အိတ်​ဖွင်​့​ပေးစာ (၃)

အာဇာနည်​ကို

ဗာလာနီသတ်​တဲ့​နေ့

ပြန်​​တွေးကြည်​့လိ်​ုက်​စမ်​း

လက်​သရမ်​းတဲ့​မျောက်​​တွေ

ဘရင်​းဂန်​း ပစ်​တမ်​းကစားလို့

စမ်​းတဝါးဝါး

အမှား​တွေလည်​းမ​ရေနိုင်​

ဒို့နိုင်​ငံ ကျွန်​ပြန်​ဖြစ်​​စေတဲ့

အာဏာရူး​တွေရဲ့လက်​ထဲ

ဝဲ စွဲခဲ့တာလည်​း အကြ်ိမ်​ကြိမ်​

ပြည်​့တန်​ဆာ အိမ်​က

ဇိမ်​မယ်​က်ို အပျိုလို့​ပြောသလို

ပြည်​သူကို မျက်​လှည်​့ပြ

ဇတ်​ညွှန်​းအတိုင်​း က ခဲ့တာ

၆၆ နှစ်​ကြာခဲ့​ပေါ့

အခု​တော့ …..

စုတ်​ပြတ်​ဖွာလန်​ကျဲ

အခွံဘဲ ကျန်​တဲ့

ဒို့နိုင်​ငံ နွံနစ်​​နေတုန်​း

​နောက်​ဆုံး​မျှော်​လင်​့ချက်​

လက်​ ကနဲလင်​း​စေတဲ့

အ​မေစုကိုဝန်​းရံကြ

​နောက်​တစ်​ကြိမ်​ ​လေးဆယ်​့ခွန်​

မကြုံချင်​​တော့ဘူး

အာဏာရူး​တွေ က တဲ့ပွဲ

ရာဇပုလ္လင်​ လုတဲ့ပွဲ

​သွေးညှီနံ့​တွေ လွှမ်​းတဲ့ပွဲ

ဲအသဲစွဲ​အောင်​မှတ်​မိ

၆၆ နှစ်​ရှိပြီ​လေ ….။ ။

 

အာဇာနည်​ကို ​မေ့​စေချင်​လို့

​ဖြောက်​ဖျက်​ခဲ့တာလည်​း နှစ်​ ၂ဝ ​ကျော်​

ဥဩ မဆွဲ

အခန်​းအနားမရှိ

ဆွမ်​းမ​ကျွေး

အမျှမ​ဝေ

​မေ့​နေပြီမထင်​နဲ့

ရင်​ထဲမှာ ဥဩဆွဲတာ

လူမှန်​းသိတတ်​ကတဲက

မင်​းတို့နဲ့​တော့ကွာတာ​ပေါ့

မင်​းတို့များ​သေရင်​​လေ

ဥဩမဆွဲဘူး

​သေနတ်​ မ​ဖောက်​ဘူး

အ​မြောက်​လည်​းမပစ်​ဘူး

လက်​​ခေါက်​မှုတ်​ပြီး လက်​ခုတ်​တီးမယ်​

ရွှီးးးးးးးးးးးးးးးး ​ဖြောင်​း းးး ​ဖြောင်​းးးးးး ​ဖြောင်​းးးးးးးးး …..။ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

7 comments

  • KZ

    July 10, 2013 at 7:55 pm

    မင်​းတို့များ​သေရင်​​လေ
    ဥဩမဆွဲဘူး
    ​သေနတ်​ မ​ဖောက်​ဘူး
    အ​မြောက်​လည်​းမပစ်​ဘူး
    လက်​​ခေါက်​မှုတ်​ပြီး လက်​ခုတ်​တီးမယ်​
    ရွှီးးးးးးးးးးးးးးးး ​ဖြောင်​း းးး ​ဖြောင်​းးးးးး ​ဖြောင်​းးးးးးးးး …..။ ။
    Bravo!!! :mrgreen:

  • အလင်း ဆက်

    July 10, 2013 at 9:25 pm

    ခရီးသည်ကြီင်္းကို..
    ကဗျာတွေ…သယ်ဆောင်လာသူကြိီးလို ့ပဲ..
    ခေါ်တော့မယ့်ဗျာ…

  • kotun winlatt

    July 10, 2013 at 9:30 pm

    ဝိုးးးးးးးးးး
    ဥဩ မဆွဲ

    အခန်​းအနားမရှိ

    ဆွမ်​းမ​ကျွေး

    အမျှမ​ဝေ

    ​မေ့​နေပြီမထင်​နဲ့

    ရင်​ထဲမှာ ဥဩဆွဲတာ

    လူမှန်​းသိတတ်​ကတဲက

    မင်​းတို့နဲ့​တော့ကွာတာ​ပေါ့

    မင်​းတို့များ​သေရင်​​လေ

    ဥဩမဆွဲဘူး

    ​သေနတ်​ မ​ဖောက်​ဘူး

    အ​မြောက်​လည်​းမပစ်​ဘူး

    လက်​​ခေါက်​မှုတ်​ပြီး လက်​ခုတ်​တီးမယ်​

    ရွှီးးးးးးးးးးးးးးးး ​ဖြောင်​း းးး ​ဖြောင်​းးးးးး ​ဖြောင်​းးးးးးးးး …..။ ။

    ဂွတ်ထ……ကြိုက်အိ….။

  • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

    July 11, 2013 at 6:31 am

    စာဖတ်နေသူကြီးများသေရင်လေ.. စကော့ဈေးရှေ့ ဖင်ချွတ်ပီးလျောက်လိုက်ချင်ရဲ့…။
    ငိငိ..
    သများပြောတာမဟုတ်.ဘု… ဟိုတျောက်ပြောဒါ..။

  • kyeemite

    July 11, 2013 at 9:14 am

    မိုက်ရိုင်းလိုက်တဲ့လူတွေ
    သူတို့တက်လာမှ
    ဗိုလ်ချုပ်ပုံကိုနံရံကဖြုတ်ချ
    ရုပ်ဆွအဆုံး
    ဗိုလ်ချုပ်စကား ကိုးကားရန်မလို..လို့
    သူတို့မို့ အမိန့်ထုတ်ရဲ
    သေရင်တောင် ငရဲမင်းက
    ဒင်းတို့ကို လက်ခံရမှာရွံသတဲ့
    မလွှဲသာလို့ ငရဲမှာဒင်းတို့ကိုလက်ခံပီးရင်
    ကျုပ်လည်း ဒီအလုပ်က
    ထာဝရနားတော့မယ်ဗျာ။ 😈 😈 😈
    ပုံ/ ငရဲမင်း 👿 👿 👿

  • တောက်ရမ်း .. တောက်ရမ်း လန်းဒဲ့ ကဗျာ …
    ဒါပဲကွ .. ဆိုပြီး အားပေးတွားဒယ် …

    ဒီနေရာ .. ဒီနေရာ ရေးထားဒါကို သိပ်သိပ်ခိုက်ဒယ် …

    ပြည်​့တန်​ဆာ အိမ်​က
    ဇိမ်​မယ်​က်ို အပျိုလို့​ပြောသလို
    ပြည်​သူကို မျက်​လှည်​့ပြ
    ဇတ်​ညွှန်​းအတိုင်​း က ခဲ့တာ
    ၆၆ နှစ်​ကြာခဲ့​ပေါ့

  • အရီးခင်လတ်

    July 12, 2013 at 3:40 pm

    ကျွန်မ လဲ ၁၉ ရက်နေ့တိုင်း အမြဲသတိတရ ရှိလေတော့ အပြင်က ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ကို သာ တမင်ဖိနှိပ်ထားလို့ ရမယ်။
    ပြည်သူတွေ ရင်ထဲ က လေးစားကြည်ညို စိတ်တွေ ကိုတော့ ဘယ်တော့ မှ ဖိနှိပ်ထားလို့ မရပါဘူး။

    ပြောသာပြောရ။ ကျွန်မ ငယ်ကထဲ က အိမ်မှာ ချိတ်ထားတဲ့ မှန်ဘောင်တပ် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကြီး ဖြုတ်ထားခဲ့ ရတာလဲ ၈၈ အပြီးကထဲကပါဘဲ။

    အရမ်းလှ တဲ့ ကဗျာလေးအတွက် ဦးညွတ် သွားပါကြောင်း။

Leave a Reply