ဒီ လုပ်ရပ်မျိုး လုံးဝ လက်မခံနိုင်ပါ

မနေ့ကညနေပိုင်း ကျနော့် မိဘနှစ်ပါး ကန်တော်ကြီး ဘက်ကို လမ်းလျှောက်ထွတ်ဖို့ CRV ကားနဲ့ ထွတ်သွားခဲ့ပါတယ်။
ကန်တော်ကြီး မီနီဂေါက်ကွင်းရှိတဲ့ မန္တလေးစီးတီး ဘီယာ ဆိုင်ကွေ့နားလေးမှာလဲ ဆိုင်ကယ်နှစ်စီး နဲ့ လုပ်စားနေတဲ့ လူငယ်လေးယောက်နဲ့ တွေ့ခဲ့တယ်။
ဖြစ်ပုံက ဆိုင်ကယ်တစ်စီးက လမ်းမမှာလဲနေပြီးတော့ လူနှစ်ယောက်က လမ်းမပေါ်မှာ မထဘဲ လှဲနေတယ်.။
နောက်ထပ် နံပါတ်မပါနဲ့ ဆိုင်ကယ်နဲ့ လူငယ် နှစ်ယောက်က ကားနောက်ကလိုက်လာပြီး တိုက်မိသွားကြောင်း လိုက်ပြောပြီး ပိုက်ဆံတောင်းတာပါဘဲ။
ကားမှာလဲ ဘာမှ ပွတ်မိ တိုက်မိ တဲ့ အရာလဲ မရှိ ။

မအေးလိုး ခွေးမသား မိမဆုံးမ ဖမဆုံးမ စောက်ဆင့်မရှိ ငွေရှာ နည်း နဲ့ လုပ်စားတဲ့ အဲလို လုပ်ငယ်တွေ ပေါလာရင် ဘယ်လိုလုပ်မလဲ ……

ဒီလို ကလိမ်ကကျစ် ကျတဲ့ ခွေးဝဲစား လုပ်ရပ်တွေ ပပျောက်အောင် ဘယ်သူမှာ တာဝန်ရှိလဲ….

အားလုံးမှာ တာဝန်ရှိပါတယ်။ ဥပဒေ ဘက်တော်သားများ ရော၊ တိုင်းပြည် လုံခြုံရေး စောင့်လျှောက်နေတဲ့ ပြည်သူ့ရဲတွေရော မှာ တာဝန်ရှိကြသလို…..
လူငယ်တွေရဲ့ စိတ်ဓါတ်တွေ မြင့်တင်ပေးဖို့ ပညာရေး ဝန်ဆောင်ပေးနေတဲ့ ကျောင်းဆရာ၊ ဆရာမ တွေ ပါမကျန် ပြည်သူပြည်သား အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီလို အောက်တန်းစား လုပ်ရပ်တွေ နဲ့ လုပ်ကိုင်စားသောက်နေသူ တွေရဲ့ ဘဝတွေ အမြန်ဆုံး အဆုံးသတ်ပါစေ ……

 

18 comments

  • Garfield

    July 12, 2013 at 8:23 am

    မိအောင်ဖမ်းပြီး
    အပြစ်ပေး မခံရမချင်းးးး
    ဒါမှမဟုတ်.
    ပြီးပြီးရော ငွေ အလွယ်ပေးလိုက်သူတွေ ရှိနေသရွေ့ တော့ … 🙁

  • surmi

    July 12, 2013 at 8:43 am

    ဖက်​ဖက်​​ရေ
    ပြီး ြပြီး​ရော​ငွေမ​ပေးလို့မရဘူး​ဟေ့ ။ဒီု့ဆီမှာက ဆွမ်​းကြီးလာင်​းမယ်​့​ကောင်​များတယ်​ ။ မ​အေနှမ ဥပ​ဒေ​စောက်​စုတ်​က ဘာဖြစ်​ဖြစ်​ကားသမားမှားတယ်​ချည်​းလုပ်​​နေတာ​လေ ။​ခွေး​သ​တောင်​းစား ဥပ​ဒေဘက်​​တော်​သား​တွေကလည်​း ဒါမျိူး​တွေ့ရင်​ ဟုတ်​ ဟုတ်​မဟုတ်​ ဟုတ်​ ဂွင်​ရှာဖို့ဘဲသိတာ ။ ဥပ​ဒေကိုက ​စောက်​သုံးမကျတာ ။စဉ်​းစားကြည်​့ကွာ …ရပ်​ထားတဲ့ငါးကို အမူးသမားမ​အေနှမ ​ခွေးသားက ဆိုင်​ကယ်​နဲ့တိုက်​ပီး​သေတာ ဒရိုင်​ဘာကို ၃၀၄/က နဲ့စွဲသတဲ့ ။လူ​သေမှု​လေ ။ သူ့ဟာသူ ​စောက်​ကမြင်​းထြပြီး ဖင်​ယားတာ အလကား​နေရင်​းကားသမား​ထောင်​ကျတယ်​ ။အဲလို ​သောက်​သုံးမကျတဲ့ ​မော်​​တော်​ယဉ်​ဥပ​ဒေ
    အခုလည်​း ပတ်​ဝန်​းကျင်​အမြင်​မှာ အဲဒီ​ခွေးသားကအမှန်​ဖြစ်​ပြီး ရဲ​ရောက်​လာရင်​လည်​း ပိုဆိုးဦးမှာ ​လေ ။ ကျုပ်​ထင်​တာ​တော့ ​ပေးလိုက်​ရမယ်​ထင်​တယ်​ ။ငြင်​း​နေရင်​ လူစုစု စုစု ဖြစ်​ပြီး ပိုဆိုးမယ်​ ။လူကြီး​တွေဖြစ်​လို့ကံ​ကောင်​းတာတစ်​ခုက အရိုက်​မလံရလိုက်​တာပဲ ။ကျုပ်​မျက်​မြင်​ မင်​ဂလာဒုံဘက်​မှာ ဝိုင်​းရိုက်​တာ​တောင်​​တွေ့ဖူးတယ်​ ။
    ​ရေးဦးမယ်​ကွာ ဒီအ​ကြောင်​း​တွေကို ။

    ကဲဗျာ …တစ်​ခါမှမဆဲစဖူး ဆဲမြိပြီဗျို့
    ဖျက်​လိုက ဖျက်​နိုင်​ပါတယ်​နော ။(အက်​ဒမင်​များ ​မော့များ 🙂 )

    • Garfield

      July 12, 2013 at 8:45 am

      ခွိခွိ။
      နောက်တစ်ယောက် မိပြန်ပြီ။
      သများးး က ကဖက်မဟုတ်ဘူးးးးး
      မှန်အောင်မှန်းးးး ဦးဆာ။
      မမှန်ရင် ညစာ ၂ ဝိုင်းဖြစ်သွားမယ်။ :mrgreen:

      စိတ်လဲလျှော့ဦးးးးး :mrgreen:

      • surmi

        July 12, 2013 at 8:55 am

        သိပါပြ ီ 🙂 🙂
        ​ဒေါသ​တွေ ထွက်​​နေလို့ပါ ဗျာ ဟဲ ဟဲ
        ​လေယဉ်​လက်​မှတ်​ စီစဉ်​​တော့​နော 🙂

    • GARFIELD

      July 12, 2013 at 9:24 am

      အဲဒါကိုအတိအကျလုပ်ဖို့က…
      လမ်းတိုင်းမှာ CCTV တပ်ဖို့လိုတယ်…
      CCTV တပ်ဖို့ မီးမှန်ဖို့လိုပြန်ရော…
      မီးမှန်ဖို့ကျတော့ လုံလောက်တဲ့ဓာတ်အားပေးစနစ်ရှိဖို့လိုလာတယ်…
      လုံလောက်တဲ့ဓာတ်အားပေးစနစ်ရှိဖို့ကျတော့ ပိုက်ဆံလိုပြန်ရော…
      ပိုက်ဆံလိုပြန်တော့… ရှိတာလေးထုတ်ရောင်းရပြန်ရော…
      ခေတ်စနစ်ပြောင်းသွားပေမယ့် ဒီသံသရာမပြောင်းသေးပါဘူး…
      တကယ်လိုအပ်နေတာ Natural Resources မဟုတ်ဘူး… Human Resources.
      ဒါလေးပြောချင်ပါတယ်…

      • ကထူးဆန်း

        July 12, 2013 at 12:17 pm

        ထုံးစံ အတိုင်းကိုယ့်အားကိုယ်ကိုးပေါ့ကွယ် ..
        ကားမှာ ကိုယ်ပိုင် CCTV တပ်ထားပေါ့ကွယ် .. တစ်သိန်းကျော်လောက် ပေးရပါတယ် ။ အဲဒါမျိုးတွေ ကာကွယ်ဖို့ ဆိုပြီးထုတ်ထားတာပါ .. ကိုယ်ပိုင်ဆိုတော့ အခု နံမည်ကြီးနေတဲ့ သိက္ခာ သမာဓိ ရှိရမဲ့ ပြည့်စုံရမဲ့ နေရာက cctv လို ပိတ်ထားလို့ပါလို့ ဆိုတာမျိုးလည်း ပြောလို့ မရတော့ဘူးပေါ့ ..

    • marga thagyar

      July 13, 2013 at 2:51 pm

      ၃၀၄(က)ကိစ္စ နည်းနည်းဝင်ဆွေးနွေးပါရစေ၊ဥပဒေ ကကောင်းပါတယ်၊ဥပဒေကိုသုံးတဲ့သူတွေ ကဥပဒေရဲ့ ဆိုလိုရင်းကို နားမလည်လု့ိ ့ ရေလဲုသုံးနေတဲ့အတွက် အခုလိုသောက်သုံးမကလု့ိ ့ထင်စရာဖြစ်သွားတာပါ၊ ရပ်ထားတဲ့ကားဟာ. ယဉ်/လမ်းစည်းကမ်းအတိုင်း ရပ်ထားရင် ကားသမားကို အရေးယူတရားစွဲလု့ိ ့မရပါဘူး၊လောလောဆယ်တော့ စုံစမ်းစစ်ဆေးစဉ်ကာလအတွင်း ရဲက ချျပ်ချင် ချျပ်ထားမှာပေါ့လေ၊ စည်းကမ်တကျ ရပ်ထားလျက်နဲ့ ့ကားသမားကိုအရေးယူထောင်ချတယ်ဆိုရင် တာဝန်ရှိတဲ့ကောင်တွေကိုအရေးယူပေးဘို့ ့ သမတ အထိတိုင်ဗျာ

  • Ma Ma

    July 12, 2013 at 8:43 am

    ခေတ်အဆက်ဆက် ဒီလိုလုပ်စားမှုတွေက ရှိနေတာကြာပြီ။
    ်ိလောကကြီးမှာ မှန်တိုင်းလည်းမကောင်းဘူးဆိုပြီး လွယ်လွယ်ပဲ ဖြေရှင်းလိုက်ကြတာများတယ်။
    မတူရင် မတုနဲ့ ဆိုတဲ့စကားရှိတယ် မဟုတ်လား။
    ထိပ်တိုက်ရင်ဆိုင်နေရလည်း မတန်ပါဘူး။
    အမှန်တရားအတိုင်းဖြစ်အောင် လုပ်ဖို့လည်း မလွယ်ဘူး။
    အကောင်းဆုံးကတော့ လူများများသိအောင် သတင်းဖြန့်ပေးဖို့ပဲ။
    ဒါမှ နောက်လူတွေ ကိုယ့်လိုမခံရအောင်။

    • ရွှေ မင်း သား

      July 12, 2013 at 8:57 am

      ဟုတ်ပါတယ် ကိုယ်က မှန်တယ် ဆိုပေမယ့် နည်းမှန်လမ်းမှန် နဲ့ ရှင်းမယ် ဆိုရင် ပေးဆပ်ရမယ့် အရာတွေ များပါတယ်။
      လူကြီးတွေ ဖြစ်နေတော့ လူအား ၊ ငွေအား ၊ အချိန် တွေ ဆိုက်ထုတ်ပြီး ရုံး သွားပြီး ပြသနာကို မရှင်းချင် ကြတော့ဘူးလေ..
      ပြသနာတွေ နေရာမှာ ရှင်း ချင် လို့ ပိုက်ဆံ လွယ်လွယ် ပေးပြီး ရှင်းခဲ့ ကြတာပါ။
      ပိုက်ဆံ ၁၅၀၀ဝ ပေးလိုက်တော့ ပြန်တောင် ကန်တော့ သွားသေးတယ်။
      ပိုက်ဆံ မပေးခင် က တိုက်ရင် တိုက်ပစ် လိုက်ဆိုပြီး ကားရှေ့က လာရပ်တယ်လေ…..

  • ရွှေ မင်း သား

    July 12, 2013 at 8:45 am

    သက်ကြီးပိုင်းလူတွေ ဖြစ်နေကြတော့ ပြသနာကို နေရာတင် ရှင်းချင်ပေါ့….
    အဲဒါကြောင့် ပိုက်ဆံ ၁၅၀၀ဝ ပေးပြီး ရှင်းခဲ့ တယ်လေ…
    သူတို့ရဲ့ ပစ်မှတ်တွေက လဲ အဲလို သက်ကြီး ပိုင်းနဲ့ အမျိုးသမီး တွေ ဘဲ ဖြစ်လိမ့်မယ်။

    • kai

      July 12, 2013 at 3:48 pm

      လူကြီးတွေရော… စာရိတ္တမပျက်ကြဘူးပေါ့…
      .. ဟုတ်စ..
      စာရိတ္တ..အတွေးအခေါ်ပိုင်း.. လူအများစုနိမ့်ကျလို့.. တိုင်းပြည်အခုလိုဖြစ်နေတာ…
      လူတွေရဲ့အတွေးအခေါ်ကိုလွှမ်းမိုးတာ.. ဘာလဲသိလား…
      ထပ်မပြောတော့ပါဘူး.. :mrgreen:

      ဆိုတော့…
      တိုက်ရိုက်ပြောရရင်..
      လူများသူ(အင်အားကြီးသူ) က.. လူနည်းစု(အင်အားငယ်သူ) ကိုအနိုင်ကျင့်တာ..တိရိစ္ဆာန်စိတ်ဓါတ်ဖြစ်ပါကြောင်း… ရယ်လို့..
      (တွေးပေတော့… )

      • အရီးခင်လတ်

        July 12, 2013 at 3:53 pm

        လူတွေရဲ့အတွေးအခေါ်ကိုလွှမ်းမိုးတာ.က “ငါ” တဲ့။
        “ငါ” စွဲပျောက်အောင် လုပ်ပေးနိုင်တာ မှန်ကန်တဲ့ “ဘာသာရေး” ဘဲ။
        ဟုတ်တယ်နော် သူကြီး။
        သူကြီးတို့ “ဘာသာရေး” ကို ရှေ့တန်းပေး တတ်ပုံများကတော့။
        အဟိ။
        😆

      • သျှားသက်မာန်

        July 13, 2013 at 12:37 pm

        စာရိတ္တပျက်တဲ့ လူကြီးတွေ လက်ဆင့်ကမ်းပေးခဲ့လို့ပေါ့ သဂျီးရယ်… အာ့..ပြောချင်တာ.. :mrgreen:

  • ဟိုတစ်နေ့ကတောင်
    ဒဒင်းထဲမှာ ဖတ်လိုက်ရသေးတယ် …
    အဲ့လို အဖြစ်တွေ မန်းလေးမှာ များနေတယ်တဲ့ …
    သိချင်တာက …
    ဒီလောက် ဖြစ်နေတာတောင် …
    လုပ်ရမယ့် လူတွေက ဘာမှ မလုပ်ကြဘူးလား …
    မလုပ်ရင် လုပ်ခ မယူသင့်ဘူး …
    ဖြုတ်သင့်တယ် …

  • ဦး ကြိမ်

    July 13, 2013 at 6:14 am

    ဒီလိုသောက်ကျင့်တွေက တနိူင်ငံလုံးကိုလွှမ်းမိုးနေတာကြာလှပါပြီ
    ဒါကြောင့်လည်း ကမာ္ဘကိုမော်မကြည့်ရဲ တဲ့ နိူင်ငံဖြစ်နေတာလေ
    မဟုတ်တာတွေများများ လုပ်တော့ အဟုတ်ထင်ကုန်ကြတော့တာပေါ့
    ရှေ ့လျောက်ပိုများလာဖို့ပဲရှိတော့တယ်
    ရှောင်နိူင် ရှားနိူင် ပြေးနိူင်မှ လွတ်တော့မှာ……….။

  • အလင်း ဆက်

    July 13, 2013 at 10:49 am

    လူဆင်း ရဲတော့ အတွေးအခေါ် ဆင်းရဲ
    အတွေးအခေါ် ဆင်းရဲတော့ လူဆင်းရဲ
    လူဆင်းရဲတော့ အတွေးအခေါ် ဆင်းရဲ
    အတွေးအခေါ် ဆင်းရဲတော့

    အဲအဲ

    သံသရာ

  • လူကလေး

    July 15, 2013 at 9:10 am

    မေ့သွားတဲ့အထိ နပန်ကျင်းထဲ့ပစ်လိုက်.. ပြီးရင် တံတွေးနဲ့ ထွေး. . ပြီးရင် ထွက်ပြေး..

Leave a Reply