မောင်မျိုးသန့် ( ရင်တွင်းပျက် )

မနေ့က မမျှော်လင့်ပဲ ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ သီဟ နဲ့ဆုံတယ် ၊

သူနဲ့က တီတီစီမှာ ၃ တန်းကနေ ၁ဝတန်းအထိ အတူတူ တက်ခဲ့တာပါ ၊

ဆိုင်တစ်ဆိုင်မှာထိုင်ပြီး စကားတွေပြောရင်း သူက တစ်ခွန်းမေးတယ် ၊

မျိုးသန့် မင်းဘဝကြီးကို ဒီလိုပဲ ဖြတ်သန်းနေတော့မှာလား တဲ့ ၊

အမ် ငါက ဘယ်လိုဖြတ်သန်းနေလို့တုန်းဆိုတော့

မင်း နေ့စဉ် ဘယ်လိုနေသလဲ တဲ့ ၊

အင်းးးး  ငါ မနက် ရ နာရီခွဲ အိပ်ယာထတယ် ၊ ရေမိုးချိုး ယူနီဖေါင်းလဲ အိမ်ကထွက်

မနက် ၈ နာရီ လှည်းတန်းမှတ်တိုင်ရောက်ပြီ ၊ ဘတ်စ်ကားစီး သံလမ်းရောက်ရင် လှိုင်မင်းမှာ လဘက်ရည်သောက် ၊

၁ဝနှစ်လောက် ထိုင်လာတဲ့ဆိုင်မို့ အဖျော်ဆရာက ငါ့တွေ့တာနဲ့ ကျဆိမ့်တစ်ခွက်ဖျော်ပြီးသား ၊

ကားတွေ လူတွေကို ခဏငေး ၊ ၈ နာရီ လေးဆယ့်ငါးမှာ ရုံးထဲဝင် ၊

ဖင်းဂါးပရင့်ဆိုတာကြီးကိုနှိပ် ၊ စားပွဲမှာထိုင် ၊ ကွန်ပြူတာဖွင့် အီးမေးလ်စစ် ၊ လာစရာ မေးလ်ကလည်း ခပ်ရှားရှား ၊

နောက် အားကစားသတင်းဆိုက်တွေဝင်ဖတ် ၊ ရေးစရာရှိတာရေး ၊ ဖေ့စ်ဘုတ်ကလေးမှာ တောင်လုပ်မြောက်လုပ်ကလိ ၊

၁၁ ခွဲရင် ထမင်းဆိုင်ဆီဒိုး ၊ ၁၂ နာရီထိုးပြန်လာ ၊ စာဆက်ရေး ၊ ဆေးလိပ်ကလေးဖွာ ၅ နာရီမှာ ပြန် ၊

လှည်းတန်းဈေးမှာ ဈေးဝယ် ၊ ရပ်ကွက်ထဲက ဆိုင်ကလေးမှာ ခဏတာ အပန်းဖြေ ၊

၆ ခွဲမှာ အိမ်ပေါ်တက် ၊ အမေချက်ထားတာမစားခင် ရေချိုး ၊

၈ နာရီလောက်မှာ ဖိုက်စီးရီး ဖိုက်မူဗီ လျှောက်ကြည့် ၊ ၁ဝ ခွဲ  ၁၁ လောက်မှာအိပ် ၊

ဒါ တနင်္လာ ကနေ စနေအထိ ဒီပုံစံပဲလေ ၊

တနင်္ဂနွေဆို ရ နာရီထ ရေချိုးပြီးသွားရင် ဂျန်းရှင်းစကွဲယား အလွန်နားက အခွန်လွတ်ဈေးကိုသွား ကိုယ် စားချင်တာဝယ်

လဘက်ရည်သောက် ၊ အိမ်ပေါ်ရောက်ပြီးရင် ဟိုချက်ဒီချက် ပြီးရင်  တီဗီကြည့် ထမင်းစား တီဗီထပ်ကြည့် ( သွားစရာမှ မရှိရှာသူကိုး )

ညနေ ၅ နာရီ အမှိုက်ပစ်ရင်း ဆိုင်ခဏထိုင် ၊ ရ နာရီလောက်ပြန်တက် ၊ ထမင်းစား ၊ အိပ် ၊

ဒါပဲလေ ဆိုတော့ သီဟက အေး ငါပြောတာ အဲဒါပဲ ဘယ်မလဲ မင်းမှာ ပျော်ရွှင်စရာ တဲ့ ၊

သားသမီးတွေ ရှိတာပဲကွာ တစ်ခါတစ်လေ ငါ့သားနဲ့ငါ ကေတီဗီ သွားတယ်ကွာ ဆိုတော့ ဟုတ်သေးပါဘူး တဲ့ ၊

မင်း အရွယ်ရှိသေးတာပဲကွာ နောက်အိမ်ထောင်ပြုသင့်တယ်ကွာ တဲ့ ၊

မြတ်စွာဘုရား  လက်စသတ်တော့ မင်း ငါ့ကို အချွန်နဲ့လာမ နေတာပါကလား ၊ ကဲ ငါ ဘယ်သူ့ယူရမတုန်း ဆိုတော့ ရှာပေါ့ တဲ့ ၊

တော်ပါပြီ ဆရာရယ် ရှားရှားပါးပါး သံယောဇဉ်လေး ထားမိပါတယ် ၊

နောက်ဆုံးတော့ ဦးရယ် ဒီဘဝ မဖြစ်နိူင်တော့ပေမယ့် နောင်ဘဝမှာဆုံဖို့ ဆုတောင်းခဲ့ပါတယ် ဆိုတဲ့ စကားနဲ့ပဲ ငါ့မှာ အရှက်ကွဲ ကျန်ခဲ့ရသူပါ ၊

တော်ပါ တန်ပါပြီ ကံကြမ္မာက ပေးလာလို့ ထပ်တွေ့ရင်တော့ မပြောတတ်ဘူး ၊ ကိုယ်ကစ လိုက်ရှာတာမျိုး မလုပ်ပါရစေနဲ့တော့ကွာ ၊

အမေကတော့ ပြောရှာပါတယ် ၊ သားကို တကယ်နားလည်ပေးပြီးချစ်မယ့်သူ ဆို အမေသဘောတူမှာပေါ့တဲ့ ၊

ခက်တာက ငါ့ ကံကို ငါမယုံတော့ဘူး ၊ အချစ်ဆိုတာကို အရူးအမူးဖြစ်နေရမယ့် အရွယ်လည်း မဟုတ်တော့ဘူးလေ ၊

မင်းက အိမ်ပြန်ရင် ဆီးကြိုမယ့် ဇနီးသည် ရှိသလို

ငါ့မှာလည်း ဖုန်းစခရင်ကိုဖွင့်လိုက်တိုင်း ပြုံးပြနေတဲ့ ငါ့ချစ်သူပုံလေးရှိနေတာပဲကွာ ၊

တော်ပြီပေါ့ ၊ ငါ ပျော်ပါတယ်ကွာ အမြဲတမ်း သူက ပြုံးပြနေတာကိုး  ။

 

photo1651_001

27 comments

  • kyeemite

    July 11, 2013 at 2:25 pm

    ကိုမျိုးသန့်(ရေတွင်းပျက်) ရဲ့ တစ်နေ့တာ အင်တာဗျူးလေးပေါ့ 😆

  • KZ

    July 11, 2013 at 2:26 pm

    အပူမရှာပါနဲ့ဗျာ။
    လွတ်လပ်တဲ့ ဘဝက ဘယ်လောက်အေးချမ်းတုန်းးးးးးးး
    စားချင်ရာစားးးးးး
    သွားချင်ရာသွားးးးးးး
    ပြောချင်ရာပြော
    မျောချင်ရာမျော
    သမုဒယ ဆိုတာမျိုးက ဒီ တိုင်းရပ်နေတာမျိုးမဟုတ် ဒုက္ခပါ ပါလာမှာ။ :mrgreen:
    အဲဒီတော့ သမုဒယ နှောင်ကြိုး အသစ်တွေမရှာတာသာ အကောင်းဆုံးးးးး :mrgreen:

    ဟီးဟီးးးး
    အတည်မမှတ်နဲ့နော်။
    နေ့ခင်း ရုံးမှာ အိပ်ချင်မူးတူးမို့ ပြောချင်ရာပြောသွားတာ။ :mrgreen:

    • Myo Thant

      July 11, 2013 at 2:34 pm

      သူကျတော့ ရှာနေတာ ဒီက မသိတာမှတ်လို့
      ( ဟို တစ်စုံတစ်ယောက် ဆိုလား ) 🙂

  • တိန် !!!
    ဟက်လူဂျီးး
    အိုက်ဒါ လှည်းတန်း တံတားဂျီး မဟုတ်လား ..
    ဘယ်မှလည်း ပြုံးပြနေဘဲနဲ့ … :mrgreen:
    ခွီခွိ …
    တစ်ယောက်တည်းနေ တစ်စိတ်တည်း ထား .. တဲ့ …
    အပူ ထပ်ရှာ မနေပါနဲ့တော့ဗျာ …
    တော်ကြာ .. ကျုပ်တို့အတွက် အပူတွေ လျော့သွားမှာစိုးညို့ … :mrgreen:

    • Myo Thant

      July 11, 2013 at 2:42 pm

      အဲဒီတံတားကို မနေ့ညက အိမ်အပြန်မှာရိုက်လိုက်တာ ၊ အချိန်လား ?
      ကားတွေဒီလောက်ရှင်းနေမှတော့ မှန်းကြည့်ပေါ့ ၊

      အပူ ဆိုတာကလည်း ဘာတဲ့ ဟိုကြော်ငြာ
      ပူပူလေးနဲ့ ကောင်းတယ် ဆိုလား 🙂

      • surmi

        July 11, 2013 at 2:55 pm

        သူများ​တွေ​ပြောတာက​တော့
        ဆယ်​​ကျော်​သက်​အချစ်​က … စမ်​းသပ်​ ကာလ
        နှစ်​ဆယ်​​ကျော်​အချစ်​က ….. မထိတထိ
        သုံးဆယ်​​ကျော်​အချစ်​က …… နဲနဲ​တော့သိလာြပြီ​
        ​လေးဆယ်​​ကျော်​အချစ်​က …. ​သေ​သေချာချာ သိရှိ
        ငါးဆယ်​​ကျော်​အချစ်​က ….. နက်​နက်​ရှိုင်​းရှိုင်​း ဆို​တော့
        ရဲ​ဘော်​ !!!!!! ဆက်​လုပ်​ 🙂 🙂 🙂

        • Myo Thant

          July 11, 2013 at 3:04 pm

          ဦးဦးပါလေရာက ဒီအတိုင်းနေ တဲ့

          ဦးဆာမိက ဆက်လုပ် တဲ့

          ကဲ အရပ်ကတို့ရေ

          သားသား ဘာလုပ်ရမလဲဟင် ?

        • အိုက်လူဂျီး နှီယောက်ကို
          အရင်ဆုံး ဖိုက်တင် ပတေးဖို့ ပေါ ..
          နိုင်ဒဲ့လူ စကားကို အတည်ယူပလိုက် .. :mrgreen:

  • ဦးဦးပါလေရာ

    July 11, 2013 at 2:38 pm

    ရေပြင်က တည်ငြိမ်စိမ်းလဲ့နေရင်
    ခဲလုံးလေး ကျ မလာတာ ပိုကောင်းပါသဗျာ…
    ဆိုတော့ …
    ကိုမျိုးသန့်ကို ထောက်ခံပါတယ် လို့..

  • ဘင်္ဂလားပင်လယ်အော်မှ အသားအမည်းဆုံး ယောင်္ကျားတစ်ယောက်

    July 11, 2013 at 3:26 pm

    အပူပေါ့ ….
    အွန်း ဟုတ်တယ် …
    ကျနော်လဲ တလောက အဲ့ အပူကို လိုက်ရှာလိုက်သေးတယ် ….။
    ကံကောင်းတယ်ဘဲ ဆိုရမလား
    ကံဆိုးတယ်ဘဲ ပြောရမလား ..။
    သူပူ မပူတော့ မသိ ကျနော်ပူပီး ကျန်ခဲ့တယ် … ( ခံစားချက်တွေ ပြောတာပါ ) :mrgreen:

    ဆိုတော့ကာ … ကိုယ်က အမှတ်မရှိ အဲ့အပူကို တဂယ်မပူသေး သရွေ့ ရှာချင်နေတော့ ….။
    အင်း လူအမျိုးမျိုး စိတ်အထွေထွေ ဘဝအကြောင်းကြောင်း …
    ခက်စ်တော့ ခက်စ်နေပါဘီ
    🙂

  • Ma Ei

    July 11, 2013 at 3:55 pm

    fb မှာ နေ့စဉ်ကြော်ငြာ နေရာက
    ခုတော့ ရွာထဲမှာပါ ကြော်ငြာဝင်နေပါရော့လား….
    🙂

    • Myo Thant

      July 11, 2013 at 4:27 pm

      ကြော်ငြာဝင်တာလည်း မဟုတ်

      ကျော်အောင် ညာတာလည်း မဟုတ်ရပါဗျာ ၊

      ဒီလိုဘဝမျိုးမှာ ကြုံရတာလေး ရေးမိတာပါနော့ ၊

      အပူမရှာချင်လို့လည်း ရ နှစ်ကျော် ဒီလိုပဲ နေနေတာပါ ။ 🙂

  • ဦး ကြိမ်

    July 11, 2013 at 5:22 pm

    ကိုမျိုးသန့်…
    ကျနော်ကိုတိုင်မဖြတ်သန်ဖူးတဲ့ လမ်းမို့….ပြောမဲ့စကားမှားသွားမလားမသိဘူးဗျာ
    သားတွေ သမီးတွေရဲ ့သံယောဇဉ်တွေကိုအသိုက်အမြုံ ဖွဲ့ပြီး ပျော်ရွှင်စရာကောင်းမဲ့အိမ်တခုကိုခိုင်ခံ့အောင်
    တည်ဆောက်စေချင်ပါတယ်……..။

  • အလင်း ဆက်

    July 11, 2013 at 6:39 pm

    ကျွန်တော်သည်လည်းးးး
    နှလုံးလမ်းေဂျောင်းမှာ ကျွန်းတွေရော
    ပျင်းဂဒိုးတွေရော ခံနေသူပါကွေ

    😆

  • Foreign Resident

    July 11, 2013 at 7:06 pm

    ” ငါ ပျော်ပါတယ်ကွာ ”

    အဓိက က ကိုယ် ကျေနပ်နေရင် ပြီးတာပါပဲ ။

    • kai

      July 12, 2013 at 6:09 am

      အဲလိုပြောနေတာကိုက.. မပျော်နေဘူးလို့ထင်တယ်..
      ဆိုတော့…
      ပူအူ..အေးအေး.. ရှာလိုက်…ရှာလိုက်.. မြန်မြန်…

      အဆင်မပြတော့လည်း.. နောက်တယောက်ပေါ့…
      လူတယောက်နှစ်၁၀ဝ နေရတာမှ.. မဟုတ်တာနော..
      ဘဝအချိန်တိုတိုလေး…

  • ဦးကြောင်ကြီး

    July 13, 2013 at 10:53 am

    ပြုံးပြတဲ့
    ဂတုံးမ
    အုံးခွလို့
    ရုန်းထ
    ုုမုန်းရသမို့
    ဗုံးချ
    နုံးလှသဗျို့
    ဟုန်းထ…

  • မိန်းမမရှိဘဲ ကလေးရှိတာ ဘယ်လောက်မိုက်တဲ့ ဘဝလဲလို့…
    အတွေးမမှားပါနဲ့…အူးလေး.. 🙂

    • Myo Thant

      July 13, 2013 at 12:03 pm

      ဗျာာာာာ

      ကိုယ်ချင်းစာကြည့်ကွယ်

      ဟွန်း မပြောချင်ဘူး ၊ သူရို့ကျတော့ 🙂

  • ကိုရင်စည်သူ

    July 13, 2013 at 2:50 pm

    ဪခုမှ သိတယ်.. လေးမျိုးက စင်ဂယ်ဖားသားကိုးးး။
    အပူတွေထပ်မရှာပါနဲ့… တားတို့လို အေးချေးလေးနေပီးး
    သားသမီးနောင်ရေးအတွက် စိတ်ချရအောင် စဉ်းစားထားပါ။
    လေးလေးအတွက်ဆို တားက အသင့်နော်… :mrgreen:

    • Myo Thant

      July 13, 2013 at 3:05 pm

      လာပြန်ပြီ
      ရှိတာက ၂ ယောက်
      လိုချင်သူက အံဇာရယ် ကိုကိုကြောင်ရယ် အခု ကရင်စည်ရယ်ဆိုတော့
      ၃ ယောက်ပတ်လည် ဗိုလ်လုကြတော့ကွယ် ၊ 🙂

      • ကိုရင်စည်သူ

        July 13, 2013 at 3:26 pm

        အန်ကယ်လေးလေး… လုစရာလိုဖူးး.. သူတို့က လူပျိုယောင်ဟန်ဆောင်ပီး
        ကလေးငါးယောက် ကျိတ်ရှာကျွေးနေတဲ့ ကြောင်နဲ့ အံစာတွေ။ ။
        တားက အချဉ်လေးပါ။ ဓါတ်ပျက်မှာဆိုးလို့ ဆားငန်ရေတောင်
        မထိဖူးပါဘူး.. :mrgreen:

        • Myo Thant

          July 13, 2013 at 3:34 pm

          ဪ ဒင်းတို့က ဂလိုလား
          တော်သေးတာပေါ့ကွယ်
          ငါ့သာမီးတွေခမျာ ကြောင်ခြစ်တဲ့ ဒဏ်ရာနဲ့
          အံဇာတုန်းလို မျက်နှာ ၆ ဘက်ဖြစ်တော့မလို့ ၊
          သရဲမကြောက်တဲ့ စည် လေးကို စဉ်းစားပေးရတာပေါ့ကွယ် 🙂

  • Mr. MarGa

    July 13, 2013 at 5:40 pm

    ရင်တွင်းပျက်
    အမြင်ချင်းဆက်
    ပင်ဂွင်းငှက်
    :mrgreen:

  • Nyein Nyein

    July 13, 2013 at 6:51 pm

    ဦးမျိုးရေ.. နေနိုင်ရင်တော့ ဒီတိုင်းနေတာ အကောင်းဆုံးပါပဲ။ အပူမရှာပါနဲ့။ တစ်ယောက်တည်း ဘဝက အကောင်းဆုံးပဲ။ ကိုယ့်အချိန်တွေက ကိုယ့်အတွက်ပဲ။(သားလေးအတွက်လည်းပါမှာပေါ့နော်။)

  • Myo Thant

    July 14, 2013 at 1:08 am

    ကျနော်လည်း သိပ်စိတ်မကူးတော့ပါဘူး

    ဒါပေမယ့် သဂျီးခိုင်က နားငြီးလို့

    တစ်ယောက်ယောက်နဲ့ နေရာချထားပေးမယ် ဆိုရင်လည်း တတ်နိူင်ဘူးပေါ့နော့

    အင်းးး အံဇာ သဂျား ကြောင်မိုက်များနဲ့ လွဲရင် ဘာဖြစ်ဖြစ်ပါ ။ 😛

    • kai

      July 15, 2013 at 4:54 am

      အလုပ်နဲ့..အကိုင်နဲ့.. တည်ငြိမ်နေတဲ့ဘဝရှိပြီးသားမို့… ယူချင်တဲ့မိန်းမတွေရှိမယ်ထင်ပါတယ်..။
      ဘာမှထပ်မံစွန့်စားနေစရာမလို.. တည်ငြိမ်ပြီး… ဘဝအဖေါ်ကို.. လိုချင်သူများရှိမှာပါပေါ့…။
      ယောကျာ်း-မိန်းမ ဒီကမ္ဘာမှာတွဲရှိနေတာ.. မျိုးပွားဖို့တခုထဲမဟုတ်တာနော…

      ဆိုတော့…
      မီးစိမ်းသာပြလိုက်..။ အများးးး ကြီးထွက်လာမှာပါ…။

      တခုတော့ရှိပါတယ်..
      အရွယ်မရောက်သေးတဲ့.. သားသမီး(ကိုယ့်မှီခိုနေသူများ) ရှိရင်.. သူတို့သဘောလည်း.. မေးပါဦး..။ :mrgreen:

Leave a Reply