ကျနော်အဆိုးမြင်သမား (အဆုံး)

ပထမပိုင်းအတွက်

ကျနော် အဆိုးမြင်သမား

အဲဒီမှာ ဖတ်နိုင်ပါတယ်။မမျော်လင့်ပဲအချိန်ပိုထွက်လာလို့

အဆုံးသတ်နိုင်ခဲ့တယ်ဗျာ။

************************************************

ဒီနောက်ပိုင်း နေရာအနှံ့ pk တွေရဲ့
လုပ်ပေါက်တွေကိုသတိထားထားလာမိတယ်။
မြို့အထွက် (မတ္တရာ) လမ်းမှာလဲ အုပ်စုလိုက်
လာသမျှလိုင်းကားတွေတားပြီး လက်နဲ့ ကားပေါ်
ကလှမ်းပေးသမျှယူနေတာမျိုး။ အသိတွေကလဲ
ဒီနေ့အဖမ်းခံရတာဒီလောက်နဲ့ကြေးပြတ်သွားတယ်
ဆိုတာမျိုး တမျိုးမဟုတ်တမျိုးကြားရ မြင်ရတော့
အသိထဲကြာကြာစွဲလာတယ်။ pk နဲ့ တွေ့ရင်မလွယ်
ဘူး။သူတို့နဲ့လွတ်အောင်ရှောင်ရမယ်။ သူတို့ကအတော်
ဆိုးတဲ့ သူတွေ ဆိုပြီး pkတွေအပေါ်အဆိုးမြင်ပါတော့တယ်။
ဒါကြောင့်သူတို့ရန်ကလွတ်အောင် စည်းကမ်းတကျ မောင်း
တယ်။လိုအပ်တဲ့ အထောက်အထားအစုံယူတယ်။ ယဉ်ကို
လဲ အင်္ဂါစုံအောင်စစ်တယ်။အားလုံးပြည်စုံမှ လမ်းပေါ်တက်
တယ်။pk တွေကိုအဆိုးမြင်တော့ ဒီလိုအကျင့်လေးရလာတယ်။
ယဉ်မထွက်ခင်စစ်ဆေးတဲ့အကျင့်စွဲလာတယ်။လမ်းစည်းကမ်း
လိုက်နာပြီးမောင်းတဲ့အကျင့်စွဲလာတယ်။ အဆိုးမြင်တခုကနေ
ရလာတဲ့ အစွဲ တခု ။ အကျင့် တခု ပေါ့ဗျာ။

နောက်အဆိုးမြင်တဲ့နောက်တခု။ မန်းလေးမြို့ထဲ
သွားရလာရတာ အရင်ကနဲ့မတူ ပိုရှုပ်ထွေးလာတယ်ဗျ။
လူ ကား ဆိုင်ကယ် စက်ဘီး ဆိုက်ကား လမ်းပေါ်ထွက်
ရသမျှတွေ ပိုများလာတယ်။ဒီမှာ ကားသမားတွေကိုအဆိုး
မြင်တာ တခုပြောပြမယ်။ တရက် ရုံးအဆင်း ကိုယ်က
လမ်းမကြီးပေါ်က ကွန်တိန်နာ အလတ်စားတစီးလမ်းကြား
ကနေမောင်းလာတယ်။ကျနော့်ကိုဦးစားပေးရမှာ ဒါပေမဲ့
သူကအရှိန်မလျော့ပဲ ဇွတ်ဖြတ်တယ်။ကျနော်ကတော့ဒီလောက်
ဖြစ်လှသွားဆိုပြီးဆိုင်ကယ်ကို မနဲ ရပ်ပစ်လိုက်ရတယ်။
ဒါပေမဲ့ ကျနော့်နောက်က မဆင်မချင်မောင်းလာတဲ့ ဆိုင်
ကယ်က (အမှန်ဆိုရပ်လို့ရတယ်) လွတ်ပါတယ်ဆိုတဲ့ပုံ
နဲ့ အဲဒီကားရှေ့ကနေဖြတ်တယ်။မိုက်တယ်ဗျာ။ရှေ့တင်မြင်နေ
ရတာကိုး။အဲဒီကားနဲ့ ၂ ပေ လောက်အကွာကနေ သီသီ
လေးလွတ်သွားတယ်။ကားက လှည့်တောင်မကြည့်ဘူး။
ဆက်မောင်းသွားလိုက်တာ။အဲခုနကဆိုင်ကယ်က ကားနဲ့
တော့လွတ်ပါရဲ့ အဲဒီကားနဲ့မျက်နှာချင့်ဆိုင် ဘက်က သူ့
လို လမ်းဖြတ်ယဉ်က ဘေးဘီမကြည့်ပဲအရှိန်နဲ့ဖြတ်လာတဲ့
ဆိုင်ကယ်ကို ဝင်တိုက်လိုက်တာ အုန်းကနဲပဲ။ ကျနော်နောက်က
ဆိုင်ကယ်ကတိုက်လိုက်တာနော်။အဲဒီဆိုင်ကယ်အနောက်က
ထိုင်လိုက်တဲ့ လူငယ်ကလေးကတော့ လမ်းပေါ်လွင့်ကျသွား
တာပုံ ကနဲ့ပဲ။တချက်မှတောင်မလှုပ်တော့ဘူး။တဖက်ကဆိုင်
ကယ်ကတယောက်တည်းခေါင်းမှာသွေးသံရဲရဲနဲ့။ ကွန်တိန်နာ
ကားသမားကတော့ အေးဆေးပဲမောင်းထွက်သွားလိုက်တာ
လမ်းမကြီးမှာသွားနေတဲ့ယဉ်ကိုဦးးပေးရမှန်းမသိ။မြို့တွင်းသတ်
မှတ်မိုင်နုံန်းထက်လဲပိုမောင်း(ရမ်းလွန်းတာ)။ဆိုင်ကယ်ကလဲ
ရဲလွန်းတာ နမော်နမဲ့နိုင်လွန်းတာ။
ဒီလိုတွေ ခဏခဏကြုံရ ။မြင်ရ။ တွေ့ရပါများတော့
အဲဒီကားသမားမှန်ကမျှ။ဆိုင်ကယ်သမားမှန်သမျှ အားလုံး
သည် စည်းမရှိကမ်းမရှိ ဗရမ်းဗတာ စိတ်ကြမ်း ရမ်းကား
တတ်သော လူဆိုးများဖြစ်သည်ဆိုပြီး အဆိုးမြင် တယ်ဗျာ။
ဒီလိုမြင်တော့ လူဆိုးတွေနဲ့ မထိရလေအောင် မညှိ ရလေအောင်
အရာရာကိုယ်မှန်သည့်တိုင် အလျော့ပေးမောင်တဲ့ အကျင့်က
စွဲလာတယ်။သူတို့ နဲ့ပြိုင်မမိုက်နိုင်ဘူးလေ။အဲဒီလိုရှေ့နောက်ဘေး
ဝဲယာ ကနေဝင်လာမဲ့ လူဆိုးများ လူမိုက်များ မောင်းလာမဲ့
ယဉ်အမျိုးမျိုးကို သတိနဲ့ရှောင်ရှားလာတဲ့ အကျင့်စွဲလာတယ်။

နောက်ကျနော်မန်းလေးမြို့ရဲ့လမ်းတွေကို အဆိုးမြင်
မိပြန်ပါရော။ကျဉ်းလိုက်တဲ့လမ်းတချို့။ချိုင့်ပေါလွန်းတဲ့လမ်းတချို့။
ဖုန်ထလွန်းတဲ့လမ်းတချို့။ကြမ်းတမ်းလွန်းတဲ့လမ်းတချို့။ အဲဒီလို
တချို့ပေါင်းများတော့မန်းလေးမှာရှိသမျှလမ်းတွေအားလုံးရစရာ
မရှိတော့ဘူး။အဲသလိုမကောင်းလွန်းတဲ့လမ်းတွေကြောင့် ရှော့ဘား
တွေခဏခဏဆီယို ။ ဝါရှာလဲ။ထပ်ယို။ရှော့ဘားအသစ်လဲရ။
ဂီယာတွေချိန်းရ အင်ဂျင်တွေကျ ပါဝါတွေကျ ပြင်ဆိုင်ခဏခဏ
ပို့ရ။လမ်းတွေကိုအဆိုးပဲမြင်မိတယ်။အဆိုးဆုံးက လမ်းပေါက
မပေါတပေါ ကျောက်ခဲစွန်းကြောင့်တာယာအုံးကနဲ့ကွဲတာမျိုး
ပါ။တာယာလဲဖို့ ဆိုင်က တပြဆိုလဲတွန်းရ ၂ ပြဆိုလဲတွန်းရ
ချွေးပြန်ပေရော။ဒီကြားထဲပိုက်ဆံမလောက်ရင် ဆိုင်ကိုတောင်းပန်
လိုင်းအပေါင်ထား။အိမ်ပြန်ငွေယူ ပြန်လာရှင်း။ဟူးးးးးးးမောတာ။
အဲသလိုလမ်းတွေမကောင်းဘူးလို့ အဆိုးမြင်တဲ့ကျနော်
လမ်းပေါ်ရောက်တာနဲ့အဲဒီလိုလမ်းဆိုးတွေကနေဒုက္ခမရအောင်
သတိထားလမ်းကြည့်မောင်းတဲ့အကျင့်စွဲလာတယ်။လမ်းဆိုးတွေ
ပေါ်မောင်းရင် ဖြည်းဖြည်းမှန်မှန်မောင်းတဲ့ အကျင့်စွဲလာတယ်။
အဲဒီအစွဲတွေကြောင့် ဆိုင်ကယ်ကို ဆိုင်သိပ်မပို့ရတော့ဘူး။

အဲဒီအစွဲတွေက အဆိုးမြင်တဲ့စိတ်ကနေရလာတဲ့ကျနော့်
အစွဲတွေပေါ့ဗျာ။ အဆိုးမြင်စိတ်တွေကလဲ ကာလ ဒေသ ပြောင်း
တာနဲ့ အစွဲတွေကိုပြောင်းလဲပစ်ရမလားဆိုတော့ ……………
pk တွေအားလုံးကိုအဆိုးမြင်တဲ့ကျနော် တနေ့
လမ်းလယ်မှာများပြားရှုပ်ထွေးလှတဲ့ယဉ်မျိုးစုံကိုတယောက်တည်း
ချွေးတလုံးလုံးနဲ့ ကျွမ်းကျင်လိမ်မာစွာနဲ့ လမ်းပြပေးနေတာတွေ့
တော့ …………။ဒီအချိန်လမ်းဆုံးအလယ်ရောက်မှ ကားတစီးစက်
ရပ်သွားလို့(ဆီပြတ်တာပါ) သွားတွန်းပေးရသေးတယ်။ ဒီလို
pk တွေကို တွေ့ရဖန်များလာတော့လဲ အဆိုးမြင်စိတ်ကရလာ
တဲ့ အစွဲကိုချွတ်ရမလားးးးးးးးး။
ယဉ်မောင်းသမားတွေကိုအဆိုးမြင်တဲ့ကျနော် တနေ့
လမ်းအကူးမှာကျနော်ကရှောင်ရမှာမရှောမိဘူး။ဒါပေမဲ့တဖက်
ကားသမားက ရှောင်တယ်ပြီးတော့ ကျနော်ကို “ဆော်ရီးညီ
လေးရေ” ဆိုပြီးတောင်ပန်တယ်။ ဆိုင်ကယ်သမားတွေနဲ့လည်း
သူတို့မှန်ပေမဲ့။ “ဆော်ရီး ” “ဆော်ရီး” ဆိုပြီးကိုယ်မတောင်း
ပန်ခင်သူတို့ကလိုူက်လိူက်လဲလဲ တောင်းပန်တာတွေကြုံရတော့
သူတို့နဲ့ပါတ်သတ်ပြီး အဆိုးမြင်စိတ်က ရလာတဲ့ အစွဲကို
ချွတ်ရမလားးးးးးးးးးးးးးးး။
လမ်းတွေကို ကြမ်းလွန်းညံ့လွန်းတယ်လို့အဆိုးမြင်
ခဲ့တဲ့ကျနော် အခုဆို ကျနော်သွားတတ်လာတတ်တဲ့လမ်းတော်
တော်များများနိုင်လွန်တွေခင်းပြီးနေတော့ လမ်းမကောင်းလို့
အဆိုးမြင်စိတ်ကနေရလာတဲ့ အစွဲ ကိုချွတ်ရမလားးးးးးးးးးးးးးး။

ကျနော်ကတော့အဲဒီအဆိုးမြင်စိတ်ကနေရလာတဲ့
အစွဲတွေကို ချွတ်ဖို့ မလွယ်တော့ဘူးဗျာ ။

မင်းခန့်ကျော်
အစွဲကြီးစွဲနေပြီ။

6 comments

  • ဥပါဒန်၊ ကံကြောင့် ရုပ်နာမ် ပေါ် .. တဲ့ ..
    အဟမ်းးး
    အစွဲဂျီး စွဲနေဘီ ဆိုလို့ …
    ဘဘအံ က တရားလာဟောဒါ .. :mrgreen:

  • kai

    July 10, 2013 at 4:14 pm

    ဒီလိုရွေးလုပ်လေ…

  • KZ

    July 10, 2013 at 4:36 pm

    ကျုပ် က တော့ အဆိုးမမြင်ဘူးးးး
    အ စိုး ကိုပဲ မြင်တယ်။ :mrgreen:

    • အလင်း ဆက်

      July 10, 2013 at 5:21 pm

      တို့ကတော့
      မကြိးစန်းကိုပဲ မြင်တယ်

      အဲ ဘာမှလည်း ဆိုင်ဘူးနော်
      😆

  • kyeemite

    July 11, 2013 at 9:38 am

    ပြည်ပအားကိုး ပုဆိန်ရိုး
    အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကြ..တဲ့
    ဟီး..နောက်တာနော :mrgreen:
    ဘယ်လိုပဲမြင်မြင်ပါဗျာ..သတိထားဆင်ခြင်တတ်တဲ့အကျင့်စွဲတာတော့ကောင်းပါဂျောင်းးး

  • ဦးကြောင်ကြီး

    July 12, 2013 at 9:33 am

    အသိတယောက်တွေ့ဖူးတယ်… သူဘယ်လို မိုက်ကြောင်း.. ရဲလည်းမကြောက်ကြောင်း ကြားရတော့ ကြက်သီးတွေထလို့… နောက်မှ ဆက်ပြောတာ ဘယ်ဟုတ်မလဲ ဒင်းက ဂေါ်ဇီလာလောက် ပိုင်ရာဆိုင်ရာ ရှိတာကိုး… ဒီတော့ ရုံးရောက် ဂတ်ရောက် ဘယ်ကြောက်ပါ့မလဲ….။ ရှေ့တော့ မပြောရဲဘူးဗျ… ဂေဇက်မှာ လာဖွတာ.. အကြောက်ဖူးကွ ငါလဲနင့်လို…..

Leave a Reply