အားနာလိုက်တာ သူကြီးရယ် . . . ဒါပေမယ့် . . . .

alinsettJuly 12, 20131min18929

အားနာလိုက်တာ သူကြီးရယ် ။

မနေ့က ့တင်လိုက်မိတဲ့ ပုံပြင်ထဲက သူကြီးနဲ့ ဂဇက်ရွာ သူကြီး အရောရောအထွေးထွေး ထင်ကုန်အောင် ရေးလ်ု်ိက်မိတယ် သူကြီးရယ် ။

အမှန်တော့ ရည်ရွယ်ချက်တစ်ခုနဲ့ ရေးတယ် ဆိုပေမယ့် ဖတ်တဲ့သူ ရယ်ရွှင်စေဖို့ ့ဆိုတဲ့ ရည်ရွယ်ချက်နဲ ့ ဟာသ စာရေးသားခြင်း ကို ကိုယ်ပိုင်မဖန်တီးနိုင်သေးခင်မှာ တဆင့်ပြန်ပြောတဲ့ ဟန်လေးနဲ့ ရယ်ရအောင် ရေးကြည့်ရုံပါပဲ ။

ဘယ်သူ ့ကိုမှ နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး ။

တခြား ရည်ရွယ်ချက်လည်း မရှိရိုးအမှန်ပါလို ့ ။

ရိုးသားစွာ ဝန်ခံရင်းးးးး အားနာလိုက်တာ သူကြီးရယ် လို့ပြောချင်ပါတယ် ။

တစ်ဆက်တည်းနဲ ့ ပြောချင်တာကတော့ အားနာနာနဲ့ ပဲ နောက်ထပ် သူကြီး ဇာတ်လမ်းပုံပြင်လေးတစ်ပုဒ် ထပ်ပြောပြချင်ပါသေးတယ်။

အားနာလိုက်တာ သူကြီး ရယ် ။ ဒါပေမယ့် . . . . . . . . . . . . . . . . . . ။

=======================

တစ်ခါတုန်းက ရွာတစ်ရွာမှာ. . . . . . . ပဲပြုတ်ရောင်းတဲ့ သူတစ်ယောက်ရှိပါတယ် ။ ( မှတ်ချက် ။ ။ ဂဇက်ရွာ မဟုတ် )

အဲဒီ ပဲပြုတ် ရောင်းတဲ့သူက နှာတို (နှာကျိုး ) ပါ ။ စကားပြောရင် နှာခေါင်းသံ နဲ့ ့ပြောရပါတယ် ။

ပဲပြုတ်ရောင်းတော့ နှာခေါင်းသံလေးနဲ့ ့အော်တာပေါ့ ။

မှဲညှုပ် ရမယ် မှဲညှုပ် မှဲညှုပ် ဆိုပြီး အော်တယ် ။

အဲဒီလို အော်သံကြားတော့ ဝယ်တဲ့သူတစ်ယောက်က လှမ်းခေါ်ပါတယ် ။

ခေါ်တဲ့ သူကလည်း နှာကျိုးးးပဲ ။

ဟေ့ မှဲညှုပ်နှယ် နာအုန်းးးးးး (ပဲပြုတ်သည် လာဦး )

လို့ ့ခေါ်တော့ ပဲပြုတ်ရောင်းတဲ့ နှာကျိုးက သူ့ ့လှောင်တယ်ထင်ပြီး စိတ်ဆိုးပါလေရော ။

နှေညင်းညိုးးး နာ့ မနှောင် နဲ့

( သေချင်းဆိုး ငါ့မလှောင်နဲ ့ လို့ ့ပြောခြင်း ဖြစ်အိ ။ )

ပဲပြုတ် ဝယ်တဲ့ နှာကျိုးကလည်း ပြန် ပြောတာပေါ့ ။

နင့်ငို နှောင်နာ မဟုတ် ။ နာ မှဲညှုပ် ဝယ်မနို ့ နှော်တာ

( နင့် ကို လှောင်တာ မဟုတ် ။ ငါ ပဲပြုတ် ဝယ်မလို့ ့ခေါ်တာ )

နှာကျိုးနှစ်ယောက် ရှင်းလို့မရဘူး ။

ပြဿနာက တက်ပါလေရော ။

အဲဒါနဲ ့ နှာကျိုး နှစ်ယောက်က မကျေမနပ်နဲ့ သူကြီး ဆီ သွားတိုင်ကြပါတယ် ။

မထူးပါဘူး ။ သူကြီးကလည်း နှာကျိုးးပါပဲ ။

 

နှာကျိုး နှစ်ယောက် အော်ကြ ဟစ်ကြနဲ ့ ဝင်လာတော့ လှမ်းမေးတယ် ။

ဟေ့ မာ ညှစ် နာ ညှ ျ နာနဲ ( ဟေ့ ဘာဖြစ်လာကြတာလဲ )

အဲဒီလို လှမ်းမေးတော့. . . . . . . . . . ဟိုနှာကျိုးတွေကလည်း သူ့ ့ထက်ငါ ဦးအောင် တိုင်ကြပါတယ် ။

နှာခေါင်းသံလေးတွေနဲ့ပေါ့ ။

နှာကျိူး သူကြီးလည်း ရိပ်မိသွားတော့ စိတ်တိုပြီး မောင်းထုတ်ပါတော့တယ် ။

နင်တို ့အမှု နှာ ကျိုး အမှု ပဲ ။ မျှန်ညှ ျ ( ပြန်ကြ )

======================

ပုံပြင်လေးကတော့ ဒါပါပဲ ။

မထူးမခြားနားတဲ ့ ဖြစ်ပျက်မှု ကို ဖော်ပြတဲ့ ဟာသ လေးပေါ့နော် ။

ဒီပုံပြင်ကိုလည်း ကြာနီကန်ဆရာတော်ရဲ့ တရားတစ်ပုဒ်ထဲက မှတ်သားခဲ့ရတာပါ ။

နှာကျိုး အသံ ကို ဆရာတော် ဟောပြသွားတာ အရမ်းးးးရီရပါတယ် ။

နှာခေါင်းသံ ကို စာလုံးတွေနဲ ့ရေးပြရတာ တစ်ထပ်တည်း ကျအောင် ရေးပြလို့မရပါဘူး ။

အိမ်ကျမှ ကိုယ့်ဘာသာ က်ိုယ် ပြောကြည့် ကြပေါ့နော် ။

======================

= လေးစားစွာဖြင့်

 

အလင်းဆက်

29 comments

  • Garfield

    July 12, 2013 at 8:21 am

    ဟယ်။
    နှာ ရ
    နှ ကြီးးး နဲ့ ဒဂျင်
    ပါညား ညှစ်နိပီရဲရို့ အညန်လာညှိရာ။
    ဟွတ်ရဲ ဟွတ်ဝူး။
    :mrgreen:

      • Garfield

        July 12, 2013 at 11:36 am

        အား နာတဲ့ အဆိုတော်မင်းသမီးလေးနာမည် ဘယ်သူတုန်းသိလားးးးး
        :mrgreen:

        • ဦးကျောက်ခဲ

          July 12, 2013 at 11:51 am

          နီကျောရာ… နာတိရယ်နော်၊ ဖော်ရိုက်ရမား…. :mrgreen:
          နာမျိုးဆို အားဂျီးမတ်မိရယ်…. :mrgreen:

        • Garfield

          July 12, 2013 at 11:55 am

          ကျောက် ရယ်။
          အလက်ဆင်းကို ကျပ်မို့ပါ။ :mrgreen:

          ခေါင်းစဉ်ကြီးက အဲလိုကြီးမို့။ :mrgreen:

        • အလင်း ဆက်

          July 12, 2013 at 1:53 pm

          အော်

          နှိ မီ နှိ မီ
          ( သိပြီ သိပြီ )
          ဟို ပန်း နာမည်နဲ့ ကောင်မလေး ကို ပြောတာ

          😆

        • Garfield

          July 12, 2013 at 1:55 pm

          ဘယ်သူ့သွားမေးလိုက်တုန်းးးး
          ဦးကျောက်ကိုသွားမေးတာလားးးး :mrgreen:

  • Ma Ma

    July 12, 2013 at 9:07 am

    အလင်းဆက်ရဲ့ နှာကျိုးအသံလည်း ပီပါပေတယ်။
    ဂါဖီးလည်း……….. ပီပါပေတယ်။ 😆

    • အလင်း ဆက်

      July 12, 2013 at 9:44 am

      တကယ် ပီ တာလား အန်တီမမ ရေ

      ဒါဆို
      တွေ ့ဆုံပွဲ မှာ
      ဆုရကဗျာကို
      အဲဒိ အသံနဲ ့ရွတ် ပြရင် ကောင်းမလားးးး

      အဟိ
      😆

      • Ma Ei

        July 12, 2013 at 1:36 pm

        ကောင်းပါတယ်…
        အတော်ရီရမယ်နော်…
        😆

  • surmi

    July 12, 2013 at 9:44 am

    ဂွကျတာဘဲ
    ညာသာပြန်​လို​နြေပြီ 🙂
    နှာသံ ဘာသာပြန်​မည်​့သူ အလိုရှိသည်​ 🙂

    • အလင်း ဆက်

      July 12, 2013 at 9:48 am

      မှာနှာ ညှန် မှေး နှားမှာနယ်
      အူးညှာမိ

      ( ဘာသာ ပြန်ပေးထားပါတယ် အူးဆာမိ )

      ဟိဟိ
      😆

  • kyeemite

    July 12, 2013 at 9:58 am

    နှော်နှော်ငှက်နှဲ့ အနှင်းညှက်ပဲ..(တော်တော်ခက်တဲ့အလင်းဆက်ပဲ)
    သညှီးပဲနွှားနွှားခနုတ်တိုက်နေနယ်(သဂျီးပဲသွားသွားခလုတ်တိုက်နေတယ်)ဟိဟိ 😆
    နင်လုပ်ပုံနဲ့ တစ်ရွာလုံး နှာကျိူး ဒွေဖြစ်ကုန်တော့မယ်

    • အလင်း ဆက်

      July 12, 2013 at 10:15 am

      လုံလုံရေ

      ဘာသာပြန် ပေးထားတယ် ဆိုပေမယ့်
      အိမ်ကျ ရင် ကွကိုယ် ပြောကြည့်ဦးးးးနော်

      အဟိ
      😆

  • ဦးကျောက်ခဲ

    July 12, 2013 at 11:37 am

    နှာကျိုးသံဆိုလို့ ကိုယ်တွေ့လေးပြောရဦးမယ်…
    ဦးကျောက်တို့ ဒုတိယနှစ်ပုပ္ပားနားက မြောက်တောကို ကွင်းဆင်းတုန်းကပေါ့…
    စကားမပီတဲ့ အဖေက သူ့သားကို အိမ်ထဲမှာစာသင်နေတာ အိမ်ဝိုင်းအပြင်က နားထောင်နေတဲ့
    မြို့ကျောင်းသားများ တခွီးခွီးနဲ့ ရယ်ရသဗျ…
    အဖေ။ ။ ညိုက်ချို… ဏှာကြီး (လိုက်ဆို… ဏ ကြီး)
    သား။ ။ ဏှာဂျီး…
    အဖေ။ ။ တယ်… နီခရေး… ဘယ်လိုတင်တင် နရဘူး၊ နာတီးလိုက်ရ…
    (တယ်… ဒီခလေး… ဘယ်လိုသင်သင် မရဘူး၊ ငါ တီးလိုက်ရ)
    အဲဂလို ဗျောင်းသတ်နာတာ၊ နောက်ဆုံး မနေနိုင်လို့ ဝင်ရှင်းပေးမှ ပြီးပါတယ်…
    “ခလေးက ပီပါတယ်ဗျာ၊ အကိုသင်မှ အသံမှားနေဦးမယ်။ ကျောင်းသာပို့လိုက်ပါ”လို့…
    ဟီး ဟီး… ဘုရှိုး ရှိုးပြီး၊ ကျန်ခဲ့လေရဲ့…… :mrgreen:
    (လက်ဦးဆရာ အရေးကြီးတယ်လေ…..)

    • အလင်း ဆက်

      July 12, 2013 at 12:45 pm

      ဥိီးကျောက်စ် ပြောတာဖတ်ပြီးး
      ရီ လိုက်ရတယ်
      အဟီးး အိုက် နှာသံနဲ ့ပြောရတဲ ့သူတွေ ကို မြင်ရင်
      သနားလည်း သနား
      ရီလည်း ရီ ချင်

      😆

    • အလင်း ဆက်

      July 12, 2013 at 2:13 pm

      မမနှန်းနော်ညာနူ ( မမနန်းတော်ရာသူ)

      နှာညှိူး နှံ နဲ ့ ညှော နွှား ဒါ မှီညှင် နိက် နှာ
      (နှာကျိုးသံနဲ့ ပြောသွားတာ ပီပြင်လိုက်တာ )

      အဟီးး
      😆

  • TNA

    August 27, 2013 at 10:48 pm

    ငါ့နှယ်နော် ကြာနီကန်အသံတောင်ကြားလိုက်ရသလိုပဲ ရီလိုက်ရတာအေ။ ညီးပိုစ့်မဟုတ် ငယ်ငယ်ကနား ထောင်ခဲ့ရတဲ့ကြာနီကန်တရားတွေပြန်သတိရလို့

  • naywoon ni

    April 4, 2015 at 12:02 pm

    ပို့စ်​အ​ဟောင်​း​တွေ ဘာလို့ ဘွဘုတ်​မှာ ပြန်​ပွ​နေလဲ အလက်​ဆင်​းဒါးရဲ့ ။ အသစ်​​ရေး ပါ ။ အသစ်​တင်​ဂျဘာ 🙂

    • Alinn Z

      April 4, 2015 at 12:36 pm

      ဟီဟိ…
      အသစ်ရေးဖို့ မအားသေးလို့…
      အကြံအစည်လည်း မထွက်သေးလို့..
      ရွာထဲ…ကိုယ့်ပိုစ့်အဟောင်းတွေ လျှောက်လှန်လှောရင်း..တွေ့တာလေးတွေ … FB ပေါ် က သူငယ်ချင်းတွေ ဖတ်မိအောင်ပါ…

      :k:

Leave a Reply