်းသန်.ရှင်းမှုမရှိ ။ကျောင်းဝန်းသည်လည်းမြက်ရိုင်းများတောထအောင်ပေါက်နေသဖြင်. မြွေအန္တရာယ်ကိုစိုးရိမ်ရသေးသည် ။ အချို.ကျောင်းများဆိုလျင် မိုးရွာလျင်ရေဝပ်နေသည် ။ ခေါင်မိုးမလုံ၍ မိုးယိုသောစာသင်ခန်းလဲရှိသည် ။ ကျောင်းများတွင် ရန်ပုံငွေမလုံလောက်သလို သန်.ရှင်းရေးဝန်ထမ်းပင်အလုံအလောက်မရှိ ၊ Landscaping Designer တို. Gardener တို.ဆိုသည်မှာဝေလာဝေး ။သိပ္ဖံ ခန်းသုံးပစ္စည်းများမှာကျောင်းသားများ မြင်ပင်မမြင်ဘူး၍ အောက်စီဂျင်ကိုလေ ဖြင်. ( ပါးစပ်ဖြင်.) စာရွက်ပေါ ်မှာ ထုတ်လုပ်ကြရသည်။ ကွန်ပျူတာဆိုသည်မှာ ကျောင်းသို.လူကြီးလာလျင် ပြရသော အထူးတဆန်းပစ္စည်းဖြစ်သည်ဟုကျောင်းသားများကယုံကြည်ကြသည် ။ ပြောရလျင် ပြောမဆုံးပေါင်တောသုံးတောင်ဟုဆိုရတော.မည်။

    ကျွန်တော်ငယ်စဉ်က ပြည်မြို. အ.ထ.က(၁)တွင်သချာင်္သင်ခဲ.ဖူးသောအလည်တန်းပြဆရာကြီးတစ်ဦးမှာ ဘဝနေဝင်ချိန်တွင် ပင်စင်လစာမလောက်မငဖြင်.ချို.ချို.တဲ.တဲ.ကွယ်လွန်သွားရှာသည် ။ သူမသေခင် “ ကျွန်တော်ကျောင်းဆရာ မောင်………… စားစရာမရှိလို.ငတ်နေပါပြီခင်ဗျ “ ဟု တစ်ရပ်ကွက်လုံးကြားအောင် ဝရံတာမှထွက်၍အော်သေးသည်ဆို၏။ ခပ်ရွတ်ရွတ်ဆရာကြီးမှာ သက်ဆိုင်ရာအာဏာပိုင်များနှင်းလူ.အသိုင်းအဝိုင်းကို အရွဲ.တိုက်၍အော်ခြင်းဖြစ်ပေမည် ။ထိုဆရာကြီးသည်ကျူရှင်မသင်ပေ။

    မြန်မာနိုင်ငံကိုစင်္ကာပူကဲ.သို.ဖြစ်ချင်လျင် စင်္ကာပူသည် ပညာရေးအတွက် တိုင်းပြည်ဘတ်ဂျက်ဘယ်နှစ်ရာခိုင်နှုန်းကိုသုံးသလဲဆိုတာလေ.လာဖို.လိုသည် ။ မြန်မာနိုင်ငံသည် တိုင်းပြည်ဘတ်ဂျက်၏ ဘယ်နှစ်ရာခိုင်နှုန်းကို ပညာရေးအတွက်သုံးနေသလဲဆိုတာဆန်းစစ်ဖို.လိုပေမည် ။ စင်္ကာပူသည် ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အတွက် အသုံးစားရိတ်ပေါင်း စင်္ကာပူဒေါ ်လာ (၁၁.၆ ဘီလျံ ) အသုံးပြုမည်ဟုသိရ၏ ။ ထိုအထဲမှ မူလတန်း၊ အလယ်တန်း ၊ အထက်တန်းကျောင်းများအတွက် ၅.၆ ဘီလျံဒေါ ်လာ ၊ ပုဂ္ဂလိကတက္ကသိုလ်များ ၊ အခြားတက္ကသိုလ်ကောလိပ်ကျောင်းများ အတွက် ၅.၁ ဘီလျံ ဒေါ ်လာသုံးမည်ဟု သိရသည် ။စင်္ကာပူသည် နိုင်ငံ၏ နှစ်စဉ်အသုံးစားရိတ်ဘတ်ဂျက်စုစုပေါင်း၏ (၂ဝ )ရာခိုင်နှုန်းကို ပညာရေးအတွက်အသုံးပြုသည်ဟုသိရသည် ။ မြန်မာနိုင်ငံတွင်မူကား ဘတ်ဂျက်၏ (၂၀)ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက်အသုံးပြုပြီး ပညာရေးအတွက် ၄.၄ ရာခိုင်နှုန်း ၊ ကျန်းမာရေးအတွက် ၃.၉ ရာခိုင်နှုန်းအသုံးပြုခဲ.သည်။

    မြန်မာနိုင်ငံ၏အနာဂါတ်ကိုတည်ဆောက်ရာတွင်လည်း “ နတ္ထိဝိဇ္ဖာ သမံမိတ္တံ” ပညာမှတပါးကိုးကွယ်ရာမရှိဟူသောစိတ်ထားဖြင်.တည်ဆောက်မှသာအောင်မြင်ပေ မည်။ထိုသို.တည်ဆောက်မည်ဆိုပါက သေနတ်ကိုင်သောလက်ထက် မြေဖြူကိုင်သောလက်များမှာ ထိုက်သင်.သော ပံ.ပိုးမှုများဖြင်.ပိုမို ပြည်.စုံ ဖို.မလွဲမသွေလိုအပ်မည်ဖြစ်ပါကြောင်း ။

    သရဝဏ်(ပြည်)

    • Foreign Resident

      July 11, 2013 at 7:42 am

      ပထမ ကတော့ ၊ မပဒုမ္မာ ရေးထားတဲ့ Comment လေးကိုဖတ်ရင်း ၊
      ဒီ အချက်လေး ပြန်ပြောမယ် ၊ ဟိုအချက်လေး ပြန်ပြောမယ် စိတ်ကူးနေတာပေါ့လေ ။
      သို့ပေမယ့် ၊ ဒီ Comment ရှည်ကြီးရဲ့ အောက်ဆုံးအထိ ဖတ်ပြီးချိန်မှာတော့ ၊
      စကား တစ်ခွန်း ၊ မှတ်ချက် တစ်ခု ပဲ ပြောချင်ပါတော့တယ် ။

      ” အရင်ဆုံး ၊ ချမ်းသာအောင်သာ မီးကုန် ယမ်းကုန် ကြိုးစားကြပါ ” လို့ ။

  • ဝင့်ပြုံးမြင့်

    July 11, 2013 at 12:26 am

    ကွန်မင့်လေးအတွက် ကျေးဇူးတင်လိုက်တာ အန်တီရေ။
    ဒါနဲ့ အလင်းဆက်ရဲ့ပို့စ်မှာ ရေးထားတဲ့ စကားလက်ဆောင်ထဲက အဟံပထမံ ဆိုတာလေးကို ရှင်းပြပေးပါလား။ ပါဠိလိုနားမလည်လို့။ ငါပထမ လို့ပြောတာလား။ မျှစ်ကြော်တို့ စာကြီးပေကြီး လိုက်စားပုံများ … အဲဒါလေးတောင် မသိဘူူးပြောရင်လည်း ခံရမှာပေါ့လေ။ မျှစ်ကြော်က ဘုရားတရားနဲ့တော့ နီးပါတယ်။ အိမ်နောက်မှာ ဘုန်းကြီးကျောင်းရှိလို့။ 😉

Leave a Reply