ကျနော် အဆိုးမြင်သမား

စိတ်တခုတွင်ကြာမြင့်စွာခိုတွယ်နေသည့် အစွဲသည်

သင်၏အမူအကျင့်သို့ပြောင်းလဲသွားသည်။အမူအကျင့်

တခုဖြစ်လာသည်နှင့်နေ့စဉ်ပုံမှန်လုပ်ငန်းတခုသဖွယ်

အထူးအားမထုတ်ရပဲအလိုအလျောက်ဖြစ်ပေါ်နေသည်။

ထိုသို့သောအစွဲ အကျင့် တခုသည် တစုံတရာ

ဖြစ်ပျက်မူ့အပေါ်မှားသည် မှန်သည် လက်ရှိအချေအနေ

နှင့်ကိုက်ညီမည်လာ အစွဲကိုပြောင်းလဲပစ်ရမည်လား

တခုသောမနက်ခင်းတခုတွင် ကျနော်

တို့ (ဇနီးနှင့်) ပုံမှန်ရုံချိန် အနည်းငယ်နောက်ကျ

သောမနက်တခုဖြစ်ခဲ့သည်။ဇနီး က ခေါင်းလျော်နေ

ခြင်းကြောင့်၎င်း ကျောင်းသွားမည့်သားငယ်အားပြင်

ဆင်ပေးရခြင်း အစရှိသော အိမ်ကိစ္စများကြောင့်ဖြစ်

သည်။ဆိုင်ကယ် နောက်တွင်လိုက်ပါလျက် မခြောက်

သေးသောဆံပင် အမြန်ခြေက်စေရန် ဇနီးဖြစ်သူက

ဆိုင်ကယ်စီးဦးထုတ်မဆောင်း။ကျနော်လည်းသတိမထား

မိ။ခါတိုင်းသွားနေကျလမ်းအတိုင်းသွားပါက မီးပွိုင့်

များ၍ အနည်းငယ်ပိုဝေးသော်လည်း မီးပွိုင့်နည်း

သောလမ်းကြောင်းဘက်သို့ချိုးကွေ့သည်။ အကွေ့

ခပ်လှမ်းလှမ်းတွင် ဆပ်ပလိုင်းချက်ကဒီနေ့မှလာရှိ

နေသည်။အိုးးးး ကိုယ်ကအစုံပဲဘာဖြစ်တုန်း။အမျိုး

သမီး pk နှစ်ယောက်က လှမ်းတားသည်။ အမျိုး

သား pk သုံးယောက်လောက်က မောင်းပြေးလျှင်

ရသလိုဖမ်းမည့်ပုံစံမျိုး။ဒီလောက်အရှိန်လျော့ ဘေးကပ်

ရပ်နေတာတောင် ဟောလီးဝုဒ် ကားတွေထဲက

cia ကလူဆိုးကိုဖမ်းမည့်ပုံတကဲကဲလုပ်နေသည်။

လိုင်စင်တောင်းသည်။ယဉ်မှတ်ပုံတင်တောင်းသည်။

ဆိုင်ကယ်ကို ပွဲစားတယောက်အသွင်စေ့စေ့စပ်စပ်

ကြည့်သည်။ ok အားလုံးok။ ထိုသို့ စစ်ဆေးနေ

စဉ် သုံးယောက်စီးဆိုင်ကယ်များ ဦးထုတ်မဆောင်း

နံပတ်ပြားမတပ်(အရပ်ခေါ် ဘလပ်) များဖြတ်သွား

နေသည်။သူတို့လဲမြင်သည် ခုနက cia ပုံစံမျိုး

အားမထုတ်ကြသည်ကို စဉ်းစားနေစဉ်”ခင်ဗျား

ကို ဦးထုပ်မဆောင်းမူ့နဲ့ ဖမ်းတယ်”

ဘုရားဘုရား ယောင်ရမ်း၍ခေါင်းကိုစမ်းကြည့်တော့

ဦးထုတ်ကမေးသိုင်းကြိုးတပ်လျက်သား။ “မဟုတ်ဘူး

နောက်က ခုနကမှဆောင်းလိုက်တာ” အော်ဂလို

ကိုး။ဇနီးကလည်း ပုံမှန်ဆောင်းကြောင်း ကနေ့

ခေါင်းလျော်လာ၍ ဖြစ်ကြောင်း တောင်းပန်ပါသော်

လည်း စည်းကမ်းသည် စည်းကမ်းဖြစ်၍ ။

ကျနော်လည်းစိတ်ထဲမှ တချိန်တည်း တလမ်း

တည်း စည်းကမ်းဖောက်သူတွေတပုံကြီးထဲမှ

ငါ့ကိုမှဖမ်းတယ်။ အင်းလေပြီးပါစေတော့ ဒဏ်

ဆောင်လိုက်ပါမယ်စဉ်းစားပြီးဆောင်မယ်ဆိုမှ။

“အမျိုးသားpk က ဟိုကိုလိုက်ခဲ့”ဆိုပြီး တပြ

ကျော်က ဂိတ်တဲရှိရာကိုခေါ်ပါရော။ကျနော်ကနောက်

ကလိုက်ရင်ခြေလျှင်လိုက်ရမှာ။ဆိုင်ကယ်မောင်းလိုက်

လို့မလွယ်။ဂိတ်ရှိရာနေရာမီးပွိုင့်ဖြစ်နေပြီး ရုံချိန်

၉ နာရီဝန်ကျင်ဆိုတော့ယဉ်ကျော တအားကျပ်နေချိန်

ဆိုတော့။ သူကတော့ယူနီဖောင်းနဲ့ မို့ဘယ်ယဉ်မှ

အနားမကပ်ရဲ။နောက်ကနေလိုက်သောကျနော်ကို

တော့ ဘယ်ယဉ်မှ သောက်ဂရုစိုက်မည်မဟုတ်။

ရုံချိန်ကလည်းနောက်ကျ လူတွေကလည်းဝိုင်းကြည့်။

pk မကိုပေးသော့ပြန်ပေး ညနေမှအဲ့ဂိတ်ကိုလာခဲ့

မယ်။ခပ်တင်းတင်းငေါက်ဆတ်ဆတ်ပြောလိုက်မှ

နဲနဲလန့်ပုံပေါက်ပြီးသော့ပြန်ပေးသည်။လူလိုင်စင်

ကတော့ ဂိတ်တဲ ရောက်သွားလောက်ပြီ။

“အေး ခုစည်းကမ်းဖောက်တဲ့ယဉ်တွေအများကြီး

ငါ့ကိုပဲဖမ်းတယ်နော်”

ဒီတခွန်းတော့ပြောပြော ထွက်ထွက် ပြောလိုက်

မိသည်။ဇနီးဖြစ်သူကတော့ စိတ်တော်တော်တို

နေသည်။”ဒီလောက်စည်းကမ်းလိုက်နာတဲ့လူ

လမ်းကြောလဲအမြဲဂရုစိုက် အရှိန်လဲနှေးနှေးစီး

တဲ့လူမှလာဖမ်းရတယ်လို့။သူများတွေများဦးထုတ်

မဆောင်းတဲ့အပြင် ပါတောင်မလာဘူး။မောင်းလိုက်

တာလဲကြမ်းရမ်းနေတာပဲ။လေးယောက်စီးတောင်ရှိ

သေးတယ်။ဒီလောက်ရှင်းပြတေနာကို။မိန်းမချင်း

ကိုယ်ချင်းမစာဘူး။ တွေ့မယ်” ကျနော်ကတော့

ဘာမှမပြောမိ။အင်းလေ သူ့အပြစ်နဲ့အဖမ်းခံရတာ

ကိုး။ “ဒီလိုကြေးဆိုရတယ် ဒင်းတို့လိုပြန်ပညာ

ပြရတာပေါ့”

ဒီလိုနဲ့ ရုံးတတ်ပြီးနေ့လည်ရောက်တော့ ဇနီးသည်

က ” ညနေ လူလိုင်စင်သွားယူစရာမလိုဘူး

ဒီကိုပြန်လာပို့လိမ့်မယ်”

ဟိုက်တယ်စွာလှချည်းလားမိန်းမရာဆိုတော့။

မတရားတဲ့သူတွေကို မတရားတဲ့နည်းသုံးမှာပဲ။

ဒဏ်ငွေဆောင်တာမနှမြောဘူး။ခွဲခြားဆက်ဆံတာ

ကိုမခံချင်တာ။ညနေ ၃ နာရီလောက် လိုင်စင်

ပြန်လာပို့သည်။ တွေ့ချင်တယ် ဟုဂိတ်ကအကြောင်း

ကြားသော်လည်း မျက်နှာပူ၍ လိုင်စင်ဆို ယူထား

လိုက်။ငါ မရှိဘူး ပြောပြီးယူထားလိုက်ပြန်ပြောလိုက်

ရသည်။

(ဆက်ရေးချိန်မရ၍ နောက်နေ့မှဆက်ပါရစေ။)

12 comments

  • Ma Ma

    July 10, 2013 at 10:21 am

    လိုင်စင်သွားယူစရာမလိုပဲ လာပေးတဲ့ နည်းပညာလေး သိပါရစေ။ :mrgreen:

    • မင်းမင်း

      July 10, 2013 at 10:35 am

      ဇနီးဖြစ်သူ၏ခွင့်ပြုချက်မရှိပါသဖြင့်

      မည်သူမှ သိရှိ့ခွင့်မရှိဘာကြောင်း :mrgreen:

  • သျှားသက်မာန်

    July 10, 2013 at 12:58 pm

    ဆက်ပါ…ဆက်အားပေးပါ့မယ်……….

  • အရီးခင်လတ်

    July 10, 2013 at 1:39 pm

    သိနေတယ်လေ။ 😆

  • မင်းမင်း

    July 10, 2013 at 3:43 pm

    ဒါကြောင့်အရီးရှေ့

    သိပ်မပြောရဲတာ :mrgreen:

  • kyeemite

    July 10, 2013 at 3:58 pm

    မြွေ မြွေ ချင်းသွားတိုးတာကိုး..ေွိေွိ 😆

  • Foreign Resident

    July 11, 2013 at 5:37 am

    စည်းကမ်း တစ်ခုဟာ ၊ လူအများ လိုက်နာသင့် ၊
    လိုက်နာနိုင်တဲ့ စည်းကမ်း ဟုတ်မဟုတ်ကတော့ ၊
    စည်းကမ်း ထုတ်တဲ့သူတွေ ၊ မထုတ်ခင်ကတည်းက ချင့်ချိန်ကြရမှာပေါ့ ။
    ဒါက ၊ တစ်ပိုင်း သပ်သပ်ပါ ။

    အဲဒီလိုပါပဲ ၊ ထုတ်ထားပြီးတဲ့ စည်းကမ်း ကို ကြပ်မတ်ရမဲ့သူတွေ ၊
    ဥပမာ ယာဉ်ထိန်းရဲတွေက အဂတိလိုက်စားတာ လာဘ်စားတာကလည်း ၊
    အဂတိလိုက်စားတဲ့ လာဘ်စားတဲ့ ယာဉ်ထိန်းရဲ ကို ဥပဒေ အရ အရေးယူရမှာပါ ။
    ဒါကလဲ ၊ နောက် တစ်ပိုင်း သပ်သပ်ပါ ။

    အမှန်ကတော့ ။
    ဟိုလူ လည်းမှားတာပဲ ၊ သည်လူ လည်းမှားတာပဲ ၊
    ဒီကောင် ကတော့ လာဘ်စား နေတာဘဲ ၊ စတာတွေဟာ ၊
    ကိုယ့်ဘက်က မှားနေတာတွေ မှေးမှိန် / ပျောက်ကွယ်သွားဖို့ ၊
    Excuse တစ်ခု လုံးဝ မဟုတ်ပါဘူး ။

    ဘယ်လိုပဲ Reason ပေးပေး ၊
    အဓိက က ၊ ကိုယ် က စည်းကမ်းကို လိုက်နာရမှာပါ ။
    ကိုယ်ကမှ ၊ စည်းကမ်းကို မ လိုက်နာမိရင် ၊
    အဲဒါ ၊ ဘယ်သူ့ အမှားမှ မဟုတ်ပါဘူး ၊
    ကိုယ့် အမှားပါပဲ ။

    အဲလို ၊ ကိုယ်မှားမိတဲ့ အချိန် အခါတွေမှာ ၊
    အပြစ် / ဒါဏ်ငွေ ကို ရဲရဲ ရင့်ရင့် နှင့် လက်ခံခဲ့မယ် ဆိုရင် ၊
    ဒါဟာ စိတ်ဓါတ်ရေးရာ ဂုဏ်ယူစရာ တစ်ခုပါ ။

    • မင်းမင်း

      July 11, 2013 at 9:26 am

      အမှန်ပါပဲ။ဒါလေးကိုသိစေချင်တာ။

      လူတွေကခက်ပါတယ်။လိုင်စင်ပြန်လာ

      ပေးနည်းပဲစိတ်ဝင်စားနေကြတယ် :mrgreen:

      • Foreign Resident

        July 11, 2013 at 5:22 pm

        ကျေးဇူး ပါပဲ ၊ မင်းမင်း ရယ် ။
        အဘ က ၊ မှန်တယ် ထင်ရာ ၊ ဒဲ့ ပြောတတ်တော့ ၊
        မင်းမင်း များစိတ်ဆိုးမလား ထင်နေတာ ။

        အခု ၊ အဘ ပြောတာကို စိတ်မဆိုးပဲ ၊
        Best Comment ပါပေးခဲ့တဲ့အတွက် ။
        လေးစားမိပါတယ် ။

        • မင်းမင်း

          July 12, 2013 at 9:08 am

          :mrgreen:

Leave a Reply