ကြုံရဆုံရဘုံဘဝ

DEPARKO DEPARKOJuly 11, 20131min965

နာလိုက်တာဗျာ ရင်ဝမှာဒါးလှံစူးသလိုပ
မြင်ရတာအဆင်မချောလေဘူး ဘူးချက်ကမသေး။
အရွယ်လေးကဂေါရီရယ် အသက်ငယ်ငယ် မြစ်အရွယ်လေးနဲ့မှ
ဖေါက်ပြန်ရက်သေး။
ငွေရှိရင်ဘာမဆိုဖြစ်တာမို့ ဆိပ်ကွယ်ရာဥပဒေမမှီနိုင်လို့
ကွန်ဒိုခေါ်ဒီတိုက်ခန်းတွေက လူမိုက်အားပေး။

မိုးထက်ဝလ္လာ တိမ်သိလ္လာဟိုအထက်ဆီက
သိကြားရာ မမြင်အမှတ်မှားနေလို့
နတ်သဘင်အစည်းအဝေးတွေကြောင့်
ဖေါက်ပြန်သူအခွင့်အရေးပိုရ
ခက်ခက်လှသေး။

5 comments

  • အလင်း ဆက်

    July 11, 2013 at 11:51 am

    ကဗျာလေးလားဟင်
    🙂

    ===========
    အူးမာဃ
    ဒီမှာ ခီညား အကြောင်းလည်း ပါဒယ်
    လာကျိဘာ
    😆

  • ကွန်ဒိုခေါ်ဒီတိုက်ခန်းတွေက လူမိုက်အားပေး။

    … ဆိုဒေါ့ကာ …
    ကွန်ဒိုနဲ့ နေနိုင်ဒဲ့ လူဒွေက လူမိုက်ဒွေဘဲ …
    ကျုပ်ကဒေါ့ နေနိုင်ဝူးးး
    ဒါဂျောင့် လူလိမ်မာလေးဘာ .. ငှဲငှဲ .. :mrgreen:

  • TNA

    July 11, 2013 at 1:51 pm

    ဟမ် ကွန်ဒိုမှာနေရဘူးလား။ လူမိုက်ဖြစ်မစိုးလို့။ ဘယ်မှာနေရမတုန်း။

  • Ma Ma

    July 11, 2013 at 2:50 pm

    ဖောက်ပြန်သူ အခွင့်အရေးပိုရနေတာ သိကြားအလည်လွန်ပြီး နတ်သဘင်အစည်းအဝေးမတက်လို့။
    သိကြားကိုပဲ အပြစ်တင်ရမယ်။ 😛

  • DEPARKO DEPARKO

    July 11, 2013 at 4:18 pm

    မမရေ ကိလေသာတဏှာအမှောင်ဖုန်းလို့
    မောင်ဖုန်းလဲမတတ်နိုင်
    မြင်သာမြင် မဆိုင်ရက်တာမို့
    ပြောသူသာအပြစ်ကြီးမယ်ဗျ
    ဘုန်းကံကမသေး

Leave a Reply