မိုင်၁၈၀ဝ ခရီးစဉ်

kaiJuly 9, 20131min31547

ဇူလိုင်၄ရက်နေ့မနက်ထွက်.. ရရက်နေ့ညပြန်ရောက်တဲ့ မိုင်၁၈၀ဝကျော်ကားမောင်းခရီးစဉ်ပါ…။ဓါတ်ပုံ၇၀ဝကျော်ရိုက်ခဲ့တာမှာ ပုံတချို့ရွေးတင်ရင်း စလိုက်မယ်လို့…

DSC_0108
DSC_0110
DSC_0114
DSC_0115
DSC_0155
DSC_0178
DSC_0182
DSC_0208
DSC_0220
DSC_0222
DSC_0353

47 comments

  • ဦးကျောက်ခဲ

    July 9, 2013 at 3:42 pm

    သဂျီး… မေရီလန်းဘက်သွားပြီး..
    BLAIR WITCH က ညရှုခင်းတွေ ဓာတ်သေရိုက် တင်ပေးပါလားဟင်…
    မိသားစုတော့ ခေါ်မသွားပါနဲ့၊ သဂျီး တစ်ယောက်ထဲသွား အားဟိ :mrgreen:

    • kai

      July 9, 2013 at 3:44 pm

      အဲဒီအနီးအနားနေတဲ့.. ကြောင်ကိုတောထဲလွှတ်တာပိုအဆင်ပြေမယ်ထင်တယ်… :mrgreen:

  • Mr. MarGa

    July 9, 2013 at 3:45 pm

    ဟီဟိ
    သဂျီးတို့များ
    စ တင်ကတည်းက နွားခြံနဲ့ စတာပဲ :mrgreen:
    ဒါနဲ့
    ဒီတစ်ခါ မိုင် ၁၈၀ဝ က အဆုံးတော့ သတ်မှာပါနော် 🙄

    • kai

      July 10, 2013 at 12:12 am

      အယ်လ်အေကဆန်ဖရန်ကို နံပါတ်၅ဖရီးဝေးကတက်ရင်.. အဲဒီနွားခြံတွေဖြတ်ရတယ်..။
      ကားထဲအထိ.. တခါးပိတ်အဲယားကွန်းဖွင့်ထားရင်တောင်..အင်မတန်ကိုနံတာ…။

      အဲဒါနဲ့.. သတိထားမိပြီးတင်လိုက်တာ…။
      သဘာဝအတိုင်းကွင်းပြင်ထဲလွှတ်ထားတဲ့နွားတွေမို့.. အသားကဈေးကြီးတယ်…။

      ကိုဘေးနွားလို..အနှိပ်သည်နဲ့ဘီယာတော့မတိုက်ထားဖူးပေါ့..
      ဆိုတော့.. မြန်မာလူမျိုးများ အမဲသားစားကြ..။
      နွားနို့သောက်ကြ..

      ကလေးတွေကိုကျွေးကြ..တိုက်ကြ…
      ဦးနှောက်ကောင်းပြီး.. အရပ်ရှည်ဖွံ့ဖြိုးတဲ့အနာဂတ်မြန်မာတွေမြင်ရလိ်မ့်မယ်..။

      • Ma Ma

        July 10, 2013 at 9:50 am

        (သဘာဝအတိုင်းကွင်းပြင်ထဲလွှတ်ထားတဲ့နွားတွေမို့.. အသားကဈေးကြီးတယ်…။)
        ဒါဆို မြန်မာပြည်က နွားတွေ ဘယ်လောက်အဖိုးတန်တယ်ဆိုတာ သိလောက်ပြီ။
        ဒါ့ထက် လယ်ပါထွန်ပြီး ရုန်းကန်ရလို့ ပိုတောင် တန်ဖိုးရှိအုံးမယ် ထင်တယ်။

        ဒီတစ်ခေါက် မိုင်၁၈၀ဝက စာမပါဘူးလား။ 😀

  • အလင်း ဆက်

    July 9, 2013 at 3:49 pm

    ဟို…ကားမောင်း ဝင်လို ့ရတဲ ့ သစ်ပင်ထဲ…
    ချစ်သုဝေ နဲ ့.. ခဏ ဖြတ်လျှောက်ချင်လို်က်တာ….

  • KZ

    July 9, 2013 at 3:55 pm

    ဟယ်။
    တဂျီးးးးး
    စတော်ဘယ်ရီသီးပုံတွေ မပါဘူးလားဟင်။
    ပုံတွေက သေး၊ ကိုယ်တိုင်က မျက်လုံးမကောင်းတော့ ကြည့်ရတာ အားမရ။ :mrgreen:

    သစ်ပင်တွေကို စိတ်ဝင်စားတယ်။ 🙂

    • kai

      July 10, 2013 at 12:26 am

      စတော်ဗယ်ရီရယ်.. ချယ်ရီရယ်ကို အဲဒီနားကလယ်သမားတွေစိုက်ပြီး.. ကွင်းပြင်စပ်တင်တဲထိုးရောင်းကြတာ..။
      မြို့ထဲထက်.. ၃ဆလောက်ဈေးသက်သာတယ်..။ တခါထဲစားလို့ရအောင်.. ရေဆေးဖို့နေရာလေးပါပေးထားတယ်..။
      အမေရိကားရဲ့ထုံးစံတခုပေါ့..။
      စတော်ဘယ်ရီသီးဓာတ်ပုံတော့ မရိုက်ခဲ့ကြောင်း..

      သစ်တောထဲဝင်မှ.. သစ်ပင်တွေချည်းရိုက်ခဲ့ကြောင်း..။

  • မင်းမင်း

    July 9, 2013 at 3:56 pm

    အလက်စကားထိ ကားလမ်းရှိလား

    မသိဘူး။ အဲဒီဘက်ကပုံတွေ ငမ်းချင်

    လို့ပါ။ ဗဟုသုတပေါ့ဗျာ။

    • kai

      July 10, 2013 at 12:33 am

      ယူအက်စ်ကို တောင်မြောက်-အရှေ့အနောက် ဖရီးဝေးကားလမ်းကြီးတွေ ကွန်ယက်လို ဆောက်ထားတာမို့.. သာမန်အားဖြင့် ပြည်နယ်တွေတခုနဲ့တခု လမ်းတောက်လျှောက်ပေါက်ပါတယ်..။

      အလစကာကတော့.. ကြားထဲကနေဒါခံနေလို့.. မသိ..။
      လမ်းတွေကို ယူအက်စ်(ဖယ်ဒရယ်)ကပိုင်တာများပါတယ်..။

      မြန်မာပြည် ဖယ်ဒရယ်ပုံစံလုပ်မယ်ဆို အတုခိုးသင့်တယ်…။
      ပြည်နယ်တွေအထဲ.. ဖယ်ဒရယ်ကငွေသုံးပြီးလမ်းကြီးတွေဖောက်ပေးထားတာကိုလေ..

  • ရဲစည်

    July 9, 2013 at 4:21 pm

    ပုံ ၇၀ဝ ကျော်ဆို မနည်းဖူးရယ် …
    အခုဟာက ၁၁ပုံဘဲ မြင်ရတာ ဒိထက် ပိုတင်ပေးစေချင် …
    အနော်တို့ အတွက် အသစ်အဆန်းမို့ ပါဗျာ …
    အမေရိကားတော့ မသေခင် တခေါက် ရောက်အောင် လာဦးမယ် ….. ။

    သဂျီးလဲ မသေခင် တောင်ပြုံးပွဲ တခေါက်လောက်တော့ ရောက်အောင် လာခဲ့ပါဦး ….
    သများတို့နဲ့ ပျော်ပျော်ပါးပါးပေါ့ …. ။
    :mrgreen:

    • kai

      July 10, 2013 at 3:09 am

      ပုံတွေထပ်တင်ပါဦးမယ်..
      အခုသွားတဲ့ခရီးက. ယူအက်စ်မှာရှိတဲ့.. မြန်မာတွေတောင် တော်တော်ရောက်ခဲမယ်..။

      တောင်ပြုန်းပွဲတော့ လာပါမယ်..
      မှတ်တမ်းတင်ဗီဒီယိုလေးရိုက်ချင်လို့….။
      ကမ္ဘာတန်းပရိုမိုးရှင်းလုပ်လိုက်ရင်… တောင်ပြုန်းက ကမ္ဘာ့ဂေးမြို့တော်တောင်ဖြစ်ချင်ဖြစ်သွားမှာ… :mrgreen:

      • ရဲစည်

        July 10, 2013 at 3:12 pm

        သဂျီးရေ … ဒီတခေါက် မြန်မာပြည် ပြန်လာရင် ..
        အလောင်းတော် ကဿပနဲ့ တဆက်တည်း ဟူးကောင်းချိုင့်ဝှမ်းကို လေ့လာစေချင်တယ်ဗျာ
        အဲ့ မှာလဲ … ယူအက်စ်က အပင်ကြီးတွေ နီးနီး သစ်ပင်ကြီးတွေ ရှိသဗျ သက်တမ်းတော့ မသိ
        နောက်ပီး ဆရာကြီးဒေါက်တာသန်းထွန်း သိပ်ရှာချင်နေတဲ့ ကမာ္ဘ့အကြီးဆုံး ဖြစ်နိူင်ဖွယ် ခေါင်းလောင်းကြီးလဲ ကံကောင်းရင် တွေ့မယ်ထင်တယ်

      • ko pauk mandalay

        July 12, 2013 at 9:44 am

        မထင်နဲ့သူကြီးရ တောင်ပြုံးမှာ က အရင်လိုမဟုတ်တော့ဘူး။
        ကျိတ်ဝိုင်းလို့ပေးတဲ့ နတ်ကနားကမှ တကယ်ရှယ်တွေ တွေ့ရမှာ
        စီစဉ်လိုက်ပါလား ကျိတ်ဝိုင်းတစ်ဝိုင်းလောက်

  • မောင် ပေ

    July 9, 2013 at 7:04 pm

    လမ်းမှာ အင်ဂျင်ဝိုင် ၊ ဘရိတ်ဆီ ၊ ဂီယာဝိုင် ဘယ်နှခါ လဲ ခဲ့လဲဗျ

    • kai

      July 10, 2013 at 3:13 am

      မိတ်ဆွေတယောက်ကားနဲ့သွားတာပါ…။ ၂၀၁၂မိုဒယ် Toyota Sienna ပါ…။
      လူစုစုပေါင်း ရယောက်ပေါ့…

      ဂက်စ်ဖိုးပဲ.. ဒေါ်လာ၄၀ဝလောက်ကုန်တာ…
      အင်ဂျင်ဝိုင် ၊ ဘရိတ်ဆီ ၊ ဂီယာဝိုင် လှည့်ကြည့်စရာတောင်မလိုပါဘူး…

    • Foreign Resident

      July 10, 2013 at 8:51 am

      မောင် ပေ says:
      ” လမ်းမှာ အင်ဂျင်ဝိုင် ၊ ဘရိတ်ဆီ ၊ ဂီယာဝိုင် ဘယ်နှခါ လဲ ခဲ့လဲဗျ ”

      kai says:
      ” အင်ဂျင်ဝိုင် ၊ ဘရိတ်ဆီ ၊ ဂီယာဝိုင် လှည့်ကြည့်စရာတောင်မလိုပါဘူး ”

      ကိုပေ ရဲ့ ။
      အဘ တို့ ဩဇီက ကားလည်း ၊ ၂၀၀၉ ဒီဇင်ဘာ ကတည်းက ဝယ်ထားတာပါ ။
      ဒီ ၃ / ၄ နှစ် အတွင်းမှာ ၊ အင်ဂျင်ဝိုင် ၊ ဘရိတ်ဆီ ၊ ဂီယာဝိုင် စစ်ဖို့ ၊ လဲဖို့ မ ပြောနှင့် ။
      ကား စက်ဖုံး / ဘောနက်ဖုံး တောင် မြင်ဘူးတယ် ရှိအောင် ၁ ခါ ၂ ခါ လောက်ပဲ ဖွင့်ကြည့်ဖူးတယ် ။

      ပြောရမယ် ဆိုရင် ၊ ကားထဲ ဓါတ်ဆီ က လွဲပြီး ဘာမှ မထည့်ဘူးဘူး ၊ မလဲ ဘူးဘူး ၊ မစစ် ဘူးဘူး ။
      ကား ကုမ္ပဏီ က ညွှန်ကြားထားတဲ့ အချိန်မှာ သူတို့ရဲ့ Service Center ကို ပို့ပေးတယ် ၊ ဒါဘဲ ။
      ( ၆ လ တစ်ခါလောက်တော့ Service Center ကိုပို့လေ့ ရှိတယ် )
      ကား က လည်း ၊ ဘာမှ ပြဿနာ မဖြစ်ဖူးဘူး ၊ ဘီး တောင် မပေါက် ဖူးဘူး ။

      မြန်မာပြည် မှာ ဘာလို့ ကားကို ခဏ ခဏ စစ်/လဲ နေကြသလဲ မသိဘူး ။

      • ခင် ခ

        July 10, 2013 at 9:47 am

        အဘဖော ပြောသလိုဆို မြန်မာမှာ တစ်ခုခုတော့ လွဲနေသလိုဘဲ၊ ဘရိတ်ဆီ ဂီယာဝိုင် ကတော့ လဲရခဲပါတယ် နှစ်ပေါက်အောင်သုံးကြပေမယ် အင်ဂျင်ဝိုင်တော့ ၂~၃ လ လောက်ဆိုလဲကြတယ်၊ အင်ဂျင်ဝိုင် အရည်အသွေးဘဲကွာတာလား ဘာလားတော့ မသိဘူးဗျာ၊ ဝပ်ရှော့ကလဲဆို လဲကြတာဘဲလေ။ ဒါကြောင့် Car Service Center တွေဒီနိုင်ငံမှာ လာရောက်ပြီး တိုက်ရိုက်ခွဲတွေ ဖွင့်မယ်ဆိုတာကို အတော်များများမျှော်လင့်နေကြ တာပါဘဲဗျာ။

  • padonmar

    July 9, 2013 at 7:13 pm

    အဲဒီ ကားမောင်းပြီး ဖြတ်လို့ ရတဲ့ အပင်ကြီးကို စိတ်ဝင်စားတယ်။
    အမေဂျီးကားက အိမ်တွေကို အဲဒီ Redwood နဲ့ ဆောက်တာလား။

    • kai

      July 10, 2013 at 3:26 am

      ယူအက်စ်မှာ နာမယ်ကြီးတာ.. ၂မျိုးတဲ့… Redwoods နဲ့ Sequoias
      နှစ်သက်တမ်းထောင်ချီတဲ့.. ကမ္ဘာ့အရှည်ဆုံး.. အကြီးဆုံးသစ်ပင်ကြီးအမျိုးတွေပါ..။
      အမှတ်မမှားရင်.. Guinness World Records ထဲပါတယ်..။ ကမ္ဘာ့အံ့ဖွယ်ထဲပါတယ်..

      ကားမောင်းပြီး ဖြတ်လို့ ရတဲ့ အပင်ကြီးက ရက်ဒ်ဝုဒ်..
      မြောက်ပိုင်းကယ်လီဖိုးနီးယား ပစိဖစ်သမုဒ္ဒယာနားတင်ပေါက်ကြတာ…
      ကားဖြတ်မောင်းလို့ရတဲ့အပင်.. ၃နေရာရှိတယ်..။
      တခါဖြတ် ၆ဒေါ်လာတောင်းသဗျ…

      ဆိုတော့..
      အဲဒီအပင်တွေ အမျိုးသားသစ်တောထဲထိမ်းသိမ်းထားတာပါ. ၂မျိုးလုံးရဲ့သစ်တောကြီးတွေက.. ကယ်လီဖိုးနီးယားမှာရှိတယ်..။
      လူတွေအသုံးပြုခွင့်မရှိဘူးလို့ထင်ပါတယ်..။

      အမှတ်တရ..ရက်ဒ်ဝုဒ်နဲ့လုပ်ထားတဲ့.. တမိုက်လောက် ဂျီးဇက်ခရော့စ်လေးဝယ်တာ.. ၁ဝဒေါ်လာကျော်တျော်ပေးလိုက်ရတယ်..
      http://www.ohranger.com/sequoia-natl-forest-giant-sequoia/news/2010/sequoias-vs-redwoods-comparing-giant-trees

      About Redwoods and Sequoias

      Giant Redwoods

      Live up to 2,000 years
      Have branches up to 5 feet in diameter
      Bark grows up to 12 inches thick
      Can reproduce either by seed or by sprout

      Giant Sequoias

      Live up to 3,000 years
      Have branches up to 8 feet in diameter
      Bark grows up to 3 feet thick
      Reproduce by seed only

      • Foreign Resident

        July 10, 2013 at 8:34 am

        ” Giant Sequoias
        Bark grows up to 3 feet thick ”

        Bark သစ်ခေါက်တောင် ၃ ပေ ထူတယ်နော် ။
        အဘ ရဲ့ ဩဇီ ခြံထဲက အပင် တစ်ပင်က နှစ်တိုင်း အခွံ ကွာ/လဲ တယ်ကွယ် ။
        ခြံထဲမှာ အမှိုက် ပွတာပေါ့ကွယ် ။
        ၃ ပေ ထူတဲ့ သစ်ခေါက်သာ အခွံ ကွာ/လဲ လို့ကတော့ ၊
        ခြံရှင်းရမယ့်သူ ၊ သေပြီ ဆရာပဲ ။

  • အရီးခင်လတ်

    July 9, 2013 at 10:32 pm

    အော် သူကြီး၊ သူကြီး ….
    အမျှော်အမြင်ကြီးပါပေတယ်။
    ပုံတွေ ကြီးနေရင် အချီးမွမ်းခံရ မှာစိုးလို့ ထင်ရဲ့။
    ဒါတောင် ၇၀ဝ ကျော်ထဲမှာ အများစု မဲမဲမှောင် ပုံတွေ ချည်းများလား ??? 🙄

    😆

    • kai

      July 10, 2013 at 3:32 am

      ၁၂နာရီလောက်ကားမောင်းသွားတာ.. မီးပန်းဖောက်တဲ့..တောထဲကရွာထဲ ရောက်တော့.. ည ၉နာရီခွဲလောက်ဖြစ်နေပြီ..
      အဲဒီမြောက်ဖက်က.. ည ၉နာရီလောက်မှနေဝင်တာ…။

      ဆိုတော့..
      မှောင်မှောင်မဲမဲ.. ပုံတွေတော်တော်များသွားတယ်.. :mrgreen:

      • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

        July 10, 2013 at 9:11 am

        အိုင်အက်စ်အို တင်ရိုက် ဖလက်ရှ်ဖွင့်ရိုက်တော့ တရားဆွဲမှာမို့လား..
        မဲမဲမဲမဲနဲ့ ဒီအက်စ်အယ်လ်အာရ် ကိုင်ပီး လက်က မတက်မတက်နိုင်ဘု
        နောက်မှကိုင်တဲ့ မယ်ပု က သဂျီးထက် အပုံယီးသာဒယ်…
        ချဉ်ထှာ..။

        • kai

          July 10, 2013 at 2:54 pm

          ISO တင်ရင်းတင်ရင်း.. ၂၅၀ဝတောင်ဖြစ်နေပြီ…
          M ထားရိုက်တာဆိုတော့… ဟိုလိုရိုက်လိုက်…မှောင်လိုက်…
          ဒီလိုဆော်လိုက်.. မဲလိုက်နဲ့..
          ၇၀ဝမှာသုံးရတဲ့ပုံက.. ၇ဝတောင်ရှိရဲ့လားမသိ…

          ကွိ…

        • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

          July 10, 2013 at 3:10 pm

          sunny day of 11 တို့ (ဟိုဆြာတွေကတော့ sunny day of 16 တဲ့)
          အဲ့ဒါတွေ ခနခေါက်ထားလိုက်.. လိုအပ်ရင် အပယ်ကျောက် နဲ့ သာဆော်..
          ကျော်ဆို f/2.8 နဲ့တောင် လန်စကိတ်ရိုက်သေးတာ..
          တကယ်တော့ focal plane ဆိုတာက …

          တော်ပါဘီဗျာ ..မပြောပြတော့ဘူး..။

          ဒက်ဂလောက်..ဒက်ဂလောက်..။

        • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

          July 10, 2013 at 3:53 pm

          အကောင်းပြောပါ့မယ်. ပုံတွေတွေ under exposure တွေဆိုတော့ photoshop ထဲသွားပြီး exposure +1 နဲ့ တပုံ သိမ်း(normal)
          Exposure +2 နဲ့ တပုံ သိမ်း (over exposure)
          ပြီးရင် သုံးပုံပြန်ပေါင်းပြီး HDR လုပ်တဲ့အခါ
          လင်လင်းးဝင်းဝင်း ဖြော်တကစ် သွားတာပေါ့ကွီ.

          ယူတုမှာ ကိုယ့်ထမင်းကိ်ုယ်စားပီး HDR Processing သင်ပေးတဲ့
          လူတေများ တပုံယီး. ကို
          ငိငိ

        • ရဲစည်

          July 10, 2013 at 3:06 pm

          အနော့်အထင် ပုံတွေမှာ DSC ဆိုတာ ပါနေတော့ Compact နဲ့ ရိုက်တယ်ထင်တာဘဲ

        • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

          July 10, 2013 at 3:13 pm

          နိုက်ကွန်းတွေရဲ့ default file naming system ပါဗျာ..။
          စဂါးမစပ် ကျုပ် အခု ပက်ဆံ စုနေဒယ်…ပြည့်ရင် ၇၀-၂၀ဝ မမ ငိငိ..
          လက်နက်ကြီး တပ်ဆင်မလို့ …။ ဝိုက်ရတာ နည်းနည်း အီလာဘီ ။
          စိုင်ပြန်ပစ်တော့မယ်… ဒချိ.. ဒချိ..။

        • kai

          July 10, 2013 at 3:21 pm

          D5100 ကို တမလွန်လင်န်းစ် ၁၈-၂၇ဝ တပ်ရိုက်နေတာပါ…။
          ရိုက်ချက်ကို .. အခုထိ.. မသုံးတတ်သေးတော့.. လည်နေတုံး..

        • Foreign Resident

          July 10, 2013 at 3:12 pm

          ရဲစည် says:
          ” အနော့်အထင် ပုံတွေမှာ DSC ဆိုတာ ပါနေတော့
          Compact နဲ့ ရိုက်တယ်ထင်တာဘဲ ”

          ဟင် ၊ အဲဒါတော့ ဟုတ်ဘူး ထင်တယ် ။
          အဘ ရဲ့ Nikon D-5100 နှင့် ရိုက်ရင်လည်း ၊
          ပုံတွေက DSC နှင့် စတာပဲ ။

          Nikon D-5100 က Compact မဟုတ်ဘူး ၊
          DSLR လို့တော့ ထင်တာပဲ ။

      • Foreign Resident

        July 10, 2013 at 9:25 am

        အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက် says:

        ” ဒီအက်စ်အယ်လ်အာရ် ကိုင်ပီး လက်က မတက် မတက်နိုင်ဘု
        နောက်မှ ကိုင်တဲ့ မယ်ပု က သဂျီးထက် အပုံယီး သာဒယ် ”

        ဟား ဟား ဟား ။ ဆော်ပဟ ။
        ငါလဲ DSLR ကိုင်မိနေတော့ ဆင်ခြင်မှပဲ ။

        သူကြီး ကလည်း သူကြီး ပဲ ။
        မဲ နေရင်လည်း ၊ ပုံမတင်ခင် နဲနဲ ပြင်ခဲ့လိုက်ရောပေါ့ ။

  • uncle gyi

    July 9, 2013 at 10:57 pm

    မိုင်၁၈၀ဝ ကို ၄ရက်မောင်း
    ၁ရက်မိုင်၄၅၀
    ကားမောင်းပြိုင်တာလား
    လေ့လာရေးခရီးလားသူကြီး

    • kai

      July 10, 2013 at 3:37 am

      တနာရီ မိုင် ၈ဝဆို.. ၁ဝနာရီမောင်းရင်.. မိုင်၇၀ဝ (ထရဖစ်မရှိရင်) အသာလေးရောက်တယ်လေ… အန်ကယ်ကြီးရယ်..။
      အေးဆေး.. မိတ်ဆွေနဲ့..တလှည့်စီမောင်းသွားတာပါ…
      လေ့လာရေးခရီးပေါ့…

      ဘဝတသက်တာမှာ.. အဲဒီလိုနေရာတခါလောက်တော့ကြည့်သင့်တယ်ဆိုပါတယ်..
      လူဆိုတာ.. တယ်… သေးငယ်ပြီး.. နုနယ်ပါလား.. တခါထဲသံဝေဂရမိလေရဲ့…

      Welcome to the Tallest Trees in the World

      You have discovered the legendary California redwoods. At least once in your lifetime, you need to visit the magnificent coastal
      redwoods of Humboldt County—to walk, explore and soak up the silence and grandeur of forests unlike any others in the world. Whether your tastes run to scenic drives or hiking trails, you’ll find plenty of choices in Redwood National & State Parks in the north county, or along the Avenue of the Giants and Humboldt Redwoods State Park in south county. These two jewels adorn a crown studded with many other parks, forests, preserves and beaches, making Humboldt County a paradise for nature lovers and outdoor recreation. Fishing, kayaking, biking, rafting, backpacking, birding and more are all pursued avidly on the Redwood Coast. Within this splendid natural setting, visitors also discover a rich history and vibrant culture. Picturesque farming towns and fishing villages have changed little over the years, yet provide amazing culinary, wine and craft beer experiences as well as a treasure trove of local arts and entertainment.

  • ဦးကြောင်ကြီး

    July 10, 2013 at 8:20 am

    သာမီးဂါဒေါ်လေး ခေါ်အသွားဗူးလား… ဒီလိုမှန်းသိ ဦးခိုမ်မရှိတုံး အိမ်လည်လာပါဒယ်…. လမ်း တည်းခိုခန်း ညအိပ်ဇာတ်လမ်းလေး ရှိရင် လုပ်ပါအုံး… သာဂျီးစွံမှန်း သိပီးသားပါ…

    • kai

      July 11, 2013 at 12:21 am

      မိသားစုအလည်ခရီးသွားတာပါကွယ်…
      တည်းခိုခန်းဇတ်လမ်းလာလုပ်နေတယ်..။
      ရီနို(နီဗားဒါး)ဆက်သွားပါတယ်ဆိုနေမှ…။

  • kyeemite

    July 10, 2013 at 11:29 am

    သစ်တောနဲ့သစ်ပင်ကြီးတွေ ကိုတော့သဘောကျသဗျာ..
    ကျုပ်တို့ဆီက ပြုန်းသွားတဲ့ ရိုးမတောကြီးတွေကိုလွမ်းမိသွားတယ်..
    အဖေတပ်ထဲနေစဉ်တုန်းက မုဆိုးလည်းလုပ်တော့ တောလယ်လိုက်ဖူးတယ်…
    နေပျာက်တောင်မထိုးဘူး..လမ်းမပျောက်အောင်လည်းမနဲမှတ်ပီးသွားရတာဗျ..
    ခုတော့ဖြင့်…..တောင်ကတုံး.. 👿 👿 👿

  • Ma Ei

    July 10, 2013 at 1:13 pm

    မိုင် 1800 တောတစ်နေရာက သစ်ပင်ကြီးတွေကိုကြည့်ပြီး
    ရန်ကုန်မန္တလေးလမ်းဟောင်းဘေးက ကုက္ကိုပင်ကြီးတွေကိုလွမ်းလိုက်တာ….
    အပိုင်း 2 ကျရင် ပုံဆိုဒ်လေးတွေ နဲနဲ ကြီးပေးပါနော်…

  • Wow

    July 10, 2013 at 1:38 pm

    ဘာလို့ Immortal Tree လို့ခေါ်တာလဲဟင်.. သစ်ပင်လဲ သေတာပဲမဟုတ်လား….

    • kai

      July 11, 2013 at 12:43 am

      မိုးကြိုးကျ မီးလောင်.. ရေနစ်.. သစ်ခုတ်သမားခုတ်… စတာတွေနဲ့မသေတဲ့အပြင်… အမြစ်ကနေ နောက်အပင်သစ်ကလေးတပင်ထပ်ထွက်လာလို့ပြောတာတဲ့..။

      .. နှစ်၁၀၀ဝ ဗိန္ဓောဆေးဖေါ်လိုက်ရရင်တော့.. တော်တော်ရောင်းကောင်းမယ်..။ :mrgreen:

      • Wow

        July 11, 2013 at 4:44 pm

        ရွာထဲက အမြစ်တူးတတ်တဲ့ သူတွေနဲ့တွေ့ရင် ဒီအပင်မလွယ်… :mrgreen:

  • အောက်ဆုံးက သစ်ပင်ဂျီးကို မျင်ဘူးဒယ် ..
    ဘယ်မှာလည်းဒေါ့ သိဝူးးး
    အိပ်မက်ထဲမှာနဲ့ တူဒယ် .. :mrgreen:
    အိုက်လို သစ်ပင်ဂျီးထဲမှာဘဲ စားသောက်ဆိုင် ဖွင့်ထားဒါလည်း ချိဒေးဒယ် ..
    ဒါလည်း ဘယ်မှာမှန်းဒေါ့ သိဒတ်ဝူးးး

  • DEPARKO DEPARKO

    July 10, 2013 at 5:36 pm

    သဂျီးရေ ကျုပ်လည်းမိုင်၁၈၀ဝ လောက်ပါတ်ပြေးလိုက်ရတယ် လိုက်တဲ့သူတွေအမောဆို့သွားလို့
    ရွာထဲပြန်ဝင်လာတာ ရွာလေးထဲကသူတွေပျော်ရွှင်ငြိမ်းချမ်းကြပါစေဗျာ
    ကိုထီး သီချင်းထဲကလိုပေါ့
    ငါမသေသေးဘူး ငါမသေသေးဘူး ငါ့လက်တွေ စာရေးနိုင်သေးသရွေ့ပေါ့

    • Foreign Resident

      July 11, 2013 at 6:22 am

      DEPARKO DEPARKO says:
      ” သဂျီးရေ ကျုပ်လည်း မိုင် ၁၈၀ဝ လောက် ပါတ်ပြေးလိုက်ရတယ် ”

      စိတ် မကောင်း ပါဘူး ၊ ကို DEPARKO ရယ် ။
      Gazette ကို ပြန်လာတဲ့ သံယောဇဉ် ကိုမြင်မိပါတယ် ။
      လှိုက်လှိုက် လဲလဲ ၊ ကြိုဆိုပါတယ်ဗျာ ။

      • DEPARKO DEPARKO

        July 11, 2013 at 11:31 am

        same to you ပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 10, 2013 at 8:10 pm

    သစ်ပင်ကြီးက ဟဲဗီးကြီးဗျာ
    မီးဖှုတ်လိုက်ရရင်တော့ ရှယ်ဘဲ
    တော်တော်ငယ်ငယ်တုန်းက အမှတ်ရတာလေးတစ်ခုက
    ကိုယ့်အချစ်က နယူးဂျစီပြည်နယ်က သက်တမ်းနှစ်လေးထောင်ရှိတဲ့
    သစ်ပင်ကြီးလိုခိုင်မာပါတယ်အချစ်ရယ် ဆိုပြီး ဘယ်ကောင်လည်းတော့သိဘူး
    ရည်းစားစာတစ်စောင်ရေးထားတာဖတ်ကြည့်ဘူးတယ်
    ဒီသစ်ပင်ကြီးတွေနဲ့ အဲ့သည်ကောင်ရည်းစားစာ ဘယ်လိုပတ်သက်သလဲတော့မသိ
    ကချင်ပြည်နယ်ဖက်ရောက်တုန်းကလည်း အဲ့သည်လိုသစ်ပင်ဟဲဗီးကြီးတွေတွေ့ဘူးတယ်
    ခုလောက်ဆိုရင်တော့ ချိုင်းနားရောက်သွားလောက်ကုန်ပြီထင်တယ်
    ဇဂါးမစပ်
    မသေနိုင်နိုင်တဲ့သစ်ပင်ဆိုတာ ဖြစ်နိုင်ပါ့မလားသဂျီးမင်း

  • kotun winlatt

    July 10, 2013 at 10:10 pm

    သူဂျီးးပုံလေးတွေကသေးတယ်…ခပ်ကြီးကြီးတင်ပါဗျို့….

Leave a Reply