သူကြီး နှင့် နားထိုင်းများ

alinsettJuly 11, 20131min29145

တခါတုန်းက ရွာကြီးတစ်ရွာမှာ. .  . . .

ဆိတ်ကျောင်းတဲ့ နားထိုင်းတစ်ယောက် ဆိတ်ကျောင်း ထွက်ရာမှာ သူကျောင်းနေတဲ့ ဆိတ်တွေထဲက ခြေကျိုးနေတဲ့ ဆိတ်လေးတစ်ကောင် ပျောက်သွားတယ် ။

ဆိတ်ကျိုးလေးကို လိုက်ရှာရင်းနဲ့ ထန်းတက်နေတဲ့ လူတစ်ယောက်ကို တွေ ့လို ့ သူ့ ့ဆိတ်ကျိုးလေးကို တွေ ့မိလားးးလို့ ့မေးလိုက်တယ်

။မေးပေမယ့် ထန်းတက်သမားကလည်း နားထိုင်းပဲ ။

ဆိတ်ကျိုးလေး တွေ ့မိလား မေးတာကို သူကြားချင်ရာကြားပြီး ဖြေချင်ရာ ပြန်ဖြေတယ် ။

ဟေ့ ဟောဒီ မြင်မြင်သမျှ ထန်းတော က ငါ့ယောက္ခမ ထန်းတောကြီးပဲကွ ဆိုပြီး လက်ကို ဝှေ ့ယမ်း ပြလိုက်ရော ။

အဲဒီ လို ပြောတာကို ဆိတ်ကျောင်းတဲ့ နားထိုင်းကလည်း ကြားချင်ရာ ကြားပြီး ထန်းတက်သမားက လက်ဝှေ့ယမ်း ပြလိုက်တဲ့ ဘက်မှာ ဆိတ်ကျိုးလေး ရှိတာကိုးးးးဆိုပြီး သွားရှာ လေရော ။

သွားရှာတော့ ကံကောင်းထောက်မစွာနဲ့ ဆိတ်ကျိုးလေးကို ပြန်တွေ ့တယ်။

ဒီဆိတ်ကျိုးလေး အခုလိုပြန်တွေ ့တာ ဟို ထန်းတက်သမား ညွှန်ပြလို့ပဲ ဆိုပြီး ပြန်တွေ ့တဲ့ ဆိတ်ကျိုးလေးကို ထန်းတက်သမားကို ပေးလိုက်တော့မယ်တဲ့ ။

ကျေးဇူးဆပ်တဲ့ အနေနဲ့ပေါ့လေ ။

အဲဒါနဲ့ ထန်းတက်သမား နားထိုင်းဆီ ပြန်လာပြီး ဆိတ်ကျိုးလေးကို လက်ညိုးထိုးပြပြီး ဒီ ဆိတ်ကို လက်ဆောင်ပေးပါတယ် ယူလိုက်တော့ လ်ို့ ့ပြောလိုက်တယ် ။

ဒါပေမယ့် ထန်းတက်သမား နားထိုင်းက ဆိတ်ကလေး ခြေထောက်ကျိုးတာကို သူ ့လာ စွပ်စွဲနေတာလို ့ကြားးးပြီးးး ဒီဆိတ် ခြေထောက်ကျိုးတာ ငါ့ကြောင့်မဟုတ်ဘူးဆိုပြီး အကြောက်အကန် ငြင်းပါလေရော ။

ဆိတ်ကျောင်းတဲ့ နားထိုင်းက အတင်းပေးးးးထန်းတက်တဲ့နားထိုင်းက သူမလုပ်ကြောင်းငြင်းနဲ့ ပြဿနာ တက်နေကြပါတယ် ။

ပြဿနာက ရှင်းမရအောင် ရှုပ်နေပါတယ် ။

နှစ်ယောက်လုံးက နားထိုင်းတွေဆိုတော့ သူပြောတာ ကိုယ်မကြား ကိုယ်ပြောတာ သူမကြားနဲ ့ကိုယ်ထင်ရာတွေ ကို စွတ်ပြောနေကြတာကိုးးးး ။

နောက်ဆုံးတော့ နှစ်ယောက်သား ဖြေရှင်းပေးနိုင်မယ်ထင်တဲ့ သူကြီးဆီ ရောက်လာကြပါတယ် ။

သူကြီးကို နှစ်ယောက်ရှင်းပြကြပါတယ်။

ဆိတ်ကျောင်းတဲ့နားထိုင်းကလည်း သူလက်ဆောင်ပေးတာကို အတင်းငြင်းနေလို ့ စိတ်ညစ်ရကြောင်းးးးးး ။

ထန်းတက်သမားနားထိုင်းကလည်း ဆိတ်ကလေး ခြေကျိုးတာ သူ့ကြောင့်မဟုတ်ကြောင်းးးး သူ့ ့ကို မတရား လာစွပ်စွဲနေကြောင်းးးး

တိုင်ကြတောကြတာပေါ့ ။

သူတို့ဘာတွေပြောပြော သူကြီးကလည်း ကြားတာ မဟုတ်ဘူး ။

နားထိုင်းပဲ ။

သူကြီးကလည်း ကြားချင်ရာကြားပြီးးး တစ်ခွန်းပဲ ပြန်ပြောလိုက်တယ်လေ ။

ဟေ့ မင်းတို ့ဘယ်လိုပြောပြော ဒီမိန်းမကို ငါ ပြန်မပေါင်းနိုင်ဘူးးကွ တဲ့ ။

သူကြီးနားထိုင်းက မိန်းမနဲ့ ကွဲထားခါစ ကိုးးး။

သူ ့အပူနဲ့ သူ လေ ။

=======================

 

ဘာရယ်မဟုတ်ပါဘူး ။ ကြားခဲ့ဖူးတဲ့ ဟာသ ပုံပြင်လေးတစ်ပုဒ် ပြန် သတိရသွားလို ့ မကြားဖူးသူ ရှိရင် ဆိုပြီး ဝေမျှလိုက်တာပါ ။ ရည်ရွယ်ချက် လေးတော့ ရှိတာပေါ့ ။ အဟိ ။ ======================

=လေးစားစွာဖြင့်
အလင်းဆက်

45 comments

  • ဦးကျောက်ခဲ

    July 11, 2013 at 1:30 pm

    တော်သေးတာပေါ့ ကျုပ်တို့ သဂျီးကို ဒဲ့ကြီးဖဲ့…
    ရွာသူ/ရွာသားတွေကို ဘာအညှိုးနဲ့ ဆော်ပါလိမ့်လို့ လန့်သွားတာပဲ…
    ရှုပ်ပါတယ် ဆိတ်ကျိုးကို သဂျီးပေးလိုက်၊ သူ ကင်စားလိမ့်မယ်… :mrgreen:

    • အလင်း ဆက်

      July 11, 2013 at 1:41 pm

      အဟီး

      ဒီခေါင်းစဉ်ပေးလိုက်တော့ လန့်ကုန်ကြမှာပေါ့နော်
      😆

      ဒီပုံပြင်ထဲက သဂျီးက ဒို့ရွာသဂျီး အူးခိုင် မဟုတ်ပါဘူး လို ့

      လူဆိတ်ဝင်စားအောင် ဒီနာမည်ကြီးပေးပစ်လိုက်တာပါ လို ့

      အဟိအဟိ

  • KZ

    July 11, 2013 at 1:38 pm

    ဟမ်????
    သူ့ကို မစွံဘူးပြောလို့ အလက်ဆင်း က စိတ်ကြီးပြီး မိန်းမယူတော့မယ် ဟုတ်လားးးးး :mrgreen:

    • အလင်း ဆက်

      July 11, 2013 at 1:46 pm

      အယ် မမခိုင်ဇာ

      အိုက်ဒိရွာက ပဲလားးး
      သူကြီးရော နေငေကာင်းလားးး
      သူ ့မိန်းမနဲ ့ ပြန် ပေါင်းပြီလားးး

      ကျွန်တော်က တော့
      ချစ်သုဝေကိုမှ မရ ရင်
      ဒေါ်ဖွားမေ ကိုပဲ ယူမှာပါ ။
      😆

  • ခွိခွိ …
    ရီရဒယ် … ဗျဲ ….
    ဒါနဲ့ ခပ်ဆင်ဆင်လေး ..
    ကြာနီကန် ဆရာတော် အခွေထဲမှာ ကျားဖူးဒယ် ..

    ဒါ့ထက် ..
    နင့်ရီရွယ်ဂျက် ဘာလဲ နာမတိ …
    တိလည် မတိဂျင်ဘူး …
    ပေါ့ပေါ့ပါးပါးနဲ့ပဲ ဖတ်တွားဒယ် .. ဒါဘာဗျဲ ..

  • surmi

    July 11, 2013 at 1:56 pm

    အလန်​့တကြားကွယ်​ …
    အလက်​ဆင်​းတစ်​​ယောက်​ ညာ​တွေထ​ဖောက်​​နေပြီလဲ လို့ ​ပြောချင်​တဲ့ရည်​ရွယ်​ချက်​ကို ကိုယ်​့နည်​းကိုယ်​့ဟန်​နဲ့
    ရမ်​းတုတ်​ရရင်​ဖြင်​့ ….. &%#&$%$%%**&$
    🙂 🙂 🙂

  • kai

    July 11, 2013 at 2:16 pm

    ဘာပဲဖြစ်ဖြစ်… တိရိစ္ဆာန်တွေက.. လူတွေလိုပြော..လူတွေလိုတွေးပြနေတဲ့ ပုံပြင်ဂလုံဂလွမ်တွေထက်တော့.. အများကြီးဖတ်ကောင်းတယ်…။ :mrgreen:

  • amatmin

    July 11, 2013 at 2:48 pm

    ဖတ်တော့ သွားသဗျ..
    ကိုယ်ထင်ရာလည်း ကိုယ့်ဘာသာတွေးသွားတယ်..သို့ပေသိ
    အဲ့လို စာမျိုးလေးတွေမှာ ထည့်ထည့်ပေါင်းပေးတတ်တဲ့ ..
    ခင်ဗျားကိုယ်ပိုင် အတွေးလေးတွေ ကို ပိုကြိုက်သမို့..
    အချိန်ရရင် လင်းပါအုန်းဗျ.. 😛

    • အလင်း ဆက်

      July 11, 2013 at 3:18 pm

      ကိုုအမတတ်ရေ

      ရည်ရွည်ချက်တော့ ရှိတာပေါ့

      အဲဒိ ရည်ရွယ်ချက်က
      ဖတ်တဲ့ သူတွေကို ရီစေချင်တဲ့ ရည်ရွယ်ချက်လို့ပဲ
      ထားပါတော့ . . . . . .

      😆

  • kyeemite

    July 11, 2013 at 2:50 pm

    သဂျီးချီးကျူးနေတယ်အလင်းဆက်ရေ..ကောင်းတယ်ဆိုပဲ..
    မစ္စတာကျောက်စ် ပြောသလို ဆိတ်ကျိုးကို သဂျီးပေးလိုက်၊ သူ ကင်စားလိမ့်မယ်… :mrgreen:

    • အလင်း ဆက်

      July 11, 2013 at 3:20 pm

      တို့သူကြီးက ဆိတ်သား စားလို့လား ဦးကြီး မိုက် ရေ

      😆

  • ဦးဦးပါလေရာ

    July 11, 2013 at 2:56 pm

    လူကြီးလုပ်ပြီဆိုရင်
    တစ်ခါတစ်လေတော့လဲ နားထိုင်းချင်ယောင်ဆောင်ရတယ်…
    တစ်ခါတစ်လေတော့လဲ မျက်စေ့မှုန်ချင်ယောင်ဆောင်ရတယ်…
    တစ်ခါတစ်လေမှာတော့ အတိတ်မေ့ချင်ယောင်ဆောင်ရပြန်ရော …

    • အလင်း ဆက်

      July 11, 2013 at 3:23 pm

      ဦးဦးပါ ရေ

      လူကြီးတစ်ယောက် နေရာကလည်း
      မလွယ်ပါဘူးးးနော်

      ===========
      သာမန် တင်ပြ ဝေမျှခြင်းရယ်ပါ
      ဖတ်မိသူတွေ ကို ရယ်ရွှင်စေချင်လို ့ပါ ။

      ဒီ ပုံပြင်လေးကို ကြာနီကန်က
      ဟန်ပါပါ ဟောသွားတုန်းက
      အူတတ်မတတ် ရယ်ခဲ့ရတာာ
      😆

  • ခင် ခ

    July 11, 2013 at 3:14 pm

    အဟိ အဟိ အဟ အဟ အဟိ အဟိ အဟ အဟ အဟိ အဟိ အဟ အဟ အဟိ အဟိ အဟ အဟ အဟိ အဟိ အဟ အဟ အဟိ အဟိ အဟ အဟ( ဒီကလေးနဲ့ ဘေးကလာဖတ်ပြီး ဘယ်နဲ့ကြောင့် ရယ်မဆုံး ဖြစ်ပါလိမ့် )

  • ဘင်္ဂလားပင်လယ်အော်မှ အသားအမည်းဆုံး ယောင်္ကျားတစ်ယောက်

    July 11, 2013 at 3:42 pm

    မည်း။ ။ဘာ အလင်းဆက် … နာက မင်းကို ချစ်သုဝေလေး ပေးရမယ် ဟတ်လား …
    လင်း။ ။ဟာ အကို ကျနော် ဒေါ်ဖွားမေကို မယူနိူင်ဘူးဗျာ … ခဏတွဲဆို ဟုတ်သေး ..
    မည်း။ ။ဘာ မင်းက ချစ်သုဝေ အတွက် အသက်အသေခံ မယ်ပေါ့ …
    လင်း။ ။ဟာဗျာ … ဒေါ်ဖွားမေကြီးကို ကျနော် နှိုက်မမြည်းပါဘူးဗျ .. နှိုက်မြည်းတာ သူ့အကြော်ပါ ..
    မည်း။ ။ဘာ ကိုယ့်ကိုကိုယ် သတ်သေမယ် ဟတ်လား … မိုက်လိုက်တာကွာ … ငါတော့ ကွာမပေးနိူင်ဘူး ..
    လင်း။ ။တော်ဘီဗျာ … ဒေါ်ဖွားမေ ကလေးက ကျုပ်ကလေး မဟုတ်ပါဘူးလို့ ဘယ်၂ခါ ပြောရမတုန်း

    အဲ့လိုနဲ့ တိုင်ပတ်ရင်း … သဂျီးဆီ အရောက် …
    သဂျီး။ ။ဘာကွ မင့်တို့ ၂ကောင်က ငါ့သမီးကို လာတောင်းရအောင် ကြောင်ကြီး လွှတ်လိုက်တာ ဟတ်လား ..။
    မည်း။ ။ဒီလိုပါ သဂျီး …. ကျနော်နဲ့ ချစ်သုဝေ
    လင်း။ ။ဒီကိစ္စကို … ဒီလိုပါ … ဒေါ်ဖွားမေကို
    သဂျီး။ ။ဟေ့ ယောင်တွေ ရှူးတိုးတိုး ဟိုနေ့က ခရီးသွားရင်း ကားထဲ အီးထွက်ကျတာ မင်းတို့ဘယ်လို သိတုန်း
    🙂

    ဒီလိုနဲ့
    ဒီလိုနဲ့
    ဒီလိုနဲ့

    ကြောင်။ ။ ဘာာာာာာာ ….. သမီးဒေါ်ကလေး ကပုနဲ့ လိုက်ပြေးသွားဘီ ဟုတ်လား … ခွီး ..ဂရား

    • အလင်း ဆက်

      July 11, 2013 at 3:53 pm

      ခွိခွိ

      တကယ် ရီ ရ တာက

      နာမည် မျက်ိစိလည် သွားတယ် 😆
      တကယ်ရီရတာက ကရဲစွီ ရဲ့ comment ဗျ

      😆

      ============
      ဘာာာာာာာ
      သကြီး ကားထဲမှာ ဟိုဒင်း ဖြစ်တာ ကို
      စည်ပင်သာယာက
      တာဝန်မယူဘူး ဟတ်လားးး

      😆

        • အလင်း ဆက်

          July 11, 2013 at 4:00 pm

          အေးဟ
          နာမည်တွေ မက်စိလည်ကုန်တယ်
          အဟိ

          ပြန် ပြင်လိုက်ပြီ ။
          😆

  • water fish

    July 11, 2013 at 3:44 pm

    ဖတ်ပြီးတော့တော်တော်တော့ရီရတယ် အလင်းဆက်ရေ..
    လက်တွေ့အပြင်မှာကော တကယ်ရှိခဲ့လား ပုံပြင်သက်သက်ပဲလားတော့မသိဘူး…..
    သဂျီးကို ရည်ရွယ်ချက်နဲ့များရေးလေသလားဆိုပီးတောင် စစချင်းနာမည်ကြည့်ရုံနဲ့ထင်မိတာ…
    သဂျီးကျောသလိုပဲ တခြားဂလုံဂလွမ်တွေထက်စာရင်တော့ ဖတ်လို့ကောင်းပါတယ်..
    ရည်ရွယ်ချက်နဲ့ကိုရေးတာဆိုတော့…………..ရီတွားခဲ့ပါတယ်ဗျာ…ခိခိ

    • အလင်း ဆက်

      July 11, 2013 at 4:09 pm

      ရီဘာ ရီဘာ ဝါးတာဖစ် ရေ

      ဒီပုံပြင်လေး ရေး တင်တာရဲ့ ရည်ရွယ်ချက်ကိုက
      ဖတ်တဲ့သူတွေ ရီစေချင်လို့ပါ ။
      =============

      ဒို ့သူကြီး ကို မရည်ရွယ်ပါဘူးဗျာာ

      ခေါင်းစဉ် ပေးတာ ခပ်လွယ်လွယ်ပေးမိတာပါ ။
      ပြန်လည်း ပြင်ချင်တော့ဘူးးး

      အမြင်မတော်ဘူးဆိုရင်တော့ ပြင် ပေးကြပါနော်

      😆

  • Ma Ei

    July 11, 2013 at 4:07 pm

    သိပါဘူးဟယ်… …
    ခေါင်းစဉ်ဖတ်ပြီး ဒို့ရွာကြီး အကြောင်းများလားမှတ်တာ…
    နောက်ဆုံးတော့… …
    ဒီလိုကိုး….

    • အလင်း ဆက်

      July 11, 2013 at 4:13 pm

      အဟိ အဟိ

      ဒို ့ရွာ နဲ့ ဒို ့သူကြီးကို မရည်ရွယ်ပါဘူးနော်

      ဟိုဘက်ပိုစ့်မှာ တောင်
      ကျွမ်တော် ချစ်သော ဂဇက် ရေးထားတာကို
      😆

  • Shwe Ei

    July 11, 2013 at 4:16 pm

    နားကျားတဲ့လူ တယောက်တလေတောင် မချိတော့ဝူးတဲ့လားအေ….လေဘာဒယ် 🙁

  • TNA

    July 11, 2013 at 6:32 pm

    နီ့ရည်ရွယ်ချက်ဘာလဲတော့တိဝူး အလက်ဆင်းရေ။ ရီတော့ရီရတယ်။ လောကမှာ လူဆိုတာကိုယ်ထင် ရာလုပ်တတ်တဲ့အမျိုးမို့ ကိုယ်ယုံကြည်ရာပဲတွေးတာကောင်းပါတယ်အေ။ ကိုယ်ထင်ကုတင်ခြေလေးချောင်း တဲ့။ ဟုတ်ဝူးလား။

    • အလင်း ဆက်

      July 11, 2013 at 6:36 pm

      ရီ ရ ဒယ် ဆိုရင်
      ကျွန်တော့် ရည် ရွယ်ချက် ပြည့်ပါတယ် တီတီ

      😆

  • DEPARKO DEPARKO

    July 11, 2013 at 7:17 pm

    နင်ကျားကြားကျားမကျားကြား ငါကပေါမှာဘဲ

    • အလင်း ဆက်

      July 12, 2013 at 2:24 pm

      ဦးဦး ပေါချင်တာ ပေါ
      သားက လည်း ကြားချင် တာ ကြားမှာပဲ

      အဟိ

      ===========
      သားကို ဂျယ်လီ ဝယ်ကျွေးမယ် ဟုတ်လားးး
      ပျော်လိုက်တာ
      😆

  • ဦးကြောင်ကြီး

    July 12, 2013 at 9:44 am

    အယင်ဇုံးပေါဂျင်ဒါ ဝါးတားဖစ်ရှ်ကို ဒိန်ချဉ်နယ်ပီး ငုံထားဂျင်တယ်… အာငွေ့နဲ့ ငါးပေါင်းလုပ်ပြီး ဝမ်းထဲ အရည်ပျော်ဆင်းသွားပစေ…. 😆
    နောက်ပေါဂျင်ဒါ… သာဂျီး အယာတိုလာ မာမွတ်ခိုမ်လား အဲလို သာဂျီးဂဒေါ်ဂို ပေါရဲယင်… လောင်းလိုက်ချင်သေး ဆယ်လေးတလေး… 😆

    • အလင်း ဆက်

      July 12, 2013 at 9:51 am

      အူးကြောင် စိတ်ထိန်းလေ

      အဟိ

      ဝါးတားဖစ်လေး ထွက်ပြေးတွားအုန်းမယ်
      😆

  • ဟို ပို့စ်ဖတ်တုန်းက ဇာတ်ရည်မလည်သေးဝူး..
    ခုမှ သိသွားတယ်..
    ဟဲ့…အလက်ဆင်း..နောက်ခါ သူကြီးပုံပြင်တွေ များများပြောပေး သိလား…
    အော်… ကြာနီကန်ဆရာတော်ရဲ့ တရားတွေ သိချင်လို့ပါလို့.. :mrgreen:

    • အလင်း ဆက်

      July 12, 2013 at 10:59 am

      အေးးးလုံလုံရေ

      ရေးဦးမှာာာာ
      အဲ သူြကြီးက တော့ မျက်ခုံး လှုပ်နေပြီလား
      မျက်ခုံးတတစ်ဖက် ပဲ ပြုတ်ကျ နေပြီလား မသိ

      အားနာလိုက်တာ သူကြီး ရယ်
      ချစ်လို ့စတာနော် သူကြီး

      😆

  • Yin Nyine Nway

    July 12, 2013 at 1:57 pm

    အဲဒါပေါ့ ဝိကာလဘောဇနာဆိုတာ ဟီး…
    (ဖတ်ရှုသွားပါကြောင်း)
    နွေးသီး

    • အလင်း ဆက်

      July 12, 2013 at 2:18 pm

      အဲ ဘာတွေကြားလို ့ဘာတွေ ပြောသွားတာလဲဂျ

      😆

      ရီစရာ လေး ဖတ်ရှု အားပေးတဲ့အတွက် ကျေးဇူးပါ

    • Alinn Z

      April 4, 2015 at 12:31 pm

      ဟဲဟဲ…

      နီနဲ့ သဂျားရော..ဘာထူးလို့တုန်း..မရှင်းမရှင်းနဲ့..

      :k:

  • uncle gyi

    April 5, 2015 at 10:43 pm

    လောကကြီးကဒီလိုပါပဲလေ
    ကိုယ်ထင်ရာကိုယ်မှန်နေကြတာ

    • Alinn Z

      April 6, 2015 at 9:02 am

      ဒါပေါ့
      သူ့ဘက်က ကြည့်တော့ လက်ဖဝါး
      ကိုယ့်ဘက်က ကြည့်တော့ လက်ဖမိုး

      :kwi:

  • naywoon ni

    April 6, 2015 at 9:16 pm

    အိမ်​း တစ်​ခုခု​တော့ တစ်​ခုခုပဲ ။ ခုမှ ​မောင်​သာနိုးရဲ့ ထင်​ရူးပင်​ရိပ်​ထဲက သ​င်္ကေတ ဝါဒ အ​ကြောင်​း ပြန်​ဖတ်​​နေတာဆို​တော့ ဒါ ရယ်​ဖို့သက်​သက်​​ရေးတာ မဖြစ်​နိုင်​ဘူး ။ ဦးပုည ​ရေသည်​ပြဇာတ်​​ရေးသလို ဒါ ဒါ ……..

    • Alinn Z

      April 7, 2015 at 12:45 am

      ငင်
      သင်္ကေတဝါဒက ခေတ် မရှိတော့သလောက် ဖြစ်နေမှပဲ
      :k:

      တခုခုတော့ တခုခုပါ

      :k:

Leave a Reply