ဘာဖြစ်နေမှန်း မသိဘူး …. ခုတလော စိတ်ထဲ မတင်မကျနဲ့ ဘ၀င်လဲ မကျခြင်ဘူး။

ကိုယ်တွေကသာ စိတ်အနှောင့်အယှက် ဖြစ်နေတာ သူတို့တွေက ပျော်ပျော်ရွှင်ပါ။

မင်း မနာလိုဖြစ်နေတာလား … ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ် … စိုးစဉ်းမျှ ထိုစိတ်မရှိ …. ဒါဆိုရင် ဘာဖြစ်နေတာလဲပေါ့ … ??? … ကျနော် မဖြေတတ်ပါ။

ခင်ဗျားတို့ ပြောနေ လုပ်နေတာတွေကို ပုံပြင်တပုဒ် ဖတ်ပြခံနေရသူလို မျက်ဝန်းတွေ အကြောင်သားနဲ့ အံ့သြဖွယ် မျက်နှာပေးထားဖို့ ကျနော် ၅နှစ်သားလေး မဟုတ်တော့ပါ…။

ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားတာတော့ အမှန်။ နောက်ပီး ရေဆန်သလို ကိုယ်က ပြန်ပီး နားလည်ပေးထားတယ်။ ကြည့်ကျက်လုပ်ကျပါဗျာ ….

လေးစားပါတယ်

လေးစားပါတယ်

လေးစားပါတယ် ….. ။

ဒါပေမဲ့ ခင်ဗျားပြောသလို “ခုချိန် ငါ့ရှေ့မှာ မင်းရှိနေလို့ကတော့ အရေခွံ ဆုတ်ပြစ်မယ်” ဆိုတဲ့ စကား ကျုပ်နားမှာ တော်တော်ခါးတယ် ….။

ရာဇ၀င်တွေ ပြန်လှန်ကြေးဆို ဆိုရိုးကိုတောင် ချိုးခဲ့တဲ့ ကျုပ်လိုကောင် ….. အဲ့လူတောင် သေရှာပါဘီ …. ဘာတဲ့ ????

” နံရံကို ကြက်ဥနဲ့ ပေါက်ရင် ကြက်ဥဘဲ ကွဲတယ်တဲ့ ” အဟေ့ …. ” ကြက်ဥကွဲတာ ဟုတ်ပါဘီ ခင်ဗျား နံရံကြီးကရော ပကတိ အတိုင်းဘဲလားလို့ ” ပြန်မေးယုံတင် မဟုတ် လက်တွေ့လည်း ပြခဲ့ပါတယ် … ။

ဆိုတော့ ကိုယ့်ဆြာရယ် … ချဉ်ပေါင်ဟင်းနဲ့ ၀က်သားဟင်း လဲကြေး ကြေငြာရရင် ….

ခင်ဗျား ကလည်း ၀က်သိုး ဟင်းသိုး ပြုတ်မနူး ….. ၊

ကျုပ်ကလည်း ကလေက၀ ချဉ်ပေါင်ရိုင်း ချဉ်တာထက် ခါးတာပိုတယ်….။

ဒီတော့ လဲကြစေသတည်းပေါ့ ….

 

ဇာတ်လမ်းကို အဆုံးသတ်ရရင်

ခင်ဗျားက လူပြိန်း …..

ကျုပ်ကလဲ ခွေးအ ….

ပျော်ပွဲရွှင်ပွဲကြီး စပြီပေါ့ဗျာ ….

:(

တယောက် ၁၃တောင့်ပါဘဲ

ကွိ … ကွိ

x x x x x x x x x x x x x x x  x x x  x x x x  x x x  x x x  x x  x x x  x x  x x  x x x x x  x x x  x x x  x x x x x  x x  x  x x  x x  x x x

 

ဘာရယ် မဟုတ်ပါဘူးဗျာ … ဂနေ့ လုပ်လက်စ လုပ်ငန်း အဆုံးတောင် သတ်လို့ ၁၈ရက်နေ့ လုပ်ငန်းတောင် အပ်တော့မယ်

ကိုယ့်ဆြာ ကြီးကြီးမာစတာက ဘယ်သူ မြှောက်ပေးတယ် မသိ အဖေနဲ့ သားအရွယ်ကို အွန်လိုင်းမှာ လူငှားပီး ( သူစာမရိုက်တတ်လို့ သောက်ပြင်းကြီးတာ မဖြစ်နိုင် ) ရှယ် ဖြဲတယ်

ကိစ္စက ရလိုမှုတဲ့ … ပထမတော့ သည်းခံ ရှင်းပြနေသေးတယ် … ကျနော် လခစားပါ …. ကြားက ချိတ်ပေးတဲ့ အေးဂျင့်နဲ့ဘဲ ပြောပါ ဆိုတာကို …..

ဟိုအေးဂျင့်(၀ါ ) အလုပ်ပွဲစားက မာန်နတ်လောက် ရှိတော့ အနှီ ဒေ၀ဒတ် မဆီမဆိုင် ကျနော့်ကို လာရမ်းတယ် ….

ဒါမှ အားမရ မင့်ငါ့ကို ဖုန်းဆက်စမ်းကွာတဲ့ ကမ္ဘာ့ ခေါ်ဆိုခ အကြီးဆုံး ဖုန်းကို ခေါ်ခိုင်းတယ် …. ပီးတော့ တလုံးတပါဒမှ နားမထောင် လွှတ်ဆဲပါလေရော …

ကိုယ်တွေက ခိုင်းလို့လဲ လာလုပ်ရသေးတယ် … သူရို့စိတ်အထင် ဒီအလုပ်ကဘဲ ဒေါ်လာ သန်းချီရနေတဲ့ အပေါက် ….

စိတ်ပေါက်ပေါက်နဲ့ ဆဲပလိုက်တယ် …  :)

အဲ့ ပုဂ္ဂိုလ်ကြီးတော့ မသိ ကျနော်တော့ ခုထိ အိပ်မရဘူး … ဒေါသတွေ အလိပ်လိုက် ထွက်လို့  … ဒီမှာ လာရင် ဖွင့်တာ …

 

အားလုံး စိတ်အနှောင့်အယှက် ဖြစ်ရင် တောင်းပန်တယ်ဗျာ ….

 

တော်သေးဘီ …

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း