ခပ်အက်အက် အသည်းနဲ့ ခေါက်ပစ်ခဲ့

သူကေလးJuly 11, 20134min31229

“ice coffee နှစ်ခွက်ပေးပါ”

နားစည်ထဲကို  ဇွတ်တရွတ်တိုးဝင်လာတဲ့ ရင်းနှီးခဲ့ရသော အသံတစ်ပွင့်။ ဒီအသံကိုဘယ်အချိန်ကြားကြား လှည့်ကြည့်စရာအောင်မလိုအောင် လက်ပွန်းတတီးရှိခဲ့ပြီးသား။

ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ အခါပေါင်းများစွာ နားထဲမှာ၊ နှလုံးသားထဲစိမ့်ဝင်ခဲ့ဖူးတဲ့အသံ။ ကော်ဖီနှစ်ခွက်တဲ့လား။

ဒါဆိုနင့်ဘေးမှာ ငါမဟုတ်တဲ့နောက်တစ်ယောက်ပါလာတာပေါ့။ ရုတ်တရက်ခေါင်းထဲဝင်လာတဲ့အတွေးကို ခပ်ချဉ်ချဉ်ပဲ မောင်းထုတ်ပစ်လိုက်ရတယ်။

ငါ့အနားက နင်ထွက်သွားတာ ၁နှစ်တောင်ကျော်ခဲ့ပြီပဲ။ အရင်ကတည်းကသူငယ်ချင်းအားလုံးက “စော်ကြည်ဘဲ” လို့ ဝိုင်းခေါ်ကြတဲ့ နင့်ရဲ့ဘေးမှာ မိန်းကလေးတစ်ယောက်ရှိနေတယ်ဆိုတဲ့

အဖြစ်ဟာ တကယ်တော့ အထူးအဆန်းမှမဟုတ်ပဲလေ။ နင့်ဘေးမှာ တခြားမိန်းကလေးတစ်ယောက်မရှိဖို့ ငါမျှော်လင့်ခဲ့မိသလား။

ချောပေ့၊ လှပေ့ ဆိုတဲ့ကောင်မလေးတွေကိုထည်လဲတွဲတတ်တဲ့ နင့်ဘေးက အခုမိန်းကလေးဟာလည်း ငါ့ထက်အဆပေါင်းများစွာသာမယ်ဆိုတာ ငါလှည့်မကြည့်လည်းသိနိုင်တာပဲ။

ကျောခိုင်းထားရက်နဲ့ အတွေးတွေက ဟိုတစ်စ၊ ဒီတစ်စ။ အလိုလိုနေရင်းက မျက်လုံးတို့ကျိန်းစပ်လာရသည်။ ငါငိုချင်နေပြန်ပြီထင်တယ် “ကောင်း” ရေ။

ထစ်ခနဲရှိ “မျက်ရည်” ကျတတ်တဲ့ငါ့ရဲ့အကျင့်ကို နင်မုန်းတယ်မဟုတ်လား။ နင့်ကိုကောင်မလေးတစ်ယောက်နဲ့တွေ့တယ်လို့ သတင်းကြားလိုက်တိုင်း ငါငိုခဲ့မိတာ။

အဲဒီလိုအချိန်တိုင်း “ဘာလို့ ငိုနေရတာလဲကွာ အဲဒီမျက်ရည်တွေကိုသုတ်ပစ်စမ်း ပြီးတော့ တခုခုဆို မျက်ရည်ကဦးအောင်ကျတတ်တာကိုလည်း ငါမကြိုက်ဘူး” လို့

နင်အမြဲပြောခဲ့တယ်။ “သူများတွေပြောတိုင်း ညည်းကယုံရရောလား ညည်းဘေးနားမှာကိုယ်ရှိနေတာပဲမဟုတ်လား” လို့လည်း နင်က ခပ်တိုးတိုးညည်းတွားတတ်သေးတာ။

ငါကလည်းလေ ငါကလည်း အဲဒီအပြောတွေကို ၁၀၀% ရာနှုန်းယုံကြည်ခဲ့မိတာ ကောင်းရဲ့။ နင်ဘာလေးပဲပြောပြော ဘာမှမစဉ်းပဲ ပစ်ယုံလိုက်တာပဲ။

သူငယ်ချင်းတွေကငါ့ကို “နင်ကိုက အယုံလွယ်တာကိုး” လို့အပြစ်တင်ခဲ့ကြတယ်။ ဟင့်အင်း ငါအယုံလွယ်တတ်ခဲ့တဲ့လူမဟုတ်ပါဘူး ဒါပမယ့် နင်ပြောတဲ့စကားမှန်သမျှ ငါယုံခဲ့တယ်လေ။

အဲဒါကိုက လူတွေအားလုံးက ငါ့ကိုလှောင်ပြုံးနဲ့ ကဲ့ရဲ့နိုင်ခွင့် ငါပေးလိုက်မိတာပဲ။ ဒါပေမယ့် အဲဒါကိုငါအသိနောက်ကျခဲ့တယ်။  နင့်အကြောင်းအားလုံး ငါနောက်ဆုံးမှသိခဲ့ရတာဟ။

“ရေခဲကုန်နေတယ်ဟေ့ … အနောက်က ရေခဲပုံးလေးထုတ်ခဲ့ပေးပါအုံး”

ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် မာလာရဲ့ စကားသံကိုကြားလိုက်ရသည်။ ဒါဆို ကောင်းတို့မှာတဲ့ကော်ဖီရဖို့ ခဏစောင့်ရအုံးမှာပေါ့။ နင့်ကိုအမြန်ထွက်သွားစေချင်မိမှပဲ။

“ဟင် ကော်ဖီကစောင့်ရအုံးမှာကိုကိုရဲ့သဲခြေထောက်တွေနာနေပြီ” ချိုသာလွန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့စကားသံအနောက်မှာ ကပ်ပါလာတာက

ငါသိပ်ချစ်ခဲ့ဖူးတဲ့နင့်ရဲ့အသံ။ “ဟာ သဲခြေထောက်အရမ်းနာနေပြီလား ဒါဆိုထိုင်စောင့်နေတော့လေ  ကိုကိုကော်ဖီစောင့်ပြီးယူခဲ့မယ်နော်” တဲ့။

ဘုရားရေ။ ဒါ ငါချစ်ခဲ့ဖူးတဲ့ “ကောင်းပြည့်” ရဲ့အသံ ဟုတ်မှဟုတ်ပါလေစ လို့ အံ့ဩမိတဲ့အထိ။ မိန်းကလေးတစ်ယောက်ကို ဒီလောက်ထိ နူးညံ့စွာ နင်ပြောတတ်ခဲ့ပြီလား။

ငါမယုံနိုင်သေးဘူး။ ငါထင်နေခဲ့တာက ငါချစ်ခဲ့ဖူးခဲ့တဲ့ “နင်” ဟာ မိန်းကလေးတစ်ယောက်လို ဒီလိုမျိုးစကားချိုချိုမပြောတတ်ဘူးလို့လေ။

ငါနဲ့အတူတူရှိနေတဲ့အချိန်တွေမှာ နင့်အမေဖုန်းဆက်တာတောင် နင်ကလေသံခပ်မာမာနဲ့ပဲပြန်ပြောခဲ့တာမဟုတ်လား။ နင်ပြောခဲ့တဲ့စကားတွေငါခုထိမမေ့သေးဘူးဟ။

“ကောင်းရယ် နင်ငါ့ကိုတကယ်ချစ်တယ်ဆို တစ်ခါတစ်လေလေးများ ငါ့ကိုစကားချိုချိုသာသာပြောပါအုံးလားဟာ အခုနင်ပြောနေတာက မသိရင်

ငါကပဲနင့်ကိုတစ်ဖက်သတ်လိုက်ကြိုက်နေသလိုလို နင့်ရဲ့အခိုင်းအစေလိုလိုနဲ့” လို့ ငါကျိုးကျိုးနွံနွံလေးပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက နင်ကငါ့ကို ပြုံး၍သာကြည့်ပြီး

“အခုငါနင့်ကိုဖိနပ်တိုက်ခိုင်းနေလို့လား ငါနင့်ကိုအော်ပြောနေလို့လား ငါဒီလိုပဲနေတတ်တယ် ကံ့ကော် ငါငယ်ငယ်လေးတည်းက ဒီလိုပဲပြောဆိုပြုမူတတ်တာ

ငါခုထက်ပိုပြီး မနူးညံ့တတ်ဘူး အဲဒါကိုနင်မကျေနပ်လို့ ငါ့ကိုမချစ်နိုင်ဘူးဆိုပြီး ဖြတ်ချင်လည်းဖြတ်သွားနိုင်တယ်” ဟု တုံ့ပြန်ခဲ့၏။

ပြောရက်လေခြင်းဆိုတဲ့အတွေးနဲ့ ပါးစပ်လေးအဟောင်းသားဖြစ် မျက်လုံးထဲက မျက်ရည်တစ်ပေါက်ဖျတ်ခနဲ ကျခဲ့ဖူးတယ် ကောင်းရယ်။

အဲဒီငါ့မျက်ရည်တွေ နင်ငါ့ကိုတောင်းပန်စကားလေးတစ်ခွန်း … အို … ယုတ်စွအဆုံး မငိုအောင်ချော့မော့တဲ့စကားလေးတစ်ခွန်းတောင်မပြောခဲ့ဖူးဘူးနော်။း

နင့်ရဲ့ ဥပေက္ခာအတွက် ငါဘယ်လောက်တောင်မှ ဝမ်းနည်းခဲ့ရတယ်ထင်သလဲဟင်။ ငါဘယ်လောက်ထိကြေကွဲခဲ့သလဲဆိုတာ နင်မြင်နိုင်ခဲ့မှာမဟုတ်ပါဘူးဟာ။

ကျောခိုင်းထားပေမယ့်လည်း ငါ့နောက်ကျောကိုမြင်ပြီး နင်ငါ့ကိုမှတ်မိမလားလို့ ယောင်ယမ်းစိတ်ကူးယဉ်မိလိုက်တယ်။ နင်မှတ်မိမယ် မထင်ပါဘူးဟာ။

အခုဆို ငါ လောကဓံကို ရင်ဆိုင်ဖို့ လုံးပမ်းနေရတာနဲ့ နင်ကြိုက်ခဲ့ဖူးတဲ့ တင်ပါးလောက် နီးနီး ဆံပင်ရှည်တွေကို ကျောလယ်လောက်ထိ ညှပ်ပစ်လိုက်ပြီဟ။

နင်ကြိုက်တဲ့ ငါ့ဆံပင်တွေကလွဲရင် ငါ့မှာ မက်မောစရာရုပ်ရည်၊ အဆင့်အတန်းဘာမှမှမရှိခဲ့ပဲ။ အခုဆို ငါဟာ နင့်အတွက် နည်းနည်းလေးမှ မက်မောစရာမကောင်းတဲ့မိန်းမတစ်ယောက်ဖြစ်နေခဲ့ပြီ။

နင်နဲ့ငါ ချစ်သူဖြစ်တာ ၆လပြည့်တဲ့နေ့ပေါ့ … နင်မှတ်မိမလားဆိုတာငါမသိခဲ့ပေမယ့် ငါကတော့ ဘယ်လိုမှမေ့မရတဲ့နေ့ဖြစ်ခဲ့တာ။ နင်င့ါကိုလက်ဆောင်ပေးပေး မပေးပေး

ငါကတော့ နင့်ကိုပေးဖို့လက်ဆောင်တွေဝယ်၊ နင့်ကို suprise လုပ်ဖို့ကိတ်မုန့်ခပ်သေးသေးတစ်လုံးဝယ်ပြီး ငါတို့ဆုံနေကြ ကော်ဖီဆိုင်လေးမှာစောင့်နေခဲ့တာ။

နင်ငါ့ကိုဘယ်လောက်ပဲဂရုမစိုက်မစိုက် ငါချိန်းတဲ့အချိန်ဆိုရင် နင်ဘယ်တော့မှနောက်မကျတတ်ဘူးနော်။ ငါကျေးဇူးတင်ခဲ့ဖူးတယ် သိလား။

ဒါပေမယ့် အဲဒီနေ့တုန်းက နင်နောက်ကျခဲ့တယ် … မဟုတ်ဘူး နင်နောက်ကျတာမဟုတ်ပါဘူး တကယ်တော့ နင်မလာခဲ့တာပါ။

အဲဒီနေ့က နင်နဲ့ငါ ဆုံဖြစ်ခဲ့တယ်ဆိုတာ နင်ရှိတဲ့နေရာကို ငါရောက်လာခဲ့လို့ပဲလေ။ အဲဒီလိုမှမဟုတ်ရင် ငါတို့ ဒီတစ်သက် တွေ့ဖြစ်ချင်မှတွေ့ဖြစ်တော့မှာ။

နင်နောက်ကျနေလို့ ငါနင့်ဖုန်းကို ၁ဝခါလောက်ခေါ်နေခဲ့ပေမယ့် နင်ငါ့ဖုန်းကိုလက်မခံခဲ့ဘူး။ နင်ငါ့ကိုဖုန်းပြန်မဆက်မလားလို့ ငါမျှော်နေခဲ့ပေမယ့် ငါ့ဆီဝင်လာတဲ့ဖုန်းက နင့်ဆီကမှမဟုတ်တာ။

ငါ့အချစ်ဆုံးသူငယ်ချင်း “သဲသဲ” က နင့်ကို Ice Wonderland မှာ ကောင်မလေးတစ်ယောက်နဲ့ လက်ချင်းချိတ်ပြီး ပျော်မြူးနေတယ်လို့ ငါ့ကိုဖုန်းဆက်ပြောတာ။

ငါအဲဒီအချိန်တုန်းကဘယ်လိုဖြစ်သွားမှန်း တကယ်ပဲမသိလိုက်ဘူးဟာ။ နင်တို့အခုမှဝင်လာတာ နင့်ကိုတွေ့ချင်ရင် အခုချက်ချင်းလိုက်လာခဲ့လို့ သဲသဲကပြောတော့

ငါချက်ချင်းပဲဆိုင်ထဲကပြေးထွက်ပြီး လိုက်လာခဲ့မိတာ။ ငါဝယ်ထားတဲ့ကိတ်မုန့်တွေ၊ ပစ္စည်းတွေ၊ ဘာတစ်ခုမှပါမလာခဲ့ဘူးထင်တယ်။ ငါဆိုင်မှာကော်ဖီတောင်ရှင်းခဲ့ရဲ့လားမသိ။

ဘယ်သူမှတားလို့မရနိုင်ခင် ငါကနင်ရှိမယ့်နေရာကို ပြေးလာခဲ့မိတာပဲ။ Ice Wonderland ထဲရောက်တော့ ဝင်ကြေးပေးပြီးတာနဲ့ကို နင်ဘယ်မှာများရှိမလဲလို့ ငါလိုက်ရှာခဲ့တာ။

သူတို့ပေးတဲ့ အပေါ်ကထပ်ဝတ်ဖို့အကျီတောင်ငါမဝတ်ခဲ့မိဘူး။ အအေးကြောက်တဲ့ငါ ရင်တွေပူလွန်းလို့ အဲဒီအချိန်မှာ “ချမ်း” ဖို့ ဆိုတာကို လုံးလုံးလျားလျားမေ့နေခဲ့မိတယ်။

သဲသဲကျေးဇူးကြောင့် နင့်ကို ခပ်ကြာကြာမရှာလိုက်ရ။ ချစ်စရာကောင်းလွန်းတဲ့ကောင်မလေးတစ်ယောက်နဲ့ အတူတူနင့်ကိုတွေ့လိုက်ရတယ်။ ငါနဲ့ချိန်းထားတာနင်မေ့နေခဲ့တာလား။

ခြေထောက်ထက်မြန်တဲ့ ငါ့ရဲ့စိတ်အစုံကတော့ နင်တို့နားရောက်နေခဲ့ပြီ။ နင့်ကိုစိတ်ရှိလက်ရှိ ထုရိုက်ချင်ခဲ့မိတာ။ တကယ်တမ်း နင့်အနားငါရောက်သွားခဲ့တဲ့အခါ

ငါ့မှာပြောစရာစကားရှာမတွေ့အောင်ကို ဆွံ့အသွားခဲ့မိတယ်။ နင်ငါ့ကိုတွေ့ရင် တခုခုဖြစ်သွားမလားလို့ ထင်ခဲ့ပေမယ့် နင်ကတော့အေးဆေးပဲနော်။

“ဟာ ကံ့ကော် ငါ့ဆီလာတာလား ငါဒီမှာရှိမယ်မှန်းဘယ်လိုသိလဲ” လို့ ခပ်တင်းတင်းပဲနင်မေးခဲ့တယ်။ ငါဘယ်လိုဖြေသင့်တယ်လို့ နင်ထင်သလဲ ကောင်းရယ်။

“ငါနင်နဲ့ချိန်းထားတာ သတိရပါတယ် ဒါပေမယ့် ငါ့ကို ဆူးက ဒီနေ့အဖြေပေးမယ်ဆိုတော့ ငါမလာလို့မဖြစ်ဘူးလေ အဲဒါကြောင့် နင်နဲ့ချိန်းတာငါမလာနိုင်တော့တာ

ပြီးတော့ ငါ့ကိုမေ့လိုက်ပါတော့လို့ ငါပြောချင်တယ် ငါဆူးနဲ့ ဒီနေ့ပဲ ချစ်သူဖြစ်သွားပြီ ဆူးဒါ ကိုယ့် ရည်းစားဟောင်းလေ ကံ့ကော်တဲ့”

နင့်ပါးစပ်က ငါ့အတွက်ရယ်လို့ ထွက်ကျလာတဲ့စကားလုံးတိုင်းဟာ ခက်ထန်တတ်ခဲ့ပေမယ့် ဒီတစ်ခါအရက်စက်ဆုံးလို့ ငါထင်တယ်။ ဘယ်လိုများ ဒီလိုသူစိမ်းတစ်ယောက်

နင့်ရည်းစားအသစ်ဆိုတဲ့မိန်းကလေးတစ်ယောက်အရှေ့မှာ ငါ့ကိုမေ့လိုက်ပါတော့ဆိုတဲ့စကားကို ဘယ်လိုနှလုံးသားနဲ့များ နင်ပြောထွက်ခဲ့သလဲ။

ငါ့အတွက် နင်နည်းနည်းလေးဖြစ်ဖြစ် စဉ်းစားပေးခဲ့သင့်တာ။ ငါ့ကိုနင်မချစ်ခဲ့ဘူးဆိုရင်တောင် ငါတို့ချစ်သူတွေအဖြစ် ၆လတိတိပက်သက်ခဲ့ကြဖူးတာပဲမဟုတ်လား။

နင်ကလွဲရင် တလောကလုံးကိုမမြင်တတ်ခဲ့တဲ့ ငါ့အချစ်ကို နင်ငဲ့ညှာပေးဖို့မစဉ်းစားဘူးနော်။ နောက်ဆုံးတော့ ငါဟာလည်း နင်ပေါ့ပေါ့ပါးပါး ခေါက်ပစ်လိုက်တဲ့မိန်းကလေးတွေထဲပါသွားခဲ့တာပါပဲ။

~~~~

ကော်ဖီနှစ်ခွက်နှင့် ဗန်းလေးကိုကိုင်ကာ နင်ထွက်သွားတော့မှ ငါလည်း မုန့်တွေထားတဲ့စင်လေးဘေးက ဆိုင်ဘက်ကိုပြန်ပြီးလှည့်နိုင်တော့တယ်။

နင်ဘယ်မှာထိုင်နေသလဲလို့ ဆိုင်ထဲကို တစ်ချက်ဝေ့အကြည့် နင့်ကို နင့်ရဲ့ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့ ချစ်သူနဲ့အတူ ပခုံးကိုဖက်ကာ ဓာတ်ပုံရိုက်နေတဲ့ နင့်ကိုငါတွေ့လိုက်ရတယ်။

သေချာတာက ဒီကောင်မလေးဟာ နင်မိတ်ဆက်ပေးခဲ့တဲ့ “ဆူး” ဆိုတဲ့တစ်ယောက်မဟုတ်ခဲ့ဘူး။ အခုမှပဲ ချစ်သူသက်တမ်း ၆လမှာ တစ်ခါမှ နှစ်ယောက်တွြဲ့ပီး ဓာတ်ပုံမရိုက်ခဲ့ဖူးတာငါသတိရတယ်။

ဟုတ်တယ် ငါ့မှာနင့်ကိုလွမ်းရင်တောင် ထုတ်ကြည့်စရာ နှစ်ယောက်တွဲဓာတ်ပုံလေးတစ်ပုံတောင်မရှိခဲ့ဘူး။ လွမ်းစရာရှိတိုင်း နာစရာနဲ့ဖြေဆိုသလိုပဲ နင့်ကို အရမ်းကြီးလွမ်းမိတဲ့အချိန်တိုင်း

စိတ်နာစရာတွေပဲ ထပ်ခါတလဲလဲတွေးနေမိလို့ နင်နဲ့ပက်သက်ပြီး ငါမမငိုဖြစ်ခဲ့တာတောင်ကြာခဲ့ပြီ။ ကြာတော့လည်း ငါလည်းနင့်လို ပေါ့ပေါ့ပါးပါး “ခေါက်ပစ်” လိုက်နိုင်တာ့မှာပါ။

အခုထိတော့

နင် “ပျော်” ဖို့အတွက်

ငါ အလင်းထဲမှာ အတော်ကြာကြာ

လမ်းပျောက်ချင်ယောင်ဆောင်နေရတုန်းပဲ ~~

 

သူကလေး

(၀၇.၀၇.၁၃)

29 comments

  • KZ

    July 11, 2013 at 10:23 am

    ဪ……!
    အချစ်!!!
    အချစ်!!!
    ရတာမလို လိုတာမရ ဘဝတွေမှာ အချစ်က အဓိက အခန်းက ပါဝင်နေတုန်းပဲကိုးးးးးးးးးး :mrgreen:

    အချစ်စိတ် ဆိုတာကို အပေါ်စီးက ကြည့်မြင်နိုင်ဖို့ဆိုတာ …..
    အချစ်နွံထဲ နစ်ဖူး၊
    အချစ်မြစ်ထဲ ကူးဖူး၊
    အချစ်ဆူး စူးဖူး၊
    အချစ်ရူး ရူးဖူး ပြီး
    အချစ်စိတ် ခံစားချက် အမြင့်ဆုံးရောက်ပြီးမှ ဖြစ်နိုင်တာမျိုးကလားးးးးးးးး (ငါ ကွ) :mrgreen:

    (အတည်မမှတ်နဲ့နော်။) :mrgreen:

  • ဟို .. မိတ်ဆက်ပေးဂဲ့ဒဲ့ ..
    “ဆူး” .. ဆိုဒါ ..
    ဒီရွာထဲက ဂျီးဒေါ်တော့ မီဟုတ်လောက်ပါဘူးနော် .. 🙄

    သူဂလေး ရေးထားဒါ မိုက်ဒယ် …
    အားပေးတွားဒယ်နော် …

    • သူကလေး

      July 11, 2013 at 12:15 pm

      ရွာထဲက ဂျီးဒေါ်ကလည်း ဆူးပဲလား ဟီး
      မဟွတ်ရပါပုတော် … ကွကိုယ် စိတ်ထဲနာမည်ပေးလိုက်မိဒါပါ .. ရန်မတိုက်ရပုနော်
      လာအားပေးတာကော … ဖုန်းဆက်ရဒဲ့ကိစ္စအတွက်ကော ကျေးဇူးအထူး ..
      လာမည့်တစ်ပတ် ကော်ဖီပြန်တိုက်မယ် Ice coffee 😀

  • သူကလေး

    July 11, 2013 at 10:47 am

    မှတ်ပလိုက်ပီ ဒါဘဲ 😀
    အချစ်စိတ်ကို အပေါ်စီးကကြည့်မြင်နိုင်တဲ့ ကေဇက်ကြီး ဟီးဟီး

  • DEPARKO DEPARKO

    July 11, 2013 at 11:23 am

    ိုတို့ကတော့ တို့ကတော့ မချစ်တတ်တော့မပြောတတ်ဘူးကွယ်
    ကလေးတွေဆီကပြန်သင်ဦးမှဘဲ ကွီကွိ

    • သူကလေး

      July 11, 2013 at 12:17 pm

      သင်လိုက်ပါကွယ် .. ကွီကွီ
      သင်ပေးမယ်လေ .. လို့ 😀

      • DEPARKO DEPARKO

        July 11, 2013 at 8:57 pm

        တဒယ်ကြောတာရား ဂျကားတောင်မပြီတောဝူး ငယ်မူပြန်တွားပြီ

  • အလင်း ဆက်

    July 11, 2013 at 11:56 am

    အလင်းထဲမှာ လမ်းပျောက် ယောင် ဆောင်
    ဆိုတဲ့ စကားလုံးလေး နဲ့ အဆုံးသတ် လှလှပပ သေသေသပ်သပ်
    ဒီ ဝတ္တု လေးကို
    သဘောကျမိတယ်ဗျ

    ဆရာမဂျူးရဲ့ ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဆိုတဲ့ ဝတ္တု လေးတောင် သွားသတိရတယ် ။

    • သူကလေး

      July 11, 2013 at 12:22 pm

      အဟက် … တိုတိုအလက်ဆင်းက ဆရာမဂျူးရဲ့ပိတ်တတ်ဆိုတာ မေ့သွားတာကွာာ
      ဟုတ်ပါတယ် တကယ်တော့ ဟိုနေ့က ပျင်းပျင်းရှိလှနဲ့ ebook အဟောင်းတွေ ပြန်ရှာဖတ်ရင်း
      “ရာဇဝင်ထဲမှာမောင့်ကို ထားရစ်ခဲ့” ကိုပြန်ဖတ်မိတာနဲ့ အဲဒီလိုရေးပုံစတိုင်လ်မျိုးလေးရေးအုံးမှလို့
      တွေးမိတာနဲ့ ဒါလေးကိုရေးဖြစ်တာပါ … တိုတိုအလက်ဆင်း ချက်ချင်းပြေးမြင်တာကို အံ့ဩပြီး ချီးကျုးမဆုံးဘူး တကယ် တကယ်

      • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

        July 11, 2013 at 12:42 pm

        ဟိ တိုတိုအလက်ဆင်း တဲ့ …

        :mrgreen:

        အလက်ဆင်း
        တိုတာလေးလည်း ပါအောင် ဟို သဒင်းထောက်နဲ့ လည်း နာမည်ဆင်အောင် ဂလိုပြောင်းလိုက်ပါလား ငှင်


        ဥစ္စာ တိုတို

        လို့ ….

        ငိငိ
        ဒချိ ဒချိ

        • အလင်း ဆက်

          July 11, 2013 at 1:34 pm

          နာမည်ကြီကလည်း ငိုချင်စရာကြီး
          ဗြဲ ဟဲ ဟဲ

          သူလေးကိုပြောပါနယ်ကွယ်
          တိုတို ဆိုတာကြီး ခေါ်သံကြားရင်
          မတရားစွပ်စွဲ ခံရသူလိုပါပဲ လို ့
          😆

        • သူကလေး

          July 11, 2013 at 4:40 pm

          အမ် တေရော
          အာ့မီးပြောပုနော့်.. ဒီပတ်တနာမှာ သာမိးမပါပု ဒချိ ဒချိ

      • အလင်း ဆက်

        July 11, 2013 at 5:59 pm

        ဟဲ ဟဲ
        တယ် ငါတဲ့ တော်ပါလားးး

        အဲ

        တယ် တော် တဲ့ ငါ ပါလား
        😆

        =============

        ကျွန်တော် က ရေး ဟန်လေး
        ဆင် နေတော့
        သတိရ သွားတာပါ ။
        🙂

        =============
        ဆရာမ ဂျူးက တော့ ကျွန်တော့်ကို
        တိုတို အလင်းဆက် လို ့မခေါ်ဘူး

        😆

        • DEPARKO DEPARKO

          July 11, 2013 at 8:55 pm

          သားသားလေးလို့ခေါ်မှာပေါ့ ဟိုက ငါနဲ့ရွယ်တူ ယောက်ကျားတွေမကောင်းကြောင်းရေးလို့ ငါနဲ့စကားများပြီး စိတ်ကောက်နေလို့မခေါ်တော့တာ ကွီကွိ

  • ရဲစည်

    July 11, 2013 at 12:54 pm

    ကိုယ်တွေက လူကြမ်းမို့
    ဒီလိုစာတွေ ဖတ်ရရင် မျက်ရည်ဒွေ ဝဲဝဲ တတ်လာဒယ်
    အာ ဟင့် ….

    • သူကလေး

      July 11, 2013 at 4:59 pm

      ဖစ်ရမယ်
      မီငိုနဲ့ .. တိတိ အူးရဲစည် 😀

  • ဦးကျောက်ခဲ

    July 11, 2013 at 1:44 pm

    ဒီရွာထဲမယ်…
    ဂျူး ပရိတ်သတ်နဲ့ ဆိုင်းဆိုင်းဖမ်းကိုင် ချစ်သူတွေ တယ်ပေါသကိုး… :mrgreen:

    • KZ

      July 11, 2013 at 2:02 pm

      ရှန်။
      လေးကျောက်!
      တမီးကို ခေါ်သလားဟမ်??
      :mrgreen:
      :mrgreen:
      :mrgreen:

    • သူကလေး

      July 11, 2013 at 5:12 pm

      ဂျုးပိတ်တတ်ရယ်မဟွတ်ပါပု အူးကြောင်ရယ်
      အဲလို ဝါးလုံးရီးနဲ့ ပတ်မရမ်းပါနဲ့ 😀

      • ဦးကျောက်ခဲ

        July 11, 2013 at 6:05 pm

        သယ်… မှားစရာရှားလို့ ကကြောင်ကြီးနဲ့မှ
        ကျောက်စ်ကိုယ်တော်ကို မှားရသလား… :mrgreen:

        • သူကလေး

          July 12, 2013 at 12:30 pm

          အရှင်ရုက္ခစိုးနတ်မင်းကြီး
          အမိုက်အမဲလေးကို ခွေးလွှတ်တော်မူပါ
          စိတ်ထဲမှာကြောင်ပဲမြင်ယောင်နေမိလို့ပါ ကြောင်တကောင်ကောက်ရထားလို့ 😀
          ဆော်တီးပါ အူးအူးကျောက်ရယ် “နောက်တစ်ခါမှားတော့ပါပု”

  • Shwe Ei

    July 12, 2013 at 10:25 am

    To be alone is better than a fragile relationship 😉

    • တယ်ဂွတ်ပါလားကွီ..အဲ့စကားလေးကို ကြိုက်သွားပီ… 🙂

      သူလေး..မမလည်း အိုက်စ်ကော်ဖီ သောက်ချင်တယ်..အားကျမခံ ပြန်မှာလိုက်ပါ..
      “ice coffee နှစ်ခွက်ပေးပါ”

      • သူကလေး

        July 12, 2013 at 2:40 pm

        ကော်ဖီတိုက်ပု တော်ကြာ ရင်တုန်ပီးအိပ်မရမှာစိုးလို့
        နောက်တစ်ပတ်က နို့အေးပဲတိုက်မယ် 😀

    • သူကလေး

      July 12, 2013 at 4:44 pm

      i will try to be alone 😀

    • သူကလေး

      July 15, 2013 at 9:00 am

      အဟိ .. ခိုက်ရမယ်လေ 🙂

  • ဦးကြောင်ကြီး

    July 15, 2013 at 8:32 am

    စော်ကြည်ဘဲ
    အော်မြည်ဆဲ
    ဂေါ်လီကွဲ
    ညှော်ဆီရဲ
    မျှော်အီလွဲ
    ပျော်သီဖဲ
    ကော်နီချွဲ
    ဇော်ဂျီဝဲ..။

  • သူကလေး

    July 15, 2013 at 9:02 am

    အခုမှပဲ ဦးကြောင်ရောက်လာဒါကိုးးးး
    အဲ့ စော်ကြည်ဘဲကိုဘာလုပ်ပစ်ရင်ကောင်းမလဲ ငင် 😀

Leave a Reply