လွမ်းရတဲ့ ဦး …

သေသေချာချာပြန်စဉ်းစားကြည့်ရင် ဦးနဲ့ ကျွန်မ တွေ့ခဲ့ရတာ သိပ်မကြာလှသေးပါဘူး။

ဒါပေမယ့် အလှည့်အပြောင်း တွေကတော့ အတော်များသားနော်။

ကျမ အလုပ်လုပ်နေတဲ့ ကုမ္ပဏီက လိုအပ်ချက်အရ

ဦးက ကျွန်မတို့ ကုမ္ပဏီမှာ သက်ဆိုင်ရာမေဂျာ ကို လာပြီး သင်တန်းပို့ချရတဲ့အချိန်မှာ

အက်ဒမင်အစစ်စတန့် ဖြစ်တဲ့ ကျမက ခဏအနားယူခိုင်းရင်း ကော်ဖီဖျော်ပေးရပါတယ်၊

ဦးက လက်ဖက်ရည်မရှိဘူး လားတဲ့၊ ကော်ဖီပဲ ဆိုရင်လည်း ခပ်ခါးခါးလေး ဖျော်ပေးပါတဲ့။

ကျမတို့ စီအီးအို က ခါးလှတဲ့ နက်စ်ကိုပဲ သောက်သူမို့ ကျမ အဲ့ဒီအတိုင်း ဖျော်ပေးခဲ့ပါတယ်။

စတစ်ကော်လံအဖြူ လက်ရှည်နဲ့ ကချင်ပုဆိုးဝတ်ထားတဲ့ ဦးက ပို့ချပေးရမယ့်အချိန်မှာ သိသင့်သူတွေကို ပြောဆို သင်ပြနေခဲ့ပြီး

ဦး အလုပ်ရှိရာဦး ကုမ္ပဏီကို ပြန်သွားခဲ့ပါတယ်။

အဲ့ဒီအချိန် ၂ နာရီ ဝန်းကျင်ဟာ ဦးနဲ့ ကျမ စတွေ့ခဲ့ကြတာပါ။ ဦး က ကျွန်မ ကို သတိမထားမိပါဘူး။

နောက်တော့ ဦး ရဲ့ ဖေ့စ်ဘုတ် နာမည်သိတော့ ကျွန်မက စပြီး add ခဲ့ရသူပါ။

ဦးက May I Know about you .?. တဲ့

အဲ့ဒီကနေစပြီး ဦးနဲ့ အွန်လိုင်းမှာ စကားပြောခဲ့ရတယ် ဆိုပါတော့ …….

တစ်ယောက်နဲ့ တစ်ယောက် ပြောကြ ဆိုကြရင်း

ဦး ကို ကော်ဖီဖျော်တိုက်တာ ကျမ ဆိုတာ ဦး သိသွားတော့လေ ဦး ရဲ့ ကြည်နူးပြီး ရယ်တဲ့အသံကို ကျမ မှတ်မိနေပါသေးတယ်။

နောက် ကျမဘဝကို ဦးသိခဲ့သလို ဦးရဲ့ အထီးကျန် ဘဝကိုလည်း ကျမ သိခဲ့ပါတယ်။

ကျမ မွေးနေ့ကို ဦးသိခဲ့သလို ၂၀၁၂ ဇူလိုင် ၁ဝ ရက် ကျမ မမွေးနေ့မတိုင်ခင် ဦးက ကျမ ကို မေးပါတယ်။

ဘာလိုချင်လဲ တဲ့ …

ကျမက စလင်းဘတ်လေးလိုချင်တယ်ဆိုတော့ ဦးခမျာ စလင်းဘတ်ဆိုင်ထဲမှာ ကောင်မလေးတွေကြား

ဟိုရှာ ဒီရှာနဲ့ ကျမအတွက် အင်မတန်လှပတဲ့ စလင်းဘတ်လေး ဝယ်ခဲ့ပေးပါတယ်။

၂၀၁၂ ဇူလိုင် ၁ဝ ရက် လှည်းတန်းက အိုက်စ်ဘယ်ရီမှာ ဦးနဲ့ကျမ မနက် ၈ နာရီ တွေ့ကြပါတယ်။

ကျမက မြောက်ဒဂုံကနေ  ၂၁၃ နဲ့ လှည်းတန်းကိုလာ ၊  ပြီးမှ မြို့ထဲရောက်တဲ့ကားကို ထပ်စီး ၊ ဟံသာဝတီအဝိုင်းမှာဆင်း ၊  ….

ဦးက လှည်းတန်းကနေ သံလမ်းကိုသွားရသူ ၊

တကယ်တမ်းစဉ်းစားရင် ဦး နဲ့ ကျမက တောင် နဲ့ မြောက်ပါပဲ။

ကျမ ရဲ့ ၂၃ နှစ်မြောက် မွေးနေ့ရဲ့ ပထမဆုံးလက်ဆောင်ပေးသူဟာ ဦး ပါ။

၂၀၁၂  ဩဂုတ်လ ၁ ရက် . ဦး နဲ့ ကျမ ရုံးနားက လဘက်ရည်ဆိုင်မှာတွေ့တော့ ဦးက ကျမ ကို နာရီလှလှတစ်လုံးနဲ့ ဘောပင်ငွေရောင်လေး ထပ်ပေးခဲ့ပါတယ်။

ဒါပေမယ့်လေ  အဲ့ဒီ ဩဂုတ်လ ၁ ရက်နေ့ဟာ အကြာကြီးခွဲရမယ့်နေ့လို့ ကျမတို့ မသိခဲ့ပါဘူး။

ကျမလည်း  ။ အမှန်က ကျမ မကောင်းတာပါ။

ကျမ ချစ်သူ ရခဲ့တယ်လေ။

ဖေ့ဘုတ်စ် က နာမည်ကိုလည်း ပြောင်းခဲ့လို့ ဦး ကျမကို ရှာမတွေ့ခဲ့ဘူးပေါ့။

ဒိလိုနဲ့ ၁ နှစ် နီးနီးကြာလာတဲ့အခါ ကျမ ဖုန်းအသစ်ဆီကို မက်ဆေ့ချ် ဝင်လာပါတယ်။

ဒီနံပါတ်ဟာကျမ မေ့မရတဲ့ နံပါတ်ပါ။ ( FOFOZTZ  )

ဦး ကျမ ဖုန်းနံပါတ်ဘယ်လိုရခဲ့ပါလိမ့် ? အရင်နံပါတ်မဟုတ်ဘူးလေ ……

ဦးက ကျမ ဘယ်မှာဆိုတာ သိချင်လွန်းလို့ ကျမသူငယ်ချင်းတွေဆီမှာ စုံစမ်းနေခဲ့တာကိုး ၊

ဪ ဦးရယ်… ပြီးသွားပြီလို့ ထင်ခဲ့ပါတယ်။

ဒါပေမယ့် ကံဇာတ်ဆရာ က ဘယ်လို ဇာတ်ကွက်ဆင်သလဲ မသိပါဘူး။

ကျမ အလုပ်ထွက်ခဲ့ပြီး နားနေတာ ၂ လ- ၃ လ ကြာပြီမို့ အလုပ်လုပ်ချင်လာတဲ့အချိန် ဦးနဲ့ ဖုန်းပြောရင်း ဦးကလည်း အော်ပရေတာ လိုတယ် တဲ့။

ဦး ဌာန အတွက်တဲ့။

ကျမက  ဦး …….. လုပ်ချင်တယ် ဆိုတော့ ဦးက ဝမ်းသာအားရလေသံနဲ့ CV ကို သူ့အီးမေးလ်ကို ပို့လိုက်ပါတဲ့။

ဦး နဲ့ အင်တာဗျူး မလုပ်ခင် အမေက စိတ်မချလို့ ကျမ နဲ့ ဦး အလုပ်ကိစ္စပြောတာကို အမေ့ကို နားထောင်ခိုင်းပြီး

နောက်မနက် ဦး ကုမ္ပဏီ ရုံးခန်းမှာ ဦး နဲ့ အင်တာဗျူးဝင်ရပါတယ်။

ဦးက ရှည်ရှည်ဝေးဝေး မပြောပါဘူး။ လုပ်ရမယ့်အလုပ်က ကျမ တတ်ပြီးသားမို့ပါ။ လစာက ဘယ်လောက် ကျန်တဲ့ခံစားခွင့်က ဘာ။

အဲ့ဒါပြီးတော့ ကျမ ဦးကို နူတ်ဆက်ပြီးပြန် ၊ ဦးကလည်း ကြည်နူးနေတဲ့ အကြည့်နဲ့   အို         ဦးရယ်  ။

ဒါပေမယ့် ဦးရယ် ။

ကျမ ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလိုပဲ။

နေပြည်တော်က အဖေက သမီး ဘာအလုပ်မှ မလုပ်ရဘူး တဲ့။ ဗီတိုအာဏာနဲ့ ပယ်ချ အမေကလည်းအိမ်မှာပဲ နေပါတော့ တဲ့။

ကျမကို အလုပ်ခန့်ဖို့ ပြင်ထားမယ့် ဦး… ဘယ်လိုများနေမလဲ ဟင်!

ဦးရယ် ကျွန်မ မှားတာပါ။

ကျမကြောင့် လွန်ခဲ့တဲ့ ၁ နှစ်က လှုပ်ခတ်သွားခဲ့တဲ့ ဦးရဲ့ ရင်ခုန်သံ တည်ငြိမ်စပြုကာမှ ကျမ ထပ်ပြီး ဒုက္ခပေးမိပြန်ပြီနော်။

ဦးရဲ့ ဖေ့စ်ဘုတ် ကို ကျမ ဝင် ဝင်ကြည့်မိတယ်။

ဦးရဲ့ ခံစားချက်တွေကို မြင်ရသလို ဦး   သွား    သွား ဆိုတဲ့ သီချင်းမျိုး ( မိုးကိုချစ်သည် … ဒါပေမယ့် မုန်းသည် ..) . တဲ့.၊ .

မုန်းပါ ဦးရယ် .. ဦး မုန်းသင့်ပါတယ်။

ကျမက ဦး ကို သွား စ သလို ဖြစ်ခဲ့တာကိုး။

ဦးရယ် .. ဦးကို စာနာသလို မိဘလောင်းရိပ်က မလွတ်သေးတဲ့ ကျမရဲ့ ဘဝဟာလည်း

မိုးသည်းသည်းတွေကြားမှာ .. အမှားတွေပါနေဆဲပါ  ဦး ရယ် …

 

17 (2)

8 comments

  • Garfield

    July 12, 2013 at 8:36 am

    အန်။
    ကိုမျိုးသန့်ကြီးးးးး
    စောစောစီးစီးလွမ်းနေပြီလားးးး
    ဟုတ်တာပေါ့ ၊
    ဇူလိုင် ၁ဝ ကျော်ခဲ့ပြီကိုးးးးးး

    အဲ့ဒီနေ့ကတော့မတင်ဘူးးးး ပိုလွမ်းရအောင်လို့။ :mrgreen:

  • kyeemite

    July 12, 2013 at 8:56 am

    ကန်မကလေးနော် မကောင်းဘူးရှိတယ်
    အူးမှာနော် တော်တော့ဂို ခံစားရတယ် :mrgreen:

  • surmi

    July 12, 2013 at 9:40 am

    သူ​မေ့ရက်​လျှင်​
    ညိုှးသက်​နွမ်​း​ခွေ
    ​နွေ​နေထိနွမ်​း
    ​ကြွေမည်​့ပန်​းပါ
    အထီးကျန်​​ဆွေး
    ဟိုးးးး ​ရှေးး ​ရှေးး လို
    ​ဝေး ​ဝေး ကသာလွမ်​းပါမည်​ 🙂 🙂

    ​မောင်​စိန်​ဝင်​း(ပုတီးကုန်​း)

  • ကျန်ဒါဒွေ ထက် ..
    အွမ်လိုင်းမှာ ကြည်နူးပီး ရီတယ်ဆိုဒဲ့ အသံ …
    အဲ့ဒါ .. အဲ့ဒါ ..
    ဘိုမျိုးလဲ ဆိုဒါ စိတ်ဝင်စားဒယ် …
    ခစ် ခစ် ဆိုပီး မဟုတ်ဒေါ့ဒေါ့ ကျိမ်းသေလောက်ဒယ် …
    အပန်းမကြီးရင် …
    တစ်ခေါက်လောက် ရီပြဘာလားဟင်င် … :mrgreen:

  • အလင်း ဆက်

    July 12, 2013 at 5:48 pm

    ဦးရယ် ဦးးးးးရယ်
    ဦးမလာတဲ့ ရက်လေးများ မှာာာ
    သမီးတော့ သိပ် သိပ်လွမ်းတယ်
    ချစ်သော ဦးရယ်

    တွံတေးဒိုးပြောင်
    အဲ တွံတေးစိုးအောင် သချင်းလေး သွားသတိရသား
    😆

  • kotun winlatt

    July 12, 2013 at 10:53 pm

    အော်…ကဲ……စွံချက်ကတော့ ….အာဟိ…

    • Myo Thant

      July 13, 2013 at 12:07 am

      မစွံရပါဘူး မော်လူးသားကြီးရေ

      ရွှေကူသား အခြေမတူသမားမို့

      စို့နေတဲ့မျက်ရည် စီးသွားပါလေ ဧရာရေ ။

Leave a Reply