ဝါးချင်ပါဘိတောင်း

DEPARKO DEPARKOJuly 12, 20131min13110

အနီးကြည့်လည်းမပြတ်သား ငါ့မှာဝါးတားတား
အဝေးကြည့်တော့နှစ်ထပ်ဖြစ် ပုံရိပ်ဘယ်မစစ်
ဝါးချင်တဲ့မျက်လုံး တိမ်များဖုံးနေသလားလို့
ရဲမျက်မှန်မှာသွားစစ် ငွေစက္ကူအသစ်တွေကုန်ပါရော။
လစာငွေရဲ့တစ်ဝက် မျက်မှန်ကိုင်းအတွက်
လမ်းမတစ်ကာလျှောက်ကာကြွား ငါနဲ့လိုက်သလားပေါ့
မျက်စေ့ကပါဝါတိုး ဇက်ကြောတွေကထိုးလွန်းလို့
အမျိုးမျိုးသောဆေးတွေသောက် မပျောက်နိုင်ခဲ့တော့မှ
ဝါးချင်တဲ့မျက်လုံး အမှန်မြင်အောင်သုံးသပ်
လက်စသပ်တော့ ၂၁ရာစုရဲ့သမီးပျို
ပေါင်အတို ရင်ဟိုက်ကွဲ စတော်ကင်အမြဲဝတ်တတ်တဲ့
ဒင်းလက်ချက်ဘဲ။

10 comments

  • Ma Ma

    July 12, 2013 at 9:40 am

    အဟမ်းးး အဟမ်းးးးးး
    မစ္စတာ ဒီပါ မျက်မှန်သုံးရတဲ့ တရားခံအစစ်အမှန်ကို ရှာတွေ့သွားပြီဆိုတော့ကာ….
    နောင်……….ပါဝါတိုးဖို့သာ ရှိတော့တာပေ့ါ။ 😆

    • DEPARKO DEPARKO

      July 12, 2013 at 9:53 am

      မမရေ အခုတောင်၂၅ဝ နောက်ဆိုပုလင်းဖင်ဖြစ်တော့မယ်

  • surmi

    July 12, 2013 at 9:49 am

    ​ပြောလိုက်​ဗျာ
    မရှင်​းမရှင်​းမလုပ်​နဲ့ လူကြီးကိုမ​ကျီစား​ကောင်​းဘူး လို့

  • kyeemite

    July 12, 2013 at 1:55 pm

    မျက်မှန်အကြောင်းတော့
    မပြောချင်ပါဘူးဗျာ
    ကောက်သွားတာနဲ့
    ပျောက်သွားတာနဲ့
    ခုထိဆိုမျက်မှန်ဖိုးချည်းမနဲတော့ဘူး… 😆

  • Garfield

    July 12, 2013 at 2:03 pm

    အဲလာဆို ခု ခေတ်စားနေတဲ့ ဟို ကောင်လေး ဓာတ်ပုံကြည့်လိုက်လေ။
    ကြည့်မိတဲ့ မျက်လုံး ကန်းချင်သွားအောင်။ :mrgreen:

    • DEPARKO DEPARKO

      July 13, 2013 at 7:26 am

      မွန်မွန်ညည်းလူကြီးကိုလာလာဆွနေတယ် ငါစိတ်ဖေါက်လာရင်ညည်းရှာပေးရမှာနော် ဟင်းဟင်းဟီးဟီးငှက်ဖျားတောင်တက်လာပြီ

  • ဝါးဂျင်ရင် ဝါးပလိုက်ပေါ့ဗျာ …
    စားမှာပဲ .. ဝါးမှာပဲ ..
    ငါ့ကို လာမတားနဲ့ ..
    ဆိုတဲ့ သီချင်းတောင် ရှိသေး …
    (မြှောက်ပေးဒါ) :mrgreen:

  • Shwe Ei

    July 12, 2013 at 5:24 pm

    ခေတ်ဆိုတဲ့ ရေးစီးဂျောင်းရီးထဲ အလိုက်သင့်မမျောနိုင်ဘဲ မရှင်းမရှင်းဖြစ်တိုင်း မျောက်မှန်တပ်ကြည့်မယ်ဆိုရင်ဖြင့် ကို့ဒေါသနဲ့ကိုဘဲပေါ့ အူးလေးရေ
    ပါဝါဆိုတာတိုးတိုင်းလဲ သိပ်မကောင်းဘူးနော် အထူးသဖြင့်မျောက်မှန်ပေါ့ဂျာ :mrgreen:

  • အလင်း ဆက်

    July 12, 2013 at 6:23 pm

    တချို ့လူတွေရဲ့ စိတ်ထားက
    စကတ်တိုတို ဝ တ်ထားကြတယ် တဲ့

    တာရာမင်းဝေရဲ့ စာတစ်အုပ်ထဲက စကားပါ

    သတိရသွားလို ့

    😆

Leave a Reply