မန်းလေးဂေဇက် အလှူခရီးစဉ် ( ၁ဝ )

kotun winlattJuly 10, 20136min1459

ဥရှစ်ကုန်း (ဥသျှစ်ကုန်း) ရွာလေးရောက်ခါနီးမှာ ဖူးတွေ့ရသည့် စေတီတော်လေးးးး

လမ်းကတော့ ဒီလို ချောချောလေးပါ…….

 

 

 

ရွာအဝင်တံတားကို ရောက်ပြီဗျို့…စိမ်းရတနာမြေဆိုပါလားးးးးးး

လှူဒါန်းဖို့ရာ ပြင်ကြဆင်ကြ မန်းလေးဂေဇက်တံဆိပ်တွေကပ်ကြပေါ့….

 

 

အလှူပစ္စည်းလေးတွေ ကျောင်းအုပ်ဆရာကြီးသို့ ပေးအပ်နေစဉ်….

 

 

 

 

One Candle အဖွဲ့မှ အသက်အငယ်ဆုံး အဖွဲ့ဝင်လေးးးးပါ..ဗျို့….။

ဒါကတော့…ကျနော့်ခင်သော အင်းတော်မြို့မှ ပရဟိတကို စိတ်ဝင်စားသော အစ်ကိုတော်…(မှတ်ချက်။ ။ လူပျိုကြီးးးး)

 

ကျောင်းသား/သူလေးများအား စာရေးကိရိယာလေးများ ပေးအပ်စဉ်…။

ဟာ…ပြုံးးးထားးမှ ငါ့ကို ဓာတ်ပုံရိုက်နေတာ……။

16

ရွာထဲကို ဂျာနယ်စာစောင်တွေ အခမဲ့ဝေကြမယ်…….လိုက်ကြဦးမလားဗျို့….။

17

ဂျာနယ်စာစောင်တွေ အခမဲ့ ဝေနေတယ်နော်…ယူကြဦးးမလားးးးး။

19

ရွာဆိုင်းဘုတ်လေးရှေ့မှာ အမှတ်တရ…..။

 

IMG_0716

နွေရာသီရေရှားပါးမှုကို ဖြည့်ဆည်းရန် သဘာဝစိမ့်ထွက်နေသော ရေကန်လေး ( မိုးရွာထားတာမို့ ရေမှာ နောက်နေပါသည်။ )

IMG_0718

လေ့လာစူစမ်းနေကြတဲ့ အဖွဲ့ဝင်တွေ…

DSC01782

စည်ပင်သာယာက ရေရှားလို့ အကုန်ကျခံ ဆောင်ရွက်ပေးခဲ့တာ ဆိုပဲ….။

DSC01785

ရေတင်တဲ့ စက်ထားတဲ့နေရာနဲ့.. ရေလှောင်ကန်…….

DSC01781

ကဲ…ရေကို အင်ဂျင်မပါပဲ ဘယ်လိုတင်မလဲ..( ရေတင်စက် ဖွင့်ပွဲပြီး နောက်ရက်ကစပြီး အင်ဂျင်ပျောက်သွားးတာ အခုအထိ ပေါ်မလာတော့…)

ကျောင်းလေးရှေ့မှာ အားလုံးနဲ့ အမှတ်တရ…

a

ရှု့ခင်းလေးလှလို့ လက်ဆော့လိုက်မိတာ…

13

အပြစ်ကင်းပြီး ချစ်စရာကောင်းသည့် ကလေးငယ်များးးးး

#################################################################################################

၃.၇.၂၀၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက်

၃.၇.၂၀၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက်

ညကတည်းက မိုးသည် တစိပ်စိပ်နှင့် ရွာနေချေ၏။ သွားရမည့် ခရီးအတွက် ပူပန်နေမိချေသည်။ မနက်ပိုင်းတွင် မိုးတိတ်သွားပါစေဟု စိတ်ထဲမှ ဆုတွေတောင်းနေမိသည်။

နံနက်(၇)နာရီကျော်သည်အထိ မိုးကရွာကောင်းနေတုန်းပင်…။ သွားဖြစ်မှာလားဟု ဖုန်းဆက်မေးသူတွေက မေးကြချေပြီ..။ ဘာပဲဖြစ်ဖြစ် သွားတော့သွားရမည်သာ…. သွားရမည့်

ခရီးမှာ မော်လူးမှ (၈)မိုင်ခန့် ကွာဝေးသည့် ဥရှစ်ကုန်း( ဥသျှစ်ကုန်း)ရွာကလေးဖြစ်၏။ မနေ့က ဥရှစ်ကုန်းမှ ဘုန်းတော်ကြီးကျောင်းဆရာတော်ထံ အကြောင်းကြားထားခဲ့သည်

မဟုတ်လား…. ဟော…ဒီမနက်ရှစ်နာရီထိုးတော့ ဆရာတော်မှ ဖုန်းဆက်လာပြီ..။ လာဖြစ်အောင်လာပါ.. ထမင်းဟင်းများစီစဉ်နေပြီ.. မလာလျှင် ထမင်းဟင်းများ လျော်ရမည်ဟု

ဆိုလာချေ၏။ ကျနော်မှ လာဖြစ်အောင် လာပါမည်ဘုရားဟု လျှောက်တင်ရသည်။ အဖွဲ့သားတွေက နံနက်ရှစ်နာရီကျော်မှ ကျနော့်အိမ်ကို ရောက်လာကြသည်။

သွားလှူမည့်ကျောင်းမှာ တစ်ကျောင်းတည်းမို့ ပစ္စည်းက အထုတ်လေးထုပ်မျှသာ…. ဒီနေ့မှာ အဖွဲ့ဝင်အမျိုးသမီးများမှာလည်း မဖြစ်မနေလိုက်ပါကြမည်ဟု ဆိုလာသဖြင့်

အားတက်ရ၏။ သူတို့တွေ စိတ်တွေက လိုက်ပါချင်ကြသော်လည်း အလုပ်တွေ မအားလပ်ကြသဖြင့် မလိုက်ပါနိုင်ခဲ့ကြ.. ယခုခရီးကိုကား သူတို့ လိုက်ပါကြမည်…။ တစ်ခုစိုးရိမ်ရသည်

မိုးရွာနေသဖြင့် လမ်းမကောင်းမှာကိုပင်… လမ်းမကောင်းမှာက သေချာသလောက်ရှိနေသည်။ မနှစ်တုန်းက ခရီးစဉ်လည်း ဒီနှစ်လိုပဲ မိုးတွေရွာနေတော့

လမ်းကမကောင်း ခေါင်တုန့်စည်ရွာဘက်ခရီးလမ်းက ရွံ့တွေဗွက်တွေရှိနေပေမယ့် မြေစေးရွံ့မဟုတ်… ယခု ဥရှစ်ကုန်းရွာလမ်းက ရွံ့တွေက မြေနီမြေစေးတွေ ချောထွက်နေသည်…။

သို့သော် .. မိုင်နှစ်ဆယ်ကျော် လမ်းမကောင်းသည့် ခရီးကိုပင် သွားခဲ့ကြသေးတာမို့ (၈)မိုင်ခန့် ခရီးကိုတော့ သိပ်ဂရုစိုက်စရာ မလိုဟု တွေးထားမိ၏။

 

နံနက်ရှစ်နာရီကျော်မှ အဖွဲ့ဝင်တွေ ကျနော့်ဆီကို ပေါ်လာကြ၏။ မိုးကတဖွဲဖွဲကျနေတုန်း။ လိုအပ်နေသေးသည့် မြေဖြူတိုက်၊ သင်ပုန်းဖျက် စသည့်ပစ္စည်းများဝယ်ယူရန် မော်လူးထဲသို့

သွားကြရသည်.။ ပစ္စည်းတွေဝယ်ပြီးသည်အထိ လူမစုံသေး…။ နံနက်ကိုးနာရီထိုးမှ အဖွဲ့သားတွေ စုံ၏။ ကျနော်တို့ အဖွဲ့ ရွှေဘို – မြစ်ကြီးနား မော်တော်ကားလမ်းအတိုင်း

ထွက်လာခဲံကြသည်။ စီးမော်ရွာ၊ ညောင်ပင်သာရွာများမှ လိုက်ပါမည့်သူများကို ဝင်ခေါ်ရပြန်သည်။ စီပိန်းရွာမှာတော့ အင်းတော်မြို့မှ လာသည့် အဖွဲ့ဝင်နှစ်ယောက်

လဘက်ရည်ဆိုင်မှာ ရွာခံအဖွဲ့ဝင်နှင့်အတူ စောင့်နေသည်ကို တွေ့ရ၏။ မိုးက တဖွဲဖွဲကျနေရာမှ ရပ်သွားချေပြီ။

 

ကျနော်တို့အဖွဲ့ စီပိန်းမှာ လူစုံအောင်စောင့်ပြီး မော်တော်ကားလမ်းမကြီးမှ ခွဲထွက်ခါ ဥရှစ်ကုန်းရွာလေးသို့ ဦးတည်ခဲ့ကြသည်။ ဥရှစ်ကုန်းရွာလေးသို့ သွားရာလမ်းတွင် ပုန်းဟုန်ရွာ၊

စဉ့်ခိုးရွာ၊ တောင်ဖီလာရွာများကို ဖြတ်သွားရသည်။ မိုးရွာနေသဖြင့် သစ်ထုတ်ရေးကားလမ်းမှာ လမ်းချောနေမည်ဖြစ်သဖြင့် စဉ့်ခိုးရွာမှ ဥရှစ်ကုန်းရွာသို့ တောင်ဖီလာရွာကို

မဝင်တော့ပဲ ဥရှစ်ကုန်းရွာသို့ သွားသည့် တောလမ်းလေးမှ သွားကြရန်ဆုံးဖြတ်ပြီး ခရီးဆက်နှင်ခဲ့ကြသည်။ တောလမ်းမှာလည်း မိုးရွာထားသည်မို့ မကောင်းလှ.. သို့သော် သဲလမ်းမို့

အဆင်တော့ပြေနေသယောင်.. တဖြည်ဖြည်းချင်းရှေ့တိုးလာကြ၏။ လမ်းကလည်း တဖြည်းဖြည်း ဆိုးဝါးလာသည်။ လမ်းမြေသားမှာ သဲမှ ရွံ့စေးသို့ပြောင်းလာပြီး ဆိုင်ကယ်ဘီးများ

စလစ်ဖြစ်ကာ ချော်ထွက်နေကြတော့သည်။ လီဗာတင်လိုက်တိုင်း နောက်ဘီးမှာ စလစ်ဖြစ်ကာ ဆိုင်ကယ်မှာ လာရာလမ်းသို့ ပြန်ပြီး ဦးလှည့်လှည့်သွားချေသည်။

အဖွဲ့ဝင်တစ်ယောက်မှာ ယနေ့မှ ခရီးစဉ်ကို လိုက်ပါလာပြီး ယနေ့မှပင် လမ်းဆိုးဆိုးကို ဆိုင်ကယ်စီးဘူးသူမို့ သူ့ဆိုင်ကယ်နောက်ဘီး ဘေးဘက်ကို ကားထွက်လာသည်ဟု

ထင်နေမိကြောင်း ပြောပြသဖြင့် ရယ်ကြရသေး၏။ စဉ့်ခိုးရွာနှင့် ဥရှစ်ကုန်းရွာကြား ၄ မိုင်ခရီးကို နှစ်နာရီကြာမျှ စီးလိုက်ကြရသည်။

လမ်းတွေကချောထွက်နေသည့်မို့ ဖြည်းညဖည်းချင်းသာ သွားရသည်မို့ ခရီးမတွင် ဒီကြားထဲ ရောက်ခါနီးမှာ ကျနော်ဆိုင်ကယ် စလစ်ဖြစ်ကာ လဲတော့သည်..။ အမြဲတမ်း

သူများတွေကို စနောက်နေသူမို့ ကျနော်ဆိုင်ကယ်လဲတော့ အားလုံးက ဝိုင်းရယ်နေကြသည်..။ ဒီတစ်ခါတော့ မေတ္တာပို့သမိသူက ကျနော်…။

 

ဒီလိုနှင့် နံနက်(၁၁း၃၀)နာရီမှ ဥရှစ်ကုန်းရွာလေးကို ရောက်ခဲ့ကြသည်။ ရွာအဝင် သဲချောင်းလေးမှာ ရွံ့တွေကို ရေဆေးကြပြီး  စာသင်ကျောင်းလေးဆီသို့

ခရီးဆက်ကြ၏။ ကျောင်းလေးသို့ အဝင် ကျနော်ဆိုင်ကယ်ကို ကွေ့လိုက်ရာ တံခါးနှင့်မလွှတ်သဖြင့် ဒူးနှင့် တံခါး မိတ်ဆက်မိသွားပြီး ပူခနဲဖြစ်သွား၏။ မြိုင်ရာဇာ တွတ်ပီလို ဒီနေ့

ကံမကောင်းဟု ရေရွတ်မိချေတော့သည်။ ကျောင်းလေးကိုရောက်တော့ မော်လူးမှ ဒီရွာမှာ မူလတန်းကျောင်းအုပ်အဖြစ်တာဝန်ကျလာသည့်

ဆရာဦးကျော်အေးက ကျောင်းလေးပေါ်မှ ဆင်းလာပြီး ကြိုဆို၏။ ကျနော်တို့ အဖွဲ့လည်း ပစ္စည်းတွေကို ကျောင်းပေါ်သို့ သယ်ယူပြီး ရုံးခန်းထဲမှာ

ပစ္စည်းတွေကို နေရာခချကြတော့သည်။ ကျနော်မှ ဆရာအား ကျောင်းသားအင်အားကိုမေးရာ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား/သူဦးရေ (၆၃)ဦးနှင့် အပျော်နေ(၁၁)ဦး

ရှိကြောင်းသိရပြီး ပစ္စည်းများကို စနစ်တကျစီစဉ် ဆရာအားပေးအပ်နေသည့်ပုံလေးကို မှတ်တမ်းတင်……ထို့နောက် ကလေးတွေကို ပစ္စည်းတွေ ဝေငှကြပေါ့..။

 

ဒီရွာလေးကို ကျနော်မနှစ်က နှစ်ခေါက်ရောက်ခဲ့သည်.. ကလေးတစ်သိုက်နှင့် စလိုက်နောက်လိုက် ပျော်ပျော်ပါးပါး ဓာတ်ပုံတွေ ရိုက်ခဲ့ဘူးသည်မို့ ကလေးတွေက ကျနော့်ကို မြင်တော့

ပြုံးပြနေကြသည်..။ ကျနော်ကလည်း မှတ်မိနေတာမို့ သူတို့လေးတွေကို စကားလေးတွေပြော နာမည်လေးတွေမေး၊ ဓာတ်ပုံလေးတွေ ရိုက်ပြီး သူတို့လေးတွေကို ပြန်ပြ…

သူတို့လေးတွေလည်း ပျော်ရွှင် ကျနော့်မှာလည်း ပီတိများစွာနှင့်ပါ…။  ပစ္စည်းလေးတွေ ဝေငှပြီး အလှူမှတ်တမ်းစာရင်းလေး ရေးကာ ဆရာဦးကျော်အေးအား

အလှူရှင်များအကြောင်း ရှင်းပြတော့ ဆရာမှ ကျေးဇူးတင်ဝမ်းသာကြောင်း သာဓုခေါ်ဆိုပါကြောင်း ပြန်ပြော၏။ ပြီးတာနှင့် ရပ်မိရပ်ဖတွေ ၊ ဆရာ/မတွေ ၊ ကျောင်းသား/သူတွေနှင့်

ကျနော်တို့အဖွဲ့ အမှတ်တရဓာတ်ပုံရိုက်ကြသည်။ ဆရာ/မတွေကို နှုတ်ဆက်ပြီး ရွာဦးဘုန်းတော်ကြီးကျောင်းဆီသို့ ကျနော်တို့ အဖွဲ့ချီတက်လာခဲ့ကြ၏။ ဆရာတော်မှ ကြိုဆိုနေပြီး ..

ကျနော်တို့ အဖွဲ့မှ ဆရာတော်ကိုဖူးမြော်ပြီး ရွာထဲသို့ ဂျာနယ်စာစောင်များ ဝေငှကြရန်ပြင်ဆင်ရပြန်သည်။ ကျနော်တို့ အဖွဲ့လေးဟာ ရွာထဲကို တစ်အိမ်တက်ဆင်း

ဂျာနယ်စာစောင်လေးတွေကို အခမဲ့ ဝေငှပေးကြ၏။ ရွာလေးက အိမ်ခြေ ( ၇ဝ )ကျော်ရှိတာမို့ ကျနော်တို့ ပါလာတဲ့ အဖွဲ့ဝင်အင်အားက(၁၉)ယောက်တည်းမို့ ရွာခံလူတွေကပါ

ဝိုင်းဝန်းကူညီပေးကြပါတယ်…။ အားလုံးကို စာဖတ်စေချင်သည့် စေတနာဖြင့် ဝေငှကြခြင်း ဖြစ်ပါသည်။ တောနေလူတန်းစားတွေဟာ စာဖတ်ခြင်း အလေ့အထအလွန်နည်းပါးပြီး

ရိုးသားလွန်းသူများဖြစ်ကြ၏။ ရိုးလွန်းရာကနေ နုံလာပါတယ်…ထိုမှတစ်ဆင့် အသွားတော့သည်။ ထိုကဲ့သို့သော လူတန်းစားတွေဟာ

လူလိမ်လူကောက်တို့၏ ခြောက်လုံးမြောက်လုံးများတွင် လိမ်စားညာစားခံနေကြရပေသည်။ ဒီနေရာမှာ ဆရာမ မသီတာ(စမ်းချောင်း) ပြောသည့် စာများများဖတ်တဲ့လူတွေဟာ

ဘဝခရီးမှာ ပြဿနာတွေကို ဈေးပေါ့ပေါ့နဲ့ ဖြေရှင်းနိုင်မှာလို့ ဆိုပါတယ်…။ ကျနော်တို့ ဂျာနယ်စာစောင်တွေဝေငှပြီးတော့ နေ့လည်(၁၂)နာရီ ထိုးချေတော့မည်…။ မနက်ခင်းက

လက်ဘက်ရည်ပင် မသောက်ခဲ့ကြရသူတွေမို့ ဗိုက်ဆာနေကြချေပြီ။  ဥရှစ်ကုန်း ဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် ရွာသူရွာသားများကလည်း အလိုက်သိစွာ

ထမင်းပွဲပြင်ဆင်ထားကြပြီမို့ ခေါင်းမဖော်တမ်း စားကြပြန်တော့သည်။ ဆရာကြီး ရွှေဥဒေါင်း၏ စာထဲကလို ဘဝမှာ အမြိန်ဆုံး

ထမင်းတစ်နပ်ဟု ပြောရမည်ပင်…တောဟင်း တောထမင်းမို့ ဆီနည်း၏။ ထမင်းကိုလည်း ချက်ထားခြင်း မဟုတ် ပေါင်းထားသည့် ထမင်းဖြစ်၏။ ဟင်းတွေကလည်း မှိုပေါင်း၊

ချဉ်ပေါင်၊ မျှစ်၊ ရုံပသီသီးတို့ရောချက်ထားသည့် အချဉ်ဟင်း၊ ကြက်သွန်ဖြူ ငရုတ်သီးထောင်းနှင့် ကြက်သားကာလသားချက် ဆိုတော့ စားကောင်းလိုက်သည့်ဖြစ်ခြင်းးးးးးးးးးး။

အစားနည်းသည့် ကျနော်ပင် ထမင်းနှစ်ပန်းကန်ပြားမောက်မောက်ကုန်သွားလေတော့သည်။ ထမင်းစားပြီး လ္ဘက်ရည်ကြမ်းဝိုင်းထိုင် စကားစမြည်ပြောကြရင်း ရွာခံတွေက

ကျနော့်အဖွဲ့လေးအကြောင်း စိတ်ဝင်စားသည် ရှင်းပြပေးပါဆိုလို့ ကျနော့်မှာ အဖွဲ့ အကြောင်းလေးကို အများရှေ့မှာ ပြောပြရသေး၏။ ကျနော် အဖွဲ့အကြောင်းလေးကို ရှင်းပြပြီး

ဒီရွာက နွေရာသီ သောက်သုံးရေ ရှားပါးမှုကို ဖြေရှင်းရန်အတွက် စီစဉ်ထားသည့် စိမ်းစမ်းရေထွက်သည့် နေရာလေးကို ဆက်လက်ထွက်ခွာကြရန် ပြင်ဆင်ကြရပြန်သည်။

 

 

ဥရှစ်ကုန်းရွာလေး၏ တောင်ဘက်နှင့် မြောက်ဘက်မှာ သဲချောင်းေလေးတွေရှိပေမယ့်…

မိုးရာသီရောက်မှသာ ရေရှိသည့် ချောင်းကလေးများပင်…။ ဆောင်းရာသီနှင့် နွေရာသီတွေမှာ ရေမရှိတော့ချေ။ ဒီရွာလေးမှာ ထူးဆန်းတာက ရေတွင်းကလည်း တူးတိုင်း

မရ…။ ရေထွက်တဲ့ တွင်းကျပြန်တော့လည်း ရေကမကောင်းပြန်… သို့အတွက် ဆောင်းရာသီနှင့်နွေရာသီတွင် ဒီရွာကလေးမှာ ရေ အခက်အခဲဖြစ်နေတတ်သည်။ သို့အတွက်

မြို့နယ်စည်ပင်သာယာမှ ရေအဆင်ပြေစေရေးအတွက် ရွာလယ်မှာ စက်ရေတွင်းတစ်တွင်းကိုတူး ရေကန်တစ်ခုကိုတည်ပေးခဲ့ပါသည်…..သို့သော်…ထိုစက်ရေတွင်းလေးမှ

အင်ဂျင်စက်ကြီးသည် ဖွင့်ပွဲလုပ်ပြီးသည့်နောက်ပိုင်း ဘယ်ရောက်သွားသည်မသိချေ.. ရွာသူ/သားတွေကတော့ ရေရတော့မည်ဆိုပြီး အပျော်ကြီးပျော်နေခဲ့ကြသည်…။ အခုတော့

ခဲလေသမျှ သဲရေကျ ဆိုသည့် စကားပုံထဲကလိုပင်….. အခုနှစ်ပိုင်းတွေမှာ မိုးလေဝသကမမှန်တာမို့  ရေအခက်အခဲပိုဖြစ်လာခဲ့သည်..။ ဟိုးအရင်နှစ်တွေတုန်းက

သဲချောင်းလေးတွေထဲမှာ လက်ယက်တွင်းလေးတွေမှ ရေထွက်သေး၏။ ယခုတော့ ရေမထွက်တော့ချေ။ ဒီတော့

ရပ်ရွာလူကြီးတွေ ရေလိုအပ်ချက်အတွက် ဖြည့်ဆည်းရန်ကြိုးစားကြရချေပြီ…။ အခုတော့ စိမ့်ရေပေါက်လေးတစ်ခုတွေ့ထားပြီဖြစ်သည်။ စိမ့်ရေပေါက်လေးက ဥရှစ်ကုန်းရွာလေးမှ

အရှေ့ဘက်တစ်မိုင်ခန့်ကွာဝေးသော လျှိုလေးထဲတွင် တည်ရှိနေ၏။ ရွာလေးအနေဖြင့် တစ်မိုင်ခန့်ဝေးသောနေရာမှ ရွာလေးသို့ရောက်အောင်

သွယ်ယူရန် ရေပိုက်များလိုအပ်မည်ဖြစ်ပြီး ထိုရေပိုက်ဝယ်ယူရန် ငွေကြေးအခက်အခဲရှိနေခြင်းပင်…။ ဒီတော့ ကျနော့်ကို အကူအညီပေးရန်ပြောသည်။ ခက်တာက ကျနော်တို့

အဖွဲ့မှာလည်း ရံပုံငွေက ဘာမှမရှိ….။ သို့သော်..တတ်နိုင်သလောက်ကူညီနိုင်ရန်တော့ အဖွဲ့ဝင်တွေကို နှိုးဆော်ထားရသည်။ လျှိုလေးထဲမှ ရွာအရောက် သွယ်တန်းရမည့် ပိုက်ဖိုးက

အကြမ်းဖျင်း (၁၅)သိန်းဆိုပဲ…။ ကျနော်ကတော့ ဦးဆောင်လုပ်ကိုင်မည့် ဆရာတော်ကို အကောင်းဆုံး အကြံပေးမိသည်။ ဆရာတော်မှ ဦးဆောင်ပြီး ရွာတွေကို အလှူခံထွက်ဖို့ရာပါ…

တပည့်တော်လည်း တတ်နိုင်သလောက် ချိတ်ဆက်ပေးပါ့မယ်ဘုရားပေါ့… ရမယ် မရဘူးတော့ သေချာမပြောနိုင်ဘူး….လောလောဆယ်ဆယ်တော့ လိုက်ကြည့်ပေးမယ်

ဘုရားဟု လျှောက်ထားလို့..အခု စိမ့်ရေထွက်နေတဲ့ နေရာလေးကို ရွာခံလူတွေနဲ့ ကျနော်တို့ အဖွဲ့ ခရီးဆက်ကြပါတော့တယ်… ရွာတောင်ဘက်က

သဲချောင်းလေးကို ဖြတ်တော့ ရေစပ်စပ်စီးနေ၏။ ဒီချောင်းလေးက သီတင်းကျွှတ်ဆို ရေပြတ်ပြီ။ သဲချောင်းလေး၏ အမည်ကား ဝါးဖဲချောင်း ဟုဆို၏။ ချောင်းလေးကို ဖြတ်ပြီး

ခပ်ပြေပြေ ကုန်းတက်လေးအတိုင်း ( ၁)မိုင်နီးပါးခန့် သွားလိုက်ရသည်။ လျှိုလေးထဲသို့ ဆင်းရာ လယ်ကွက်လေးများနှင့် ရွာသူ/သားတွေ

တူးဖော်ထားသည် လေးထောင့်ကန်လေးကိုမြင်ရသည်။ မိုးရွာထားသည်မို့ ကန်လေးအတွင်းမှ ရေများသည် နောက်နေသည်။ ကျနော်မှ ကျနော်နှင့်အတူပါလာသည့် စိမ်းစမ်းရေ

သွယ်တန်းမှုတွေကို လုပ်ကိုင်ဘူးသည့် အစ်ကိုတော်တစ်ယောက်ကို ရေထွက်နှုန်း …ရွာထဲသို့ ပေးဝေနိုင်ဖို့ အခြေအနေရှိမရှိတို့အား သေချာစွာမေးမြန်းမိသည်။ ဆရာတော်နှင့်

အစ်ကိုတော်တို့၏ ပြောစကားအရ ရွာအတွက် သောက်ရေ သုံးရေ လောက်ငှအောင် ပေးနိုင်သည်။ ရေမှာလည်း ကြည်လင်သည် အဆင်ပြေနိုင်သည်ဟူသည့် မှတ်ချက်များကိုရ၏။

ကျနော်မှ လိုက်ပါလာကြသည့် ရွာခံများကို ကန်လေးကို ဘေးပတ်လည်မှ အုတ် သို့မဟုတ် ကျောက်များဖြင့် ကန်လေးအဖြစ်ပုံဖော်ကြရန် တိုက်တွန်းမိသည်။  ရွာသူ/သားများက

လုပ်အားစိုက်ထုတ် အလှူရှင်များမှ ငွေကြေးတွေပံ့ပိုး နှစ်ဦး နှစ်ဖက် ညီမျှမှသာ လုပ်ငန်း အဆင်ပြေချောမွေ့ပြီး အောင်မြင်နိုင်မည်ဖြစ်ကြောင်းပြောပြတော့ သူတို့တွေကလည်း

အားတက်သရော ဖြစ်မြောက်အောင်လုပ်မည်ဟု ပြောကြပါသည်။ ရွာခံတစ်ဦးက ဟိုအရင်က စည်ပင်သာယာက လုပ်သွားတဲ့ ရေပေးဝေရေးမျိုး

မဖြစ်အောင်လုပ်ကြရမယ်ဟု ပြောနေ၏။ ဪ…. ငို့ဘသမားတွေ ရိုးသားလွန်းသည့် ရွာသူရွာသားတွေအပေါ်ကို လုပ်ရက်ကြလေခြင်းဟုသာ……။ ကျနော်မှ

တတ်နိုင်သလောက်ချိတ်ဆက်ပြီး အလှူခံပေးပါမည်ဟု ပြောခဲ့ရသည်။ စိမ့်ရေပေါက်လေးကို ကြည့်ပြီး ပြန်လာကြတော့ နေ့လည် (၂)နာရီ ထိုးချေတော့မည်…။

ဘုန်းတော်ကြီးကျောင်းသို့ ပြန်လာရာလမ်းတွင် မှိုရှာရာမှပြန်လာသော အဘွားတစ်ဦးထံမှ ကျနော်တို့ အဖွဲ့သားတွေ အလုအယက် မှိုဝယ်ကြသည်။ အမှတ်တရအနေဖြင့်

ဓာတ်ပုံလေးများ ရိုက်ဖြစ်လိုက်သေး၏။ ဘုန်းတော်ကြီးကျောင်းသို့ ပြန်ရောက်သည့်အခါ ဆရာတော်အား နဝကမ္မအလှူငွေများ လှူဒါန်းကန်တော့ကာ ဆရာတော်နှင့်

ဘုန်းတော်ကြီးကျောင်းလေးရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်ပြီး အားလုံးကို နှုတ်ဆက်ကာ အပြန်ခရီးကို စတင်ခဲ့ကြတော့သည်။ အပြန်ခရီးကိုကား လာရာလမ်းမှ မပြန်ပဲ

သစ်ထုတ်ရေးလမ်းမှ ပြန်လာကြရာ မိုးတိတ်သွားပြီး နေပူနေတာမို့ …လမ်းလေးမှာ ခြောက်သွေ့ကာ အဆင်ပြေစွာ….အပြန်ခရီးမှာ မြင်လေသမျှ သာသာယာယာ ရှိလေစွ………

ရွှင်လန်းချမ်းမြေ့ကြပါစေ……

K.T.W.L

 

9 comments

  • kotun winlatt

    July 10, 2013 at 9:26 pm

    ဟဲဟော….ဟဲဟော…. အဲလေ….ဟောဟဲ..ဟောဟဲ… ဘယ်ရမလဲ..ပုံတင်လို့ရမဲ့ ကိုးးနတ်ရှင်ကို စောင့်နေတာ အခုတော့ ရတွားးးးဘီ….ငါကွ….ဟီးးးးး
    ကဲ..ရွာသူားးးးးအပေါင်းးးတို့ရေ….အလှူခရီးစဉ် (၁၀)ကို ရောက်ရှိလာပြီ ဖြစ်ကြောင်းပါ.. နောက်ထပ် တစ်ပုဒ် ကျန်နေပါသေးကြောင်းးးးးးးးးးမကြာမီလာမည်ဖြစ်ပါကြောင်းးးးးးးး

  • အလင်း ဆက်

    July 10, 2013 at 9:48 pm

    ခက်ခက်ခဲခဲ…သွားရောက် အကျိုးပြုခဲ့ကြတဲ့…အဖွဲ ့အား.လေးစားမိပါအိ။

    • kotun winlatt

      July 10, 2013 at 9:55 pm

      ကျေးဇူးးးပါ…အလင်းးဆက်ရေ…..။

  • KZ

    July 11, 2013 at 8:24 am

    ဒီ ပစ္စည်းတွေနဲ့
    ဒီလမ်းခရီးကို ရောက်အောင်သွားနိုင်ကြတဲ့
    ဇွဲနဲ့ စေတနာကို လေးစားပါတယ်ဗျာ။ 🙂

  • kyeemite

    July 11, 2013 at 11:55 am

    သွားရတဲ့လမ်းကြမ်းသော်လည်း
    စေတနာကမွန်မြတ်လွန်း၍ ဂုဏ်ယူပါတယ်ကိုထွန်းဝင်းလတ်ရေ..
    သာဓု…သာဓု…သာဓု…ပါဗျား

  • ရဲစည်

    July 11, 2013 at 12:49 pm

    @_@
    ရေစက်က ရေဘယ်လိုတင်မလဲတဲ့
    ကွန်ပရက်ဆာပဲ တွေ့တယ် …….
    ဖွင့်ပွဲ လုပ်ပီး နောက်တနေ့ ပျောက်သွားတယ် ဆိုတော့
    ရက်စက်ပါပေ့ …. ရွာသူ/သားတွေ ရယ်
    🙁

  • Ma Ma

    July 11, 2013 at 2:30 pm

    ဒီကျောင်းကလေးကတော့ သပ်သပ်ရပ်ရပ်ရှိသား။
    ကလေးလေးတွေပုံတွေ ကြည့်ရတာ ချစ်စရာ။
    ရှု့ခင်းပုံလေးတွေလည်း လှတယ်။
    အပေါ်ဆုံးက ပုံလေး ကူးသွားပါတယ်။
    လမ်းဆိုးတာတော့ ကိုယ်သွားရတာ မဟုတ်လို့ အပြစ်မမြင်တော့ပါဘူး။ 😀

  • amatmin

    July 11, 2013 at 2:42 pm

    ကိုရင်ထွန်းဝင်းလတ်ရေ….
    အပိုင်း ၁ဝ ရောက်မှ လာကြည်နူးနိုင်တော့တယ်.. 😛
    ကလေးတွေကို စာရေးကရိယာ တွေနဲ့ ပြုံးပျော်နေတာမြင်ရတော့..
    ကိုယ်တိုင်ကိုယ်ကျ လှူတဲ့ ကိုရင်တော့ မပြောနဲ့
    ကိုယ်တောင် အတော်ပျော်မိတာရယ်..
    ခင်ဗျားဆီက မိတ္တူကူးရတာတွေ တော့ အတော်များသား ကိုယ့်ဆြာရယ်.. 😛

  • kotun winlatt

    July 12, 2013 at 9:59 pm

    လာရောက်ဖတ်ရှု့ပြီး ကွန်မန့်ပေးကြသူတွေရော မပေးပဲ ဖတ်ရှု့သွားကြတဲ့သူတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်… နောက်ဆုံးကျန်တဲ့ ခရီးစဉ်လေးကို တင်ဖို့ရာ ကိုးနတ်ရှင်ကြီးက မှိုင်းမနေဒုန်းမို့ တင်မရသေးပါ..ကိုးနတ်ရှင်ကောင်းသည့် အချိန်မှ တင်ပေးမည် ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်….။
    ပျော်ရွှင်ချမ်းမြေ့ကြပါစေ……။

Leave a Reply