ဒီရွာထဲမှာ ငါ ရေးချင်ရာလေး ငါ ရေးတယ် ၊

တချို့ကတော့  အချစ်ဆိုတာချည်းပဲ ရေးနေတာ ၊

ကိုယ့် အသက်မှ ကိုယ် အားမနာ တဲ့ ၊

၁၉၆၂ မှာ လူဖြစ်ခဲ့တဲ့ ငါ ၊  ၁၉၈၈ မှာ ငါ  ၂၆ နှစ်သား ဖြစ်နေပြီ ၊

၁၉၈၉ နှစ်ဆန်း  ရုံးချုပ်မှာ ငါ လုပ်အားပေး ၊  နောက်တော့ အဖွဲ့ဝင်လက်ခံဌာန တာဝန်ခံဖြစ် ၊

ဘယ်သကောင့်သားမှ အနားမလာတဲ့ ရုံးချုပ်ကို ရွှေဂုံတိုင် အုတ်လမ်း နံပါတ် ၉၇ ပြောင်းတော့

ဒေါ့ဂျစ်ကားတောင် ငှားမရ ၊ မင်းတို့ သိကြသလား ၊

၁၉၉၀ ရွေးကောက်ပွဲကာလ  ဘယ်ကပေါ်လာမှန်းမသိတဲ့ လက်ပါတ်အနီနဲ့ကောင်က ရုံးထဲ မဝင်ရဘူးတဲ့ ၊

သြော်  တကယ် ရုန်းရမယ့်အချိန်မှာ အဲဒီ မအေပေးက ဘယ်နားမှာ အိပ်နေပါလိမ့် ၊

( ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အတွင်းရေးမှုး ဦးလွင်က မင်း သူ့ကို မသိပဲ ဘာလို့ ပိတ်ထားသလဲဆိုမှ
တံခါးသော့ဖွင့်တဲ့အကောင် အခုကော ဘယ်ချောင်ရောက်နေမလဲ ? )

အခု ၂၀၀၈ ကစလို့ နောက်ပိုင်းမှာ ရေးလိုက်ကြတာ သောက်သောက်လဲ ၊

ငါ ဘာသာရေး နိုင်ငံရေး ဘယ်သူနဲ့မှ သိပ်မဆွေးနွေးဘူး ၊

သိပ် အငြင်းပွားတတ်လို့ ၊

ဘာမှ မရေး မငြင်းတာ ကို  ငတုံးလို့တော့ မထင်နဲ့ ၊

အဲဒါမျိုး ငြင်းခုံရတာ ပျင်းလွန်းလို့  တခြား ဟိုရေး ဒီရေးလုပ်နေတာ ၊

Untitled-4

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..