သေချင်းစိမ်း နဲ့ ဆေးဘဲ

ムラカミJuly 9, 20131min21115

ဘာရယ်မဟုတ်ပါဘူး … ဟိုကျေးဇူးရှင် ၁ကျပ်သားနဲ့ ဂျေးအောင်းရမလိုဖစ်နေတော့

နင်အစား ဝင်လိုက်ပလား လို့ ဝိုင်း မေတ္တာပို့ကြတဲ့ အမျိုးတွေ ကိုချဉ်ရင်း မောင်ဂီ့နဲ့

ဆေးဘဲတို့ရဲ့ ကြားက အမှတ်တရလေးတွေ ပြန်တူးကြည့်မိတာပါ.. ဟိဟိ…

ဗေထိ ဆို ကိုယ်ချည်း ခံရတာချည်း.. ကဲ ..စပြီ..

 

သားယီး ကနေ့ည လာခဲ့ကွာ ။

ဗျာ ..အော်.. ဟုတ် ..ဟုတ်..။

ကြောက်ရသဗျ.. ဒီဘဲဒွေက စိတ်မထင်ရင် မထင်သလိုဖောက်တာ..။

ဘယ်ဘဲတွေလဲဆိုတော့ ရေကြောင်းသိပ္ပံက ဘော်ဒါဘော်ဂျွတ်တွေပါခီညား…။

ဘယ်ကဘယ်လို အောက်ပါ့စ်ရလာလဲမသိဘူး ဆေးကျောင်းကို ဆော်လာကြောင်ရင်း

ပါလာတဲ့ ဂစ်တာကြီး လက်မှတ်ကောက်ကတ်ထိုးရင်း ကျုပ်ကို လှူသွားရင်း ပြောတဲ့ ဇဂါးပေါ့ဗျာ..။

အဲ့လိုနဲ့ အဲ့သည့်ည မောင်ဂီ့လည်း ဒင်းတို့ကျောင်းကို နံရံကျော်ခွလို့ ဂစ်တာတလက်နဲ့ ရောက်သွားပါတော့တယ်..။

သားယီး မင့် ဘောင်းဘောင်း က မိုက်လှယီလား ..။ မှန်း..။

ဖြစ်ပုံက ဂလို ..။ ကျုပ်ကလည်း ခပ်ရွတ်ရွတ် ..ကျောင်းမယ် ဂျင်းပန်မဝတ်ရဘူးဆိုပီး အရင်ကမရှိတဲ့ စည်းကမ်း ပြဌာန်းလိုက်ပီးနောက်

ခေါက်သိမ်းလိုက်ရတဲ့ ရိုက်ဒါတွေအစား ..စတိုင်ပန်ကို extra-tight cutting ချုပ်ပီးဝတ်တာ ..ကွိကွိ..

ကျပ်လား မကျပ်လား ..ပြောပါဆို မီးခြစ်တောင် မနဲနှိုက်ရတယ်။ ဘတ်စကားစီးရင် ခါးပိုက်နှိုက် မျက်ရည်ဝိုင်းသွားမယ့်

အနေအထားပေါ့ဗျာ… အဲ့ဒါကို အေဘေးတွေ စိတ်ဝင်စားကြတာပြောပါတယ်။

အဝေးကလာနေတဲ့ကျုပ် အောက်ပိုင်းကို ဆွဲယူလိုက်တာ ဒါတ်သေတပုံထဲက နေ တစုံတရာကို ကတ်ကြေးနဲ့

ညှပ်ယူလိုက်သလို ဒင်းတို့ လက်ထဲ ပါလာပါသတဲ့ …။ ကျုပ်အောက်ပိုင်း ကိုအနုလုံပတိလုံ စေ့ငုပီးနောက်ပိုင်း

ပြန်ပေးလိုက်တာ ဖတ်ကနဲ ပြန်ကပ်သွားပါတော့သတဲ့ကွယ်.. (အံ့ဩကုန်နိုင်ဖွယ်)

ဒါတွေ နောက်ပိုင်း ဒင်းတို့ ပြန်ပြောမှသိတာ အဲ့ညက အေဘေးဒွေ ညှင်းတာ လက်တွေပေါက် အသံတွေပြာ

လူလည်း ယဲ့ယဲ့ပဲကျန်တယ် .. ဘသားချောတွေက မဖြုံ။ ကိုညီထွဋ် ပျက်သုန်းခြင်း တို့ အသက်မဲ့စိမ်းလမ်းခြင်းတို့ကို

မိတ္ထီလာကန် ဖားကောက်တဲ့သီချင်းလို ဆိုသွားကြတာ ချောလို့ …။တကယ့် မေးရိုးကြမ်းပြင်ရိုက်ပဲ… ခါတိုင်း အနှိုင်းမဲ့

လောက်နဲ့ လေဖြတ်သလို ဟာမိုးနစ် ထွက်နေတဲ့ကောင်တွေက …။ ခက်တော့လည်းခက်သားဗျ.. အနံ့မထွက်တဲ့ဟာ ဆိုတော့

ကျုပ်ကလည်း မသိဘူးရယ်။ ကျုပ်မှာသာ ညဥ့်နက်လာလေလေ အမြတ်ကြီးစားသောက်ရင်း ရွဲပြဲလာတာ .. ဘသားချောတွေက အေးဆေး။

မူးနေတဲ့ကျုပ်ကို တကောင်က ထမ်းပိုးပီးပြန်ပို့တာ နောက်တကောင်က အပေါ်ကနေ ဟယ်လီကော်ပတာစီးပီး လိုက်ကြည့်သလို

မြင်ရပါသတဲ့ဗျား … ကျွတ်ဆင်..

 

မောင်ဂီ့လည်း အရက်လောက်သောက်ရဲတာ ကွကိုယ် သွေးရဲလှပြီအောက်မေ့တာ ဘသားချောတွေ တွေ့မှပဲ ဇောချွေးပြန်ပါတော့တယ်။

နောက်နေ့များ အသံတွေဝင် အအေးတွေမိပြီး လန့်ဖျား ကြောက်ဖျား ဖျားလိုက်တာ အိမ်ထဲက အိမ်ပြင်တောင် မထွက်နိုင်ဘူး…။

တော်ရုံပုံမှန်ချိန် မိန်းမမြင်ရတဲ့ သူရို့အခေါ် အူးအောင်ဇေယျ ကျောင်း ကို အချိန်မတော် သွားခဲ့တာကလား (ကံကြီးပေလို့)

ဂလိုနဲ့ နောက်ပိုင်း ထူထူထောင်ထောင်ဖြစ်လာတဲ့ မောင်ဂီ့ ဟာ ထုံးစံအတိုင်း -င် ယားပါတော့တယ်။

ကျောင်းက ဟိုအဆိုတော် ပေါက်စလေး နှုတ်ခမ်း ဆူခြေဆောင့်လိုက်တာနဲ့ မောင်ဂီ့တယောက် စတူရီယိုကို

မှုန်နေအောင် ပြေးတော့တာပါပဲ…။တကယ်က သူ့ အခွေကြမ်းလေး ကို ဘေ့စ်လိုင်း ထပ်ခိုင်းတာရယ်ပါ…။ နူးညံ့တဲ့အမိန့်တော်

ဆိုတော့လည်းဗျာ …။ ကွိကွိ။ မောင်ဂီ့ တယောက် ဂျူတီပီးလို့ ယမကာလေး စမှီဝဲမယ် ကြံကာရှိသေး။

ညီလေး အခြေအနေ..။ အေးဆေးပဲလား ..။

လှည့်ကြည့်လိုက်တော့ ကျောင်းက ရီပီတာ ရပ္ပါ အစ်ကိုကြီး တယောက်..။

ဗျာ ..ဟုတ်ဟုတ်..။

တကယ်ဆို ကျုပ်ကိုယ်ကထူတာပါဗျာ.. စိမ်းရွှေရွှေ အနံ့ထွက်နေတဲ့ ဒင်းလက်ထဲက ကြယ်နီလား ဂျိုးသိမ်းလား

မြင်ကတည်းက ဒတ်သင့်တာ..။ မသိဘူးလေ.. ဟိုအရည်လေးကလည်း ဝင်ထား..အဲ့တုန်းက ကျုပ်သောက်တဲ့

ဆေးလိပ်ကလည်း ဒံပေါက် တပွဲလုံးစာလောက်ကို မွှေးတာ ဆိုတော့ ကိုယ့် အနံ့နဲ့တင်ကိုယ် ဒေါင်ချာဆိုင်းနေပြီ။

သူက မစ်ဆင် လာဆွဲတာပါတဲ့.. သိတဲ့အတိုင်း ဆောင်းအင်ဂျင်နယာလက် ဝ-ကွက်အပ်လို့ ကုလားကားကြည့်နေရင်းကနေ

ထထွက်လာတာပါတဲ့ … ကျုပ်လည်း ထွက်ပေါက်ရလို ရညား…။

အစ်ကို ..ညီ ..အာလူးကြော်လေးဘာလေး(အမြည်း) သွားဝယ်လိုက်ဦးမယ်..

အေး. ကောင်းသားပဲ ညီလေး .. အစ်ကို လိုက်ခဲ့မယ်လေ..။

တိန်.. လိုက်မဒဲ့ …။ မထူးပါဘူးလေ….။ ဟုတ်ဟုတ်..

ဂလိုနဲ့ လမ်းထိပ် ကွမ်းယာဆိုင် ခပ်ထွားထွားကြီး ကို ကျနော်တို့ ၂ကောင်သားရောက်လာပါတော့တယ်။

ယမကာနဲ့ မြည်းလို့ကောင်းမယ့် အာလူးကြော်လေးဘာလေး ၂ထုပ်လောက် ရွေးအပြီး ငွေရှင်းမယ်အလုပ်…

ညီလေး…အချဉ်ထုပ်လေးတွေ လှတယ်ကွ နော်..

တဲ့ ..။

ကျနော်လည်း မနေသာပဲ …

အစ်ကို စားချင်ယင်ယူလေ ညီ ထည့်ရှင်းလိုက်မယ်.. ဆိုတော့..။

အေးကွ ..တဲ့ ..

ဗြုတ်…

သံချိတ်ကနေ အချဉ်ထုပ် ဆွဲဖြုတ်တဲ့အသံ ။

ဗြုတ်..ဗြုတ်…

ဗြုတ်..ဗြုတ်…ဗြုတ်..ဗြုတ်…

 

ဟင်င်င်င်င်င်..

ဟုတ်တယ်.. ငွေရှင်းမလို့ ဆိုင်ရှင်ကို တွက်ခိုင်း မယ် ကြည့်တာ..ကိုယ့်ဆြာက

ဗြုတ်..ဗြုတ်…တာ မရပ်…။

ပါးစပ်က တဖွဖွ ..ညီလေး အချဉ်ထုပ်လေးတွေ လှထှာ ကွာ ..တဲ့ ..။

သေဇမ်း… အချဉ်ထုပ်တွေက တပွေ့တပိုက်နဲ့ ကျန်ကျောင်းအိပ်နဲ့ ထည့်ရပြီ.. ကျေးဇူးရှင်ကမရပ်သေး။

အချဉ်ထုပ် တထုပ် ၅ဝကျပ် ခေတ်မှာ ဟောဒီ့က အကုသိုလ် အတုံးအခဲ မိဂီ တယောက် ထောင်ချီရှင်းလိုက်ရပါတယ်ခီညား..

နောက်မှပြန်ပြောတယ် ဆောရီးညီလေး တဲ့ အစ်ကို သိတော့သိတယ် ဒါပေမယ့် ရပ်လို့ မရလို့ပါတဲ့ …

ကိန် ကိန်…။

အဲ့ဒိနေ့က မောင်ဂီ့တယောက် စတူရီယိုမှာ အချဉ်ထုပ်ချောင်းစီး ပေါင်းစီးအလှူတော်မင်္ဂလာကြီး ကျင်းပ လိုက်သပေါ့ဗျာ….။

ဇာတ်ပေါင်းတော့ ကုလားကားကြည့်နေတဲ့ ဆောင်းအင်ဂျင်နယာတွေရော ရှက်ကီထုနေတဲ့ အတီးသမားတွေပါ အားလုံး

ချေးပန်းကြပါသတဲ့ …။မပန်း ခံနိုင်ရိုးလား ရှမ်းမင်းသား တွေက အပွင့်ကလွဲပီး ဘာမှမသိ .. ယမကာလုလင်တွေကလည်း

ထွေထွေနဲ့ ကုန်းတွယ် …။ ကျုပ်မှာသာ ဟိုဆေးဘဲ မ-တာ တရားခံကြီးကိုဖြစ်လို့ …။ အသံလာထပ်ရင်း မိန်းကလေးပီပီ

အချဉ်ထုပ် ဝင်မြည်းတဲ့ ဟိုစကီလေး လည်း အဆစ် ထိသွားတယ်ထင့်..။ လမ်းမှာ ကျုပ်ကိုတွေ့တိုင်း မျက်နှာလွှဲသွားမြဲ ….။

ဂလိုနဲ့ အဲ့လိုတွေ အလုပ်ကောင်းတာ မောင်ဂီ့လည်း အရေးကြီးတဲ့ စာမေးပွဲတခုကျပြီး ဇင်ဝိုင်း က မိဘ ခေါ်ခိုင်းပါရော့လား။

ဇင်ဝိုင်းလောက်များဗျာ … မောင်ဂီ့မမှုပါဘူး.. ညင်းညင်း အသိအစ်မယောက် ဗစ်ဇင်းတင်းကတ် ကို အထုပ်လိုက်ခိုးပြီး

ဆော့နေဂျ ဂိမ်းဆိုင်က ဆော်ကြီး ကို မ- လာပါတော့တယ်..။ ဖေဖေမေမေ မအားလို့ အုပ်ထိမ်းသူ အစ်မ ကို ပင့်လာတယ်ပေါ့..။

ဘယ်ကန်ပနီက ဘာမန်နေဂျာမမ ပေါ့..။ ဟိုဆော်ကြီးကလည်း မင်မောင်းကောင်းလိုက်တာ လုံးဝ ဇာတ်တိုက်စရာမလိုဘဲ

ကွက်တိ အန်ကိုက် ဇလုပ်တိုက်။ ကွိကွိ.. အဲ့ထိ ချောချော မွေ့မွေ့ပါပဲ…။ ပြဿနာက အဲ့ညနေမှ စတာ.. ဖြစ်ပုံက ဂလို..။

အတန်းလစ်တာချင်း စောင်မွဲကျတာချင်း ဂိမ်းဆော့တာချင်း တူပေမယ့် တကယ် မိဘခေါ်လိုက်ရတဲ့ ဘော်ဒါဘော်ဂျွတ်အကောင်းစား

တကောင်က ညစ်ညစ်နဲ့ ဘီအီးဒီ ကဲန်တင်းမှာ မုတ်တွေကွဲပီး အအေးတွေတပုလင်းပီးတပုလင်း မှာသောက်နေပါတော့တယ်။

အဲ့ဒီ့ ကန်တင်းက ပုစွန်ကွက်ကြော် နာမည်ကြီးလေတော့ ရုံးဆင်းအိမ်ပြန် ပုစွန်ကွက်ကြော်ဝင်ဝယ်တဲ့ ဇင်ဝိုင်းက တွေ့ပြီး အစ်လိုက်တာ

ဘသားချောက စိတ်နာနာနဲ့ မောင်ဂီ့ အကြောင်း အကုန်ဖော်ပါတော့တယ်။ နောင်မှပြန်ပြောတာ … ငါကွဲနေလို့ပါကွာတဲ ့… နို့မို့မပြောပါဘူးတဲ့

သေဟဲ့ နိန္ဒိယ။

 

အဲ့ဒလို မူးယစ်ဆေးဝါးနဲ့ အကျိုးပေးကောင်းခဲ့တဲ့ ကောင်ပါဗျာ ….။

 

 

15 comments

  • KZ

    July 9, 2013 at 9:15 am

    နာ့ရဲ့ ပဋိပ်ကရားလေးးးး (စီဒီ တူ ကိုကမ်းး)၊
    သနားပါတယ်အေ။

    မိုးနတ်မင်းကြီးရယ်။
    တိုက်ကလေး က (ရွာက တိုက်နဲ့ မဆိုင်) ဒီ သေချင်းစိမ်းလောက် ဆိုးနိုင်ဦးမလားးးးး 🙄
    ရုပ်ချင်းတူတာပဲ ဟာ။
    နေရာလဲပေးတော်မူပါ မိုးနတ်မင်းကြီးးးးးးးးး :mrgreen:
    ငိငိငိ။ :mrgreen:

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 9, 2013 at 12:06 pm

      နေရာလာလဲလို့ကတော့ ဘယ်ကရလဲမေးရင် ဟိုအကောင်ဆီက ဝယ်တယ်ပြောမှာ ..သွပ်သွပ်..

      • KZ

        July 9, 2013 at 12:14 pm

        သုံးတဲ့ ပုံပေါက်လား ကြည့်ဦးးးးး
        ဗလ ကိုကြည့်ပါ။
        အကွာကြီးးးးးး :mrgreen:

        • Mr. MarGa

          July 9, 2013 at 3:42 pm

          ဟုတ်ပ
          နှစ်ယောက်လုံး နင်လား နင်လားပဲ :mrgreen:
          ဟီဟိ ပြေးပြီ

  • ဦးကျောက်ခဲ

    July 9, 2013 at 9:33 am

    အင်း… ပြောပြန်ရင်လည်း ဘိန်းစားလက်ကျန် ဦးကျောက်ခဲကြီးအကြောင်း ကုန်တော့မယ်…
    ကျောက်စ်တို့ ဒုတိယနှစ်ကွင်းဆင်းရတော့ ပျဉ်းမနားမှာ ကြေးနီရထားတွဲစောင့်ရင်း ဘော်ဒါတစ်ကောင်က ပိုက်ဆံစုကောက်ပြီး ဖန်လိုက်တာ ဆေး၆ ကြွတ်ကြွတ်အိပ်နဲ့တစ်လုံးရတယ်ဗျ။ ရထားကလည်း အိပဲ့အိပဲ့နဲ့မောင်းတာမို့ ဆွဲလိုက်ကြတာ တတွဲလုံးမွှန်ထူနေတာပဲ။ ဆရာတွေလဲ ကြားကအနံ့ရှူပြီးကွဲ၊ “ဟေ့ကောင်တွေ… ရထားတွဲကြီး အပေါ် ပျံသွားအုံးမယ်”တဲ့။ “သမြား” ဆိုတဲ့ ဘူတာလေးမှာ ထမင်းလာရောင်းတော့ စားလိုက်ကြတာဗျာ၊ တစ်ယောက်ကို ၄ထုပ် အနဲလေးပဲ… လွမ်းတယ်ဗျ… :mrgreen:

    • Yin Nyine Nway

      July 9, 2013 at 10:55 am

      ဟီး… တက္ကသိုလ် ပထမနှစ်တတ်တော့
      ကျောင်းက ဘော်ဘော်တွေယူလာတဲ့
      အပန်းရောင်ဆေးပြားလေးတွေကို
      ဇွန်းပေါ်တင်ပြီး ရှူခိုင်း
      ဘုမသိ ဘမသိ ဝင်ရှူ
      အခန်းက ကျဉ်းသွားလိုက် ကျယ်သွားလိုက်
      တယောက်က ငိုလိုက်…. ငိုတဲ့သူက မတိတ်တော့ဘူူး
      တယောက်က ရီ … ရီတဲ့လုူကမရပ်တော့ဘူး
      ပျော်တော့ ပျော်သား …..
      စာကျက်ရင် စာပဲ ကျက်ချင်နေတတ်တယ်တဲ့ ….
      နောက်တော့ အိမ်က အကိုတွေဆူလို့ သုံးတော့ဘူး..
      အဲတခါလေးက တသက်မမေ့စရာ

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 9, 2013 at 11:50 am

      နောက်တပိုင်းကျမှ ဆေးဘဲ လို့ နာမည်ကြီး တဲ့ AKI_Ferr@ri အကြောင်းလာမယ်… ကွိကွိ…

  • ဦးကြောင်ကြီး

    July 9, 2013 at 10:44 am

    သာဂျီးဦးခိုင်မ်ကတော့ ဆေးခြောက် တရားဝင် ရှုခွင့် အားပေးတယ်ဆိုလား ဟိုတလောက သူမန့်တာ ဖတ်ရတယ်… သူ့အိမ်မှာတောင် ပန်းအိုးနဲ့ စိုက်ထားဆိုလား…. သူ့မျက်လုံးတွေ ကြည့်လိုက်ရင် ရီဝေဝေနဲ့…. တခုခုကို တွေးနေသလိုမျိုး…. ဒဿနိက ဗေဒပြင်ညာရှင်ဂျီးထင်ရဲ့… 😆

    • Yin Nyine Nway

      July 9, 2013 at 11:01 am

      အနော့်အိမ်မှာတောင် စိုက်ထားတေးတယ်
      ကြိုက်တာထက် လှလို့ …
      ဦင်္းကြောင် လာရင် ပေးရှူမယ် … အနံ့ ပြောပါတယ်

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 9, 2013 at 12:11 pm

      ၁ကျပ်သားနဲ့ လက်ထိပ်ဝတ်ရတဲ့ကောင် အကြောင်း တွေးမိတော့ တလောလေးက သူ့ကို လော်ဘီလုပ်တဲ့ စာရေးဆြာ အကြောင်း
      ခေါင်းထဲရောက်လာတယ်.. သွပ်သွပ်… ဘိုးတော် ဘယ်နားသွားအိပ်နေပါလိမ့်…။

    • kai

      July 9, 2013 at 1:49 pm

      ယူအက်စ်ကတော့.. သိပ်မကြာတော့ပါဘူး..
      ဆေးခြောက်တရားဝင်ဖြစ်တော့မှာ..

      18 Legal Medical Marijuana States and DC – Medical Marijuana …
      medicalmarijuana.procon.org/view.resource.php?resourceID=000881‎
      Jul 1, 2013 – Medical marijuana laws by state. Includes fees, possession limits, and other program guidelines.

      ဆိုတော့…
      မြန်မာပြည်က.. ယူအက်စ်(ဖယ်ဒရယ်)တရားဝင်မလုပ်ခင်.. မြန်မြန်ဥပဒေလုပ်သင့်ပြီထင်တာပဲ..
      ဒါမှ.. တိုးရစ်ဇင်ဝင်ငွေတက်လာမှာ…။ :mrgreen:

  • Foreign Resident

    July 9, 2013 at 2:25 pm

    ဟီ ဟိ ၊ အခုတော့ အဘ သိဘီ ။
    မောင်ဂီ့ ကို ဝိုင်း နှိပ်စက်ကြတဲ့ ရေကြောင်းသိပ္ပံ က သူငယ်ချင်း ဆိုတာ ။
    အဘ ရဲ့ အရင် သင်္ဘောက ( ရုပ်ချော / Elite ) Cadet လေး မဟုတ်လား ။

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 9, 2013 at 2:46 pm

      အဲ့ကျောင်းကို ရောက်သွားတာ ဘောလုံးတသင်းစာလောက် အဘရဲ့ ….
      တကယ့်ကောင်တွေကိုမှ စုထားပေးသလိုဖြစ်နေလေတော့ … ဟီဟိ..
      သူများပေါင်တွေတော့ လိုက်မထောင်းတော့ပါဘူး….သင်္ဘောတက်ခါနီးရင် လျက်ဆားပြေးပြေးလျက်တဲ့ကောင်တွေရယ်လေ..

  • အလင်း ဆက်

    July 9, 2013 at 3:53 pm

    အဟီးးးး
    ဂီ ့ ဘွ ဂီ ့ အကြောင်းးးး ထဲက..ခွိခွိ ခွိ ခွိ နဲ ့ရီစရာလေးတွေ….ပါလား..
    😆

  • Wow

    July 10, 2013 at 2:26 pm

    အမှတ်တရရင်ထဲရှိတဲ့… အညာက တမာတန်းလေးကို… ပြန်အောင်းမေ့နေသီ… ဆီးဆာနေညိုချိန်မှာ.. ငွေသောင်ယံကမ်းရဲ့ထက်မှာ မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ….

    ဘာမှမဟုတ်ဘူး.. ပြင်းလို့ သချင်းဝင်ဆိုတာ…
    :mrgreen:

Leave a Reply