ကျွန်တော်ချစ်သော ပတ်ဝန်းကျင်/Rich Environment =Gazette

alinsettJuly 11, 20131min27729

 

 

 

ကျွန်တော် မုန်းသော ပတ်ဝန်းကျင် ဆိုသော ဝတ္တုတိုကလေး ရေးအပြီးမှာ. . . . . .

ကျွန်တော်ချစ်သော ပတ်ဝန်းကျင်တစ်ခုအကြောင်းလည်း ရေးရဦးမည် ဟု တွေးထားခဲ့ပါသည်။

ယခုတော့ ကျွန်တော်ချစ်သော ပတ်ဝန်းကျင်တစ်ခုအကြောင်း…..  ရေးဖြစ်ပါပြီ ။

ဝတ္တု မဟုတ်ဘဲ အက်ဆေးသဘောမျိုးလေး ရေးကြည့်ဖို့ ့ရည်ရွယ်ပါသည် ။

=========================================

ကျွန်တော် ချစ်သော ပတ်ဝန်းကျင်
ကျွန်တော် ချစ်သော ပတ်ဝန်းကျင်

 

ကျွန်တော့်မှာ ကျွန်တော် ချစ်သော ပတ်ဝန်းကျင်တစ်ခု အသေအချာပင် ရှိနေပါသည်။

ထို ပတ်ဝန်းကျင်သည် ဂဇက်ရွာ

( မြို့တော် ဖြစ်ပြီ ဆိုလားပဲ ) ဖြစ်ပါသည် ။

==========================================

လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်

( Rich Environment ) လိုအပ်တယ် ။

ဘဝ အောင်မြင်မှု အတွက် မရှိမဖြစ် အရာတွေ ရှိတဲ့ ပတ်ဝန်းကျင်ပေါ့။

စာအုပ်တွေ ရှိရမယ် ။

ခေတ်ကို အမှီလိုက်နိုင်ဖို့ ့သင့်တင့်တဲ့ နည်းပညာ တွေ ရှိရမယ် ။

ပညာကို ကိုယ့်ကို လက်ဆင့်ကမ်း ပေးနိုင်မယ့်သူတွေရှိရမယ်။

************************************

စောင့်နေမယ်လို ့  မပြောလိုက်ဘူး / ဂျူး
စောင့်နေမယ်လို ့ မပြောလိုက်ဘူး / ဂျူး

အဲဒီစာသားလေးကို ဂျူးရဲ့ စောင့်နေမယ်လို ့မပြောလိုက်ဘူး ဆိုတဲ့စာအုပ်ထဲမှာ ဖတ်ခဲ့ရသည်။

ကျွန်တော့် ရင်ထဲကို တန်းတန်းမတ်မတ် ဝင်လာခဲ့သည့် စကားလည်း ဖြစ်သည် ။

အဲသည် စာသားထဲက ကြွယ်ဝသော ပတ်ဝန်းကျင် မျိုး ကျွန်တော့်မှာ ရှိသလားး…………..ဆိုသည့်မေးခွန်း ဖြင့် ကျွန်တော့် ပတ်ဝန်းကျင်ကို ချိန်ထိုးသုံးသပ် တတ်လာသည် ။

ယခုတော့ ကျွန်တော့်မှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင် ရှိသလားဆိုသော မေးခွန်း အတွက် အဖြေက ရှိခဲ့ပြီ ။

ရှိပါသည် ။

ကျွန်တော့်အတွက် ကြွယ်ဝသော ပတ်ဝန်းချင်သည်…………………………

ကျွန်တော် ချစ်သော ပတ်ဝန်းကျင်ဖြစ်သော ဤဂဇက် မြို့တော် ပဲ ဖြစ်ပါသည်။

==============================================================

ဆရာမဂျူး၏ စကားအရတော့ ကြွယ်ဝသော ပတ်ဝန်းကျင် ဖြစ်ဖို့ ့လိုအပ်သော အချက်များမှာ

(၁) စာအုပ်တွေ ရှိရမယ် ။

(၂) ခေတ်ကို အမှီလိုက်ဖို ့သင့်တင့်တဲ့ နည်းပညာတွေ ရှိရမယ် ။

(၃) ပညာကို လက်ဆင့်ကမ်းပေးမယ့်သူတွေ ရှိရမယ် ။

ဆိုတော့ . . . . ကျွန်တော်ချစ်သော ပတ်ဝန်းကျင်. . . ဤ ဂဇက် မြို့တော်ထဲမှာ ဘာတွေ ရှိသလဲ ။

===============================

(၁)စာအုပ်များ။ ။

ဂဇက်မြို့တော်ထဲမှာ တင်လာသမျှပိုစ့် အားလုံးသည် စာအုပ်တွေချည်းပဲ ဖြစ်သည် ။

ဂဇက်မြို့တော်သူမြို့တော်သားတစ်ယောက်ချင်းစီ၏ စာများသည် စာအုပ်များပဲ ဖြစ်သည်။

မဖတ်သင့်သော / အကျိုး မရှိသော စာအုပ် (ပိုစ့်) ရယ်လို ့မရှိ။

အားလုံးလိုလိုက ဖတ်သင့် မှတ်သင့် အချက်အလက် အတွေးအမြင်များ ရေးသားတင်ပြထားသော ပိုစ့်များသည် စာအုပ်များပဲ ဖြစ်သည်။

ထို့ကြောင့် ဂဇက်မြို့တော်ထဲ တစ်ခဏဝင်ကြည့်လိုက်ရုံနဲ့ ကမ္ဘာ တစ်ပတ် ပတ်လိုက်သလို ဗဟုသုတများစွာ ရနိုင်သည်။

ဂဇက်မြို့တော်ထဲမှ စာများကို တစ်ပုဒ်ချင်းစီ ဖတ်သွားရုံဖြင့် ကြီးမားသော စာကြည့်တိုက်ကြီးတစ်ခုထဲ ရောက်သွားသလို ခံစားလို့ရသည်။

ဂဇက်သည် ဝေဟင်ပေါ်က စာကြည့်တိုက် ဖြစ်သည် ။

==============================

(၂ ) ခေတ်ကို အမီလိုက်နိုင်ဖို့ ့သင့်တင့်တဲ့ နည်းပညာများးး

ဒါလည်း ပြည့်စုံပြီးသားဖြစ်သည် ။

ဂဇက်မှာ ရေးသားတင်ပြနေသမျှထဲမှာ ……………….  နည်းပညာ ဗဟုသုတ အချက်အလက်တွေမှ အများကြီးး။

နည်းပညာ နှင့်ပက်သက်ပြီး တစိုက်မတ်မတ် တင်ပြပေးနေသူများလည်း ရှိသည်။

ခေတ်မီ IT ပစ္စည်းများ မိတ်ဆက်ပေးတတ်သူများလည်း ရှိသည် ။

အသုံးဝင်သည့် နည်းပညာ အချက်အလက် များကို အခါအခွင့် သင့်တိုင်း တင်ပြပေးတတ်သော မိတ်ဆွေများလည်း ရှိသည် ။

နည်းပညာဆိုင်ရာ ဗဟုသုတနှင့် သိမှတ်ဖွယ်ရာ အချက်အလက်များကို တင်ပြပေးနေသူများ အများအပြား ရှိနေသောကြောင့် ဂဇက်သည်

နည်းပညာ ဘဏ်တိုက်ကြီး တစ်ခုလည်း ဖြစ်သည် ။

ဝေဟင်ထက်က နည်းပညာဘဏ် ဖြစ်သည် ။

==================================

(၃) ပညာကို လက်ဆင့်ကမ်း ပေးမယ့်သူများ းးးးးး

ပညာကို လက်ဆင့်ကမ်း ပေးနိုင်သူများလည်း ရှိသည်ပဲ ။

ပညာမှာ………………….

(ကျောင်းစာသင်ခန်းထဲမှ အတန်းပညာ မဟုတ်ပေမယ့် )

အသိပညာနှင့် ဗဟုသုတ / အတွေးအမြင်များကို သင်ယူတတ်သလောက် ရနိုင်သည် ။

ဂဇက်မှာ တင်လာသမျှ ပိုစ့်တိုင်းသည် အကျိုးရှိစေသော ပညာယူစရာ အချက်အလက် များးး များပါသည် ။

ယူတတ်လျှင် ရပါလိမ့်မည် ။

အတွေးအခေါ်နှင့် အခြား       ဗဟုသုတများကို ဖတ် မှတ် လေ့လာခွင့် ရသည် ။

အတွေးအခေါ်ချင်း ဖလှယ်သည့်သဘောဖြင့် အပြန်အလှန် ဆွေးနွေး ဝေဖန် လို့ရသည် ။

ကိုယ့်အတွေးအခေါ် ကိုယ့် အယူအဆကို တင်ပြပြီး ဆွေးနွေးလို ့ရသည် ။

ကိုယ့်ပညာကို တပါးသူကို လက်ဆင့်ကမ်းနိုင်သလို…..

သူတပါးတို့ လက်ဆင့်ကမ်းထားသော ပညာကို အသာလေး ယူလိုက်လို့ လည်း ရသည် ။

အလွန်တော်သော /အလွန် ဉာဏ်ရည် မြင့်သော ပုဂိ္ဂုလ်များ များစွာ ရှိနေသော ဤ ဂဇက်သည်

ပညာ ( အသိ ပညာ ) ဗဟုသုတများစွာ ကို လက်ဆင့်ကမ်း ပေးဝေနေသော နေရာ ဌာန ကြီး ဖြစ်သည် ။

ဝေဟင်ထက်က ပညာ ဌာနေ ဖြစ်သည်။

==============================================================

ကြွယ်ဝသော ပတ်ဝန်းကျင် ဖြစ်ဖို့ ့လုံလောက်ရုံမက ပိုပိုသာသာပင် ဖြစ်နေသေးသည် ။

ဤ ဂဇက်တွင် အနုပညာရှင်များ ရှိသည် ။

စာဖတ်သူ / ခံစားသူအတွက် ပြောင်မြောက်သော …….

ရသ ပေးစွမ်းမည့် အနုပညာလက်ရာများ အဆင်သင့် ရှိသည် ။

ကဗျာပြခန်း သည်လည်း အနုပညာ ၏ စုစည်းမှု အင်အားတစ်ခုကို ခမ်းနားထည်ဝါစွာ ပြသထားနိုင်သော နေရာ / ရသ အစုံကို တအံ့တဩ ခံစားဖို့ရာ. . . . . .

ရသ နန်းတော် တစ်ခု ဖြစ်သည် ။

တိုင်းပြည် ၏ အရှိတရား နှင့် အလှတရားများကို ရှာဖွေ ဖော်ထုတ်ပြ နေသော ဓါတ်ပုံပညာရှင်များ ၏ စကားပြောတတ်သော ပုံရိပ်များလည်း ရှိသည် ။

ကိုယ် မရောက်ဖူးသော နေရာ ဒေသများ ဆီ ရောက်သွားသကဲ့သို ့ ဗဟုသုတ ရစေသော ခရီးသွား ပိုစ့်များလည်း ရှိသည် ။

စိတ်နှလုံး ကို ကြည်နူး ချမ်းမြေ့စေသော ရယ်စရာ ဟာသ ရသများလည်း ရှိသည် ။

တကယ့် လက်တွေ ့ဘဝထဲမှ အတွေ ့အကြုံများးး……………….

ဘဝ အမော နှင့် သင်ခန်းစာ ယူစရာများးးး……………………….

ထိထိမိမိ သရော်စာများးးး…………………………………………

သတင်းပေးချက်များးး ကိုလည်း ဖတ်ရှု ခံစားလို ့ရသည် ။

ကျန်းမာရေး / လူမှုရေး / စီးပွါးရေး / နိုင်ငံရေး / ဘာသာရေး / ပညာရေး . . . . စသည်ဖြင့် နယ်ပယ်မျိုးစုံမှ ထူးခြားသော အတွေး အခေါ် အယူအဆများ

ဗဟုသုတ ရစရာ အချက်အလက်များစွာတို့ကို ထိတွေ့ ရသည် ။

ထို့ကြောင့်ဤ ဂဇက်သည် ကြွယ်ဝသောပတ်ဝန်းကျင် တစ်ခု ဖြစ်သည် ။

=====================================================

ကျွန်တော် ချစ်သော ပတ်ဝန်းကျင်ဤ ဂဇက်သည် ကြွယ်ဝသော ပတ်ဝန်းကျင်တစ်ခု ဖြစ်နေသောကြောင့် ကျွန်တော် ကျေနပ် ဂုဏ်ယူပါသည် ။

ကိုယ့် ပတ်ဝန်းကျင်ကို ပိုမို လှပ ကောင်းမွန်အောင်. . . . .

ပိုမို ဖွံ့ ့ဖြိုးတိုးတက်အောင် ကြိုးစား ဖန်တီးကြလိုသော လူတော် လူကောင်းများ ကြားမှာ ကျွန်တော် ရောက်နေခဲ့ပြီ ။

ကျွန်တော် ကိုယ်တိုင် တောင် ကိုယ့်ပတ်ဝန်းကျင်ကို ပိုကောင်းအောင် ဘာလုပ်ပေးရမလဲ ဆိုသည့်မေးခွန်းကိုမေးချင်ခဲ့တာ . . . . .

ဤပတ်ဝန်းကျင်၏ ရိုက်ခတ်မှု အကျိုးဆက် ဖြစ်ပါသည်။

=================================

ဤပတ်ဝန်းကျင်သည် ကျွန်တော် ချစ်သော ပတ်ဝန်းကျင် ဖြစ်သည် ။

ကြွယ်ဝ သော ပတ်ဝန်းကျင်လည်း ဖြစ်သည် ။

ကျွန်တော် ချစ်သော ဤဂဇက် ကောင်းသည်ထက် ပိုကောင်းအောင်

လှသည်ထက် ပို လှအောင်

လင်းသည်ထက် ပိုလင်းအောင် တစ်ထောင့် တစ်နေရာမှ နေ၍ အကျိုးသယ်ပိုးချင်လာပါသည် ။

=======================

ကိုယ့် ပတ်ဝန်းကျင်လေး ပိုပြီး လှပ သာယာပြီး ပို နေပျော်စရာ ကောင်းလာလေလေ. . . . . . .

အဲဒီ ပတ်ဝန်းကျင်ထဲမှာ နှစ်မြုပ် ရှင်သန်နေတဲ့ ကိုယ့် ရပ်တည်မှု / ကိုယ့်အနေအထားလေးလည်း ပိုပြီး ခမ်းနားတောက်ပြောင်လာလေလေပဲ မဟုတ်လားးး ။

=====================================

လေးစားစွာဖြင့်

အလင်းဆက်

11 . 7 .2013 .

alinsett.art@gmail.com

29 comments

  • KZ

    July 11, 2013 at 7:45 am

    ဒီ ပတ်ဝန်းကျင်လေးကိုတော့ ကျုပ်လည်း ချစ်တယ်တော့။ :mrgreen:

    • အလင်း ဆက်

      July 11, 2013 at 7:51 am

      မမခိုင်ဇာ
      ကျွန်တော့်ပိုစ့်တိုင်းမှာ ပထမဆုံး comment ပေးသူအဖြစ်
      မှတ်တမ်းတင်ပါတယ်
      အမြဲလိုလို ပထမဆုံးအားပေးသူအဖြစ် လည်း မှတ်တမ်းတင်ပါတယ် ။

      မုန့်ဝယ်ကျွေးချင်ပါတယ် ။ ေတွေ့ဆုံပွဲကျရင် လာပါ
      😆

      • KZ

        July 11, 2013 at 8:13 am

        ဟွန့်။
        မလာနိုင်လို့ ပြောတာလားးးးးး
        မသိဘူးးးးး
        လာနိုင်တဲ့ချိန်မှ မုန့်လိုက်ကျွေးပါ။ :mrgreen:

  • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

    July 11, 2013 at 8:31 am

    ဘာ rich တာတုန်း
    ရိုင်းရိုင်းနဲ့ ရဲရဲပြောပါ ဆိုရင်
    တက်ကြွတဲ့ စာရူးတသိုက် ဆိုတဲ့ အဆင့်ထက် မပိုသေးဘူး။

    တကယ်တမ်း ပယ်ပယ်နယ်နယ် ဆွေးနွေးတင်ပြနိုင်စွမ်းရှိတဲ့
    လက်ရှိလည်း လုပ်စားနေတဲ့ အောင်မြင်နေတဲ့ ထိပ်တန်းရောက်နေတဲ့
    ဆိုင်ရာ field အသီးသီးက
    ပရိုတွေ တခုတ်တရ လာရေးရတဲ့ ဆိုဒ် မဖြစ်သရွေ့တော့..ပေါ့ဗျာ..။

    အဲ… ဂလိုပြောလို့တော့ သိမ်းကျုံး ရမ်းတယ် မဆိုစေချင်ဘူး..။
    အနည်းဆုံးတော့ ရူးသွပ်မှု မြတ်နိုးမှု အရင်းခံတာမို့…
    ပေါ့ပျက်ပျက် ပေါက်ပန်းဈေး ဆိုဒ်တချို့ထက်စာရင်တော့ အပုံကြီးသာတာအမှန်..။
    သို့သော် အထက်က ဆိုခဲ့သလိုပဲ.. ချမ်းတော့ မချမ်းသာသေးဘူး။
    စားနိုင်သောက်နိုင် အဆင့်လောက်တော့ ရှိမပေါ့လေ..။

    ပုံ
    အွန်လိုင်းမယ် ဘယ်သူ့မှ အကောင်းမပြောတဲ့ အရှေ့အာရှက အသည်းမမာဆုံး ယောက်ျားတယောက်။

    • အလင်း ဆက်

      July 11, 2013 at 9:24 am

      စားနိုင်သောက်နိုင် အဆင့်ဆိုတာ နည်းတာ မှတ်လို့
      😆

    • ဝင့်ပြုံးမြင့်

      July 11, 2013 at 1:54 pm

      ဒီမယ် အရှေ့အာရှက ဂေါ်မစွံဆုံး ယောက်ျားတစ်ယောက် ။ ဘွတ်ဘွတ်လေးနဲ့လွဲပြီး မွတ်မွတ်ကြီးနဲ့ ညားပါစေ။
      ဒီ့ထက်ပိုပြီး ဒီမိုဖြစ်တဲ့ ဆိုက် ရှာပေး။ ကွန်မင့်တွေကို မထိန်းချုပ်တဲ့ဆိုက်၊ ဘာသာရေးအဆုံးအမနဲ့ ဖွင့်မထားတဲ့ဆိုက်၊ ဗေဒင်ဦးစားမပေးတဲ့ ဆိုက်၊ အဲဒါ ရှာပေး။ မရှာပေးနိုင်ရင်တော့ ဘွတ်ဘွတ်လေးနဲ့လွဲပြီး မွတ်မွတ်ကြီးနဲ့ ညားပါစေ။

      • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

        July 11, 2013 at 2:12 pm

        “A” Players hire “A+” Players.

        တဲ့ ..ငိငိ

  • kyeemite

    July 11, 2013 at 10:05 am

    ကျုပ်လည်းမကြီးမငယ်နဲ့ ဂဇက်ကိုချစ်မိနေပါရဲ့.. :mrgreen:

    • အလင်း ဆက်

      July 11, 2013 at 10:47 am

      ချစ်တဲ့သူချင်း ဘဝတုူတွေပေါ့နော်
      ဦးကြီးး မိုက်
      😆

  • မင်းမင်း

    July 11, 2013 at 10:13 am

    မြန်မာလူမျိုး များအတွက်တော့

    ဒီထက်ကောင်းတဲ့ဆိုဒ်မရှိသေးဘူး

    ထင်တယ်။ရှိရင်ပြောပြပါလား?

    အဲ့ဘက်ကိုသွားမယ်လေ :mrgreen:

    • အလင်း ဆက်

      July 11, 2013 at 11:45 am

      ဟုတ်ပါ့ ဦးမင်းရေ
      😆

      ဒီ ဂဇက် ထက် သာတယ်ဆိုရင်တောင်
      သံယောဇဉ် မဖြတ်နိုင်လို ့
      ဂဇက်ကို စွန် ့ခွါ ဖြစ်မယ် မထင်
      😆

  • သူကလေး

    July 11, 2013 at 10:37 am

    သူကလေးလည်း ချစ်တယ် (ရွာလေးကိုပြောတာနော့် :P)

    • အလင်း ဆက်

      July 11, 2013 at 11:47 am

      ချစ်ပါ ချစ်ပါ သူလေးရေ
      အခမဲ့ ချစ်ခွင့်ရှိတဲ့ ဂဇက်ပါ
      ကျန်တာတော့ လာမချစ်နဲ့
      ဟိဟိ

      ရှော့ ရှိဒယ်
      😆

  • နာလည်း တူတူပဲကို… ရွာဝင်နေရရင် တမေ့တမော..ဒက်စတော့ကြီးကြည့်ပြီး ပြုံးလိုက်၊ ရယ်လိုက်၊ မဲ့လိုက်၊ မျက်မှောင်ကြုတ်လိုက်၊ ကော်ပီကူးလိုက်၊ ဘွတ်မာ့ခ်လုပ်လိုက်…

    ရွာထဲဝင်ရင် အင်တာနက်သုံးတာ လူမိတယ်တော့.. :mrgreen:

  • ရဲစည်

    July 11, 2013 at 12:57 pm

    ဒါလောက်နဲ့ဘဲ လုံလောက်ပါသည် …
    လုံလောက်ပါတယ် …
    ကျေနပ်ပါသည် …

    ပတ်ဝင်းကျင် သန့်သန့်လေးမှာ တော်အိရောအိဈေးနဲ့
    ကိုယ်တိုင် ဆန့်ဝင် ပတ်သတ်နိူင်လို့ ….။

    • အလင်း ဆက်

      July 11, 2013 at 1:32 pm

      ဟုတ်ပါရဲ့ ကရဲစွီ ရေ

      ဒါ ကျေနပ်စရာ အနေအထားလို့ဆိုလည်း
      ရပါပေတယ်
      🙂

  • ပေါရရင် …
    ဂဇက်မှာ ဗဟုသုတ ရဒါဒေါ့ အမှန်ဗျဲစ် ..
    ဘာပုလို့ဒုန်းဆိုဒေါ့ ..
    လူဂျီးဒွေ ပေါလို့ … :mrgreen:

    စကားမစပ် ..
    နင် ငါ့ပို့စ်တွေကို မျက်စိလျမ်းသွားဒယ်ထင်ဒယ် …

    • အလင်း ဆက်

      July 11, 2013 at 1:30 pm

      ဘာဂိုပြောတာလဲဟ
      နာက အကောင်ပြရင်တောင်
      အရိပ် မမြင်မိတတ်တဲ့ကောင်ဟ

      တေချာ ပေါပါ
      😆

      • ဟဲ့ အကောင် ..
        ဂလောက်တောင် အထါ မပေါက်ဘူးလား …
        အတော်ညံ့ဒါဘဲ … (ငါ့အတိုင်းပဲ) :mrgreen:

        ငါရဲ့ ခပ်ကြောင်ကြောင် ပို့စ်တွေကို
        နင် ညက်စိလျမ်းတွားလို့မို့ ဂလိုဒွေ ပေါဒါလို့ …
        ဆိုလိုဂျင်ဒါဂ .. ဂလို .. ဂလို …
        ပေါက်ပလား …

        • အလင်း ဆက်

          July 11, 2013 at 5:28 pm

          အမ်မာ အန်စရာ
          နီ ့ပိုစ့်တွေက နည်းပညာ အချက်အလက်တွေရော
          ခပ်သွက်သွက် အတွေးအခေါ်ေတွေရော ရှိနေလို ့ နာက နာမည်တွေ ထည့်ရေးထားတုန်းက နီ ့နာမည် ပါတယ်ဟ

          နောက်မှ နာမည်တွေ ထည့်မရေး တော့ ပါဘူးလေ ဆိုပြီး
          နာမည်တွေ ဖျောက်ထားပြီး ခြုံပြောလိုက်တာ

          ဒီတော့ နီ ့အစိုကို
          နာ ကန့်ကွက်ဒယ်
          ဒါဗြဲ

  • surmi

    July 11, 2013 at 2:11 pm

    ​မောင်​ဂီ​ပြောတာလဲ အဟုတ်​
    မြပြုံး​ပြောတာလည်​း အမှန်​
    ကရဲစည်​ ​ပြောတာလည်​း​ထောက်​ခံတယ်​
    ဆိုဒ်​ကြီး သ်​ပ်​မြင်​့လွန်​းသွားတဲ့အခါကြရင်​
    ကျုပ်​​တော့ ဂျ​လေဘီ​ရောင်​းလို့ရမှာမဟုတ်​​တော့ဘူး … 🙂
    အခုအ​ခြေအ​နေကို​တောင်​မှ ​မောြပြီးကြည်​့​နေရတာပါ​လေ …
    တ​နေ့ ဒီထက်​တိုးတက်​လာရင်​​တော့ ဝမ်​း​မြောက်​ဝမ်​းသာစွာ ကြိုဆို​ကြောင်​းပါ ….

  • Shwe Ei

    July 11, 2013 at 4:50 pm

    ဤပတ်ဝန်းကျင်သည် ကျွန်တော် ချစ်သော ပတ်ဝန်းကျင် ဖြစ်သည် ။

    ကြွယ်ဝ သော ပတ်ဝန်းကျင်လည်း ဖြစ်သည် ။

    ကျွန်တော် ချစ်သော ဤဂဇက် ကောင်းသည်ထက် ပိုကောင်းအောင်

    လှသည်ထက် ပို လှအောင်

    လင်းသည်ထက် ပိုလင်းအောင် တစ်ထောင့် တစ်နေရာမှ နေ၍ အကျိုးသယ်ပိုးချင်လာပါသည် ။

    စာများများရေးပေါ့ကွီ…….

    (ကိုယ်မလုပ်နို်င်လို့ မြှောက်ပေးသည်ဟုမှတ်ပါ….ခိခိ)

  • အလင်း ဆက်

    July 11, 2013 at 5:31 pm

    စာများများ ရေးနိုင်ဖို ့ရော
    စာာ များများ ဖတ်နိုင် ဖို့ရော
    ကြိုးစားနေပါသည်ါ
    မမရွှေအိ
    🙂

  • ကိုရင်စည်သူ

    July 11, 2013 at 5:58 pm

    ဗေဒင်ဆြာတွေကို ဘာဓါတ်ရိုက်လဲမသိဘူး…
    ဗေဒင်ဆြာတွေ ခဏခဏ ပျောက်ပျောက်သွားတဲ့မြို့ပါ။။
    ဘာမျို့လဲတော့.. 🙄 မသိ.. မရှိ…

  • ဦးကြောင်ကြီး

    July 12, 2013 at 10:12 am

    သိုမှီးထားသော အရာများကို အပြင်သို့ စွန့်ပစ်နိုင်၍ လဗျွတ်နှင့်လည်း တူအိ… :mrgreen:

Leave a Reply