အော်…ခေတ်ကြီးကိုက……….

သူများချေတလှမ်းဆို ကိုယ်ကနှစ်လှမ်း သုံးလှမ်းမှတော်ရုံ မကျတဲ့ခေတ်

မျက်နှာသစ်ပြီး ကထဲကမုသာဝါဒကံ ကိုကျုးလွန်ဖို့အသင့် ပြင်ထားရတဲ့ခေတ်

ခုတ်မယ် ထစ်မယ် ပါးပါး လှီးမယ် ဆိုတဲ့ စကားက နေရာရတဲ့ ခေတ်

ကျော်နိုင် လွှားနိုင် ရက်စက်နိုင် မှသရဖူ ဆောင်းခွင့်ရတဲ့ခေတ်……..ဒီတော့

ကျွန်တော်တို့ ထမင်းတလုပ်စားရဖို့အရေး

ချေနှစ်ချောင်းစာမတ်တပ်ရပ်ဖို့ အရေး…..ဟိုအရေး..ဒီအရေး

အရေးပေါင်းများစွာအတွက်……ဒီခေတ်ထဲမှာ…ရိုးရိုးကျင့် မြင့်မြင့်ကြံ…..လှုရင်တိုး ခိုရင်မွဲ ရိုးသားသည့် ဂုဏ်စားမကုန် တဲ့…ကျွန်တော်ယုံကြည်တဲ့

ဒီစကားတွေကို……သားသမီးတွေအတွက် ဥပမာပြုစရာစကားအဖြစ်အသုံးဝင်ပါတော့မလား….သူတို့အတွက်ရီစရာများဖြစ်နေမလား…..လို့

ကျွန်တော်တွေးပြီးပူပန်မိတယ်…….၀ိုင်းဝန်းဆွေးနွေး….အဖြေရှာပေးကြပါလို့ မေတ္တာရပ်ခံပါတယ် …..ရွာသူရွာသားအပေါင်းတို့ခင်ဗျား……။

 

 

 

About ဦး ကြိမ်

ဦး ကြိမ် has written 8 post in this Website..

ရို သား ဖျောင့်မတ် ခြင်းကို နိုင်သရွေ့ ထမ်းပိုးရင်း လောကလမ်းကို လျှောက်နေသူပါ..........။