ခေတ်သစ်အရည်းကြီး

DEPARKO DEPARKOJuly 10, 20131min20523

ရှေ့မျက်နှာနောက်ထားလို့ ဖေါက်ပြားတဲ့မသူတော်
လော်မာတဲ့စိတ်ထား ဖုတ်သွင်းရထားဆိုက်မလားလို့
မိုးပေါ်ကိုမျှော်ကြည့် မထိတထိကလိလိုက်သေး(သိကြားမင်းကို)
ငါဟဲ့မင်းလောင်း ရွှေထီးကိုဆောင်းလို့
ဂေါက်ကွင်းက ကယ်ရီမလေး ပညာရေးခက်ရေးမကြွယ်စေလို့
ကုသိုလ်လေးပြုလုပ် ရွှေနှုတ်ကမြွက်ကြားလို့
ငါသနားသဟဲ့ လက်ကြားမှာ s4 ညှပ်စေရော့
တက်နေဘို့တိုက်ခန်းရှာပေး လက်မနှေးတဲ့ဘဘပါ
ညအခါလသာသာမို့ အပျိုကညာအရွယ်မလင့်ရအောင်
ပန်းဦးဆက်သေး။

23 comments

  • ဟေဟေ့ …
    ကောင်းလိုက်တဲ့ …
    ခေတ်သစ် အရည်းကြီး ကဗျာပါလားဟေ့ ..

    ခညား .. မမြင်ရဒါဒေါင် ကျာပါပေါ့လား ..
    ဘယ်မှာများ မူးပီး မှောက်နေဒုန်းလို့ .. :mrgreen:
    နောက်တာပါ ခညာ ..

  • KZ

    July 10, 2013 at 4:34 pm

    မိုက်တယ်ကွာ။ 🙂

  • DEPARKO DEPARKO

    July 10, 2013 at 4:48 pm

    ဘာရမလဲ ရွာလေးအေးချမ်းပြီဆိုတော့ ဒီပါကိုတို့ပြန်လာပြီ ထွီညောင့် ရှောင်ကြရှားကြလော့

    • ဟက်လူ …
      ရွာ အေးဂျမ်းဘေမယ့် …
      သူပုန်ဒေါ့ ချိဒေးဒယ် …
      ဒဒိဒေါ့ ထားအုံး .. ကျို ဒဒိပေးထားဒါ …

  • DEPARKO DEPARKO

    July 10, 2013 at 5:08 pm

    သိပါ့သိပါ့ အဲဒဟာကြောင့် တိတ်တိတ်ကလေးနေရတာ သူတို့က
    နတ်မျက်စိရှင်တွေ ဟိုတခါတောင်ကံကောင်းလို့

  • ရဲစည်

    July 10, 2013 at 5:36 pm

    ခီညား ရေးတဲ့ ကဗျာ ဖတ်ပီး …
    နေပြည်တော် ဂေါက်ကွင်းထဲက ဟိုဝံဂျီး ၂ပါး ပြေးမြင်မိတယ် ….
    အမှန်တော့ အဲ့ခလေးမတွေကို မနာလို ဖြစ်တဲ့သဘော …….

    ကွိ ကွိ ..
    ညှောင့်ခဲ့ပီ
    😛

  • padonmar

    July 10, 2013 at 9:13 pm

    ဒီပါကိုရေ
    ကြိုဆိုပါတယ်။
    အေးချမ်းပြီဆိုရင် ကွန်ဖရဲင့်စ် လာတက်ပါလား။

  • DEPARKO DEPARKO

    July 10, 2013 at 9:16 pm

    လာခဲ့ဦးမှာ

  • kotun winlatt

    July 10, 2013 at 9:43 pm

    ဟယ်…. ခေတ်သစ် အရည်းကြီးနဲ့ ပုဂံခေတ်က အရည်းကြီး ဘယ်သူက ပိုသာပါလိမ့်…။

  • kyeemite

    July 11, 2013 at 9:18 am

    ကဗျာလေးနဲ့ပြန်လာတာဝမ်းသာပါသဗျာ..
    ကဗျာလေးကိုလည်းသဘောကျပါတယ် 😆

  • DEPARKO DEPARKO

    July 11, 2013 at 9:48 am

    အားလုံးကိုကျေးဇူးတင်ပါတယ် ရေးဦးမှာ

  • Reign

    July 11, 2013 at 2:01 pm

    Good poem, should write satire-like literature with this kind of talent!

  • kai

    July 11, 2013 at 2:23 pm

    S2 လို့ခေါ်တဲ့… ဘိုချုပ်တင်ဦးတန်ခိုးထွားစဉ်က.. တနယ်ရောက်ရင်.. ပန်းဦးဆက်(ချင်)ကြသူတွေ.. တန်းစီနေတတ်တာ.. သတိရမိတယ်…
    ဟိုကလည်း.. ကြိုက်တယ်တဲ့..။

    သမီးကညာကို ဘိုချုပ်တင်ဦးဆီပန်းဦးဆက်လိုက်ပြီးရင်..ဘိုချုပ်တင်ဦးပြန်သွားတဲ့အခါလည်း.. ဆိုင်ရာအာဏာ(အတင်း)ပိုင်ထားသူတွေက.. အဲဒီကညာမမ ကြောက်ကြရတော့တာတဲ့…
    တညအိပ်ဖူးတဲ့.. “ဝိတ်”နည်းလားဆိုပဲ..။

    ပုံပြင်မဟုတ်… :mrgreen:

    • Don Juan Ronald

      July 11, 2013 at 8:54 pm

      အဲ က လို ရှိ သေး တာ ကိုး ! ကြား ဘူး သ လို လို ဘဲ ။

    • surmi

      July 11, 2013 at 9:03 pm

      အဟမ်​းးး
      သဂျီးမင်​းခင်​ဗျ
      နာမည်​အတိအကျနဲ့​ပြောမယ်​ဆိုရင်​
      ပရိုဖိုင်​ အမှန်​တင်​ရပါမယ်​.. 🙂

      ကွိကွိ

    • တစ်ညအိပ်ဖူးတဲ့ “ဝိတ်”..
      မြတ်စွာဘုရား..ခုမှ ကြားဖူးတဲ့စကားပဲ… မြန်မာပြည်မှာပဲ ရှိမယ်ထင်တယ်နော်.. 🙂

      ကဗျာလေးကို ကြိုက်ပါတယ်လို့… 🙂
      ပြခန်းကိုလည်း ကဗျာပို့ပေးပါဦးနော်…

      • DEPARKO DEPARKO

        July 13, 2013 at 7:40 am

        ပြခန်းတော့မဝင်တော့ပါဘူး တစ်နေ့နှစ်ပုတ်လောက်တော့ ရွာသူရွာသားတွေအပျင်းပြေ ဖတ်နိုင်ဘို့
        တင်ပေးပါ့မယ် မကောင်းရင်လဲ လွတ်လပ်စွာဝေဘန်နိုင်ပါတယ်

  • DEPARKO DEPARKO

    July 11, 2013 at 4:28 pm

    ဟဲ့ သူဂျီးရဲ့ တိုးတိုး မိုးတွင်ကြီးမိုးကြိုးပစ်မှဖြင့် သူကြားမင်းကသူ့ဘက်သားလားမသိ ဘာမသိနဲ့

    • Ma Ma

      July 12, 2013 at 8:20 am

      ကာတွန်းတစ်ခု ဖတ်ဖူးတယ်။
      ဘယ်သူဆွဲတာလဲတော့ မသိဘူး။
      သိကြားမင်းက ဝရဇိန်လက်နက်နဲ့ လူ့ပြည်က လူဆိုးလူမိုက်တွေကို ပစ်ဖို့လုပ်တော့….
      ဘေးနားက မိဖုရာက ပြောတာ… `လက်ဖြင့် မတဲ့ပဲနဲ့´ တဲ့လေ။
      သတိထားအုံးးးးး 😆

  • ဦးကြောင်ကြီး

    July 12, 2013 at 9:52 am

    အပျိုဂလေး
    နှစ်ကိုယ်ထွေး
    တဗိုလ်အပေး
    စတိုဈေး
    ဟလိုသူဌေး
    မချိုကြေး
    လအိုပလေး
    ဟရိုနှေး….

    • DEPARKO DEPARKO

      July 12, 2013 at 9:57 am

      ဟိုလိုလို ဒီလိုလိုမပြောကြေးဟေ့

Leave a Reply