စင်္ကာပူက ရင်နာသူ

etoneJuly 30, 20101min912

ကွင်းစ်တောင်းက မင်းအကြောင်းကို စဉ်းစားမိတော့… အိစ်ကုတ်မှာ ငပိဖုတ်နဲ့တူတဲ့ မင်းမျက်နှာကို စနမ်းတာကို သတိရမိတယ် ။

မရီနာဘေးမှာ မဒီကညာလေးနဲ့ အထင်လွဲတော့ ဒီတခါဝေးပြီလို့ မင်းပြောခဲ့တာလေ ။
ဂျူယောင်းမှာ မင်း.. ပူဖောင်း လိုချင်တယ်ဆိုလို့ ကို စုဆောင်းထားတဲ့ ငွေလေးနဲ့ ဝယ်ပေးခဲ့တယ်လေ..။ ပြီးတော့ အတန်းသွားမတက်ဘဲ.. စမ်းမားဆက်မှာ မရမ်းပြားအစပ် ဝယ်စားမိလို့ လဗမ်းဒါးမှာ

ဝမ်းသွားတာတွေရော မေ့ပြီလား ။ အောချက်ရောက်တော့ ငါ့ကို အပြောမညက်လို့ဆိုပြီး မင်း ဘောတစ်ချက်ကန်လိုက်တာ အခုထိ အကြောညက်နေတုန်းပဲကွယ် ။

တခါ..ဒိုဗာမှာ ချိန်းထားတုန်းက အကိုမလာလို့ဆိုပြီး ငိုရှာတော့ ဟာသအတိုအထွာနဲု့ ဂျိူကာလို လုပ်ပြီး ချော့ခဲ့တာ မှတ်မိသေးရဲ့လား ။ အဲဒီတုန်းက ငိုလိုက်တာများ..ကလက်ကီးဘက်ကျေ

တာ့ နှပ်ချီးထွက်ကျလို့ဆိုပြီး မင်း အရှက်ကြီးရှက်ရတယ်လေ..၊ ကိုယ်အလိုက်မသိဘဲရယ်မိလို့ လက်သီးတစ်ချက်သမ ခံလိုက်ရသေးတယ်..ဟီးဟီး ။ ဘွန်လေးမှာ သူငယ်ချင်းတွေ ချွန်ပေးတာနဲ့ပဲ မင်းနဲ့ပြတ်မလိုဖြစ်သွားသေးတယ် ။ လိပ်စိုက်ရောက်တော့ ကိုယ့်ပုခုံးပေါ် မင်း အိပ်ငိုက်နေတုန်း မင်းအကိုနဲ့ ထိပ်တိုက်တွေ့တာ ကိုယ်ဘာလုပ်ရမှန်းမသိ စိတ်အိုက်ခဲ့ရသေးတယ် ။ တိုဖားရိုးမှာ မင်းကို ဟိုကြားတိုးမိလို့ အကိုတအားဆိုးတယ်ဆိုပြီး စိတ်တိုတိုနဲ့ မူနေတာများ…။ ဘူးဂစ်မှာ နှစ်ဦးမေတ္တာ ပြတ်သုဉ်းလို့ ရင်ထဲ ဆူးနစ်ကာ အသက်ဆုံးတော့မလို နာကျင်ခဲ့ရပါတယ်။ ရက်ဟေးမှာ လက်ကလေးကိုင်မိလို့ ရှက်ရှက်နဲ့ ထွက်ပြေးတာတွေ ၊ စီးတီးဟောမှာ တဟီးဟီးပြောခဲ့တာတွေ ၊ ဂေလမ်းမှာ အသေနမ်းခဲ့တာတွေ ပြန်စဉ်းစားရင်း အယ်ဂျူးနစ်အရောက် တကယ်အရူးဖြစ်လောက်အောင် ခံစားခဲ့ရပါပြီ ..။

တချိန်က အတိတ်ပုံတွေကိုသတိရရင်း..လောကကြီးကို စိတ်ကုန်လို့ ဘုန်းကြီးဝတ်ဖို့အကြံအစည်နဲ့ ချန်ဂီကနေ မြန်ပြည်ကို..ပြန်ပြီ အချစ်ရယ်..
(ငါမှတ်မိတဲ့ အမ်အာတီလည်း ဒီလောက်ပဲရှိတယ်)

2 comments

  • kopauk mandalay

    July 30, 2010 at 12:09 pm

    သနားစရာလေးနော်
    ဘယ်ကျောင်းမှာ ဘုန်းကြီးဝတ်မှာလဲ၊
    မြင်ဘူးချင်လို့ပါနော်။

  • fatty

    July 30, 2010 at 2:40 pm

    ပိုပြီးအမှတ်တရဖြစ်သွားအောင်….ပုဇွန်တောင်မှာ..စကာင်္ပူ ကျောင်းတိုက် ရှိပါတယ်။

Leave a Reply