ပြောတတ်သလိုဒဲ့ပြောမည်

ကဲ…………
လေထီး အန် ဂျဲတမန်းများခင်ဗျာ
ကျနော်ပြောတတ်သလိုဒဲ့ပြောပါမည်ခင်ဗျာ။
ပြောပါမယ်ဆိုတယ် ဘယ်ကစပြောရပါ့။
အင်းလေ ပြောတတ်သလိုဆိုမှတော့ စတတ်သလို
ပဲစပြောမယ်။ပြောဖြစ်ရတဲ့အကြောင်းကတော့မနေ့ကပိုစ့်
တပုဒ်ကြောင့်ပါ။
ရှေးဦးစွာ ပိုစ့်ပိုင်ရှင်နဲ့မန့်တဲ့သူများကို ဝေဖန်ခြင်း ကဲ့ရဲ့ခြင်း
မြှောက်ပေးခြင်း ကြော်ငြာပေးခြင်းမဟုတ်ပါကြောင်း တောင်းပန်
အပ်ပါတယ်။အဓိကကတော့ စာပါအကြောင်းအရာများကိုသာ
ရွာ့ အကျိုးရှိမည်ထင်သော အကြောင်းပြောချင်တာပါ။
ကွန်မန်းပေးရင်နဲနဲပေါ့မှာရယ် ကွန်မန်းပြန်ရှာဖတ်ရတာခုတလော
ကျနော်ဆီက ကွန်နက်ရှင်နှေးနေတာရယ်ကြောင့်ပါ။
ဒီပိုစ့်ကတော့

ကျွန်တော်ချစ်သော ပတ်ဝန်းကျင်/Rich Environment =Gazette


အလင်းစက်ရဲ့ပိုစ်ပါ။
ကွန်မန်းကိုညွှန်းချင်တာက
အရှေ့တောင်အာရှမှာ ………………………နဲနဲရှည်နေလို့ ဒီလောက်ဆို
သိမှာပါ ။ :mrgreen:
ကဲဒဲ့ပြောပါမယ်………………
ပိုစ့်ကို ထောက်ခံတယ်။
ကွန်မန်းကိုထောက်ခံတယ်။
ဒါဆိုဘာလိုလဲ?
ဟုတ်ကဲ့ ပိုစ့်နဲ့ ကွန်မန်းက ဆန့်ကျင့်ဘက် သဘောမျိုးဖြစ်နေတယ်
လို့ထင်ပါတယ်။
ဒီမှာအဓိကပြောချင်တာက ကွန်မန်းပါအကြောင်းအရာပါ။
ပိုစ့်ကတော့ပြောစရာမရှိ့ ok.
ကွန်မန်းကိုဖတ်ပြီးတော့ တဖြေးဖြေးစဉ်းစားမိတော့
ဒီလူ့ မန့်ချက်က ဟုတ်နေတယ်လို့ခံစားလာရတယ်။
ဒါနဲ့တခြားဆိုဒ်တွေကို သွားနိုင်သမျှနဲနဲသွားကြည့်တယ်။
၃ဆိုဒ်လောက်ပဲ အကြမ်းဖျဉ်းသွားနိုင်တယ်။
ဒါပေမဲ့ ဒီ ၃ ဆိုဒ်လောက်နဲ့တော့ ကိုယ့်ငါချဉ်ကပိုချဉ်တယ်ပဲ
ပြောရမယ်ထင်တယ်။
ဒါပေမဲ့ ကျနော်ကဒီရွာ (ဆိုဒ်) အကြောင်းဘယ်လောက်သိသလဲ
ပြန်ကြည့်တယ်။နောက်ပိုင်းနဲနဲကနေ ပြန်ဝင်ကြည့်တယ်။
အများအားဖြင့်မဆိုးဘူး။ကောင်းတယ်။ကျနော်ကိုယ်ကျနော်တောင်
သိမ်ငယ်စိတ်ဝင်မိတယ်။ဒီမှာက သာမန်လူတွေရဲ့ အသိထက်သိသိ
သာသာမြင့်နေတယ်။ကျနော်ဆိုတချို့ဟာတွေဆို”ဖတ်သွားပါတယ်”
ဆိုတဲ့ အတည်ပေါက် နားလည်သလိုလိုကွန်မန့်တွေတောင်မန့်လို့။
ဒါနဲ ခုနောက်ပိုင်းပိုစ့်တွေ ကွန်မန့်တွေ ပြန်ကြည့်တော့
ဒဲ့ပြောပါရစေ။ကျနော်ထိပ်ဆုံးကပါပါတယ်။
ဖေ့ဘုတ်က status တို့ comment တို့လိုပဲ တူနေသလားလို့။
ကျနော်အပါအဝင် ကွန်မန့်မှာ လေးလေးနက်နက်ဆွေးနွေးတာထက်
ကွိကွိ ကွကွ ဟီးလား ဟားလား ကွန်မန့်တွေပဲတွေ့နေရသလားလို့
ပါ။တယောက်နဲ့တယောက် အခင်အမင်မပျက်ချင်တာမျိုးတို့
စိတ်ဆိုးမှာကြောက်လို့လို့။ အားနာလို့လို့။ဒီလိုတွေနဲနဲများသလားလို့
ပါ။
ဒါတွေနဲနဲလျော့ပြီး နဲနဲအားစိုက်မန့်မယ်ဆို ဟိုတယောက်မန့်သလို
ဒီဆိုဒ် နဲနဲမြင့်လာမလားလို့ပါ။ အကြောင်းအရာအသီးသီးက ပရိုတွေ
လဲ ဝင်လာမယ်ထင်ပါတယ်။
ကျနော်ဆို အပြင်မှာစကားနဲနဲနည်းပါတယ်။စာအရေးညံ့ပါတယ်။
အတွေးအခေါ်ဆိုးပါတယ်။ဒါပေမဲ့ဒီအတိုင်းနေရင်ဘာမှဖြစ်လာမှာ
မဟုတ်ဘူးဆိုတာတော့သိပါတယ်။ဒီရွာက ဒါကိုအားပေးပုံရပါတယ်။
အယ်ဒီတာတွေအများစု ရွာသူားအနည်းစုပေါ့။
ဒီလိုအဖက်ဖက်က အားနည်းတဲ့ ကျနော်က
ပိုစ်တပုဒ်မှ မတင်သူများထက်သာတယ်။
မိမိအမြင်ကို မပြောရဲတဲ့သူတွေထက်သာတယ်။
ဘာမှမလုပ်ပဲ ဝင်ဖတ်ရုံသက်က်ရွာသူားတွေထက်သာတယ်။
ဒီလိုပဲခံယူလိုက်ရပါတယ်။
ကြားဘူးတဲ့အတွေးအမြင်လေးနဲ့နိဂုံးချုပပါ်မယ်။ရေးသူ ကိုတော့
မသိဘူးဗျာ။သိရင်လဲပြောပေးပါ။

အကယ်၍သင်ခံရပြီဟု သင်ယူဆလျှင် |သင်ခံရပြီမှတ်။
အကယ်၍ သင်မလပ်ုဝံ့ဟုယူဆလျှင် သင်လုပ်ဝံ့တော့မည်မဟုတ်။
အကယ်၍ သင်ကအောင်နိုင်ချင်သည်။သို့သော် မဖြစ်နိုင်ဟု
သင်ယူဆလျှင် သင်အောင်နိုင်မူ့ရဖို့ မသေချာသလောက်ပင်။
အကယ်၍သင်ရှုံးနှိမ့်မည်ဟုသင်ယူဆလျှင် သင်ရှုံးပြီသာမှတ်။
အဘယ်ကြောင့်ဆိုသော်
အောင်မြင်မူ့ဟူသည် လူတယောက်၏စိတ်အင်အားမှအစပြုသည်
ဆိုတော့ ရလဒ်အားလုံးစိတ်အင်အားမှအစပြုသည်သာ။အကယ်၍
သင်တန်းမမှီးတော့ဟုယူဆလျှင် သင် တန်းမှီတော့မည်မဟုတ်။
သင်အထက်သို့တတ်လှမ်းလိုလျှင်မြင့်မြင့်ကြံရပေမည်။
သင်ဆုတခုမဆွတ်ခူးနိုင်မီ ဆုရမည်ဟု သင့်ကိုယ်သင်ယုံကြည်နေ
ဖို့လိုအပ်သည်။
“ဘဝတိုက်ပွဲတွင် ခွန်အားကြီးသူများ လျှင်မြန်သူများသာ အမြဲတမ်း
အနိုင်ရနေသည်မဟုတ်ပါ။
သို့သော် အနှေးနှင့်အမြန်ဆိုသလို အနိုင်ရသူမှာ
ငါအောင်နိုင်ရမည်ဟု ယုံကြည်ထားသူများသာ။”

ကွိကွိကွကွ ကွန်မန်း ၁၀ဝ ထက် လေးလေးနက်နက်(မိမိအတိုင်း
အတာနှင့်) ကွန်မန်းတုခကိုသာမျော်လင့်ပါသည်။

မင်းခန့်ကျော်

26 comments

  • ကျုပ်ကတော့ …
    ဘာမှ မသိဒဲ့ကောင်ဆိုဒေါ့ ..
    ဟီးဟီးဟားဟားပဲ တတ်ဒယ် …
    အဟမ်းးး သို့ဂလိုဂျောင့် …
    တတ်တဲ့ ပညာ မနေဒါ ဆိုဒလို …
    ဟီးဟီးဟားဟား လုပ်ပျနေဒါဘာ … :mrgreen:

  • surmi

    July 12, 2013 at 11:24 am

    အကျိုးကိုလိုလားတဲ့အမြင်​လို့မှတ်​ယူပါတယ်​ ။
    ကျုပ်​လည်​း အလွန်​​ကွန်​မန်​့အ​ပေးနဲသူပါ ။ သို့​သော်​လည်​း တခါတရံမှာ အား​ပေးတဲ့အ​နေနဲ့ ​ရေးသူခြင်​းကိုချင်​းစာြပြီး ခတ်​​ပေါ့​ပေါ့ ​ရေလိုက်​တာ​တွေရှိပါတယ်​ ။
    ဆို​တော့ ….
    ဒီကွန်​မန်​့ ပြဿနာ ပိုစ်​့ပြဿနာ​တွေဟာ ​ရှေးကလည်​းရှိဘူးပါတယ်​ ။
    ဆိုဒ်​ကို အဆင်​့မြှင်​့ချင်​သူများက အကြံမျိုးစုံလည်​း ​ပေးဖူးပါတယ်​ ။
    ဒီဆိုဒ်​မှာက နယ်​ပယ်​မျိုးစုံ ကအရွယ်​မျိုးစုံရှိ​နေ​လေ​တော့ ပရိုအဆင်​့မမှီ​သော်​လည်​း စာမျိုးစုံ​နေပါတယ်​ ။
    ရွာသူားအများစု ဆုြံပြီး​ရေး​နရေင်​ စာမျိုးစုံ​နေတတ်​ပြီး လူမစုံရင်​​တော့ တင်​တဲ့စာ​တွေက သိပ်​မစုံတတ်​ပါဘူး ။
    ဥပမာ — လူငယ်​စုမိရင်​ လူငယ်​ကြိုက်​ ။ လူကြီး​တွေစု​နေမိရင်​ ဘာသာ​ရေး ။ အငြင်​းသန်​သူ​တွေစုမိရင်​ ငြင်​းစရာပို့စ်​ ။ ကဗျာဆရာ​တွေစုမိရင်​ ကဗျာအ​ကြောင်​း ။ ရသ သမား​တွေစုမိရင်​လည်​း ရသစာ​ပေ စသည်​​တွေ​ပေါ့ဗျာ ။
    အခုကိုမင်​းမင်​း ဝင်​လာတဲ့ကာလဟာ လူစုံတက်​စုံ မရှိတဲ့ကာလပါ ။ဒါ​ကြောင်​့ တခါတရံ မျှ​ခြေ​စောင်​း​နေတတ်​တာ​ပေါ့ ။
    ​ကော်​့မန်​့​လေး​လေးနက်​နက်​​ပေးဖို့ဆိုတာ တင်​တဲ့ပို့စ်​အ​နေအထား​ပေါ်မူတည်​ပါတယ်​ ။ ရယ်​စရာနဲ့ ကဗျာဝတ္ထု​တွေဆို ​ပေးရခက်​ပါတယ်​ ။
    ကိုယ်​မပိုင်​တဲ့ နည်​းပညာပိုင်​းနဲ့အခြားအ​ကြောင်​းအရာ​တွေမှာလည်​း ထ်​ရာမြင်​ရ​ပြောလို့မဖြစ်​ပြန်​ဘူး ဒီ​တော့ ……
    မ​ပေးဘဲ​နေရင်​​ရော ????? ဒီလိုလည်​းတခါတရံမသင်​့ဘူးထင်​တယ်​
    ​ဒေါင်​​ဒေါင်​မည်​ လူ​ဟောင်​း​တွေက ဘယ်​လိုမှမခံစားရ​ပေမယ်​့ လူသစ်​​တွေအား​လျော့နိုင်​ပါတယ်​ ။
    ဒီရွာမှာလည်​း ဟိုးတုန်​းကလို မျက်​နှာဖုံး​တွေ မစွတ်​ကြ​တော့ဘဲ
    ​တွေ့ဆုံပွဲ​တွေ အလှူပွဲ​တွေ အခြားလူမှု​ရေးကိစ္စ​တွေစုလုပ်​လာကြ​တော့ ​တော်​​တော်​​လေးပွင်​့လာပါြပြီ
    ဆို​တော့ …အွန်​လိုင်​း လူမှု​ရေးကလည်​း ရှိ​နေပါ​သေးတာ​ပေါ့ ။
    ဘာပဲဖြစ်​ဖြစ်​ ကိုမင်​းမင်​းရဲ့​စေတနာကို​လေးစားပါတယ်​ ။
    လာမယ်​့ ၂၁ ရက်​​နေ့မှာလည်​းဖြစ်​နိုင်​ရင်​ လာ​ရောက်​ဖို့ဖိတ်​​ခေါ်ပါတယ်​ ။
    မန်​း​လေးက ဦးမာဃလာမယ်​ထင်​ပါတယ်​ ။

    • Garfield

      July 12, 2013 at 11:29 am

      ဟုတ်တယ်။
      ဟုတ်တယ်။
      ဦးဆာ ပြောတဲ့ အတိုင်းးးးးး
      (ခါတရံလည်း ကော်မန့်ကို ဂလို ပေးလို့ရတယ်လို့) :mrgreen:

      • Shwe Ei

        July 12, 2013 at 1:55 pm

        ကိုင်း သများက ဆွိကိုထပ်ဆင့် ထောက်ခံပလိုက်မယ်…
        (အိုက်ဂလိုလဲဖြစ်တယ်လို့…ခိခိ) :mrgreen:

  • မင်းမင်း

    July 12, 2013 at 2:22 pm

    ဟုတ်ပါတယ်။ဦးဆာ လို့ပဲခေါ်မယ်နော့်။
    ဦးဆာပြောသလိုပဲပေါ့။ဆိုင်ရာဆိုင်ရာပိုစ့်ကွန်မန်း
    တွေကလိုက်လျောညီထွေဖြစ်တာဖြစ်သင့်ပါတယ်။
    တခါတရံ ပိုစ့်ပါအကြောင်းအရာတွေမှာအားနည်းချက်
    လစ်ဟာချက်တွေကို လဲ ပိုသ်ိသူများက ကျောင်းပေးတဲ့
    ပုံစံမျိုး ကိုလိုချင်တာပါ။မျက်နှာအစိမ်းအကျက်မရွေးပေါ့။

    နောက် ၂၁ ရက်နေ့ တော့ မလာဖြစ်လောက်ဘူးထင်ပါတယ်။
    ကျနော်က အလုပ်ခွင့်မရဘူးဆိုတော့ နားလည်ပေးပါ။

    ကျနော့်ပိုစ်တွေဆိုရင်တော့ နားလည်မူ့အပြည့်နဲ့
    လက်ခံမှာမို့ ။ပြင်းပြင်းထန်ထန် မန့်ပေးခြင်ကို
    ကြိုဆိုပါကြောင်း အသိပေးပါတယ်ဗျာ။

  • amatmin

    July 12, 2013 at 2:35 pm

    သက်ဆိုင်ရာ နယ်ပယ်က ပရိုဒွေ..
    စေတနာ ထားစာရေးသူဒွေ..ရှိခဲ့ဖူးပါတယ်..
    အဲ့ လူဒွေ ကြောင့်ပဲ .တူတဲ့ စိတ်ဒွေစုမိကြပီးး..
    စိတ်ကတွေး..လက်ကရေးတာဒွေကို..
    ကျော်လွန်ပီး လုပ်သင့် လုပ်ထိုက်တာလေးဒွေကို..
    လုပ်ခဲ့ဖူး..လုပ်နေကြပါဒယ်..

    ဘာမှမလုပ်ပဲ ဝင်ဖတ်ရုံသက်က်ရွာသူားတွေထက်သာတယ်။

    စာဖတ်သူသက်သက်ကနေပဲ ..လေဖမ်း ဒါန်းစီးနေသူဒွေထက်.ပိုပီး..
    လိုအပ်တာကို လိုအပ်သလို လက်တွေ့ကျကျပါဝင်လှူနေသလို..
    သူတို့နယ်ပယ်တွေမှာ ကောင်းမယ်ဆိုတာတွေ..လုပ်နေကြသူတွေလည်း မနည်းပါဘူး လို့…..
    ဆိုတော့ ကိုယ်နဲ့ သူ မတူတာတွေ့တိုင်း အပြစ်ပြောတတ်ရင်တော့ အလုပ်မဖြစ် ရယ်.. 😛

    • မင်းမင်း

      July 12, 2013 at 4:42 pm

      အမတ်မင်းရေ ဒီလောက်လုပ်နေတဲ့သူတွေ

      ကိုပြောပါဘူးဗျာ။ ” ဘာမှမလုပ်ပဲ” ဆိုထားတယ်လေ :mrgreen:

      မလုံရင် ကျုပ်ပြောသလို ပိုစ့်တင်စမ်းပါ။ ကွန်မန်းဝင်ရေးစမ်းပါ။

      လက်တွေ့လဲမပါ စာတွေ့လဲမပါ ဖတ်ရုံသက်သက်နဲ့ မတင်းတိမ်စေ

      ချင်ဘူး။တခုခုတော့ ရစေချင်တယ်။ သိသူများကလည်း ပေးစေ

      ချင်တယ်။

      အလူအတန်းမှာ ဒီအတိုင်းငွေ ပစ္စည်း လူတာကောင်းပါတယ်။

      ဒါပေမဲ့ ကိုယ်တိုင် လူချင်းတွေ့ ပေးလူတာပို ကောင်းတာကို

      ကျုပ်ကခံစားရတယ်။ ဒီအတိုင်းရော့အင့် လူဘူးတယ်။

      လိုအပ်နေသူတွေရှိရာကို အပင်ပမ်းခံသွားပြီး တော့ သူတို့ရဲ့

      ဘဝကို အနီးကပ်မြင်ပြီးလည်းလူဘူးတယ်။

      ဒီအတိုင်းရော့အင့်တုန်းက အဲ့လောက်ပဲ။

      သွားလူတော့သူတို့ဘဝကိုမြင်ပြီး ထပ်ဆင့်လူဖြစ်တယ်။

      ခုလည်းသွားလူဖြစ်နေတယ် လတိုင်းပေါ့။

      စာမှာလည်း ဖတ်ရုံနဲ့ ဝင်ဆွေးနွေးတာကွာတယ်လို့တော့

      ပြောတော့ပါဘူးနော့် :mrgreen:

      • amatmin

        July 13, 2013 at 7:07 am

        ဇဂါးမစပ်ဗျာ.
        ဒီဆိုဒ်မှာ အရင်က အဝှဲယားနက်စ်(Awareness) ဆိုပီး ရေးသူဖတ်သူဒွေ
        အထူးတလည်ပြောခဲ့ဖူးကြပါရဲ့..။
        ဆိုတော့ အဲ့ဒါကြီးက ကိုယ်တိုင်ရေးရင်း ဆွေးနွေးသူဒွေ ကြားဘယ်လောက်ထိရောက်ခဲ့လည်းတော့
        တချို့အချက်တွေကို ဆက်စပ်မိခဲ့ရင် ကိုယ်တိုင်သိနိုင်ကောင်းပါရဲ့. ။
        ဆွေးနွေးဖို့ပဲ အားသန်ရင်းစာကို စာမှာပဲထားခဲ့တဲ့ လူဒွေတအုံတမကြီးရှိသေးတာတော့
        စာဖတ်နေရင်းပဲ တွေ့လာလာနေရဒါရယ်. 😛

  • Nyo Win

    July 12, 2013 at 3:30 pm

    ကျနော်ကလည်းဒဲ့ပြောပါမည်…
    Professional/Technical field တွေနဲ ့ဘာသာရေး ပို ့စ် တွေမှာ
    မိမိလိုက်မမှီတဲ့ အပိုင်းဖြစ်တဲ့အတွက် မမန် ့ဝံ့ ပါ
    အတွေးအခေါ်ဆိုင်ရာ ပို ့စ်တွေမှာတော့ ..အရှည်မန် ့ရမှာဖြစ်လေတော့ လက်ကွက်နှေးတဲ့ အတွက်
    မမန် ့ဖြစ်ပါ(အခုတောင်ရိုက်ရတာမိနစ်နှစ်ဆယ်လောက်ဖြစ်နေပြီ)
    လူသိများရင်ပြီးရောဆိုပြီး negative sense ပို ့စ် လည်းမတင်တတ်ပါ..
    ဟုတ်ကဲ့ ထပ်ပြီး ဒဲ့ပြောပါမည်…..ကျွန်တော်ညံ့ပါသည်…
    သို ့သော်…..စာဖတ်တတ်ပါသည်။

    • မင်းမင်း

      July 13, 2013 at 9:43 am

      လက်ကွက်ပြိုင်နှေးမလား :mrgreen:

      နောက် စာဖတ်တတ် တယ်ပေါ့လေ ။

      ဖတ်တဲ့စာကို သိအောင်ဖတ်တာလား?

      မသိတာကို ဖတ်တာလား?

      ဖတ်ပြီး မသိတာတွေ ရှိပါလား?

      ကျနော်ပြောမယ်။

      စာအုပ်တအုပ် ကိုဖတ်မယ်။

      ခင်ဗျားနားမလည်တာတွေရှိနိုင်တယ်။

      ခင်ဗျားမှာ နားမလည် တဲ့အပိုင်းကို ရေးတဲ့သူကို

      မေးဖို့အခွင့်အလမ်းမရှိဘူး။

      ခင်ဗျားဖတ်ပြီးဒီလိုနားလည်းပါတယ်ဆိုပြီး ရေးတဲ့သူတွေနဲ့

      ဆွေးနွေးခွင့်မရှိဘူး။

      ဒါပေမဲ့ ဒီမှာရှိတယ်။ ရေးသူနဲ့သာမက ရေးသူထက်ပိုပြီး

      သိတဲ့ သက်ဆိုင်ရာ သူတွေရှိတယ်။ ခင်ဗျားတို့

      ဒီအခွင့်အရေးကို အသုံးမချ နိုင်ဘူး မြင်လို့ပါ။

      နှမြောစရာကောင်းလွန်းလို့ပါ။

      ဘာပဲပြောပြော ခင်ဗျား ဒီလိုမန့်တာကို

      ကျုပ်ဝမ်းသာတယ်။

      ကျေးဇူးတင်ပါတယ်။

      ခင်ဗျား ဖတ်ထားတဲ့ အထဲက ပြန်ပြီး

      ပြောပြချင်တဲ့ တခုခု ပိုစ်တင်ပါလို့

      တောင်းဆိုပါတယ်။ တရက်လောက်အချိန်ပေး

      ရင်ပေးရပါစေ။ ခင်ဗျားစာက ပရိုတွေ လောက်မကောင်းနိုင်ပါဘူး။

      ပရိုမှမဟုတ်တာ။ ဒါပေမဲ့ ခင်ဗျား စာရေးတော့မယ်ဆိုရင်

      ခါတိုင်းဖတ်တာထက်ပိုတဲ့ ဖတ်ခြင်းထင်ပိုလာနိုင်ပါတယ်။

      နောက်တခု လူသိများဖို့ ပိုစ့်တင်တယ်လို့ ဒီရွာသူား တွေ ကိုမမြင်စေချင်ဘူး။

      အားလုံး မိမိခံယူချက် စေတနာတွေနဲ့ မိမိ တတ်သလောက်နဲ့ ဝေမျှနေတာပါ။

      ပေးဆပ်နေတာပါ။ အသိတခုခုရပါစေ။ဖတ်တတ်ပါစေ။သင်ခန်းစာယူနိုင်ပါစေ။

      တွေးတတ်ပါစေ။ ခွန်အားရပါစေ။ ဆိုပြီးရေးနေကြတာပါ။ စာဖတ်တာကြာလာရင်

      ဆန့်ကျင်ဘက်အရေးအသား အတွေးအခေါ်တွေကို အသုံးချတတ်ဖို့ တန်ပြန်

      တွေးခေါ်တတ်ဖို့ထိမြင့်လာမှာပါ။

      ဒဲ့ပြောပါအုံးမယ်။

      ကျနော်တော်လား သိလား ဆိုရင် ဟုတ်ကဲ့တော်ပါတယ်။သိပါတယ်။

      ကျနော် ညံ့သလားမေးရင် ဟုတ်ကဲ့ ညံ့ပါတယ် ။ညံ့ပါတယ်။

      ဒါလေးကို စာဖတ်တတ်ရင် တွေးကြည့်စေချင်တယ်။

      • Nyo Win

        July 13, 2013 at 10:53 am

        ဖတ်တဲ့စာကို သိအောင်ဖတ်တာလား?

        မသိတာကို ဖတ်တာလား?

        ဖတ်ပြီး မသိတာတွေ ရှိပါလား?
        မေးပိုင်ခွင့် ရှိပါလား? ဒါ ပုဂ္ဂလိက ဆိုင်ရာဖြစ်သွားပြီ ထင်တယ်..
        ကျုပ် Professional field ထဲ မှာ တင့်တောင်း တင့်တယ် နေနေတဲ့သူပါ။
        စာရေးဆရာ လည်းမဟုတ်ဘူး…ဘာသာရေး သမားလည်းမဟုတ်ဘူး…စီးပွာရေးသမားလည်းမဟုတ်ဘူး…
        ဝန်ထမ်းသက်သက် ပဲ……စာရေးနိုင်/တတ်မှ..အပြန်အလှန်ဆွေးနွေးနိုင်မှ..member ဝင်ခွင့်
        ရမယ်ဆိုရင် ကျုပ်မဝင်ဘူး ( ဒီ MG ထဲက member တွေအာလုံး အဲဒီသဘော မရှိဘူးဆိုတာ
        ကျုပ် ယုံတယ်)…ကျုပ်ဒီရွာထဲ ဝင်လေ့လာနေတာ.. 2009 ထဲကပဲ
        ပညာ မျှဝေနေ သူတိုင်း က ပြန်ရလိုခြင်းကင်းတယ် လို ့ကျုပ် ယုံတယ်…း))))

        • မင်းမင်း

          July 13, 2013 at 12:32 pm

          ဝင်ဆွေးနွေးပေးတာကျေးဇူးပဲဗျာ။
          ဆွေးနွေးတာဆိုတော့ လိုအပ်ရင်လိုအပ်
          သလိုမေး တဲ့ မေးခွန်းပါ။
          မဖြေလိုလဲကိစ္စမရှိပါဘူး။
          မျှဝေနေသူတိုင်း ပြန်ရလိုခြင်းကင်းတယ် ဆိုတော့
          ကျနော် အဲဒါကို နားမလည်နိုင်ဘူး။
          နဲနဲပြန်ရှင်းပြပေးနိုင်မလား။
          ကျနော်က အဲဒါကို မယုံဘူးလေ။

  • kai

    July 12, 2013 at 3:56 pm

    အမှန်ကတော့..
    မြန်မာတွေ.. တွေးရဲ..ပြောရဲ.. ဆွေးနွေးရဲလာကြတာလေးကိုက.. ချစ်စရာပါ…
    အရင်ကများ… ဒီလိုဖြစ်ဖို့..မလွယ်ရေးချ..မလွယ်..
    မျက်နှာဖုံးလည်းတပ်ရ.. စာလည်းမရေးရဲ..

    ဘာကြာသေးတာလိုက်လို့..
    လွန်ခဲ့တဲ့..၂နှစ်လောက်ကတင်နော.. :mrgreen:

    • မင်းမင်း

      July 12, 2013 at 4:58 pm

      ဟုတ်ပါတယ် သူကြီးမင်း။ဒါကိုတွန့်သွား
      စေမဲ့အရာတွေ့ရင် ဖိုက်မှာပဲ။
      အဲ လမ်းမမှားအောင်တော့ သိသူများက
      ဝိုင်ထိန်းပေးပေါ့ဗျာ။
      ခုကျနော်တို့က ဒီမှာတင်ပြောရဲတဲ့အဆင့်ပဲ
      ရှိသေးတယ်။ ဟိုမှာတော့ တိုက်ရိုက်မခံရသေး
      ပဲမပြောရဲသေးဘူး။
      ဒီတော့ ဒီမှာလောက်တော့ပြောရဲ ဆိုရဲ ဖြစ်စေချင်တာ
      ပါ။

    • မင်းမင်း

      July 13, 2013 at 9:48 am

      ဒါမျိုး ဆိုတော့ သဘောပေါက်ပါတယ်။

      ဒဲ့ မန့် ရမဲ့ သူမျိုးတွေ အနေအထား မဟုတ်ဘူး။

      လူအမုန်း မခံနိုင်။ အမြင်အစောင်းမခံနိုင်တဲ့ အနေအထား

      လို့ တွေးပေးပါတယ် :mrgreen:

      တော်သေးတယ် ဒဲ့ဖတ်ပေးလို့ :mrgreen:

  • Inz@ghi

    July 13, 2013 at 12:22 am

    ကိုယ့် ကောမန့် အစဆွဲထုတ်ထားမှတော့ ဝင်မန့်ပါဦးမယ်လေ..

    ဟင့်အင်း လုံးဝ မထင်ဘူး …. ကျေနပ်လောက်စရာအဆင့်ရယ်လို့..
    better than ever ဆိုတာကို ကျေနပ်နေရုံနဲ့ မပြီးသေးဘူး..
    အာရှဖလားကို ခြေစစ်ပွဲအောင်တယ် ဆိုတာ အာရှဖလား အုပ်စုအဆင့်မှာ
    ကိုယ်ဖြိုလာခဲ့တဲ့ ငတိတွေထက် အသည်းမာသူတွေ စောင့်နေမယ်ဆိုတဲ့
    အချက်ပေးခေါင်းလောင်းသံပဲဖြစ်တယ်။
    engage entertain educate တဲ့ ဘယ်ဘက်မှာ ဘယ်လို လူနည်းနေပြီး လူလိုနေတယ် ဆိုတာပါ

    ဘောဥပမာပြန်ကောက် ဒို့ဗမာနိုင်ပြီ ဆိုနေမယ့်အစား ထရိန်နင် နာနာမောင်းနေရမှာ လို့လည်း မြင်မိတယ်..
    အခု ကွင်းထဲရောက်နေတဲ့ ကျုပ်တို့ ခညားတို့ အရံခုံပေါ်ရောက်သင့်ရောက်ရမယ့် …
    (မရောက်ချင် ကိုယ်ပိုကြိုးစားရမယ့်)ကာလ လို့လည်း မြင်တယ်…။

    ဗမာစာနဲ့ ရေးတဲ့ ထိပ်သီး ဘလော့ဂါတွေဟာ သူရို့ လှုပ်ရှားတက်ကြွမှု ရှိနေကြောင်း
    သူရို့ ပရိတ်သတ်ကို ပြချင်တဲ့အခါ ဒီ ဆိုက်ဒ် မှာ ပိုစ့်သစ် လာတင်ရပါတယ်..ဆိုတဲ့
    အနေအထားမျိုးရောက်တဲ့အခါကျမှ လက်ခမောင်း ခတ်ရင်း မတ်တပ်ရပ် လက်ခုတ်တီးကြတာပေါ့ဗျာ..

    တော်သေးဘီ

    • မင်းမင်း

      July 13, 2013 at 10:10 am

      ဒီထဲကသူတွေက ဒီလောက်နဲ့ ကျေနပ်နေကြတာလား

      စဉ်းစားစရာပဲ။ခင်ဗျားပြောသလို ကျုပ်တို့ အားလုံးသက်လုံ

      ကောင်းအောင် လေ့ကျင့်ဖို့လိုနေပြီ။

      ကျွေးတာကိုစားနိုင်ဖို့ ငတ်မွတ်နေသင့်ပြီ ။

      မဟုတ်သေးဘူး။ ငတ်မွတ်နေတာကို ကျွေးနိုင်တဲ့

      သူတွေ သိအောင် အော်ဖို့လိုနေပြီ။

      အမှန်က ကျုပ် ပိုစ့်မတင်ချင်ဘူး။

      တင်တဲ့ပိုစ့်တွေမှာပဲ ဝင်ဆွေးနွေချင်တာ။

      ဆွေးနွေးထက် မသိတာ နားမလည်တာတွေမေးချင်တာ။

      ဒဲ့ပြောရရင် ခုဒီအထဲမှာ မေးရင် ရှင်းမပြချင်တာတွေ ကခပ်များများ။

      ဒီထဲမှာ ဖတ်သူတွေကို ဆွဲခေါ်ချင်တဲ့ ( စိတ်ရှည်လက်ရှည်ပေါ့ )

      သူက ခပ်နဲနဲ။ ဖတ်သူအများစုကလဲ ဝေးတိဝေးဝါး ဖတ်သူကအများ။

      ဒီကြားထဲ လူမုန်းမခံချင်တာ အခင်အမင်ပျက်မှာ မိတ်ပျက်မှာခပ်များများ

      ဒါပေမဲ့ ခပ်နည်းနည်းလူစုတွေနဲ့တင် ဒီဆိုဒ်က မြန်မာတွေအတွက်အကောင်း

      ဆုံးဆိုတာကိုတော့ လက်ခံတယ်။

  • ဦးကြောင်ကြီး

    July 13, 2013 at 10:44 am

    ဒေါက်တာချက်ကြီးဆိုက် ဒေါင်းသွားပြီးကထဲက ရွာသားတွေ လက်ကျကုန်တာပါပဲဗျာ… 🙁

  • NAJA

    July 13, 2013 at 11:03 pm

    ဝင်ဖတ်သွားပါသည်

    နောက်တာ
    ဟဲဟဲ
    အတည်မန့်ရရင်တော့ ဆိုလိုရင်းကိုသဘောကျပါတယ်
    အဲဒီအတွက် ကိုမင်းမင်းလဲရွာသားတစ်ယောက်ဖြစ်လာတော့
    တာဝန်ထမိးတဲ့အနေနဲ့ ရွာထဲလှည့်ပြီး ဘယ်သူအောက်စလွတ်လဲကြည့်ဗျာ
    ဆိုလိုတာက
    မကြိုက်တာရှိရင်ရှိသလို ပြောဗျာ

    အရင်က ရွာထဲမှာ ဂဏန်းအင်အားတွေရှိသဗျ
    ဟုတ်တာမဟုတ်တာအသာထား ရွာစည်ပြီးတော့ ရှု့ထောင့်သစ်တွေတွေးရတယ်ဗျ

    ကိုဘုန်းကျော်တို့များသတိရမိသေးတော့ 😀

    ကျွန်တော်တို့အတော်များများက ရငးနီးလာတာနဲ့အမျှ
    ထောက်စရာတွေ့ရင်တောင် မျက်နှာနာနေတော့
    မမြင်ချင်ယောင်ဆောင်တတ်ကြတော့ကာ
    အခုကိုမင်းမင်းလိုလူ လိုသဗျ
    ကီးမလျော့သွားစေနဲ့ဗျာ
    ချသာချ
    အားပေးနေမယ်
    😀

    • မင်းမင်း

      July 14, 2013 at 8:12 pm

      အောင်မလေး လူမိုက်ဌားနေပါလား :mrgreen:

      သူများအောက်စ လွတ်တာ မကြည့်ခင်

      ကျနော့်အောက်စရော ?

      ဟမ်းမလေး ဟောင်းလောင်းကြီးဗျိုးးးး :mrgreen:

  • အရီးခင်လတ်

    July 14, 2013 at 2:04 pm

    စိမ်းထားတာ ကိုလဲ ကန့်လန့်တိုက်ဦးမယ်။
    ဂဇက်ရွာရဲ့ အလှ ကို ပြန်သုံးသပ်ကြည့်ပါဦး မောင်ဂီ ရယ်။
    ရင်ထဲရှိရာ ဘယ်သူမဆို ဘာ အကြောင်းဘဲဖြစ်ဖြစ် လာပြီး ပေါက်ကွဲ လို့တဲ့ နေရာ လေး ပါ။
    Cat Walk လျှောက်လမ်း မဟုတ်ဘူး။
    ပရို စာတွေက သူရို့ဟာသူရို့ သီးသန့် Site တွေ ရှိပြီးဘဲ။
    ကျုပ်တို့ နေရာလေး က ပရိုမှ ဘာမှ – ဘာမှ မလိုဘူး။

    လွတ်လပ်စွာ တွေးခေါ် ရေးသား ခွင့်ရှိတဲ့ ပုံစံခွက်ချ မထား တဲ့ နေရာလေး မို့
    ကျုပ် တော့ ချစ် တာထင်တာပါဘဲ။
    😆
    လွတ်လပ်မှုကို နှစ်သက်တဲ့ ပရို တွေလဲ အချိန်မရွေး ဝင်လာနိုင်နေတာပါဘဲ။
    ထုံးစံအတိုင်း သူတစ်ပါးကို မထိခိုက်တဲ့ လွတ်လပ်မှုပေါ့။

    ပုံစံခွက် မရှိတဲ့ နေရာထဲ အဆင့်မြင့်မြင့် နေဖို့ တစ်ယောက်ကို တစ်ယောက် ဖေးမ ကြဖို့ဘဲ လိုတယ်။ 😛

    • အလင်း ဆက်

      July 14, 2013 at 5:54 pm

      ကျွန်တော်က တော့
      ဒီနေရာလေးကို ချစ်လွန်းလို ့
      ချစ်တဲ့ အကြောင်းတောင် ရေးပြီးပြီ ။
      ကျွန်တော် ချစ်သော ပတ်ဝန်းကျင် ဆိုပြီးးးး

      ဂဇက်ကို ရည်းစားစာ ပေးတာလေ
      😆

      • မင်းမင်း

        July 14, 2013 at 8:08 pm

        ဆရာ အလင်း ရေ ချစ်တဲ့အကြောင်းကတော့

        ပိုစ်မတင်ခငါတဲကသိနေပါတယ်။

        ကျနော်ကနောက်ကျနေလို့ ရှေ့ လူတွေကိုမြင်တဲ့ အခါ

        ဆရာအလင်းကို လီဗာပူလ်း နဲ့ ဂျရတ်ခွဲ မရသလို

        ဂဇက်နဲ့ အလင်းစက်ခွဲမရ ဘူးလို့လဲ မြင်ထားပါတယ်။

        အားမနာတမ်း ချစ်ပါဗျာ။

    • မင်းမင်း

      July 14, 2013 at 8:02 pm

      Commentပုံစံခွက် မရှိတဲ့ နေရာထဲ အဆင့်မြင့်မြင့် နေဖို့ တစ်ယောက်ကို တစ်ယောက် ဖေးမ ကြဖို့ဘဲ လိုတယ်။

      ဟုတ်ပါတယ်။ အဲဒီဘက်မှာ နဲနဲ အားပိုစိုက်စေချင်တာပါ။

      ကျေးဇူးပါအရီး။ကျနော်မှတ်ထားပါမယ့်။

Leave a Reply