To Do List – ဆွေးနွေးပေးကြပါရန်

kaiJuly 30, 201012min62241

1.

နိုင်ငံတွေအလိုက် ဆိုင်ရာဒေသက မြန်မာလှုပ်ရှားမှုသတင်း အများဖတ်နိုင်အောင် တင်ပေးမဲ့သူတွေအတွက်ဖြစ်ပါတယ်။ အဲဒီသူတွေဟာ သတင်း( News) တမျိုးတည်းသာတင်ခွင့်ရှိမှာဖြစ်ပြီး တင်တဲ့သတင်းအတွက် တခု ပွိုင့် ၅၀ဝ ပေးမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ကရမဲ့ အဲဒီပွိုင့်တွေကို စုဆောင်းထားပြီး တနှစ်တခါ မြန်မာပြည်တွင်းက (ဘာသာရေးနဲ့မသက်ဆိုင်တဲ့ )အသင်းအဖွဲ ့(သို့)နေရာတနေရာ ဒါမှမဟုတ် ပညာတော်သင်ဆု..ဒါမှမဟုတ်..တခုခု…ကို (အများဆန္ဒကောက်ခံပြီး) အားလုံးကိုယ်စား ငွေသားအနေနဲ့ လှူဒါန်းပေးမှာဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာများအနေနဲ့ မိမိတို့လုပ်အားက ရတဲ့ သတင်းကို လှူဒါန်းတာလို့ မှတ်ယူစေလိုပါတယ်။
အဲဒါကိစ္စအတွက် မန်ဘာများ အောက်မှာ ကော်မန့်ပေးပြီး ပါဝင်ဆွေးနွေးပေးကြဖို့ တောင်းဆိုပါတယ်။

2.

Mandalay Gazette ရဲ့ Hosting ထားတဲ့ဆာဗာဟာ မကြာခဏ ကျကျသွားတတ်တာမို ့ နေရာ  ပြောင်းလိုပါတယ်။ အဲဒီအတွက် Dedicated Server မဟုတ်ပဲ Shared Hosting ကောင်းတဲ့နေရာကို ရှာမှာဖြစ်ပြီး Website ကို Hosting လုပ်ထားသူများ၊ အသုံးပြုနေသူများ မိမိတို့ရဲ့အတွေ့အကြုံ ရေးပေးကြစေလိုပါတယ်။ နာမယ်ကြီး မြန်မာ Website, Forum တွေရဲ့ Hosting နေရာတွေကိုလည်း သိရင်ရေးပေးကြစေလိုပါတယ်။ မန္တလေးဂေဇက် အခုထားတဲ့  Hostingနေရာက Bluehost ဖြစ်ပါတယ်။
အက်ဒ်မင်ပြောတာက Shared Hosting မှာ performance မြင့်တဲ့ ဆာဗာ လိုအပ်တယ်လို့ ဆိုပါတယ်။

အောက်မှာအင်တာနက်ထဲ ရှာရသမျှ စဉ်းစာနို်င်အောင် တင်ပေးထားပါကြောင်း..။

Top 10 Web Hosting — Best Web Hosts 2010

Independent reviews of the best web hosting providers. Cheap professional web hosting services under $10 a month; all webhosting plans include at least one free domain name registration and 30 day money back guarantee. Review your web host — let other webmasters know the best and the worst!

Rank Web Hosting Provider Features Bonus Features Hosting Review
1 Inmotion web hosting rating - 5 stars
Business Web Hosting
Space: Unlimited
Traffic: Unlimited
Price: $5.95
Free Domain Name,
Choice of Data Centers,
Top Technical Support
Inmotion Review
Host Rating: 98%
Rate  and Review a Host Review Inmotion
2 iPage web  hosting rating - 5 stars
Trusted Web Hosting
Space: Unlimited
Traffic: Unlimited
Price: $3.50
Host Unlimited Domains,
Anytime Moneyback,
$400 of FREE Extras
iPage Review
Host Rating: 97%
Rate  and Review a Host Review iPage
3 WebHostingHub web  hosting rating - 5 stars
Best Personal Web Hosting
Space: Unlimited
Traffic: Unlimited
Price: $4.95
Free Domain Name,
Host Unlimited Domains,
24/7/365 U.S. Support
WebHostingHub Review
Host Rating: 97%
Rate  and Review a Host Review WebHostingHub
4 WebHostingPad web  hosting rating - 4.5 stars
Cheap Reliable Hosting
Space: Unlimited
Traffic: Unlimited
Price: $1.99
Free Domain Forever,
Host Unlimited Domains,
$100 Marketing Bonus
WebHostingPad Review
Host Rating: 96%
Rate  and Review a Host Review WebHostingPad
5 JustHost web  hosting rating - 4.5 stars
Editor’s Choice Hosting
Space: Unlimited
Traffic: Unlimited
Price: $3.45
Free Domain Forever,
Host Unlimited Domains,
$100 Marketing Bonus
JustHost Review
Host Rating: 95%
Rate  and Review a Host Review JustHost
6 FatCow web  hosting rating - 4.5 stars
Cheap Business Hosting
Space: Unlimited
Traffic: Unlimited
Price: $3.67
Free Domain Forever,
Host Unlimited Domains,
$75 Marketing Bonus
FatCow Review
Host Rating: 95%
Rate  and Review a Host Review FatCow
7 GreenGeeks web   hosting rating - 4.5 stars
300% Green Web Hosting
Space: Unlimited
Traffic: Unlimited
Price: $4.95
Free Domain Name,
Host Unlimited Domains,
FREE Site Builder
GreenGeeks Review
Host Rating: 95%
Rate  and Review a Host Review GreenGeeks
8 Bluehost web   hosting rating - 4 stars
Unlimited Web Hosting
Space: Unlimited
Traffic: Unlimited
Price: $6.95
Free Domain Forever,
Host Unlimited Domains,
$75 Marketing Bonus
Bluehost Review
Host Rating: 94%
Rate  and Review a Host Review Bluehost
9 Hostmonster web   hosting rating - 4 stars
Cheap Unix Hosting
Space: Unlimited
Traffic: Unlimited
Price: $6.95
Free Domain Forever,
Host Unlimited Domains,
$75 Marketing Bonus
Hostmonster Review
Host Rating: 93%
Rate  and Review a Host Review Hostmonster
10 GoDaddy web   hosting rating - 3.5 stars
Largest Web Hosting
Space: Unlimited
Traffic: Unlimited
Price: $12.74
Free Domain Name,
Host Unlimited Domains,
Free SSL Certificate
GoDaddy Review
Host Rating: 92%
Rate  and Review a Host Review GoDaddy

Web Hosting – Best Website Hosting (2010)

.
Visit $3.45 Unlimited Unlimited Unlimited Review
2 Visit $3.50 Unlimited Unlimited Unlimited Review
3 Visit $3.95 Unlimited Unlimited Unlimited Review
4 Visit $3.45 Unlimited Unlimited Unlimited Review
5 Visit $3.95 Unlimited Unlimited Unlimited Review

Most Reliable Hosting Company Sites in June 2010

Rank Company site OS Outage
hh:mm:ss
Failed
Req%
DNS Connect First
byte
Total
1 INetU unknown 0.000 0.104 0.048 0.110 0.234
2 DataPipe FreeBSD 0:00:00 0.008 0.101 0.022 0.046 0.062
3 New York Internet FreeBSD 0:00:00 0.008 0.142 0.088 0.188 0.469
4 Multacom FreeBSD 0:00:00 0.015 0.123 0.090 0.181 0.499
5 Netcetera Windows Server 2003 0:00:00 0.015 0.090 0.115 0.231 0.471
6 iWeb Technologies Linux 0:00:00 0.019 1.089 0.051 0.103 0.103
7 Kattare Internet Services Linux 0:00:00 0.023 0.195 0.092 0.186 0.526
8 Memset Linux 0:00:00 0.023 0.051 0.118 0.237 0.237
9 Hosting 4 Less Linux 0:00:00 0.031 0.097 0.087 0.181 0.503
10 NaviSite Linux 0:00:00 0.031 0.305 0.096 0.194 0.387

=============
ဘယ်လောက်ရမလဲ ဘယ်လိုပေးမလဲ ကိုဖတ်ရန်..

https://myanmargazette.net/?p=45

41 comments

  • bigcat

    July 31, 2010 at 12:34 am

    when would you upload the latest pdf version of Yadanarpon bi monthly journal?

    • zawana

      August 17, 2010 at 6:32 am

      ဟုတ်တယ်ဗျ။ download rate တွေတော့ တွေ့တယ်။ ဘယ်မှာ ဒေါင်းရမလဲ မသိဘူး။ ဖြေပေးကြပါခင်ဗျာ။

  • winne

    July 31, 2010 at 12:39 pm

    သိပ်နားမလည်ဘူး နည်းပညာပိုင်းဆိုင်ရာကို ပြောင်းသွားရင်တော့ အတိအလင်း ကြေညာပေးပါနော်။ ပြောင်းတဲ့ လိပ်စာကို မသိမှာစိုးလို့ပါ။

  • tunkhann

    July 31, 2010 at 1:13 pm

    ကျနော်ကဒီဆိုဒ်လေးကိုအရမ်းသဘောကျနေလို့ ခုမှစာတွေရေးနေတုန်းရှိသေးတယ်အကိုရ
    ဒီဆိုဒ်လေးကိုဒီထက်ကောင်းအောင်လုပ်မယ်ဆိုတော့ပိုဝမ်းသာပါတယ်
    အားလုံးပြောင်းလဲသွားတယ်ဆိုရင်ကျနော်တို့ကို ပြောပေးပါနော် ဘာလုပ်ရမယ်ဆိုတာ
    သိသင့်သိထိုက်တာကို ပြောသင့်ပြောထိုက်တဲ့သူက မပြောရင်အဲဒီလူမသိဘူးတဲ့
    မန်ဘာအားလုံးကိုပြောပါနော် လိုအပ်ချက်မှန်သမျှကိုပါ ကျနော်တို့ကအားပေးနေရုံပါ
    ကျန်တာဘာမှနားမလည်ဘူး ပြောရရင်ဘာမှမတတ်လို့ပါ……………

    • kai

      August 1, 2010 at 9:41 am

      မြန်မာပြည်တွင်းက လာတင်တဲ့သူတွေကို ပွိုင့်ပေးတဲအစီအစဉ် မပြောင်းပါဘူး။ မြန်မာပြည်ပကနေ သတင်းတင်ပေးမဲ့သူတွေကိုပါ ပွိုင့်ပေးသင့်မသင့် စဉ်းစားရင်း မင်န်ဘာတွေဆီက အကြံဉာဏ်တောင်းခံနေတာပါ။
      ကြုံလို ့ပြောထားရရင် ဒီဝက်ဘ်ဆိုက်က ဘယ်သူ့ထောက်ပံ ့ငွေနဲ့မှ လုပ်နေတာမဟုတ်တဲ့အတွက် ငွေတွေအများကြီးပေးချင်ပေမဲ့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင်စာတကယ်ရေးနေသူတွေကို များများစားစား မပေးနိုင်သေးတာပါ။ အဲဒီအတွက် ယူအက်စ်က ကြော်ငြာထည့်မဲ့ လုပ်ငန်းရှင်တချို ့ကို ကမ်းလှမ်းထားတာရှိပါတယ်။ ရခဲ့ရင် သူတို့ဆီကရတဲ့ငွေ ၁၀ဝရာနှုန်းအပြည့်အပြင် မန္တလေးဂေဇက်ကပါ ဝင်ထပ်ပေါင်းပြီး ပွိုင့်တွေအတွက် အကုန်သုံးစွဲမှာဖြစ်ပါတယ်လို့ပါ။

  • winne

    August 1, 2010 at 9:09 am

    အကြံတခုပေးချင်တယ် ဒီဆိုက်ကို ပြုပြင်မယ်ဆိုရင် ဖိုရမ်လိုမျိုး ဆွေးနွေးစကားပြောလို့ရတဲ့ နေရာတခုခု ထားစေချင်တယ်။

    • kai

      August 1, 2010 at 9:45 am

      ကောင်းပါတယ်။ ဒါကိုထည့်နိုင်ဖို့စဉ်းစားပါ့မယ်။ ပြသနာက အခုဒီနေရာမှာ ကော်မန့်နဲ့ဆွေးနွေးရင် တခါရေး ပွိုင့်၆ဝ ပေးလို့ရတဲ့ စံနစ်ရှိပေမဲ့ ဖိုရမ်မှာကျ..
      ပွိုင့်ဘယ်လို ပေးရမလဲ မသိပါ။ အဲဒါမျိုး နည်းပညာပိုင်းအရ လုပ်နိုင်သူတွေရှိရင် ကူညီကြစေချင်တာပါပဲ။

  • maungshwe

    August 1, 2010 at 11:26 am

    I dont know much about the techno: part
    Plz inform us about the changes.
    🙂

  • winne

    August 1, 2010 at 12:10 pm

    ဖိုရမ်တွေမှာ ကွန်မန့်တခုကို ၆ဝ လောက်မပေးဘဲ လျော့ပေးလည်းရတာဘဲလေ။ ဖိုရမ်မှာ ဆွေးနွေးတာက တချိုက အပျော်သဘော ဆောင် ပြီး အချို့က အတည် ရေးတာမျိုးဆိုရင်လည်း ပွိုင့်များများ ပေးသင့်ပြန်ကော.. vote ပေးတဲ့ ပမာဏနဲ့ မြှောက်ပြီး ပွိုင့်ပေးတာမျိုး လုပ်ပါလား။ အကြံပေးကြည့်တာပါ

  • Thaw Zin Loikaw

    August 1, 2010 at 1:38 pm

    ဟုတ်ကဲ့ သည်လိုဆိုရင်တော့ ပိုကောင်းတာပေါ့ နည်းပညာပိုင်းဆိုင်ရာကိုတော့ သိပ်နားမလည်တော့ နားလည်တဲ့သူတွေကူညီကြရင်တော့ ကောင်းတာပေါ့ဗျာ Siteအပြောင်းအလဲလေးတွေရှိရင်တော့ ကြိုအကြောင်းကြားပါဦးဗျာ သည်Site လေးကိုတော့ သဘောကျတာတော့ အမှန်ပဲ ကဏ္ဍစုံဖတ်ရ သိရလို့ပါ..။ဓါတ်ပုံနဲ့တကွ စာတွေတင်ချင်ရင်ဘယ်လိုလုပ်ရမလဲ ဆိုတာ သိချင်ပါသေးတယ်..။
    ကျေးဇူးတင်ပါတယ်…။

  • manawphyulay

    August 2, 2010 at 4:42 am

    ကောင်းပါတယ်ရှင်။ ဒါပေမယ့် ပိုစ့်တွေထပ်နေတာတွေကိုရောဘယ်လိုလုပ်ပါသလဲ။ နောက်တစ်ချက်က ကိုယ်ပိုင်စာမဟုတ်ပဲ ဖော်ဝေါ့တွေပဲ များနေတာကို တွေ့ရပါတယ်။ တင်ကြတဲ့သူတွေမှာ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိမယ်လို့ မနော ထင်မြင်မိပါတယ်။ ဒီတော့ ကိုယ်ပိုင်အတွေးတွေ များများနဲ့ ရေးနိုင်ကြမယ်ဆိုရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်ရှင်…………..

  • thihayarzar

    August 2, 2010 at 6:21 am

    ကျွန်တော်လည်းဒီမှာစာတွေဖတ်ရတာ ခရီးသွားမှတ်တမ်းလေးတွေ ရေးရတာကိုနှစ်သက်ပါတယ် ….. ကျွန်တော် ဒီမှာတင်ဖို့အတွက်ပုံတွေအများကြီးရှိပါတယ် ….. အသေးစိတ်ကိုလည်း တစ်ဆင့်ပြီးတစ်ဆင့်ရှင်းပြစေချင်ပါတယ် ….. ကျွန်တော်တို့ဆီမှာက လိုင်းတွေကလည်း သိပ်မကောင်းဘူးလို့ထင်တယ် ….. ဓာက်ပုံတွေတင်ရင် အမြဲတမ်းစိတ်ညစ်ရပါတယ် ……. ကျွန်တော်တို့လို ဘာမှမသိ ဘာမှမတက်သေးတဲ့ သူတွေအတွက် အင်တာနက်နဲ့ပက်သက်တဲ့ ကွန်ပျူတာနဲ့ပက်သက်တဲ့ အကြောင်းအရာလေးတွေကိုလည်း တင်ပေးစေချင်ပါတယ် ….

  • thihayarzar

    August 2, 2010 at 6:30 am

    နောက်ပြီး မြန်မာနိုင်ငံကသတင်းရေးသူတွေအနေနဲ့ သူတို့တင်လိုက်တဲ့သတင်းတွေကို ဖော်ပြခံရမယ်ဆိုရင် ဖော်ပြခံရတဲ့ သတင်းကိုလိုချင်ကြမှာပါ …. တိုက်ရိုက်မဟုတ်တောင်မှ ကူးယူလို့ရမယ် … နေရာလေးကိုပြောတာပါ …. အောင်မြင်ပါစေလို့လည်းဆုတောင်းလိုက်ပါတယ် ….

  • cobra

    August 2, 2010 at 6:53 am

    အကိုရေ ပြောင်းရင်လည်းလိပ်စာပေးဦးနော်…ဆိုက်တွေတော်တော်များများထဲမှာဒီဆိုက်ကိုအကြိုက်ဆုံးပါ..ပိုကောင်းအောင်လုပ်ပေးမယ်ဆိုတော့ဝမ်းသာပါတယ်….။

  • True Faith

    August 2, 2010 at 9:52 am

    ပြည်ပနေ မြန်မာများအတွက် သတင်းလှုပ်ရှားမှုတွေ တင်ပေးရင် ပွိုင့်ပေးမယ့် အစီအစဉ်ကို ကြိုဆိုပါတယ်။ ကိုယ်ရေးလိုက်တဲ့ သတင်းလေးတပုဒ်က တခုခု အရာထင်သွားမယ့်အခြေအနေပါ။ ရည်ရွယ်ချက် ကောင်းမွန်ကာ ပြည်သူ့အပေါ် စေတနာထားသော မန္တလေးဂေဇက် အဓွန့်ရှည်တည်တံ့ပါစေ။

  • True Faith

    August 4, 2010 at 8:11 am

    အယ်ဒီတာ ခင်ဗျား။ စာအုပ်တချို့ တင်ပေးချင်တာ ရှိပါတယ်။ ကျနော်တခါ ကြိုးစားကြည့်ပေမယ့် no permission လို့ ပဲ ပေါ်နေပါတယ်။ နည်းလမ်းလေး ဝေမျှပါဦး ခင်ဗျာ။

    • kai

      August 4, 2010 at 9:25 am

      http://myanmargazette.net/?page_id=20
      အဲဒီမှာ ပုံတင်တဲ့အတိုင်း pdf တင်လို့ရပါတယ်။ မရဘူးဆိုရင် pdf ဖိုင်က တော်တော်ကြီးနေလို့ပဲ။
      အဲဒါကို ဆာဗာပြောင်းပြီးရင် လွယ်လွယ်နဲ့၊ ဖိုင်ကြီးကြီးတွေတင်လို့ရအောင် တခုခု လုပ်မလို့ စီစဉ်နေပါသတဲ့။

  • winne

    August 4, 2010 at 9:06 am

    ဆွေးနွေးစရာ တခုပေါ်လာပြန်ပြီ။ ဒီမှာ ရေးတဲ့ အချက်အလက်တွေက တချို့က တင်သာတင်တယ် ပုံမပါဘူး ဒါနဲ့ ထပ်တင်တယ် နာမည်တူ ၂ခု ဖြစ်သွားကော နောက်ပြီး သတင်းတခုကို နှစ်ယောက်တင်တယ် အဲလိုမျိုးတွေ ထပ်နေတာတွေ များတော့ ဆိုက်က လေးပြီး ကျကျသွားတာ များ ဖြစ်နေမလား။ သတင်းတခုကို ၂ခါတင် မိတာမျိုးဆိုရင် မပြည့်စုံတာကို ဖျက်တာမျိုး နောက်ပြီး သတင်းတခုကို ၂ယောက်တင်တာမျိုး ဖြစ်နေရင် အရင်တင်သူကို ဦးစားပေးတာမျိုးနဲ့ ပြည့်စုံသူကို ထားတာမျိုး လုပ်ရင် ပိုကောင်းမလားလို့ပါ အဲဒါဆို ခဏခဏ ကျကျသွားတဲ့ ပြသနာ အနည်းအကျဉ်းများ ဖြေရှင်းနိုင်မလား ဖျက်မယ်ဆိုရင် တော်တော် များများ ဖျက်စရာတွေ တွေ့ထားပါတယ်။

    • kai

      August 4, 2010 at 9:28 am

      ကောင်းပါတယ်။ အဲဒါမျိုးတွေဖျက်ဖို ့တာဝန်ရှိတဲ့သူတွေက မဖျက်ဘူးဗျ။ တင်တွေသူတွေခမျာ ကြိုးစားပန်းစား တင်ထားရတယ်ဆိုပါတယ်။
      အဲဒါ… ဖျက်ရဲတဲ့ မော်ဒရိတ်တာများ တယောက်ယောက်ခန့်ရမယ်ထင်တယ်။ ထပ်နေတာကို မန်ဘာများက ထပ်နေကြောင်း သတိပေးစာလေးရေးပေးထားရင်တော့ ဖျက်ဖြစ်မယ်ထင်ပါတယ်။

  • cobra

    August 4, 2010 at 10:44 am

    ကျွန်တော်photo တွေတင်လို့သိပ်မရဘူး…။နည်းနည်းလောက်လွယ်အောင်လုပ်ပေးစေချင်တယ်….အကို….။

  • zawana

    August 5, 2010 at 2:40 am

    ပြည်ပနေ မြန်မာများအတွက် သတင်းလှုပ်ရှားမှုတွေ တင်ပေးရင် ပွိုင့်ပေးမယ့် အစီအစဉ်ကို ကြိုဆိုပါတယ်။ လှူဒါန်းမှုတွေ လုပ်တဲ့အခါမှာလည်း ဘယ်နေရာကို လှူဒါန်းမယ်ဆိုတာ မဲပေးစံနစ်နဲ့ အများသဘောတူ လုပ်နိုင်ရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။

  • osprey

    August 5, 2010 at 12:20 pm

    မြန်မာနိုင်ငံမှနေတဲ့သူတွေအတွက်တော့ ဒီဆိုက်လေးဟာ အိုအေစစ်လေးပါပဲ။လူငယ်တွေအတွက်နည်းပညာတွေလိုအပ်သလို လုလတ်ပိုင်းတွေအတွက် စစ်မှန်တဲ့ သတင်းများ အကျိုးရှိမဲ့ သတင်းတွေလိုအပ်ပါတယ်။ ဒီဆိုက်မှာ လိုနေသော post တွေထဲမှာ စီးပွားရေးနဲ့ပတ်သက်တဲ့ သတင်းလေးတွေ လည်းလိုအပ်ပါတယ်။ လက်ရှိ နေနေတဲ့ အထဲကမှ ပိုက်ဆံ ရှာနိုင်ဖို့ ကူညီနိုင်မဲ့ သတင်းတွေ။ အတွေအကြုံတွေ ၊ လုပ်နည်းလုပ်ဟန်တွေ ဒါတွေကိုဖော်ပြပေးမဲ့ menbers တွေရဲ့ ပို့တွေ လိုအပ်ပါတယ်။ ကျွန်တော်လည်း ရထားတဲ့ အတွေ့အကြုံတွေကိုဝေမျှသွားမှာပါ။

    • kai

      August 14, 2010 at 7:38 pm

      ဖြစ်စေချင်တာက..
      မြန်မာပြည်က လူတွေက စီးပွားရေးအိုင်ဒီယာလေးတွေတင်..
      နိုင်ငံခြားနေသူတွေက ကိုယ့်အတွေ့အကြုံတွေနဲ့ အကြံညဏ်မျှဝေ။ ဒီလိုဖြစ်စေချင်တာပါ။
      နောင်တနှစ်လောက်ဆို ဖြစ်လာနိုင်မယ်ထင်ပါတယ်လေ…ဖြည်းဖြည်းချင်းပေါ့နော..။

      အိုအေစစ်လို့ တင်စားတဲ့အတွက် ကျေးဖူးပါခင်ဗျား

  • winne

    August 9, 2010 at 12:38 pm

    အထက်ကပြောသွားတဲ့ တင်တဲ့ စာတွေ ထပ်နေရင် ထပ်ကြောင်း ဘယ်လို ပြောရမှာလဲ။
    တင်တဲ့ သတင်းတွေကို vote နဲ့ ဆုံးဖြတ်ပါလား။ အပေါင်း အနှတ် ပေးပြီးတော့ အနုတ်ပေးခံရတာများရင် ဖျက်တာမျိုးပေါ့။
    နောက်တခုက တယောက်နဲ့ တယောက် စာပို့လို့ရလား အခုတော့ စာပို့စရာလည်း နေရာ ရှာမတွေ့လို့ပါ။
    ဒီဆိုက်ကလေး စသုံးကတည်းက သတိထားမိတာ ပွိုင့်ပေးတဲ့ ဆွဲဆောင်မှုကြောင့်လားတော့ မသိဘူး သိစရာလေးတွေ အားတက်သရော တင်ကြတယ် ဗဟုသုတ တော်တော် ရပါတယ်။
    သတင်းတခုအောက်မှာ ကွန်မန့်က ၁ခါဘဲ ပေးခွင့်ရှိလား ထပ်ပြီး သုံးသပ်ပြီး သူများတွေ ပြောထားတာတွေကို ပြန်လည် ပြောဖို့အတွက် ၂ခါ ၃ခါ ပေးခွင့် မရှိဘူးလား သိချင်လို့နော်။

    • kai

      August 14, 2010 at 7:35 pm

      အဲဒီလို ဗုတ်နဲ့လုပ်တာ စိတ်ဝင်စားပါတယ်။(ဒါမှမဟုတ် ဖတ်တဲ့ ကောင့်ကနေဆုံးဖြတ်တာမျိုးပေါ့။)
      အဲဒါကြောင့် မန်ဘာတွေ ဗုတ်ကြဖို့ပြောတာပါ။ အနုတ်များတဲ့ပို့စ်ရင် ဖျက်ပစ်ပြီ…အဲဒီလိုဆိုရင် ပုံမှန်တင်တဲ့စာတွေကို ပွိုင့်ပိုပေးနိုင်မှာပါပဲ။
      မန်ဘာအချင်းချင်း private message ပို့လို့ရပါတယ်။ Site Adminထဲဝင်ပြီး ဘယ်ဖက်အောက်နားကMessage ကနေပို ့ပါ။
      ကွန်မန့်က ပုံမှန်အားဖြင့်တခါပဲပေးစေချင်ပါတယ်။ အပြန်အလှန်ဆွေးနွေးတာမျိုးဖြစ်သွားရင်တော့ ကြိုက်သလောက်တင်နိုင်ကြောင်းပါခင်ဗျား။

      • winne

        August 26, 2010 at 4:55 am

        တခါတင်ပြီးသား နေရာမှာ ထပ်ပြီး ကွန်မန့်ပေးတာ ပွိုင့်မပေးချင်လည်း နေပါ ကွန်မန့်ပေးရတာ သဘောကျလို့ပါ။ ၁သိန်းကျော်ရင်တော့ ထုတ်ဖို့ ဆန္ဒတော့ ရှိပါတယ်။ အပြန်အလှန် ဆွေးနွေးရတာကို လည်း ပျော်တယ် လွတ်လပ်စွာ ပြောလို့ရတာကိုလည်း သဘောကျလို့ပါရှင်။

  • alfred

    August 11, 2010 at 10:46 am

    ကျွန်တော် တစ်ခု အကြံပေးချင်တာက အစ်ကိုတော့ အခုသုံးနေတဲ့ wordpress က ဒီလို user အများကြီးနဲ့ ကျရင်သိပ်အဆင်မပြေဘူးထင်တယ်။ အစ်ကိုတို့ joomla ပြောင်းသုံးကြပါလား။ သူက ပိုကောင်းတယ်လို့ ထင်တာပဲ။ အကောင်းဆုံးက နည်းပညာ အကြောင်းနားလည်တဲ့လူဆီမှာမေးကြည့်တာပိုကောင်းမယ် ထင်တယ်။ ကျွန်တော်ကြားဘူးတာတော့ wordpress က blogging အတွက်ကောင်းတယ်။ ဒီလို user အများကြီးနဲ့ ဆို joomla ကပိုကောင်းသလိုပဲ။ ဥပမာ http://www.soccermyanmar.com ကိုကြည့်ကြည့်ပါ။ joomla နဲ့လုပ်ထားတာပါ။ အကြံပေးတာနော်။ ဆရာကြီးလုပ်တာ ဟုတ်ဝူး။

    • kai

      August 14, 2010 at 7:27 pm

      MandalayGazette က ၂၀၀၈ ကနေ ၂၀၀၉အထိ Joomla ကိုသုံးခဲ့တာပါ။ အဲဒီမှာ Attack ခံရလို့ ဝက်ဘ်ဆိုက်က ကျသွားပြီး WordPressပြောင်းခဲ့တာ။ အခုပြသနာက နေ့စဉ်ဝင်လာတဲ့ မန်ဘာအရေအတွက်က်ို ဆာဗာက မနိုင်တာဖြစ်ပါတယ်။
      ကြည့်ရတာ Bluehostမှာပဲ Upgrade လုပ်ရမလားပါပဲ။
      Joomlaက Securityမှာ WordPressလောက်မကောင်းပါဘူး။
      ၂၀၀၆-၂၀၀၈အထိကတော့ XOOPS ကိုသုံးခဲ့တာဖြစ်ပါတယ်။

      မြန်မာမီဒီယာ တော်တော်များများကJoomla သုံးကြတယ်ဆိုတော့ လည်း သတိထားမိစရာပါပဲ။
      အကြံပေးတာ ကျေးဇူးနော…။

  • thihayarzar

    August 14, 2010 at 3:50 am

    mail ထဲကပုံတွေကို ကူးပြီးတော့ တင်လို့ရပါသလား။ ဘယ်လိုလုပ်ရမလဲ

    • kai

      August 14, 2010 at 7:19 pm

      အရင် ကိုယ့်ကွန်ပျူတာထဲ ပုံကိုဒေါင်းလုပ်လုပ်လိုက်ပါ။ ပြီးရင်
      http://myanmargazette.net/?page_id=20
      အတိုင်းလုပ်ပါ။

  • kai

    August 14, 2010 at 7:17 pm

    တချိန်လုံး ဝက်ဆို်က်က ကျနေတော့တာပဲ။ တယောက်ယောက်က ပို့စ်မှားတင်လိုက်တာလား။ under attackလား တခုခုပဲ..။

  • winne

    August 15, 2010 at 12:15 pm

    သေချာတာကတော့ ဒီနေ့ လုံးဝ သုံးမရပါဘူး ပြီးခဲ့တဲ့ ရက်တွေကတော့ ခဏခဏ ကျသွားတာ သတိထားမိပါတယ်

  • alfred

    August 15, 2010 at 5:15 pm

    ဟုတ်ပါတယ်ခင်ဗျာ။ server ခဏခဏကျနေပါတယ်။ ကျွန်တော်လည်းဒီနေ့လုံးဝင်လို့မရပါ။ ညဘက်လောက်မှရပါတယ်။ အစ်ကိုတို့ မြန်မာ media တွေဘယ်လို hosting ယူလဲဆိုတာကို စုံစမ်းကြည့်ပါလား။ ဒါမှမဟုတ် အခု မြန်မာပြည်က service ပေးနေတဲ့ http://tlinkmm.com/ ကိုဆက်သွယ်ပြီးမေးကြည့်ပါလား။ ဒီပုံကို ကြည့်ရတာ hosting ကြောင့်ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ အစ်ကိုတို့ comment ကို comment ထက်ပေးလို့မရဘူးနော်။

  • Good Idea

    August 19, 2010 at 10:54 am

    မနေ့ညက ကျနော့်ရဲ့ပွိုင်ဟာ ၆၀၀ဝ ကျော် ရှိပါတယ်။ ဒီနေ့မနက်တော့ ၂၁၉၅ ပဲ ရှိပါတော့တယ်။ ဘာကြောင့် ဒီလိုလျော့သွားသလဲ။ အက်ဒမင်က နှုတ်လိုက်တာလား သိချင်ပါတယ်။ နှုတ်တယ်ဆိုရင်လည်း ၃ ထောင်ကျော်ကြီး နှုတ်တာတော့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ စည်းကမ်းချက်နဲ့ မညီတာလည်း ကျနော် မလုပ်မိဘူး ထင်မိပါတယ်။ ရှင်းပြပေးပါ။

    • kai

      August 20, 2010 at 5:28 pm

      အယ်ဒီတာထဲကတယောက်ယောက်က ဖြတ်တာထင်ပါတယ်။ ဘာသာရေးစာတွေဒီအတိုင်းကုးတင်ထားလို့ လို့ထင်ပါတယ်။
      သိတော်မူတဲ့အတိုင်း အယ်ဒီတာရဲ့အဓိကအလုပ်က ဖြတ်တောက်တဲ့ ခုတ်ထစ်တဲ့ဓါးသမားလေ..။ ဂျာနယ်တွေ မဂ်ဂဇင်းတွေလည်း ဒီအတိုင်းပါပဲ။
      ထည့်ချင်ထည့်တယ်။ ဖြတ်ချင်ဖြတ်တယ် ပါပဲ..။ အယ်ဒီတာရဲ့လုပ်ထုံးလုပ်နည်းအရ ..ဘာကြောင့်ဖြတ်သလည်း ဖြေရှင်းချက်မပေးပါဘူး။
      လူမုန်းတော့များတယ်ပေါ့။
      # ဘာသာရေးနှင့်သက်ဆိုင်သောစာများ(မည်သည့်နေရာမှမဆို)ကူးယူလာပါက ပွိုင့်မပေးပါ။ ဆိုတာက အဲဒီနေ့ကလောက်မှ တက်လာတာမို ့..အဲဒါမထွက်ခင်ရှေ့ကစာတွေကို ပွိုင့်ပေးထားပြီးတာ မပြင်သင့်ဘူးထင်ပါတယ်။
      ဒါကြောင့် ကျုပ်ကပဲပွိုင့် ၂၀၀ဝ ပြန်ထည့်ပေးလိုက်ပါတယ်။

  • alfred

    August 19, 2010 at 5:34 pm

    ဟုတ်ပါတယ်။ ကျွန်တော် comment ထပ်သွားလို့ ပြန်ဖျက်ခိုင်းတာကို တစ်ခုကို ၁၅ဝတောင်ပြန်နှုတ်ပစ်တယ်။ ကျွန်တော် ကွန်မကောင်းလို့ ပိုစ့်ထပ်သွားလို့ နှုတ်ရင်တောင် သူ့အတိုင်းပဲနှုတ်ပေါ့ ဘာဖြစ်လို့ နှစ်ဆနှုတ်ရလဲဆိုတာလည်းသိချင်ပါတယ်။ အကောင်းနဲ့ပြန်အသိပေးတာကို အဲဒါကပါ နှစ်ဆနှုတ်ခံရပါတယ်။ နောက်ဆိုပြောတောင်ပြောရဲတော့ဘူး မှားလည်း။ပြန်ဖျက်လို့လည်းမရဆိုတော့ ဘာမှားမှား နှစ်ဆနှုတ်နှုတ်ခံနေရတယ်။ တစ်ချက်လောက်ပြန်ရှင်းပြပေးပါ။ အားလုံးလည်းသိသွားအောင်ဒီမှာရေးလိုက်တာပါ။ မေးလ်နဲ့မေးဖို့လုပ်ထားပေမယ့် မေးတဲ့လူရှိတော့ တစ်ခါတည်းလမ်းကြုံလိုက်လိုက်တာ။ 😛

    • kai

      August 20, 2010 at 5:39 pm

      တနေရာမှာတော့ ရေးထားတယ်မှတ်မိတယ်..။ ပွိုင့်ပေးတဲ့ စံနစ်ကိုပါ။ အဲဒါလူကထိုင်လုပ်နေတာမဟုတ်ပဲ ကွန်ပျူတာကအလိုလိုလုပ်တာပါ။
      အခုလောလောဆယ် စံနစ်ကိုပြန်ရေးပေးပါ့မယ်။

      Number of points for each comment: 60
      Number of points subtracted for deleting each comment: 150
      Number of points for each post: 200
      Number of points new members get for registering: 555
      Number of points for “daily” login: 40
      အဲဒီတော့ ကောမန့်ဖျက်ခံရရင် အရင်းပါ ပါသွားတယ်ဆိုပါတော့။ အဖျက်မခံရအောင် နောင်ဆို မထပ်အောင်၊မမှားအောင် သပ်မှတ်ထားတဲ့ဘောင်ထဲကရေးပေါ့နော..။
      နောင်ဆို ..ပိုစ့်တွေလည်း အဲဒီလိုဖြစ်လာမယ်ထင်ပါတယ်။ Carrot or stick ပေါ့။
      အခုတော့ ကျုပ်ပဲ ၂၀ဝ ပြန်ထည့်ပေးလိုက်ပါတယ်။ အခုမေးတာကတင် ၆ဝပွိုင့်ရတာမို ့..ကျေနပ်လောက်ပြီထင်ပါတယ်..နော။

  • alfred

    August 20, 2010 at 4:36 pm

    ကျွန်တော် အခုမှ တွေ့တဲ့ hosting လေးပြောချင်လို့ပါ။ http://www.shwehosting.com ။ အဲဟာက england မှာ အခြေစိုက်တဲ့ မြန်မာ hosting ပါ။ hosting ရွေးတာတွင် အထောက်အကူဖြစ်အောင် ဖော်ပြပေးလိုက်တာပါ။ ဈေးလည်းသိပ်မများတဲ့အပြင် မြန်မာလို support ပါရတယ်လို့ပြောပါတယ်။

  • s0t04

    August 23, 2010 at 4:17 pm

    Adminခင်ဗျား
    ကျွှန်တော်ကအခုမှစဝင်ဖြစ်တာပါ။ပိုစ့်တွေတင်တဲ့အခါ “tags” တွေထည့်ပါဆိုတာ ဘာကိုပြောမှန်းမသိလို ့ပါ။ဘယ်လိုထည့်ရသလဲဆိုတာဖြေကြားပေးပါ။Adminမပာုတ်လဲ သိတဲ့သူတွေကူဖြေပေးကြပါ။
    ကျေးဇူးတင်ပါတယ်…………

  • sithuphyo

    August 30, 2010 at 10:14 am

    ဒီဆိုဒ်ကိုhosting ပြောင်းတင်မယ်ဆိုရင်တော့hostmonster မှာတင်ဖို့အကြံပေးပါတယ်။သူကတော့မြန်ပါတယ်.။ http://www.myanmarfamily.org ကလည်း hostmonster မှာဘဲတင်ထားတာပါ။ နောက်ပြီးတော့
    http://www.mmso.org တို့၊ http://www.myanmaritmen.com တို့ကလည်းအဲ့ဒီကနေဘဲဝယ်ထားတာပါ.။ အဲ့ဒါကြောင့်MandalayGazetteလည်း hostmonster သို့ပြောင်းသင့်တယ်လို့ထင်ပါတယ်။ လုံခြုံရေးစနစ်လည်း ကောင်းမွန်ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့သုံးလို့ရတယ်ဆိုရင်MandalayGazette ကိုဝင်ကြည့်တဲ့သူတွေအတွက်စိတ်ချမ်းသာမှူကိုရရှိစေမှာအမှန်ပါ။

  • ဆူး

    September 9, 2010 at 1:25 pm

    အယ်ဒီတာရေ အာရှတော်ဝင် ဆေးရုံမြင်ကွင်းနဲ့ အာရှတော်ဝင် VIP ဆရာဝန် ဆိုတဲ့ နေရာမှာ ဆဲဆိုနေတယ်နော် အဲဒါလေး တိုင်ချင်လို့

Leave a Reply