နုပျိုမှုထဲ ခုန်ချချင်တယ်

အာဂJuly 11, 20131min22218

ကကြီး ခခွေး ပြန်ရေးချင်တယ်။
ကလေး ဘဝဆိုတာ
အဖြူရောင် ပန်းတောထဲ လျှောက်ရတဲ့
ခြေဖဝါး နုနုလိုပဲ ဖြူစင်နုညံ့လှတယ်။

လိုချင်တာမရရင် ဖြူစင်စွာ ငိုမယ်။
နို့ချိုဖြူတွေ စို့လို့ လွတ်လပ်စွာ ရယ်နိုင်တယ်။
အနာဂတ်အတွက် မရိုးဖြောင်တဲ့ ဇာတ်ညွှန်းတွေ မရေးဘူး..။
အတိတ်ကို ဝါပြီးသား ပီကယ်လို ထွေးထုတ်နိုင်တယ်။

လိုချင်တာကို စိတ်ကောက်လို့
ပစ္စုပ္ပန်ကို အရုပ် လိုကစားနိုင်တဲ့…..
ဟန်ဆောင်ကင်းကင်း ပျော်စရာခရီး… မို့…
အချိန်တွေ ပြောင်းပြန်စီးတဲ့ မြစ်ထဲ ပြန်ခုန်ချခွင့်ပြုပါ……။

ကြီးရင့်လာလေလေ
စိတ်အပင်က သောကတွေ
သီးပွင့်လာလေလေမို့ ပြန်ငယ်ပါရစေ…ကလေးသဖွယ်..။

18 comments

  • Garfield

    July 11, 2013 at 5:00 pm

    ငိုချင်ရက် လက်တို့ ကဗျာ။ 🙁

    • အာဂ

      July 11, 2013 at 5:59 pm

      ကိုဖက်ငယ်ငယ်ကဆို ချစ်ချာရေးနေမှာနော်။

      • Garfield

        July 12, 2013 at 8:37 am

        ကိုဂ
        နာ က ကိုဖက်မဟုတ်ဘူးးးးး :mrgreen:
        ဘယ်သူတုန်းရအောင်မှန်းးးးးး
        မှန်ရင် မုန့်ကျွေးမယ်။ :mrgreen:

      • GARFIELD

        July 12, 2013 at 9:28 am

        ဖက်ငယ်ငယ်လေးဆို ချစ်မယ်ပေါ့… အဲ့လိုလား

        • Garfield

          July 12, 2013 at 9:36 am

          ကိုဂျီး ဂါးဖီး နေကောင်းတလားဟမ်??
          :mrgreen:

  • ဘင်္ဂလားပင်လယ်အော်မှ အသားအမည်းဆုံး ယောင်္ကျားတစ်ယောက်

    July 11, 2013 at 5:40 pm

    ကလေးဘဝတော့ …. ပြန်မရောက်တော့ဘူး ..
    ဒါသေချာပေါက် …
    ဆိုတော့

    လိုချင်တာမရရင် ဖြူစင်စွာ ငိုမယ်။
    နို့ချိုဖြူတွေ စို့လို့ လွတ်လပ်စွာ ရယ်နိုင်တယ်။

    အဲ့အတွက်တော့ ကလေး ရအောင် ကြိုးစား ဖြစ်နိူင်ခြေ ၉၉.၉၉%
    :mrgreen:

    • အာဂ

      July 11, 2013 at 5:59 pm

      ကလေးပြန်ဖစ်ချင်တာ ဂျ…ကလေး မွေးချင်တာမှမဟုတ်တာ..လူဂျိုး

  • အလင်း ဆက်

    July 11, 2013 at 5:44 pm

    ကျွန်တော်လည်းးးးး
    ရင့်ရော်မှုထဲက ခုန် ထွက်လိုက်ချင်တယ်

    ============
    ငယ်စဉ်က
    လွတ်လပ်မှုဟာ. . . . .
    ခုများးးးးး ပျောက်လို ့နေပါပြီ
    သံယော . . . ဇဉ် နဲ့
    တုတ်နှောင် မြဲ ခဲ့
    သွားးးးးးချင်ရာကို မသွားးးးးနိုင်
    လုပ်ချင်တာကို မလုပ် နိုင်
    အပူ အပင် ကင်းတဲ့ ခလေး လေး ဘဝ ကို
    တခါပြန်ပြီးးးးးး ရ ချင်သေးတယ်
    . . . . . . . . . .

    • အာဂ

      July 11, 2013 at 6:01 pm

      ပြောပါတယ်။ ဒါကြောင့် ငယ်တာပဲကောင်းတယ်။….. ညီ လေးလုပ်မှဘဲ ကို ထီးကို သတိရသွားတယ်။

  • ဆြာဂ ..
    ကျုပ်ကတော့ ကလေး ပျံဖစ်ဂျင်ဘူးးး
    ကိုယ့်အီးအီးတောင်မှ
    ကိုယ်မကုန်းတတ်တဲ့ဘွမို့ … :mrgreen:

  • ရွှေ မင်း သား

    July 11, 2013 at 7:42 pm

    ငယ်ငယ်တုန်း ဆိုလို့
    ကလေးဘဝ တုန်းက ကျောင်းတက်ချိန် အတန်းထဲမှာ အီအီးပါ ဖူးကြလား
    ကလေးဘဝ တုန်းက ဘောင်းဘီ ဝိုင်းချွတ်တာ ခံရဖူးကြလား
    ကလေးဘဝ တုန်းက ကိုယ်နဲ့ မသိတဲ့ အန်တီ ကြီးတွေ မမ ကြီးတွေ ရဲ့ လက်ကို သွားဆွဲ ဖူးကြလား
    ကလေးဘဝ တုန်းက အတန်းထဲမှာ ဘောင်းဘီ ချွတ် အရိုက်ခံ ဖူးကြလား
    ကလေးဘဝ တုန်းက ပူဆာတာ မရလို့ ငိုဖူးကြလား
    ကလေးဘဝ တုန်းက လိုချင်တာ မရမက ပူဆာ လွန်းလို့ အရိုက်ခံရဖူးကြလား
    ကလေးဘဝ တုန်းက ထမင်းမေ့ ဟင်းမေ့ ဆော့ဖူးကြလား
    ကလေးဘဝ တုန်းက လူကြီးတွေက ငါ့ကိုလူရာ မသွင်းဘူးလို့ ထင်ခဲ့ ဖူးကြလား
    ကလေးဘဝ တုန်းက သူငယ်ချင်း တွေ ဝိုင်းဖွဲ့ပြီး အခြား သူငယ်ချင်းတစ်ယောက်ကို ငိုတဲ့ အထိ စ ဖူးကြလား
    ကလေးဘဝ တုန်းက သူငယ်ချင်းတွေ အများကြီးက ကိုယ်ကို ဝိုင်းစ ကြလို့ ငိုခဲ့ရဖူးကြလား
    ကလေးဘဝ တုန်းက စာအုပ် ခဲတံ ပျောက်လို့ အရိုက်ခံရဖူးကြလား
    ကလေးဘဝ တုန်းက စာအုပ်ပျောက်လို့ စာအုပ် အစအဆုံး ဆရာမက ပြန်ကူးခိုင်းတာ ခံရဖူးကြလား
    ကလေးဘဝ တုန်းက ပီကေ ကပ်တာ ခံခဲ့ဖူးကြလား
    ဟူးး လား လား လား လား လား လား

  • surmi

    July 11, 2013 at 10:52 pm

    က​လေး​တော့ မဖြစ်​ချင်​​တော့ဘူး
    ဒါ​ပေမယ်​့ ​၁ဝ နှစ်​​လောက်​​တော့ပြန်​ငယ်​ချင်​တယ်​
    လုပ်​ချင်​တာ​လေး​တွေ ရှိ​သေးလို့ ။

  • kai

    July 12, 2013 at 5:40 am

    အောက်ကသတင်းအရ.. ခေါင်းဖြုတ်/လဲတတ်တာဖြစ်နိုင်ချေရှိနေတာမို့…
    လိုချင်တယ်ဆို… ကလေးကိုယ်ကိုပြောင်းတတ်လိုက်နော..

    Human Head Transplants Now Possible, Italian Neuroscientist Says (VIDEO)
    Huffington Post ‎- 4 days ago
    In a provocative new paper, an Italian neuroscientist outlines how to perform a complete human head transplant, arguing that such a surgical …

  • Ma Ma

    July 12, 2013 at 8:32 am

    အာဂ စာနဲ့ အလင်းဆက် ချိတ်တွဲပေးလိုက်တဲ့ စိုင်းထီးဆိုင်သီချင်း လိုက်ဖက်လှပါတယ်။

    ကျောင်းတက်စာဖတ် မကြိုးစားချင်ပဲ လူကြီးဆိုပြီး ခပ်တည်တည်နဲ့ ဖြီးနေချင်လို့ နုပျိုမှုထဲတော့ ခုန်မချချင်တော့ဘူး။ 🙁

  • kyeemite

    July 12, 2013 at 8:45 am

    ကလေးတော့ပြန်မဖြစ်ချင်ဘူး
    ဒီထက်သာဆက်မကြီးချင်တာ :mrgreen:

  • Shwe Ei

    July 12, 2013 at 9:53 am

    ရွေးချယ်ခွင့်မရှိတဲ့ အထဲမှာ အချိန်(Time) ပါသကိုး ကိုဂရဲ့

    လူရင့်လာပေမဲ့ စိတ်တွေကို နုပျိုလန်းဆန်းအောင် လုပ်လို့ရပါသေးတယ်

    အယက်သမားသမဂ္ဂအဖွဲ့ဝင် ဖြစ်နေသရွေ့ လူမနုပေမဲ့ စိတ်နုနေစေရမယ်…ေိေိ

  • နွယ်ပင်

    July 12, 2013 at 2:26 pm

    ဖြစ်နိုင်မယ်ဆိုရင်တော့ ပြန်တော့ ငယ်မချင်ပင်မယ့် အသက်တော့ ဒီထက် ပိုမကြီးချင်ဘူး
    အမှန်က အသက်ကြီးရင်ကြီး ရုပ်မအို စိတ်မအိုစေချင်ဘူး … ခိခိ
    ဒီတော့ မအိပြောသလို အယက်သမားသမဂ္ဂအဖွဲ့ဝင် အဖစ်နဲ့ တစ်သက်လုံးချိနေပါတော့မယ် … ဟိ

  • အရီးခင်လတ်

    July 12, 2013 at 3:48 pm

    သံသရာ ထဲ လည် နေသမျှတော့ အခုဘဝကျွတ် ရင် နောက်ဘဝ မှာ ကလေး ပြန်ဖြစ်နိုင်ပါသေးတယ် လေ၊
    အားမငယ် စိတ်မပျက် ကြပါနဲ့။
    လူပြန်ဖြစ်ဖို့ သာ ဘိုလိုလုပ်ကြရမလဲ လက်တွေ့ စဉ်းစားရမှာ။
    နည်းမှန်သိလို့ ကတော့ မြန်မြန်ကြီး၊ မြန်မြန်အို၊ မြန်မြန်ကြွ ဖို့ စိတ်ပါလာလိမ့်မယ်။ 😉

    ဘယ်သူ နည်းသိလဲဗျို့။ မျှကြပါ။
    ရွာထဲမှာ အိုကြီးအိုမ တွေ များသမို့ မြန်မြန်လေး။
    😆

Leave a Reply