ထွဇ် – ၁

ムラカミJuly 11, 20138min19220

အတည်အကောင်း မရေးတာကြာပြီဆိုတော့လည်း ရေးလိုက်ပါဦးမယ်လေ..။

ကနဦး ပြောဖူးတဲ့ ဟာသလေးတပုဒ် အရင်ပြောပါမယ် (အမ်.. အတည်ရေးမယ်ဆို)

ဟုတ်ကဲ့ ရေးတာလည်း ရေးတာပေါ့ .. ဒါလေးအာသာပြေရေးလိုက်ဦးမယ်

အမေရိက ကအာကာသယာဉ်ပေါ်မှာ ဖြစ်ပါတယ်.. ဘောပင်တွေက မင်မထွက်ဘူးတဲ့..။

ဘယ်ထွက်မတုန်း ကမာ္ဘမြေဆွဲအားမရှိတော့ မင် က ဂလိုပဲ ပေပြီး နေနေတာကိုး ။

ဆိုတော့ ကမာ္ဘမြေဆွဲအားမလိုတဲ့ မင်ဖိအားပေးမှု စနစ် ပါတဲ့ ဘောပင်တီထွင်တာ

ဒေါ်လာထောင်ချီ ပလုံပြီးနောက်ပိုင်း အောင်မြင်သွားပါတော့တယ်။

ဒီသတင်းကြားတော့ ဥရောပမြောက်ပိုင်းက အရက်သမား ရုရှ တွေက ရီပါတယ်။

သူရို့က ဘောပင်မင် မလိုက်တော့ ခဲတံ ပြောင်းသုံးပါတယ်တဲ့ ..။

ငိငိ

(ဟာသသက်သက်ပါ) ဒါပေမယ့်တကယ် ပြောချင်တာက Lateral thinking နဲ့ Problem Solving အကြောင်းပါ။

ဟုတ်ပါတယ်။ တခါတလေမှာ Subjective/ Objective တွေးခေါ်မှုတွေနဲ့ သွေဖီတဲ့ လက်တွေ့ကျမှု အဖြေမှန် ဆိုတာက

တခြား ခပ်နီးနီးမှာ မေ့လျော့ခံဖြစ်နေတတ်ပါသတဲ့ ..။ အဲ့ဒါအတွက် စနစ်တကျ ဖန်တီးတည်ဆောက်မှု ပါဝင်တဲ့

ပြဿနာ ဖြေရှင်းနည်း the theory of inventive problem solving ဆိုပြီး Genrich Altshuller နဲ့ အပေါင်းအပါတွေဟာ

၁၉၄၆ ခုနှစ်မှာ теория решения изобретательских задач, teoriya resheniya izobretatelskikh zadatch လို့ခေါ်တဲ့

TRIZ ကို ထုတ်ဖော်မိတ်ဆက်ပါတော့တယ်။

အကြမ်းဖြင်းပြောရရင်တော့ လောကမှာ ပြဿနာတွေ နဲ့ ဖြေရှင်းပုံတွေဆိုတာ အောက်က အချက် ၄ဝထဲက ပြေးမလွတ်ပါဘူးတဲ့..။

အဲ့ဒီအချက်-၄ဝ ကို ဒီစာစုမှာ မိတ်ဆက်ပေးချင်တာဖြစ်ပါတယ်။ အချက် ၄ဝ လုံးဆို အင်မတိ အင်မတန် စာလေးမှာ ဖြစ်တဲ့အတွက်

၁ဝချက်စီပါတဲ့ ပိုစ့် ၄ပုဒ် အဖြစ် ရေးမယ် စိတ်ကူးမိပါတယ်။ နောက်ထပ်တပုဒ်အနေနဲ့ practical usage ကို သပ်သပ်ခွဲရေးပါ့မယ်။

(စိတ်ဖောက်လာရင်လည်း ကြားထဲ တခြားဟာ ရေးပါဦးမယ်..)

ထားပါဗျာ ..ပထမဆုံး အနှီ အချက် ၄ဝ ကို နာမည်ဖော်ပါဆိုရင်တော့ဖြင့်-

1 Segmentation

2 Taking out

3 Local quality

4 Asymmetry

5 Merging

6 Universality

7 Russian dolls

8 Anti-weight

9 Preliminary anti-action

10 Preliminary action

11 Beforehand cushioning

12 Equipotentiality

13 “The other way round”

14 Spheroidality – Curvature

15 Dynamics

16 Partial or excessive actions

17 Another dimension

18 Mechanical vibration

19 Periodic action

20 Continuity of useful action

21 Skipping

22 Blessing in disguise

23 Feedback

24 Intermediary

25 Self-service

26 Copying

27 Cheap short-lived objects

28 Mechanics substitution

29 Pneumatics and hydraulics

30 Flexible shells and thin films

31 Porous materials

32 Colour changes

33 Homogeneity

34 Discarding and recovering

35 Parameter changes

36 Phase transitions

37 Thermal expansion

38 Strong oxidants

39 Inert atmosphere

40 Composite materials

 

စတာတွေပဲ ဖြစ်ပါတယ်။ ကျနော် ဒီစာစုမှာ ရေးမယ့် မူက တော့ ဆောက်သင်ပတန် တက္ကသိုလ်က နေ ကျနော် စနေမောင်မောင် အဲ့လေ

စောရမောင်မောင် လုပ်လာတဲ့ မူဖြစ်ပါတယ်။ စာရေးဟန်ကတော့ ကျနော့်မူပိုင် ပေါက်လွတ်ဗလဖွာ ရေးနည်းနဲ့ ရေးမှာပါ။

ကောင်းရင် ကျနော့် ချီးကျူးကြပါ။ မကောင်းရင် ဆောက်သင်ပတန် အူနီဗာစ့်တီ ကို ဆဲဂျပါ။

ကဲ.. စပြီ

Principle 1. Segmentation

A – Divide an object into independent parts

အရာတခု ကို မှီခိုမှုကင်းတဲ့ အစိတ်အပိုင်းများအဖြစ် ခွဲခြားပြီး ပေါင်းစပ် ထားခြင်း

B – Make an object easy to assemble or disassemble

အရာတခုကို ဖြုတ်လို့ တပ်လို့ လွယ်အောင် ပြုလုပ်ထားခြင်း

C – Increase the degree of fragmentation or segmentation

ကိုင်းခွဲမှု ဖြာထွက်မှုရဲ့ အဆင့်ကို မြှင့်တင်ခြင်း

ဒါကတော့ ရှင်းဖို့လိုမယ်.. သီးခြား လိုက်စားခြင်း သက်သက် လို့ ပြောနိုင်လိမ့်မယ်..

ဆြာဝန်တွေကို ဥပမာပေးရမယ်.. မျက်စိသမား ကမျက်စိသမား

ကျောက်ကပ်က ကျောက်ကပ် အသည်းက အသည်း သီးခြား အနုစိတ်လိုက်စားလေ့လာရင်း

အောင်မြင်မှု ဆီသွားကြတယ်.. အားလုံးကို တချိန်တည်းမှာ အကုန် အသေးစိတ် သိဖို့တတ်ဖို့က

လက်တွေ့မဆန်တဲ့အိပ်မက် မဟုတ်ပါလား ..။

1-1

 

တခါတရံမှာ ပြဿနာတရပ်ဟာ အစိတ်စိတ် ပိုင်းကြည့်ဖို့ လိုအပ်ပါလိမ့်မယ် ။ တဖန် အစိတ်စိတ် အပိုင်းပိုင်း ဖြုတ်လို့တပ်လို့ရအောင်

လုပ်ထားပါမှ ပိုပြီး အသုံးဝင်လာ တန်ဖိုးတက်လာ နေရာကျလာတာတွေလည်း ရှိတယ် ဆိုတာ မြင်တွေ့ရပါတယ်။ အပေါ်က ဥပမာတွေထဲက

တခုဖြစ်တဲ့ မုတ်ဆိတ်ဂျုတ်ကိုပဲ လေ့လာကြည့်ပါ။ တဆက်တည်း လုပ်ထားရင် ဒါးတုံးတဲ့အခါ လက်ကိုင်ပါ လွှင့်လွှင်ပစ်နေရလို့ နှမျောစရာပါ။

1-2

သပ်သပ်စီလုပ်ထားလိုက်တဲ့အတွက် လိုအပ်တဲ့အရာကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်ပဲ ပြောင်းလဲတပ်ဆင် သုံးဆွဲနိုင်လာတယ်ဖြစ်ပါတယ်။

အထက်က စာကြောင်းကို ထင်ဟပ်စေတာကတော့ ယနေ့ တိမ်ပေါ်တက်ကြတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်(SaaS, Paas, IaaS)

Principle 2. Taking Out

A – Separate an interfering part or property from an object, or

single out the only necessary part (or property) of an object

 

2-1

 

အဲယားကွန်းရဲ့ အိပ်စတာနယ် ယူနစ်ဖြစ်တဲ့ ကွန်ပရက်ဇာ ကိုပြရမှာဖြစ်တယ်..။

ကွန်ပရက်ဇာက ဆူညံပီး အပူစွန့်ထုတ်မှုများလို့ သူ့ကို အပြင်ထုတ်ထားပေမယ့်

သူကွန်ပရက်ဇ် လုပ်လွှတ်လိုက်တဲ့လေအေးကိုတော့ အခန်းမှာ သုံးတယ်လေ။
ပူတဲ့ ဆူညံတဲ့ အနှောက်အယှက်ဖြစ်စေတဲ့အရာကို အပြင်ထုတ် ထားပါ..။

ဆိုပါစို့ ကျနော် အချိုရည် ထုတ်လုပ်ရောင်းချတဲ့အလုပ်လုပ်တယ်။ လုပ်ငန်းလိုအပ်ချက်အရ

ကျနော် အချိုရည်ထည့်တဲ့ ဗူးတွေလိုတယ်။ ကိုယ်တိုင်ထုတ်ဖို့ စက်ရုံတည်ရင် ငွေရင်း

များမယ် နေရာကျယ်မယ် လူပိုလိုမယ်.. သည်တော့ ကိုယ်က ဒီဇိုင်းပဲရေးပြီး အပြင် ပလပ်စတစ်

စက်ရုံကို အော်ဒါအပ်ပါတယ်။ ဒီသဘောပါပဲ .. ပန်းသီး ခေတ်ရှေ့ပြေးနေတယ်ဆိုတာရဲ့

လျှို့ဝှက်ချက်ပါ။ ကိုယ်ပိုင်သာ ထုတ်ရင် production management ထဲကို ကျွံဝင်သွားပြီး

innovation လုပ်နိုင်တော့မှာတောင် မဟုတ်ပါဘူး။

 

Principle 3. Local Quality

A – Change an object’s structure from uniform to non-uniform

အရာတခုရဲ့ သွင်ပြင်ကို တူညီမှုရှိတဲ့ ပုံစံကနေ မတူမညီဖြစ်အောင်ပြောင်းပါ

B – Change an external environment (or external influence) from uniform to non-uniform

ပြင်ပ ပတ်ဝန်းကျင်ကို မတူမညီဖြစ်အောင်ပြောင်းပါ

C – Make each part of an object function in conditions most suitable for its operation

အစိတ်ပိုင်းတိုင်းအတွက် အသင့်တော်ဆုံး တာဝန်ချထားပါ။ best-fit theory

D – Make each part of an object fulfil a different and/or complementary useful function.

ခြားနားတဲ့အစိတ်အပိုင်းတွေဆီက ခြားနားတဲ့ အသုံးဝင်သောအောင်မြင်မှုကို ရှာဖွေပါ

 

3-1

 

ပြဿနာတခု လုပ်ငန်းတခု စနစ်တခု စသည်ရဲ့ တူညီနေတဲ့ အစိတ်အပိုင်းတွေ အရာတွေကို

မတူညီအောင် လုပ်ပစ်ခြင်းအားဖြင့် ပိုပြီး အသုံးကျလာအောင် အစွမ်းထက်လာအောင်

လုပ်ခြင်းကို ဆိုလိုပါတယ်။ toolbox ထဲမှာ အရွယ်အစား ပုံစံ နဲ့ အလေးချိန် စတာတွေ

ကွာတဲ့ ကြက်ဥလှည့်တွေ ကွင်းတွေ ဂွတွေ ကို မြင်ယောင်ကြည့် စေချင်ပါတယ်။ ခြားနားတဲ့ ၁ဝချောင်း

ဟာခြားနားတဲ့ ပြဿနာ ဆယ်ခုကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ပုံစံတူ ၁ဝချောင်းရှိရင်တော့

တချောင်း သိမ်းထားပြီး ၉ချောင်း လွှင့်ပစ်ယုံသာ။

 

Principle 4. Asymmetry

ခေါက်ရိုးမညီမှု

A – Change the shape or properties of an object from symmetrical to asymmetrical

အရာတခုကို ခေါက်ရိုးမညီ စေမှု ဖြစ်ပါစေ။

B – Change the shape of an object to suit external asymmetries (e.g. ergonomic features)

ပြင်ပ က လာတဲ့ ခေါက်ရိုးမညီမှု အတွက် ခေါက်ရိုးမညီစွာ အလိုက်သင့် တုန့်ပြန်ပါ။

C – If an object is asymmetrical, increase its degree of asymmetry.

ခေါက်ရိုးမညီ ပါက ပိုပီးခေါက်ရိုးမညီအောင်လုပ်ပါ။

 

4-1

 

နွားထီး တကျပ် နွားမ တကျပ် လုပ်မရစကောင်းဘူး ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ဆိုပါစို့ .. ကျနော်တို့ဟာ Sales Dept:

က အရောင်းသမတွေကို တယောက် အနည်းဆုံး ခုရေ ဘယ်လောက်ကုန်ရမယ် ဆိုပီး သတ်မှတ်တယ် ဆိုပါစို့…။

ဆိုကြပါစို့ဗျာ ..ခေါင်းဖြီးတဲ့ ဘီး တွေ ထုတ်ရောင်းတယ်ပေါ့ …။ အနည်းဆုံးကုန်ရမယ့်ခုရေကို တပြေးညီမသတ်မှတ်စကောင်းဘူး

ဆိုတာက Sales တွေထဲမှာ လူထူတဲ့မြို့နယ် သွားရတဲ့လူရှိမယ်။ လူတော့ထူပါရဲ့ ပြိုင်ဘက် အားကောင်းတဲ့ နေရာဖြစ်နေတာမျိုးတို့

အဲ့တဝိုက်က ဘုန်းကြီးကျောင်းတွေချည်းပဲ ဆိုတာမျိုးတို့. . ။ မူလကတည်းက လူနေကျဲပါးတဲ့ဒေသ ဖြစ်နေတာမျိုးတို့

မျိုးစုံ အနားမညီမှုတွေ ရှိနိုင်ပါတယ်။ ဒါကို တုန့်ပြန်ဖို့အတွက် မိမိဘက်မှလည်း အနားမညီစွာ အံဝင်ခွင်ကျ ပြင်ဆင်ထားဖို့

လိုသည်ရယ်သာ။

Principle 5. Merging

A – Bring closer together (or merge) identical or similar objects or operations in space

တူညီသော လိုက်ဖက်သောအရာလေးများကို နီးစပ်စွာ ထားရှိပါ

B – Make objects or operations contiguous or parallel; bring them together in time

လုပ်ငန်းဆောင်တာများကို စဉ်ဆက်မပြတ် အတူတကွ အချိန်နဲ့တပြေးညီ လည်ပါတ်နိုင်ပါစေ။

 

5-1

 

တချို့ကိစ္စတွေက ပါဝင်တဲ့ အရာတွေ နီးနီးကပ်ကပ်ရှိနေမှ အလုပ်ပိုတွင်တဲ့ သဘောမှာရှိရဲ့..။

ဥပမာ ထုတ်ပြပါဆို ကားလောကမှာရော ကွန်ပြူတာလောကမှာပါ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

ထုတ်လုပ်သူတယောက်က ဘာလုပ်သလဲဆိုတော့ မြေ အကျယ်ကြီး ဝယ်လိုက်တယ် ပြီးတော့

အစိတ်အပိုင်းတွေ (ဘောနပ်တွေ ထိုင်ခုံတွေ အင်ဂျင်တွေ) (စီပီယူတွေ မားသားဘုတ်တွေ ကီးဘုတ်တွေ)

စတဲ့အစိတ်အပိုင်း ထုတ်သူတွေကို စက်ရုံလာဆောက်ခွင့်ပြုလိုက်ပြီး သူကိုယ်တိုင်ကတော့ ပစ္စည်းတွေ

ဆင်တဲ့အလုပ်ကိုပဲ လုပ်တော့တယ်။ ဒီနည်းက ဘယ်နှစီး ဘယ်နှလုံးဆင်မှာမို့ ဘာဘယ်လောက်လိုတယ်

ဆိုတာ ချက်ခြင်းသိ ချက်ခြင်းအကြောင်းကြားချက်ခြင်းထုတ် လုပ်လို့ရတာမို့ ..အရင်လို သပ်သပ်စီ

အော်ဒါမှာ ကွန်တိန်နာနဲ့ ပို့ တဲ့နည်းထက် အများကြီး အလုပ်တွင်ကျယ်တယ် အလေအလွင့်နည်းတယ်

ဆိုတာပါပဲ။

 

Principle 6. Universality

 

A – Make a part or object perform multiple functions; eliminate the need for other parts

အရာတခုတည်းက မျိုးစုံ သုံးနိုင်အောင် ဆောင်ရွက်ပြီး မလိုသည်များကို ဝဲပစ်ပါ။

 

6-1

 

Smart Phone ဆိုတာ အကောင်းဆုံး ဥပမာ ဖြစ်ပါလိမ့်မယ်။ မနက် မိုးလင်းတဲ့အခါ နှိုးစက် ဖြစ်ပါတယ်။

အလုပ်ထသွားတဲ့ လမ်းတလျောက်မှာတော့ သူက music(movie) player အဖြစ် အသုံးတော်ခံပါလိမ့်မယ်

တချိန်တည်းမှာ သင့်ခြေလှမ်း count ကိုတွက်ပြီး health apps နဲ့ချိတ်ဆက်လို့ ကယ်လိုရီလောင်ကျွမ်းမှု

ကိုတွက်ချက်ပြပါဦးမယ်။ မသွားဘူးတဲ့ လိပ်စာမသိတဲ့အရပ်တွေ သွားတဲ့အခါလည်း compass နဲ့

မြေပုံထုတ်ပြပါသေးတယ်။ ဆာတဲ့အခါ စားဖို့ အနီးဆုံး စားသောက်ဆိုင် ကားပါကင်နဲ့ အခြား

အရာတွေ ထုတ်ပေးပြန်ပါတယ်။ ဂဏန်းလည်းတွက်လို့ရသလို စာစီ မက်စိပို့ အင်တာနက်သုံး နဲ့

ဖုန်းရဲ့မူလဘူတ function ဖြစ်တဲ့ ဆက်သွယ်ရေးစကားပြောစက် ဆိုတာအပြင် အမြောက်အများ

လုပ်ကိုင်လာနိုင်တာကို ပြောပါတယ်။

 

တစုံတရာ ကို တစုံတခုတည်းသော အသုံးပြုမှု အတွက် ဆိုတာထက် ပိုပြီး သုံးနိုင်အောင်

ပြုလုပ်ခြင်း လို့ အလွယ်ပြောနိုင်ပါတယ်။ Value-Added တွေ လို့လည်း ကောက်ချက်ဆွဲနိုင်ပါတယ်။

 
Principle 7. Russian Dolls “Nested Doll”

A – Place one object inside another

တခုထဲ တခုထည့်ပါ။ (ဒချိ ..ဒချိ)

 

B – Place multiple objects inside others

တခုထဲ အများ ထည့်ပါ (ငိ.ငိ)

C – Make one part pass (dynamically) through a cavity in the other.

တွင်းထဲ ကို အသွင်းအထုတ် လုပ်ပါ (ကွိကွိ)

 

7-1

 

ခေါက်သိမ်းလို့ရတဲ့အရာ နေရာ ကျယ်ကျယ် မတောင်းဆိုမယ့် အရာ ကို ပြောတာဖြစ်တယ် ။

Dream Bad တွေ တီထွင်ထုတ်လုပ်မှုရဲ့ Concept က ဒီကနေလာတာပါ။ သယ်သွားလို့လည်း ရမယ်

ပေါ့ပါးမယ် နေရာမကျယ်ဘူး ဆိုတဲ့ ဂုဏ်ကြောင့် ယနေ့တိုင် သုံးနေကြရဆဲမဟုတ်ပါလား။

အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ စနစ်တို့ လုပ်ငန်းတခုရဲ့ ထုတ်ကုန် ပိုင်းတို့ မှာ ဒီ အချက်ကို ထည့်စဉ်းစား

ရတဲ့ သုံးရတဲ့ နေရာတွေ ရှိပါတယ်။

ဒီ concept တွေကို နာမည်ကျော် IKEA ရဲ့ Funiture design တွေမှာ တွေ့ရပါလိမ့်မယ်။

(ဆက်ဆွဲတော့ဘူးနော .. ဆက်ဆွဲရင် ဇမ်င် ဝါဒဘက်ရောက်ပြီး သဂျီး အကြိုက်ဖြစ်လိမ့်မယ်)

ဟုတ်ကဲ့ ကျော်က minimalism ပါခီညာ..

 

Principle 8. Anti-weight

A – To compensate for the weight of an object, merge it with other objects that provide lift

အလေးချိန် ကို ထေမိစေဖို့ မ-ပေးထားမယ့်အရာတွေနဲ့ ပေါင်းစည်းပါ။

 

B – To compensate for the weight of an object, make it interact with the environment

အလေးချိန်ပေါ့စေဖို့ ပတ်ဝန်းကျင်က ဝိတ်လျော့စေမယ့် အရာတွေနဲ့ အပြန်အလှန် ကူးလူးဆက်နွယ်ပါ။

 

8-1

ဖော့ဂုဏ် – ဒါဟာလည်း နောက်ထပ် အရေးပါတဲ့ အချက်ပါ။ ခုနောက်ပိုင်း ပိုတောင်

အရေးပါလာတဲ့အရာဖြစ်ပါတယ်။ တခေတ်တုန်းက လေးမှ အကောင်းစားထင်ရမြင်ရတဲ့ ခေတ်ရှိဖူးပါရဲ့။

အကောင်းစားနာရီ အကောင်းစား ဖောင်တိန် စတာတွေဆို လေးမှ စေးစေးပိုင်ပိုင်ရှိမှ ဆိုတာမျိုးပါ။

ဒီဘက်မှာတော့ သေးသထက်သေးအောင် ပေါ့သထက်ပေါ့အောင် လုပ်လာကြပါတယ်။

ပေါ့တာကိုက ပါးတာကိုက ပင် ဂုဏ်သတ္တိတရပ် ဖြစ်လာလို့ပါပဲ။ 精巧=成功

 

Principle 9. Preliminary Anti-action

 

A – If it will be necessary to perform an action with both harmful and useful effects,

this action should be replaced with antiactions to control harmful effects

အကောင်းအဆိုးတခုခုကြုံလာတဲ့အခါ လုပ်စရာတခုခုရှိရမယ်ဆိုရင် နဂိုကတည်းက

အနှီလုပ်စရာမပေါ်လာအောင် တင်ကြိုပြီး လုပ်ထားရမယ့် .. (နောင်လုပ်စရာ မလိုတော့အောင်)အချက်

(ရှုပ်သဗျာ ရေးတတ်ဖူး)

B – Create beforehand stresses in an object that will oppose known undesirable working stresses later on.

ဖိအားကို ကြိုတင်ခံစားတယ် ပဲ ပြောရတော့မပေါ့ဗျာ။

 

9-1

 

မလုပ်စရာရှိတာတွေကို ကြိုတင်ပြဌာန်းခြင်း

နားရှုပ်သွားမလားတော့ မသိဘူး။ ဂလိုဗျာ.. ကျနော်တို့ဟာ Planning လုပ်ကြပဟေ့ ဆိုရင်

လုပ်စရာရှိတာတွေချည်း ချရေးတတ်ကြပြီး မလုပ်ဖို့လိုတာတွေကို သတ်မှတ်ဖို့ ပျက်ကွက်တတ်ကြပါတယ်။

ဒါက ပြဿနာ ရဲ့ အကြောင်းခံ ဖြစ်နေတတ်လို့ ပါ။ ဆိုပါစို့

Helmet မဆောင်းဘဲ ဆောက်လုပ်ရေး ဆိုက်ထဲမဆင်းဘူး။

ထိုင်ခုံ ခါးပတ်မပတ်ဘဲ ကားမမောင်းဘူး။ စတဲ့ Safty Issues တွေကို ဆိုလိုချင်တာပါ။

 

နောက်တခုက Risk နဲ့ ပါတ်သတ်တဲ့ Issue.. အဲ့သည့်မှာ လူတွေ စဉ်းစားလေ့ရှိတာက

ဆိုပါစို့ ဈေးတက် ရင် ဘာလုပ်မယ် ဈေးကျရင် ဘာလုပ်မယ် ဆိုတာကို Plan တာပါ..။

အများစု မေ့နေတာက ဘယ်လောက်ထိတက်ရင်တော့ ဘာမှမလုပ်ဘဲ တောင့်ခံမယ်

ဘယ်လောက်ထိအောင် ကျတဲ့အထိတော့ လက်စွဲ ပေါ်လစီကို မပြောင်းဘဲ ထားဦးမယ်ဆိုတဲ့

မလုပ်မယ့် အရာကို ပြဌာန်းမှုပါပဲ။ သည်တော့ ရုတ်ချည်း အပြောင်းအလဲ ..(ရုတ်တရက် တက်တာ။ ကျတာ)

မြင်တာနဲ့ အံ့ဩ တုန်လှုပ် ပြာကိုင် ခေါင်းပူ လုပ်မိလုပ်ရာလုပ် . . စတဲ့ မဖြစ်သင့်တဲ့အမှားတွေ

များလာတတ်တာ ပါ။

 

စကားစပ်လို့ ပြောရရင် နေပူတော် အမြန်လမ်းမကြီးမှာ သေကြပြန်ပဟဲ့ဆိုရင်

ဖွဘုတ် ပေါ်က အမျိုးတွေ မယ် မအားရဘူး … ဘာလုပ်သတုန်း ဆိုတော့ ..အစိုးရကိုဆဲတယ်။

ခရိုနီကို ဆဲတယ် ။ အင်ယာ ကိုဆဲတယ် ။ စည်ပင်ကိုဆဲတယ် နောက်ဆုံး ပစ္စည်းသွင်းတဲ့ဆပ်ကွန်း

တွေကိုဆဲလိုက်ဦး။ ဆဲလို့ မောရင် ရေတခွက်သောက် ရပြီ။ မေးမယ် ခင်ဗျား ကားမောင်းရင် ခါးပတ်ပတ်လား

ဆိုရင် ဟင့်အင်း ဆိုသူတွေ အတော်များမယ်။ မလုပ်ရမယ့်အရာကို တင်ကြိုမပြဌာန်း တတ်တာတွေများ

ပြောပါတယ်။

 

Principle 10. Preliminary Action

 

A – Perform, before it is needed, the required change of an object (either fully or partially)

လိုအပ်လာရင် CHANGE တောင်လုပ်ပစ်ယူရမယ့်အရာတွေပါဝင်တဲ့ ကြိုတင်ပြင်ဆင်မှု

B – Pre-arrange objects such that they can come into action from the most convenient place and without

losing time for their delivery

10-1

 

ဒါကတော့ ရှင်းပါတယ်။ လုပ်ရမယ့် အရာတွေကို တင်ကြို သတ်မှတ်တာပါပဲ။

 

 

eFigIshii-2Cards

 

စာလည်း ရှည်သွားပြီမို့ တော်သေးပြီ။

နောက်ဆုံး ၅ပိုင်းမြောက် Usage ကျမှ ဒီ၁ဝခု ပါဝင်တဲ့ TRIZ အခု ၄ဝ အကြောင်း

ပြည့်ပြည့်စုံစုံသိမှာ ဖြစ်ပါကြောင်းရယ်။

 

ကိုင်းကိုင်း

ရွာစားရေ …။ နောင်နောင့်ကို နတ်ဒိုးလေးနဲ့ ….။

 

ဒက်ဂလောက် ဒက်ဂလောက်..။

 

 

20 comments

  • KZ

    July 11, 2013 at 3:15 pm

    ဆြာဂီ။
    အသာလုပ်ပါအေ။
    အတည်ရေးတော့ ကျုပ် ဖတ်မရဘူးးးး 🙁
    မမှီဘူးးးး
    နား နားပြီးဖတ်ပါရစေ။ 🙁

  • ဘင်္ဂလားပင်လယ်အော်မှ အသားအမည်းဆုံး ယောင်္ကျားတစ်ယောက်

    July 11, 2013 at 3:16 pm

    terms & condition ဆိုလား စားလုံးပေါင်းတောင် သေချာမသိတော့ဘူး …
    အဲနောက်ပီး rules & regulation ဆိုတာတွေပါ ပါသပေါ့ ….
    ဆိုတော့ကာ ကျုပ်တို့အလုပ်ထဲမလဲ ဘာတွေ ဘယ်လို လုပ်ရမယ်၊ လုပ်သင့်တယ်၊ လုပ်ထိုက်တယ်၊ မဖြစ်မနေဆိုတဲ့ နည်းပညာ rules တွေ အားကြီးရှိသပေါ့ ….
    ခုတလောဘဲ ကျုပ်တို့ အဖွဲ့ ဒယ်အိုးတလုံး၊ ၄ပေမီးချောင်း သာသာ အချောင်းတချောင်းနဲ့ တိုင်ပတ်နေလေရဲ့ ….
    ဂနေ့တောင် သာကူရှီးမားဆိုလား အဲ့မှာ ၃ပေချောင်း တချောင်း သွားပြင်ဖို့ရှိတယ် …

    ပြောချင်တာက …. ဒီ ပရင်စပယ်လ်ဒွေကို ဆြာဂီ ပြောမှ ဖတ်ဖူးတာ ..
    သို့ပေသိ အချို့အချက်တွေ ကိုယ့်စိတ်ကူးနဲ့ လုပ်ရင်း အဲ့လမ်းကြောင်းထဲ ဝင်သွားတာမျိုးတွေ ရှိတယ်။
    တခါတလေလဲ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပီး လုပ်ခဲ့ လုပ်နေတာတွေ ရှိလေရယ် ….. ။ အကျိုးအပြစ်ကတော့ စာတွေ့ နယ်ပယ်ထက် လက်တွေ့နယ်ပယ်မှာ အရာထင် မထင်ဆိုတာဘဲ ….. 🙂

    ဒီပို့စ်ကိုတော့ အမှန်တကယ် စိတ်ဝင်စား၏ ….။
    ဆိုတော့ မြန်မာပြန်လေး စောင့်ဖတ်ရင်း … မူရင်းလေးလဲ Share ပါလို့ … ။

    အိုဘဲ့ တက္ကနီကွေး … လိုက်ရင်တော့ ဆုံးလိမ့်မည် မဟုတ်။

    • Inz@ghi

      July 11, 2013 at 3:25 pm

      Usage ရောက်မှ ဇာတ်ရေလည်မှာခည…
      အိုက်ဒိ အခု ၄ဝ ကို ကတ် ၄ဝ လုပ်ပီး ဖဲလိုရိုက်မှာ…
      ဒချိ..ဒချိ

        • ဘင်္ဂလားပင်လယ်အော်မှ အသားအမည်းဆုံး ယောင်္ကျားတစ်ယောက်

          July 11, 2013 at 3:47 pm

          စဂါးမစပ် အဲ့ သာကူရှီးမားက နိနာဂိုယာနဲ့ နီးလား
          ၃ရက်လောက်ဆိုတော့ အားရင် ဆာလေးဘာလေး လာကေးမလို့ …
          🙂
          ဒချွတ် … ဒချွတ်

  • ဘင်္ဂလားပင်လယ်အော်မှ အသားအမည်းဆုံး ယောင်္ကျားတစ်ယောက်

    July 11, 2013 at 3:49 pm

    တိန် …
    Code 404 File not found တဲ့

    • Inz@ghi

      July 13, 2013 at 12:25 am

      ပေးကားပေးအိ မရလုပ်ထားတာ နိတို့ စိန အစိုးရပေါ့…
      နောက်မှ ပို့ပေးပါ့မယ်ဗျာ…

  • Shwe Ei

    July 11, 2013 at 3:58 pm

    Dream Bad ဆိုတော့ အိုက်ပေါ်တက်အိပ်ရင် အိပ်မက် မက်သလား ဟင်…ဒချိ ဒချိ

    သများတို့ရဲ့ ဂဒုံးကတော့ Comfortable Chair လို့ စတန့်ထွင်ပီးခေါ်ပလို်က်တယ် o_O

    A – If it will be necessary to perform an action with both harmful and useful effects,

    this action should be replaced with antiactions to control harmful effects

    အန်ဒရယ်ချိတဲ့အပိုင်းရော အသုံးဝင်တဲ့အပိုင်းပါ ပေါင်းစပ်ပါဝင်နေတဲ့ လုပ်ဆောင်ချက်မှာ အန်ဒရယ်ချိမှုကိုထိန်းချုပ်ဖို့ ပြန်လှန်ချေဖျက်နိုင်စွမ်းချိတဲ့ လုပ်ဆောင်ချက်မျိုးနဲ့ အစားထိုးပေးနိုင်ရပါမယ်ဒဲ့
    (ကိုယ်တိုင်တောင် နားမလည်တော့ဝူး……ဂစ် ဂစ်)

    အုပမာ..မုတ်ဆိတ်ရိတ်တဲ့ အသွား၂ထပ်ပါ ဘလိတ်ရဲ့ဂျားထဲမှာ ကော်ပြားအရှင်တခု ထဲ့ပေးထားခြင်းအားဖြင့် အမွှေးတေကို လက်နဲ့ဖယ်စရာမလိုတော့လို့ လက်မရှနိုင်တော့ဝူး….အိုက်ကော်ပြားလေးကို နှိပ်ပီးတွန်းချလိုက်ရုံဘဲ (မှားသည်မှန်သည်ဝေဖန်ရန်မလို) :mrgreen:

  • အလင်း ဆက်

    July 11, 2013 at 6:47 pm

    မြင့်ထှာအေ

    လိုက်မှီဖို ့ကြိုးစားရင်းးးး ပြန်ဖတ်ဖို ့သိမ်းတယ်
    ဒါဘဲ
    😆

  • GARFIELD

    July 12, 2013 at 10:35 am

    ဆက်ဖတ်ဖို့ ဂါဂါးစောင့်နေမယ်နော်…

    ဂါဂါး

    • Inz@ghi

      July 12, 2013 at 10:37 am

      အဆဲခံချင်ရင်လည်း တခြားနာမည်သုံးအေ.
      ဘယ့်နှယ့်. အဟွတ်.

  • Zaw Thant

    July 12, 2013 at 2:49 pm

    .. အကျိုးရှိတဲ့ စာမို့လို့ ကျေးဇူးတင်ပါတယ်.. တခါတလေ အလုပ်ကသင်သွားတတ်တာမို့ တတ်ပြီးသား ဖြစ်နေတတ်ကြပေမယ့် အခုလို သီအိုရီသဘော ဆွဲထုပ်ရေးထားတာ ဘယ်သူ့အတွက်မဆို အသုံးတဲ့ ပါတယ်.. တွေးတတ်ရင် principle တစ်ခုချင်းအလိုက် ချဲ့တွေးလို့ရသေးတာမို့ ကိုယ့်ဆိုင်ရာလုပ်ငန်းခွင်မှာ အသုံးတည့်ကြမှာပါ.. နောက်အပိုင်းတွေလည်း စောင့်ဖတ်ပါမယ်..

    • Inz@ghi

      July 13, 2013 at 12:34 am

      သူတို့အဆိုအရကတော့ လောက က အဖြစ်အပျက်တွေကို လိုက်လေ့လာပြီး အမျိုးအစားခွဲကြည့်တာ …
      ဒီ ၄ဝ ထဲက ကိုမထွက်ဘူး လို့ ဆိုတာဗျ… (ဘယ်နှခု လိုက်ကြည့်ထားလဲတော့ ကျနော်မသိ)
      သည်တော့ ကြွေးကျော်ကြတာက ဟေ့ လောကမှာ ကြိုက်တဲ့ ကိစ္စလာခဲ့ ဒီ ၄ဝထဲက တခုခု နဲ့ ငြိကိုငြိရမယ်
      ဖြစ်ကိုဖြစ်ရမယ်ဆို အသံကုန်ဟစ်ပြီးသကာလ.. ဒီ ၄ဝ အကြောင်း စာအတည်အခန့်ရေးပါတော့သတဲ့…
      စာခန့်တို့ရဲ့ ထုံးစံအတိုင်း rules တို့ law, principle တို့ နဲ့ ခေါင်းစည်းထိုး သပေါ့ဗျာ ..
      ဆိုလိုသည်မှာ အခု ၄ဝ စိတ်ကူးယဉ်ပြီး ဟိုကိစ္စက နံပါတ် ဘယ်လောက်နဲ့ ညီသနော…
      ဒီကိစ္စက နံပါတ်ဘယ်လောက်ကွနော ..လုပ်ထားတာမဟုတ်ဘဲ … လေ့လာထားသမျှကို အချုပ်သဘော
      ရေးထားတာလို့မြင်ပါတယ်… စောင့်ဖတ်မယ်ဆိုလို့ကျေးကျေးပါ။ usage ရောက်မှသာ အထက်ကပြောခဲ့တဲ့
      သဘောကို ပိုမိုရှင်းလင်းနားလည်ပါမယ် လို့…။

      တော်သေးဘီ
      ခင်တဲ့

  • Yin Nyine Nway

    July 12, 2013 at 3:14 pm

    အိုင်းစတိုင်း၏ ဓါတ်ခွဲခန်းတွင်ဖြစ်သည် …
    ကြွက်တကောင် ရောက်နေသည်…
    ဘယ်အပေါက်က ထွက်ရမှန်းမသိ ရွာလည်နေသည် …
    ထိုအရာကို မြင်သော အိုင်းစတိုင်းက
    2နာရီကြာမျှ စဉ်းစားနေသည်
    ဒီကြွက်ကို အပြင်ရောက်အောင် ဘယ်လို ထုတ်ရမလဲ
    နောက်ဆုံး အဖြေတခုရလိုက်သည်
    နံရံအောက်ခြေမှာ အပေါက်ကလေး တပေါက်ဖောက်လိုက်သည် …
    ကြွက်ကလေး ဝမ်းသာအားရ ထွက်သွားတော့မှ အိုင်းစတိုင်း သက်ပြင်းချနိုင်တော့သည် …
    ထိုအချိန်တွင် တံခါ်းခေါက်သံ တခုကြားရပြီး တံခါးပွင့်လာသည် ….
    သူ၏ ဇနီးဝင်လာသည် your tea time
    ဒီမှာဆို တံခါးလေး ဖွင့်ပေးလိုက်ရုံက်ု 2နာရီလောက် အလှုပ်ရှုပ်နေတဲ့
    ဘဘ အိုင်းစတိုင်း ….

    • Inz@ghi

      July 13, 2013 at 12:28 am

      ကျုပ်ကြားဖူးတဲ့ ပုံပြင်က တမျိုး ..
      သိပ္ပံပညာရှင်ပဲ .. ကြောင်သားလေးက တညောင်ညောင်နဲ့
      အထဲဝင်ချင်လို့အော်တော့ ကြောင်သားလေးတကိုယ်စာ တံခါးမှာ
      အပေါက်ဖောက်ပေးသတဲ့ အော်.. ကြောင်သားလေးနို့ဆာရှာမယ်လေ
      ကြောင်အမေကြီးဝင်ဖို့ရယ် ဆိုရည်စူးလို့ အပေါက်ကြီးနောက်တပေါက် ဖောက်ပြန်သတဲ့ …

      ဆိုတော့ …logic နဲ့ maths ဟာသ လိုပါပဲဗျာ.. အဲ့ထဲ ကို probability, uncertainty နဲ့ risk
      ကို ထပ်ပေါင်းထည့်တော့ …
      ဇီးယိုစားရရောဗျ… ငိငိ

  • အရီးခင်လတ်

    July 12, 2013 at 3:14 pm

    အချက် ၄ဝ ထဲ က သိတဲ့ အချက် တွေ လက်ချိုး ရေပြီး ခြေချောင်း တွေ အကူ မလိုကြောင်း သိလိုက်တဲ့ သကာလသ နောက် လာမဲ့ အချက် တွေ အတွက် မှတ်ဉာဏ်ခန်း လေး ကို အသာလေးရှင်းထားပါကြောင်း။ 😛

    • Inz@ghi

      July 13, 2013 at 12:37 am

      ပုထုဇဉ်တွေ ဆွဲထားတာမို့ ဒီ ၄ဝ က လုံးဝမှန်မယ် မဆိုလိုပါဗျ..
      အပြည့်အဝကြီးလည်း ယုံကြည်မထားပါ.. သို့သော် usage ကိုပဲ ကြော်ငြာဝင်ပါရစေ…။
      ဆိုပါစို့ ..ရောင်းအားကျနေတယ် ရောင်းအားတက်ချင်တယ် .. မီတင်ခေါ်လိုက်တယ်..
      sales, marketing, hr, production, management, blah blah …အားလုံး ဘတ်ဂျက်ပိုချထားပေးပါ
      ဆိုတဲ့ idea ပဲ ကနဦးထွက်ကျပါလိမ့်မယ် ..အနှီအနေထားမျိုး ရောက်တဲ့အခါ…

  • Ma Ma

    July 12, 2013 at 3:34 pm

    လွယ်ကူရှင်းလင်းတဲ့ ဥပမာလေးတွေ ပေးထားတာ မိုက်တယ်။

    မှတ်ဖို့တော့ ဦးဏှောက်မနိုင်ဘူး။
    ဖတ်ထားတော့ သူများပြောရင် ကြားဖူးတယ်လု့ိ ပြောနိုင်ပြီ။ 😀

  • ကိုရင်စည်သူ

    July 13, 2013 at 3:21 pm

    အချင်းချင်းမို့ ကပ်ပြောတာမဟုတ်ဘူး… ဂီ့လို အိုက်ကျူမြင့်တဲ့
    လူတွေသိမ်းထားတဲ့ ကမ်ပဏီက တော်တော်လည်တဲ့
    ဂျပွန်ကြီးတွေပါလား…။ ။ :mrgreen:

  • Mr. MarGa

    July 13, 2013 at 5:11 pm

    ကိုရင်ဂီ
    အဲသလို ဆန့်တငံ့ငံ့ မလုပ်နဲ့
    (ပြောသာပြောတာ အကုန်တင်ရင်လဲ လည်ထွက်ကုန်မှာ သေချာတယ် ဟီဟိ)
    အတည်အခန့် ပြောရရင်
    အေးအေးဆေးဆေး ဖတ်ဖို့ တေးထားသဗျို့

Leave a Reply