ငါဟဲ့မင်းလောင်း မောင့်ကျက်သရေခေါင်းပေါင်းနဲ့
ထီးဖြူခေါင်းပေါ်ဆောင်းလို့ ကျွေးဟောင်းတွေလျှော်ပစ်မတဲ့။
ငါဟဲ့မင်းလောင်း ၀န်ထမ်းတွေနေရာပြောင်းလို့
မကောင်းမှုတွေဖယ်ကာရှားလို့ နတ်သုဒ္ဒာ နင်တို့စားရမဟဲ့
တိုင်းပြည်ကိုရတနာပုံဆိုက်ရအောင် လုပ်ပေးမယ်တဲ့။
အပြောက ကောင်းကောင်းနဲ့ လှတောသူမျက်ရည်ကျလောက်အောင်
အဆောင်အယောင်ဂုဏ်ရှိန်ကြီးပါဘိ ပုခုံးတစ်ဘက်စောင်း။
ငါဟဲ့သမတလောင်း အခြေအနေဘယ်လိုပြောင်းစေတော့
ယုံကာလေပုံကာအပ်မည်မို့ အတွေးတစ်ချက်ကောင်း။
ကျားသေကိုအသက်မသွင်းလိုဘု မျက်ရည်တွေအခါခါမဆဲသည်မို့
မိုးခါးရေပုံပမာရှိသည်မို့ ယုံပါလို့မပြောလိုပါ
ကြုံလာတဲ့ကံကြမ္မာ ဖန်လာသည်အခါခါပေမို့
ထိုက်တန်သူပြည်သူအပေါင်းအတွက်ပါ
ငါဟဲ့မင်းလောင်း၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..