ဒီပါကိုလွယ်အိတ်

DEPARKO DEPARKOJuly 12, 20131min1279

စိုင်ကော်လို့ခြုံပေါ်ရောက် ခြင်္သေ့ဟောက်သံနဲ့ဖါးသူငယ်
မင်းအရွယ်ငယ်ပါသေး။
ဒေါင်းယောင်ေဆောင်တဲ့ကျီး အမြီးဖြန့်ကာမှ
ပြစရာတစ်ကွက်မှမရှိ အားလုံးဓါတ်သိတွေချည်း။
မုဆိုးခြေထောက် ဆူးမကြောက်ခဲ့ပေမည့်
အာဖဂန်ကမိုင်းမျိုး အဖြစ်ဆိုးမှာတော့ကြောက်ရှာသား။
ရေများရေနိုင်မီးများမီးနိုင် မီးကိုမနိုင်တဲ့မီးသတ်ကား
အထူးအဆန်းလုပ်နေရော့သလား။
မင်းရဲ့စကား မိုးကြိုးသွား ရောင်းစားလို့ရမှတော့
မိုးကြိုးသွားနဲ့ပီယဆေးဖေါ် ပေါက်ဖေါ်ကြီးကကြိုက်မှကြိုက်။
ကောသလမင်းအိမ်မက် တစ်ဆယ့်ခြောက်ချက်
အခုခေတ်မှာအသက်ဝင် အဲဒီရှင်ဘုရင်ရှိသေးရင် ခေါ်လို့ပင်ပြလိုက်ချင်သေး။
ရေနစ်သူ ဝါးကူလို့ထိုး အဖြစ်ဆိုးလှချည့် တရားမရှိ နတ်မသိအောင်
ခပ်ပြောင်ပြောင်မျက်နှာထား ကျံကျောင်းရဲ့ဒါးနဲ့ခုတ် မျက်နှာမွဲပေါင်ချိန်အစုတ်ကို
အရေးလုပ်မယ်တောင်မထင်။
မင်းခယောက်ကျား ကမ်းနားသစ်ပင် စည်ပင်က ဒါးနဲ့ခုတ်လို့ အပင်တွေမရှိတာကြာပါပကော။
သစ်ငုတ်မြင့်တုံ မြက်မြင့်တုံတဲ့ သစ်ငုတ်ကိုမျက်ဖုန်းလို့ လူလုံးမပြရတာကြာပါပကော။
ကြာကြာဝါးမည့်သွား အံကပ်သာတပ်လို့ထား ကြမ်းကျွံရင်နှုတ်လို့ရ စကားကျွံရင်နှုတ်လို့ရအောင်
တရားခွင်မှာ ကျမ်းမကြောက် ဘယ်သဘောက်မသားလဲ
ကိုယ့်ကိုကိုယ်ဖေါ် မသူတော် တစ်ရာ့တစ်ပါး မင်းဖြစ်လေမလားလို့ ပေါ့နော်ပေါ့နော်ပေါ့နော်

9 comments

  • အလင်း ဆက်

    July 12, 2013 at 1:49 pm

    စကားလုံးတွေ ပေါ့နော်
    သုံးထားတာ ပေါ့နော်
    အရမ်း အရမ်းကို ပေါ့နော်
    ဘယ်လို ပြောရ မလဲ ပေါ့နော်
    ဟိုဒင်းပေါ့နော်
    လန်းးးးဒယ် ပေါ့နော်

    ဖတ်သွားပါတယ် ပေါ့နော်

    😆

  • kyeemite

    July 12, 2013 at 2:00 pm

    ဘူးသီးမှအရီးတော်
    အမြည်းမပါ အာကပူသေး
    ဖွတ်ထွက်မှတောင်ပို့မှန်းသိ
    ဖွတ်သားကစားကောင်းပါဘိ
    ဝါဝါမြင်တိုင်းရွှေထင်
    သန်းရွှေဆိုရင်ရိုက်သတ်ချင်တုန်း။ 😆

  • ဝါးး ဝါးး ဝါးး
    ရေးထားဒါ …
    ရေလည် မိုက်တယ် …
    ခင်ဗျား ကဗျာတွေ ဘယ်လောက်တောင် ရှိလဲ ….
    ဗျဲ .. ဟဲ .. ဟဲ .. (ကာရံ) :mrgreen:

    • DEPARKO DEPARKO

      July 13, 2013 at 7:22 am

      အညားကြီး ဒီဇယ်အင်ဂျင်လိုပ အရှိန်ရရင်ရပ်လို့မရတော့ဘူး

  • Ma Ma

    July 13, 2013 at 8:41 am

    (တရားခွင်မှာ ကျမ်းမကြောက် ဘယ်သဘောက်မသားလဲ)
    ဆိုတာကို သဘောကျသွားတယ်။ :mrgreen:
    ဒီပါကိုရဲ့ ပေါက်ကွဲသံစဉ်စီးရီးတွေ တမံကျိုးသလို ထွက်ကျလာအုံးမယ် ထင်ပါရဲ့။

    • DEPARKO DEPARKO

      July 13, 2013 at 11:26 am

      တမံလောက်အဆင့် ပျင်းတောင်ပြင်းသေး ဆူနာမီအဆင့်၁ဝဗျို့ မြိုထားရတာတွေများလွန်းလို့
      ဗိုက်တောင် သစ္စက ပရဇ်ပိုက်လို သံခါးပါတ်ပတ်ထားရတယ်

  • Wow

    July 13, 2013 at 1:46 pm

    ဒါမျိုးအမှတ်တွေပြောတာ များများမြင်ခြင်တာ.. ဆက်ရေး (မြှောက်ပေးခြင်းမဟုတ်ပါ) :mrgreen:

  • Mr. MarGa

    July 13, 2013 at 4:41 pm

    အဲဒီလို ဆိုရင်ပေါ့နော်
    ပြန်လာပြီပေါ့နော်
    နောက်ထပ်လဲ ဆက်ရေးမှာတွေကို မျှော်နေဦးမယ် ပေါ့နော်
    ကဗျာလေးများကိုလဲ အလစ်သုတ်ဖို့ ချောင်းနေပါတယ်ပေါ့နော်
    :mrgreen:

  • DEPARKO DEPARKO

    July 15, 2013 at 10:35 am

    ရတယ် မူပိုင်ခွင့်မထားပါ မည်သူမဆို ယူသုံးနိုင်ပါသည်

Leave a Reply