မန်းဂဇက် ရွာသူရွာသားများ က    လူငယ်တွေကို ပြောချင်တဲ့ စကားများ

——————————————————————————

ချစ်သော ဂဇက်

ချစ်သော ဂဇက်

အသက် ၂၅ နှစ်စွန်းစွန်း လူငယ်တစ်ယောက်ဖြစ်တဲ့ အလင်းဆက် ။

ဘဝ ဆိုတဲ့ ကျောင်းတော်ကြီးဆီက သင်ယူစရာတွေ အများကြီး ကျန်သေးတယ်။

လေ့လာ စရာတွေ မှတ်သားစရာတွေ အများကြီးမှ အများကြီး ကျန်နေသေးတာပါလားးး။

ဖတ်စရာ စာအုပ်တွေ အများကြီး . ….

လုပ်စရာ အလုပ်တွေ အများကြီး . . ကျန်နေသေးပါလားးး ။

အမှန်အတိုင်းပြောရရင်တော့ …………..ခက်ခဲကြမ်းတမ်းသော / ဆင်းရဲဒုက္ခ ရောက်ခြင်းနဲ့သာ အမြဲလိုလို ရင်ဆိုင်နေရသော ဒီဘဝ ကို အလင်းဆက် ကြောက်ရွံ ့တွန့်ဆုတ်ခဲ့ဖူးတယ်။

အလင်းဆက် ရှင်သန် နေထိုင်ခွင့် ရ ထားတဲ့ ဘဝ အနေအထားက မလှပ ပါဘုူး ။

အခက်အခဲတွေ….. အတိုက်အခိုက်တွေ…… ပူပင်သောက တွေ…… နဲ ့ပြဿနာ ကြီးကြီးမားမားတွေ ….ဆက်တိုက်လိုလို ကြုံတွေ ့နေရတဲ့ အလင်းဆက်ရဲ့ဘဝ ဟာ

နေပျော်စရာ တစ်စက်ကလေးမှ မရှိတော့သလို …..ဘဝကို ရှေ ့မဆက်ရဲ တော့လောက်အောင်ပဲ ရပ်တန့် ့ပစ်လိုက်ချင် ခဲ့ဖူးတယ် ။

အဆိုးနဲ့ အကောင်းက ဒွန်တွဲလာတတ်သေးတဲ့ မဖြစ်စလောက် မျက်နှာသာပေး ကံကြမ္မာကြောင့်သာ . . . ဘဝ ဆိုတာ တိုက်ပွဲတစ်ခု ပါပဲလေ ဆိုတဲ့ ခံယူချက်ကလေးနဲ့……

အားတင်း ရပ်တည်ခဲ့ရတာပါ။

အလင်းဆက် အခါခါ ကျရှုံးဖူးပါတယ်။

အလင်းဆက်ရဲ့ဘဝ မှာ ကြုံခဲ့ ရ /ကြူံနေရတဲ့ နာကျင်မှုတွေ ဆုံးရှုံးမှုတွေ……. အခက်အခဲနဲ့ အတိ်ုက်အခိုက်တွေ……. ပူပင်သောကတွေဆိုတာက …

တခြားသူတွေ အတွက်တော့ ဘာမှ မပြောပလောက်တဲ့ ရယ်စရာလေးတွေ ဖြစ်ကောင်းဖြစ်မယ် ။

ဒါပေမယ့် အလင်းဆက်  ဆိုတဲ့ မရင့်ကျက်သေးတဲ့ ခပ်ညံ့ညံ့ လူငယ်တစ်ယောက်အတွက်တော့….. ဒါတွေ ကြုံနေရတာဟာ ကြီးမားလှတဲ့ ပြဿနာကြီးတွေပါ ။

ထွက်ပေါက် ပိတ်သွားနေကျ အလင်းဆက်ရဲ့ ဘဝ အတွက် အားပေးစကားတွေ / အကြံပေးစကားတွေ / ခွန်အားသတ္တိပေးတဲ့စကားတွေက  တကယ် လိုအပ်ပါတယ် ။

မရှိမဖြစ်ပေါ့ ။

အဲဒီလိုပါပဲ . . . အလင်းဆက်လိုမျိုး ခပ်စုတ်စုတ်ခပ်ညံ့ညံ့ ဘဝ အနေအထားကို ပိုင်နေရတဲ့ တချို့သော လူငယ်ကလေးတွေအတွက်လည်းးး

အားအင်သတိ္တ ခွန်အားပေးသော အကြံပေးစကားလေးတွေက လိုအပ်မှာပါပဲ ။

အဲဒါကြောင့် အလင်းဆက်က အတွေ့အကြုံနဲ့ အတွေးအခေါ်ကောင်းသော မိတ်ဆွေတွေဆီက စကားလက်ဆောင်တွေ လိုက်တောင်းခဲ့ပါတယ် ။

——————————————————————————————————-

ဒီ ဂဇက် ရွာ က မိတ်ဆွေတွေ ဆိုတာက အလင်းဆက် လေးစားရတဲ့ …..

အလင်းဆက် အားကျရတဲ့ အတွေးအခေါ် ပိုင်ရှင်တွေပါ ။

တော်သော ထက်မြက်သော အတွေ့အကြုံပိုင်ရှင်တွေပါ ။

( ဂဇက်က မြို့ ဖြစ်သွားပြီ ဆ်ိုရင်တောင် ကျွန်တော်ကတော့ ရွာသူားဆိုတဲ့ အသုံးအနှုန်းလေးပဲ သုံးချင်တာ ။

အဲဒီ ဂဇက်ရွာသူ ရွာသားဆိုတာလေးက ပို ရိုးရှင်းပြီး ပို ချစ်စရာ ကောင်းသလားလို ့)

ဂဇက် ရွာသူားတွေ ဟာ……………

အတွေးအခေါ် သာ သော

အတွေ ့အကြုံသာသော

အစွမ်းအစ ရှိသော မိတ်ဆွေများမို…… ဂဇက်မိတ်ဆွေ တချို့ဆီက စကားလက်ဆောင်တွေ လ်ုက်တောင်းပြီး စုစည်း ဖတ်ရှုခဲ့တယ် ။

အဲဒီ စကားတွေကြောင့် ကျနေတဲ့ အလင်းဆက်ရဲ့ စိတ်ဓါတ်တွေ အားပြန် တက် ခဲ့တယ် ။

အလင်းဆက် ကို အားတက်စေသော ……

သတိ္တိခွန်အားတွေ ပြန်ပေးခဲ့သော ………..

လမ်းပြစေခဲ့သော……….  စကားလက်ဆောင်များကို စုုစည်းပြီး ပြလိုက်ချင်ပါတယ်။

အလင်းဆက်လို လူငယ်တွေ အတွက် တစ်နည်းနည်းနဲ့ အသုံးဝင် အကျိုး ရှိစေမယ်လို့ ့ယုံကြည်မိပါတယ်။

ပြီးတော့ လူငယ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်ကောင်းတွေ ကို တစ်စုတစ်စည်းထဲ စုစည်း ပြသလိုက်ခြင်းအားဖြင့် …

အတွေးအခေါ်ကောင်းများးးးးး စွာ ပါဝင်ရေးသားထားတဲ့ ဒဿန စာအုပ်တစ်အုပ် လို ဖြစ်သွားမှာပါ ။
==========================================================

ကနားစီး =  ဦးဂီ    = လူငယ်တွေကို ပြောချင်တဲ့စကား
စာဖတ်ပါ
———————————————————————————————————
ဦးမာဃ  =  လူငယ်တွေကို ပြောချင်တဲ့စကား
တစ်  ။  အမြင် ကျယ်ပါ
နှစ်    ။  အသိ ရှိပါ
သုံး   ။ သူများယောင်တိုင်း မလိုက်မိပါစေနဲ့
လေး ။ ဖြစ်ချင်တာ၊ ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာ ကို ချင့်ချိန်ပြီးတော့ ဆုံးဖြတ်လုပ်ကိုင်ပါ
————————————————————————
အန်တီပဒုမ္မာ = လူငယ်တွေကိ်ု ပြောချင်တဲ့စကား
အဟံပထမံ လုပ်ရဲကြပါ ။
————————————————————————
အန်တီ လုံမလေးမွန်မွန် = လူငယ်တွေကိုပြောချင်တဲ့စကား
လူငယ်တွေအားလုံး ဘာသာရေး နဲ့ နိုင်ငံရေး ကို စိတ်ဝင်စားပေးကြပါ ။
————————————————————————-

အဘ နေဝန်းနီ = လူငယ်တွေက်ို ပြောချင်တဲ့စကား

အင်တာနက်ဆိုတာက ဂျီတော့နဲ့ ဖေ့စ်ဘွတ်နှစ်မျိုးထဲရှိတာမဟုတ်ပါဘူး။

ပညာရပ် အစုံကို တစ်ကယ်တတ်ချင်ရင် လူပုဂ္ဂိုလ်တစုံတရာမပါပဲ သင်လို့ရတဲ့ နေရာတွေ အင်တာနက်ပေါ်မှာ အများကြီးရှိပါတယ် ။
ရှာဖွေပြီးလေ့လာသင်ယူကြပါဦး  ။
————————————————————————–

အန်တီသဲနုအေး  = လူငယ်တွေကို ပြောချင်တဲ့စကား

ဗဟုသုတရှာမှီးစေချင်ပါတယ်။

အထူးသဖြင့် စည်းကမ်း နဲ့လိုက်နာသင့်တဲ့ လောကနီတိတွေ ကိုလေ့လာစေချင်ပါတယ်။
အမှီခိုကင်းတဲ့အောင်မြင်မှု့၊ ပိုင်ဆိုင်မှု့တွေကို ဂုဏ်ယူတတ်စေ ချင်ပါတယ်။

—————————————————————————–

အန်တီ ရွှေကြည်  = လူငယ်တွေက်ို ပြောချင်တဲ့ စကား

 

လူကြီးဆိုတာ တခါက လူငယ်ပါလို့။  နောက် အခု မမရွှေကလည်း လူကြီးစစ်စစ်မဟုတ်သေး။

လူလတ်လို့ပြောရမလားပဲ ဒီတော့ကာ လူငယ်တွေကို ဟိုလိုမနေ နဲ့ ဒီလိုနေလို့ပြောရင် နားလည်မှုမရှိတဲ့ ဇီဇာကြောင်တဲ့သူလို့မြင်ကြလိမ့်မယ် ။

အဲဒီတော့ လူငယ်များ ကိုယ်လုပ်ချင်တာသာလုပ်ကြပါ ။
အဲဒိကရမယ့်အကျိုးဆက်ကိုလည်းကျေကျေနပ်နပ်ခံယူပါလို့။
——————————————————————————–
ကိုရင်စည်သူ = လူငယ်တွေကိ်ု ပြောချင်တဲ့ စကား

ရာသီစာတွေ တစ်လီလီပြောင်းလို့ ကျွန်တော်တောင် ရင်ခုန်ခဲ့ရတဲ့ လူငယ်ဘဝလေးကို ကုန်ဆုံးခဲ့ရပြီ။

တက်တက်ကြွကြွ အရာရာကို စမ်းချင်နေတဲ့ လူငယ်ဘဝ

မူးယစ်ဆေးဝါး အပျော်အပါးတွေနဲ့တော့ လမ်မှားတော့ မလိုက်မိစေချင်ပါ။

တဖက်က အရာရာကို ခေတ်အမြင်ဖွင့် စူးစမ်းသင့်သလို

တဖက်ကလည်း ဆင်ခြင်တုံတရားနဲ့ လောကဓံကိုရင်ဆိုင်ကြမယ်။

ဝီရိယဆိုတဲ့ လောင်းလှေခိုင်ခိုင်ရှိရင်  လှိုင်းကြီးလည်း လှေအောက်ရောက်ရတာပဲ…

လက်တွေ့ကျတဲ့ အိပ်မက်တွေကို ကြိုးစားအကောင်အထည်ဖော်ရင်း

အနုပညာနဲ့ ဘဝအတွက် ရဲရင့်ကြစေလို။

အချစ်အတွက် သိက္ခာရှိစေချင်သလို၊

အရှူံးအတွက် ပျော်ပျော်ကြီး သင်ယူ ရင်ဆိုင်ကြမယ်။

လှိုင်းလေတွေကြား ရုန်းကန်နေရတဲ့ ပင်လယ်ပျော်တစ်ယောက်ဘဝမို့

လူငယ်တွေကို ဒီလိုပဲ ရိုးရိုးပြောမယ်…

“ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်တော့ လုပ်ကြဗျာ…”

————————————————————————————————-

ဦးဦးပါလေရာ = လူငယ်တွေကို ပြောချင်တဲ့စကား

 

လူငယ်ဘဝမှာ စိန်ခေါ်မှုှုတွေကို တစတစနဲ့ ပိုပိုုပြီး ရင်ဆိုင်လာရလေ့ရှိတယ်။

အဲသည်အခါ တစ်ခါတစ်ရံ အမှားတွေ လုပ်မိရင် စိတ်ပျက်သွားတတ်ကြတယ်။

စိတ်မပျက်ပါနဲ့။

အဲသည်အမှားတွေကို အရင်းလုပ်ပြီး အောင်မြင်မှု ကို ရအောင်ယူပါ။

———————————————————————————————-

အန်တီနေခြည် =  လူငယ်တွေကို ပြောချင်တဲ့ စကား

 

လူငယ်ဆိုတာကို အကြမ်းဖျဉ်းတော့ အသက် ၁၈နှစ်ကနေ ၃၅နှစ်အထိ သတ်မှတ်ကြည့်လိုက်တယ်..။

လူငယ်ဆိုတာ အနာဂတ်အတွက် မျှော်လင့်ချက်တွေပဲ..။

ဒါကြောင့် လူငယ်တွေဟာ အနာဂတ်အတွက် မိမိကိုယ်ကို ပျိုးထောင်ဖို့ သညာတင်မကပဲ ဘဝထဲကနေ ပညာတွေ သင်ယူရမယ်၊ ဆည်းပူးရမယ်၊

အတွေ့အကြုံရှိတဲ့ လူကြီးတွေဆီက အကြံဉာဏ်နဲ့ ဗဟုသုတတွေ သိုမှီးတတ်ရမယ်…။

ဒါပေမဲ့ ဆုံးဖြတ်ချက်တိုင်း လုပ်ဆောင်ချက်တိုင်းမှာ သူတစ်ပါးရဲ့အရိပ်လွှမ်းမိုးခြင်း မခံရပဲ ကိုယ်ပိုင်ခံယူချက်နဲ့ ကိုယ်ပိုင်ယုံကြည်ချက်ပေါ်မှာအခြေခံပြီး ဆုံးဖြတ်ရဲတဲ့သတ္တိရှိရမယ်…။

မိမိဆုံးဖြတ်ချက်ရဲ့ ကောင်းကျိုးဆိုးကျိုးကို လက်ခံရဲတဲ့ ရိုးသားမှုရှိရမယ်…။

မရင့်ကျက် မပြည့်ဝသေးတဲ့အရွယ်မလို့ တချို့သော ဆုံးရှုံးနစ်နာမှုတွေအတွက် စိတ်ဓါတ်ကျကောင်းကျမယ်…။
တခါတလေလဲ ကိုယ်လေ့လာဆည်းပူးခဲ့တဲ့ အသိပညာ အတတ်ပညာတွေအပေါ် မာန်မာနထောင်လွှားမိတဲ့အခါ ရှိကောင်းရှိမယ်။အဲဒီအချိန်တိုင်း သက်တော် ၂၉မှာ တောထွက်တော်မူပြီး သက်တော် ၃၅နှစ်မှာ ဘုရားရှင်အဖြစ်ပွင့်ထွန်းတော်မူလာတဲ့မြတ်စွာဘုရား ဝိရိယနဲ့ ဉာဏ်ပညာကို သုံးသပ်ကြည့်လိုက်ပါ။

အသက် ၂ဝကျော်မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် စတင်တိုက်ပွဲဝင်ခဲ့ပြီး အသက် ၃၂နှစ်မှာ တိုင်းပြည်ကို သူ့ကျွန်ဘဝက လွတ်မြောက်အောင်ဆောင်ကျဉ်းပြီး

အသက်ပါစတေးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတိရလိုက်ပါ…။ဒါဆို လူငယ်တစ်ယောက်ရဲ့ သိမ်ငယ်စိတ်အတွက်ပဲဖြစ်ဖြစ်၊ ထောင်လွှားစိတ်အတွက် ပဲဖြစ်ဖြစ် ခွန်အားတွေ ပြန်ရလာမှာပါ…။

ဘာပဲဖြစ်ဖြစ် အရေးကြီးတာက လူငယ်ဆိုတဲ့ကာလက အကန့်အသတ်ရှိတဲ့၊ အစားပြန်မရနိုင်တဲ့ နုပျိုမှုတစ်ခုဖြစ်တဲ့အတွက် လူငယ်ဘဝမှာ တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်နဲ့

ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အရာတိုင်းကို ရိုးသားစွာ လုပ်ဆောင်ဖြစ်ကြဖို့ပါပဲ…။နောက်ဆုံးပေးချင်တဲ့ လက်ဆောင်စကားနှစ်ခုကတော့….

စစ်သေနာပတိချုပ်ကြီး နပိုလီယံရဲ့

” There is no word ‘impossible’ in my dictionary”  နဲ့
ဘယ်သူရေးတာမှန်းမသိပေမဲ့ ငယ်ငယ်ကတည်းက သိပ်ကိုနှစ်ခြိုက်ခဲ့တဲ့
“If a man looses his character, he will loose everything in life” ဆိုတဲ့ စကားလက်ဆောင်နှစ်ခုပါပဲ…။
———————————————————————————————-
ဦးဦး အံစာတုံး  =  လူငယ်တွေကိ်ု ပြောချင်တဲ့ စကား

လူငယ်တွေကို ပြောချင်တဲ့ စကားလို့ ဆိုလာတော့ ကိုယ့်ဟာကိုယ် ပြန်ကြည့်မိတယ် (အသက်)

၂၆ ဆိုတော့ အလတ်စားတောင် မဖြစ်သေး (ထင်တာပဲ) ။
ဒီတော့ ကျုပ်က ကျုပ်ထက်ငယ်ရွယ်တဲ့ လူငယ်တွေကို ဘာပြောပေးရမလဲ။ မဟုတ်သေးဘူး။ ဘာပြောချင်တာလဲ ???လူငယ်တွေဆိုတော့ ပထမဆုံး ပြေးမြင်မိတာ ကျုပ်ညီနဲ့ ညီတစ်ဝမ်း၊ နှစ်ဝမ်းကွဲတွေ ….။

ဒီကောင်တွေကို ပြောချင်တဲ့ စကားတော့ ရှိတယ်။
ဒီကောင်တွေကို တွေ့တိုင်း ကျုပ်က ဆရာကြီး စတိုင်နဲ့ မိန့်မိန့်ကြီး ထိုင်ရင်း ခုလို ဩဝါဒ ပေးလေ့ရှိတယ်။“ခွီးသားတွေ … မိန်းမ စောစော ယူကြဟ”

:mrgreen:     :mrgreen:    :mrgreen: 

အတည်ပြောပါ့မယ်။

ကျုပ် အနေနဲ့ လူငယ်တွေကို ပြောချင်တာ ရှိတယ်။
အဲ့ဒါ ဘာလဲဆိုတော့ ….“လောကဓံနဲ့ တွေ့လေတိုင်း မယိုင်မလဲဘဲနဲ့ ပျက်ရယ်ပြုနိုင်အောင် ကြိုးစားစေချင်ပါတယ်။”

ဟုတ်တယ်ဗျ …။

ကျုပ်က အိညက်အိညက် ကောင်တွေဆို သိပ်မုန်းတာ။
ဖြစ်လာတဲ့ ပြဿနာကို ကပ်သီးလေး ရှောင်သွားတာ၊ မချိုမချဉ် ပြုံးပြလိုက်တာ …
ဒီလိုမျိုး လူတွေဆို လွှတ်သဘောကျတာ ….။
ဒါကြောင့်မို့ ….
လူငယ်တွေကိုလည်း ကျုပ်သဘောကျတဲ့ ပုံစံအတိုင်း …
ကောင်းတာ ဆိုးတာတွေနဲ့ တွေ့လာတဲ့အခါ တုန်လှုပ်မသွားဘဲ ပျက်ရယ်ပြုနိုင်စွမ်း ရှိအောင် ကြိုးစားကြစေချင်ပါတယ်။ကျုပ်ကတော့ (လောလောဆယ်) ဒါပဲ ပြောတတ်သေးတယ်။

—————————————————————————————————————
ဦးဦး မိုဘိုင်း =  လူငယ်တွေကိ်ု ပြောချင်တဲ့စကား
လူငယ်တွေကိုတစ်ခုခုပြောရမယ်ဆို ရင် ……..

ကျနော်အကို ပြောဖူးတဲ့ စကားလေးကိုပဲ ပြန်ပြောချင်ပါတယ်….
“ တစ်ခုခုလုပ်တဲ့အခါမှာ ငွေနဲ့ဖြေရှင်းလို့ရတဲ့… အမှားမျိုးတွေကို လုပ်မိတာက ဘာမှပူစရာမလိုဘူတဲ့…
ခုနေငွေမရှိလို့ မရှင်းမဖြေရှင်းနိုင်ရင်လည်း ငွေရှိတာနဲ့ သူ့ဖာသာ ပြေလည်သွားလိမ့်မယ်တဲ့….
ငွေနဲ့ဖြေရှင်းလို့မရတဲ့ အမှားတွေကို လုပ်မိပြီဆိုရင်တော့ မင်းကို ဘယ်သူမှမကယ်နိုင်ဘူးတဲဲ့” ……..
ဒီစကားလေးက ကျနော်အတွက် ခုချိန်ထိ အသုံးတည့်နေတုန်းပါပဲ….
ဆိုလိုတဲ့အဓိပ္ပာယ်ကို လူငယ်တွေ နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်…———————————————————————————————–

အန်တီ ခိုင်ဇာ =  လူငယ်တွေကိ်ု ပြောချင်တဲ့စကား
လုပ်ချင်တာပဲ လုပ်လုပ်
လုပ်သင့်တာပဲ လုပ်လုပ်
ကိုယ်ဘာလုပ်နေသလဲ ကိုယ်သိ၊
သတိရှိပါစေ။
————————————————————————————————-
ဦးဦး မိုးမင်းသား  =  လူငယ်တွေကို ပြောချင်တဲ့ စကား
အကြိမ်တစ်ရာမြောက် ဆုံးရှုံးပြီးလျှင်… တစ်ရာ့တစ်ကြိမ်မြောက် ကြိုးစားရန် အသင့်ပြင်ထားပါ ။
————————————————————————————————-
အန်တီ ဝင့်ပြုံးမြင့် =  လူငယ်တွေကို ပြောချင်တဲ့ စကား
ပညာကို ငွေနဲ့စက်ပြီး သင်ယူနေရတဲ့ခေတ်မှာ….. စာကြိုးစားကြပါလို့…. လူငယ်တွေကို တပြေးညီ မပြောရက်ပါ။
ရှေ့မျိုးဆက်က တာဝန်မကျေခဲ့လို့ ဒီကနေ့မျိုးဆက်သစ်လေးတွေ ဘဝနာတဲ့အထိ အလုပ်လုပ်နေရတဲ့ခေတ်မှာ..
အလုပ်ကြိုးစားကြပါလို့လည်း မပြောချင်ပါ။
သို့သော် သေချာတာလေးတစ်ခုတော့ ပြောခွင့်ရချင်သည်။
အလှအပ အဝတ်အစား  ပကာသနအပြိုင်အဆိုင် လျှော့ကြပါ။
 ( အထူးသဖြင့် မိန်းကလေးများ)
အနုပညာရပ်ဝန်းထဲကမဟုတ်လျှင် ထိုကိစ္စလျှော့စေချင်ပါသည်။
ငွေ၊ လုပ်အား၊  အချိန် သုံးမျိုးစလုံးကို ချွေတာနိုင်ပြီး အမှန်တကယ်   အကျိုးရှိပါလိမ့်မည်။
————————————————————————————————
ဒါ… ဘယ်သူပြောတဲ ့ စကားလဲ….????? 
နှစ်ဂွေတရက် အသေမြတ် မရေမတွက် ဂဟေဆက်..
(ဦးဦးရေ.. လူငယ်တွေကို ပြောချင်တဲ့ စကားလေး.ပြောပါဦး.ဆိုတော့…အဲဒီ စကားကြီး ပြောလာပါတယ် ။  ဘယ်သူလို ့.. ထင်ပါသလဲ…..။  ဘာ ကို ဆိုလိုတာလဲ..ဆိုတာလည်း.အတော် တွေး..ယူလိုက်ရပါတယ် ။ )
:mrgreen:
:roll:
:roll:
:lol:                 :lol:
—————————————————————————————

အလင်းဆက် လက်လှမ်းမှီသလောက်နဲ့ အချိန်ရသလောက် သာ……    တောင်းထား ရတဲ့စကားတွေပါ ။

စကားလက်ဆောင် တောင်းချင်တဲ့ သူတွေ အများကြီးကျန်ပါသေးတယ်။

ဒါကြောင့် ဒီပိုစ့်ထဲမှာ…..  မပါခဲ့သူ ….

သူကြီး တို ့…

အဘဖော တို ့….

လေးပေါက်တို ့….

လေးလေးဘလက် တို ့…

အရီးလတ်တို ့….

ဦးကြိမ်တို ့….

နောက်… …….

အသက် ငယ်ပေမယ့်..  အတွေးအခေါ်ကောင်းတွေ ရှိကြသူများမို ့….

အခြားးး  မိတ်ဆွေများကလည်း … comment နဲ့ ဝင်ပြောပေးကြပါဦးနော် ။

ကုန်ကုန်ပြော ရရင်တော့.. ….    ဒီ ပိုစ့်ကို ဖတ်မိတဲ ့ သူမှန်သမျှ……  ပြောသွားပေးကြပါပေါ့ ။

 

လူငယ်တွေကို ပြောချင်တဲ့စကားလေး………….

 

 

———————————————————————————————

 

လေးစားစွာဖြင့်….

အလင်းဆက်

 

(ပိုစ့် မှာ ထည့်သုံးထားတဲ့ပုံလေးကို G00gle ကနေပဲ အလွယ်တကူ ယူသုံးလိုက်မိပါတယ် ။ ပုံ ဖန်တီင်္းသူ ကို  ဒီနေရာကနေပဲ. ..တောင်းပန်အပ်ပါတယ် ။)

 

 

About alinsett

alinsett has written 615 post in this Website..

. . .