တိုက်ပွဲဆိုသောတိုက်ပွဲ(မရဏာလမ်း)

တိုက်ပွဲတပွဲတပွဲကား

ပြီးဆုံးသွားခဲ့လေသည်။တိုက်ပွဲတပွဲနှင့်တပွဲအ

ကြားပါဝင်သူများ၏ကိုယ်ရေးအချက်များရှာဖွေ

တင်ပြရန် အားထုတ်နေမိသည်။ဘိုနီအကြောင်း

တင်ပြရန်စီစဉ်ထားသော်လည်း လောက၌ထင်

မှတ်မထားနိုင်သောအကြောင်းတရားများကြောင့်

ဘိုနီအကြောင်းမေ့ထားကြပါစို့။

ဖြစ်ရပ်ကထူးဆန်းလှသည်။ကြောင်

ဟူသောသတ္တဝါတို့ တစ်သိန်းတွင်တကြိမ်ဖြစ်

တောင့်ဖြစ်ခဲ ကိစ္စဖြစ်ခြင်းကြောင့် သူ့အကြောင်း

ရေးရန်ဦးစားပေးကိစ္စဖြစ်လေသည်။

ဘိုနီ ဆာမူရိုင်းရှည့်တို့ နှင့်တိုက်ပွဲ

ဝင်ခဲ့သော ကိုရွှေကြောင် ။ ၎င်းသည် အမိ

ဒေါ်ကြောင်ဝါ အဖ ကြောင်မျိုးစုံ တို့မှ မွေးဖွား

လာသောဒုတိယ ထွက် ကြောင်ဖြစ်သည်။

၎င်းမှာငယ်စဉ်ကပင်သွက်လက်ချက်ချာသည်။

ဉာဏ်ရည်ထက်မြက်သည်။အရာရာစူးစမ်းလိုသော

အကျင့်ရှိသည်။အသံချိုသည်။ နုတ်လျှာ အာရွှင်

သည်။(ထို့ကြောင့် မ တို့ဝိုင်းဝိုင်းလည်သည်။)

ကြောင်တို့တပ်အပ်သောအတပ်ပညာများ အရွယ်

မတိုင်ခင်ကနောကျေသည်။ဤကဲ့သို့အရွယ်ရောက်

လာသောအချိန်တွင် ၎င်း၏သခင်မလေး/သခင်လေး

တို့ကျေးဇူးဖြင့်ကွန်ဖူးပညာတမျိုးတတ်လာရသည်။

အကြောင်းမှာ သခင်များက DVD ဇာတ်လမ်းတွဲ

များကြည့်ရာတွင် “သို်င်းလက်ဝါး” “နဂါးနိုင်ဓါး”

“သွေးလက်ဝါး” “မိစ္စာ သိုင်းမောင်နှံ” ဤကဲ့

သို့ဇာတ်ကားများကို အတွဲ ၈ဝ ၉ဝ မထစတမ်း

နေစဉ်ကြည့်ရှု့နေရာ ကိုရွှေကြောင်လဲ ကြည့်ရင်း

နှင့် ဝါသနာပါလာပြီး လေ့ကျင့်နေသည်။ကြည့်လိုက်

လေ့ကျင့်လိုက်နှင့် မကြာမှီ ထိပ်တန်းကွန်ဖူး

ပညာရှင်အဖြစ်သို့ရောက်မှန်းမသိရောက်လာသည်ထိ

သိုင်းပညာတိုးတတ်လာလေသည်။

၎င်း၏အစွမ်းအစများကို မိတ်လိုက်ရန်ဘက်များ

နှင့်တွေ့တိုင်း အနိုင်ရလေ့ရှိခြင်းကသက်သေပြ

လျက်ရှိသည်။ ၎င်း၏အသံ တချက်ကြားလိုက်

ပါက မိမိနှင့်မည်မျှပြေလည်နေပစေ အဆင်ပြေနေ

သည်ဖြစ်စေ မိတ်လိုက်ဖက်ကြောင်များသည်

မိမိတို့ကြောင်မလေးများအား ကိုရွှေကြောင်လက်

သို့ ဝကွက်အပ်လိုက်ရသည်သာများလေသည်။

http://https://fbcdn-photos-e-a.akamaihd.net/hphotos-ak-ash3/c0.0.180.180/s130x130/580480_266689303471583_761490903_a.jpg

ဤသို့ပညာဂုဏ် အစွမ်းအစဂုဏ်များနှင့်ကိုရွှေကြောင်

တနေ့ ကိုဘိုနီ ကိုရှည့်တို့နှင့်သူတပြန် ကိုယ်တပြန်

တိုက်ပွဲဆင်နွဲရသောအခါ ။

မကြုံစဖူး ကြောင်တစ်သိန်းတွင်တစ်ကြိမ်ဖြစ်တောင့်

ဖြစ်ခဲအဖြစ် သို့ဆိုက်ရောက်ရ ရှာလေသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ မချင့်မရဲ မကျေမချမ်းဖြင့်

မကြာခဏ လာရောက်ရင်း ရရှိသောဒဏ်ရာတို့မှာ

သက်သာပျောက်ကင်းခြင်းမရှိ အနာပိုးဝင်၍ ဝတ်ရုံနက်

ပုဂိုလ်နှစ်ဦးခေါ်ဆောင်ရာ မရဏာလမ်းသို့ မြန်ရရှာလေသည်။

ဤသည်မှာ ကိုရွှေကြောင် ၏အမျိုးအနွယ်အတွက်အစား

ထိုး၍မရနိုင်သောဆုံးရှုံး မူ့ပင်ဖြစ်လေသည်။

ကိုရွှေကြောင်၏ရုပ်ကလပ်ကို စတွေ့သူမှာ သခင်လေး

တဦးဖြစ်သည်။ထိုမှတဆင့် အထက်သို့ အမြန်ဆုံး

သတင်းပေါက်ရောက်သွားရာ အုန်းအုန်းကျက်ကျက်နဲ့

ဆူညံပွတ်လောနေသည်ကိုအကျဉ်းရုံးပါမည်။ (စာရှု့သူများ

မိမိကိုယ်တိုင်ခံစားကြည့်ပါကုန်။)

သို့နှင့်၎င်းတို့၏ ချစ်လှစွာသော ကိုရွှေကြောင် အား

၎င်းသေဆုံးရာအနီး၌ပင် မြေမြုပ်သဂြိုလ် ရန်ဆုံးဖြတ်လျက်

မြေကျင်းတူးလေသည်။ အနီးတွင်ဘယ်အချိန်ကရောက်နေ

သည် သတိမထားမိခင် ကိုရွှေကြောင်၏ အကိုအရင်း

ဖြစ်သူ ကြောင်ဝါ ကြီးမှာ မိမိညီဖြစ်သူကိုတလှည့် ဘေးဘီ

ကိုတလှဲ့ လှည့်ပတ်ကြည့်ရှု့ရင် တညောင်ညောင်အော်နေလေ

သည်။

ဤအဖြစ်အပျက်ကို ရုံးမှအပြန် အိမ်သို့ရောက်စ ကျနော်

တယောက်မြင်နေရ၍ အဝတ်မလဲနိုင် ရေမချိုးအားသေးပဲ

စိတ်ဝင်တစားကြည့်နေမိလေသည်။

ဒေါ်ရွှေသန်းမြင့်လဲ စိတ်မကောင်းခြင်းများစွာနှင့်

“ငါ့သားလေးသနားပါတယ်အေး စိတ်မကောင်းလွန်းလို့

ထမင်းတောင်မချက်အားတော့ဘူး မထူပါဘူး ငါတို့

ထမင်းတနပ်လျော့စားမယ်ဒီနေ့”

ဟိုက်ရှာပါး ဒီဘွားတော် ဟိုလူကြီးစကားတောင်

ကြုံတုန်းဝင်စားသွားပါရောလား။

အစားမက်သော သူ့သမီးကလဲပြန်တွယ်သည်။

“ဟုတ်တယ်အမေ ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့

ဒီည သမီးတို့တအိမ်လုံး မီးမထွန်းပဲအမှောင်ချထားမယ်”

ဒီကလေးမ ဖေ့ဘုတ်သုံးပြီး ဟိုတလောကလို ပုံမဲ တင်တာ

ကိုလိုက်တုနေပြန်ပါပြီရော။ဒေါ်ရွှေသန်းမြင့် မီးပိတ်ထားပါက

သူ့ရဲ့ သိုင်းကား မကြည့်ရမှာစိုး၍ ပြန်ပြောမည်ဟုပါစပ်ပြင်လိုက်

ရာသူမပြောမှီ အငယ်ကောင်က “လုပ်မနေကြနဲ့ ဒီလောက်

လုပ်ချင်နေရင် ဒီလိုလုပ် ဟိုနေ့လို ဥဩစွဲ ဥဩမရှိတော့

ဆိုင်ကယ်ဟွန်းတီးမယ်”

အမေရောအမပါ တွန့်သွားသည်။”ဟဲ့ကောင်တူးမှာသာမြန်မြန်

တူးဟွန်းတွေဘာတွေလုပ်မနေနဲ့”

ပြောလို့မှမဆုံးသေး

“တီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

“တီးးးးတီးးးးးးးးးးးးးးတီးးးးးးးးးးးး”

ဘယ်ကောင်လက်ကမြင်နေပါ့လိမ့်တွေးတုန်း

“ဟေ့ခြံတံခါးလာဖွင့်စမ်း” လျာလေးအာလေးအသံ

ကြားရတော့မှ ဒေါ်ရွှေသန်းမြင့် ရဲ့ ယောက်ကျား

ပြန်လာတာကိုးသိလိုက်ရလေသည်။

ကျင်းတူးပြီးပြီမို့ ကိုရွှေကြောင်ကို ကျင်းထဲထည့် မြေမြုပ်

လိုက်လေသည်။

ဤတွင်ကိုရွှေကြောင်၏အကိုမှာ မရဏာလမ်း သို့

ထွက်ခွါသွားသောညီဖြစ်သူကိုမချိ တင်ကဲနောက်ဆုံး

ကြည့်ရင်း အသံနက်ကြီးဖြင့် ကြုံးဝါလိုက်လေသည်။

“ညောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးရောင်းးးးးးးးးး”

ဤအသံကြောင့် သစ်ပင်ပေါ်မှ ရှည့်တသိုက် အသံနှင့်

ဝေးရာသို့ ကြောက်လန့်တကြားထွက်ပြေးကြသလို

အနားရှိဘိုနီမှာလဲ ပါလက်စ အီးအီး ကိုဆက်ပါရမလို

ဒီအတိုင်းပဲ ပြီးလိုက်ရမလို ကြောင်တောင်တောင်ဖြစ်

ရလေတော့သတည်းးးးးးးး :mrgreen:

ဘိုနီးနဲ့ ရွှေဝါ တိုက်ပွဲ ကြမ်းတော့မည်လော?

ကျနုပ် ရင်မောလှပေသည်။ 🙄

5 comments

  • ဦးကြောင်ကြီး

    July 9, 2013 at 10:33 am

    ကြောင်သေ
    တောင်ရှည်
    ချောင်နေ
    အောင်မြေ
    ယောင်ပေ
    သောင်ခွေ
    ဖောင်စေ
    မောင်ရေ…

  • ဦးကျောက်ခဲ

    July 9, 2013 at 11:25 am

    ကိုရွှေကြောင်တော့ ပိုးဝင်ပြီး ဂန့်ရှာပြီ…
    ခေတ်မှီအောင် ကိုဘိုနီနဲ့ ကိုရှည့်ကို ဆန်ဒါပြကြ…
    သာမီးလေးတို့ ပါတီပေးကြတော့… :mrgreen:

  • မင်းမင်း

    July 9, 2013 at 11:29 am

    မောင်ရေ

    စောင်ခွေ

    နောင်တွေ

    လောင်စေ

    ပြောင်ပေ

    ဟီးဟုတ်လာမတိ :mrgreen:

  • အလင်း ဆက်

    July 9, 2013 at 3:47 pm

    အဟိ ။
    ဇာတ်လမ်းလေး က…တညိုး လေးနော့် ။
    ဘယ်လိ ုတညို းလဲ..ဆိုတော့.. ဟိုလို တညိုး..လေး…..

    ခိခိ

Leave a Reply