ဘာ နိူင်ငံရေးစကား ဟုတ်လား

ဒီရွာထဲမှာ ငါ ရေးချင်ရာလေး ငါ ရေးတယ် ၊

တချို့ကတော့  အချစ်ဆိုတာချည်းပဲ ရေးနေတာ ၊

ကိုယ့် အသက်မှ ကိုယ် အားမနာ တဲ့ ၊

၁၉၆၂ မှာ လူဖြစ်ခဲ့တဲ့ ငါ ၊  ၁၉၈၈ မှာ ငါ  ၂၆ နှစ်သား ဖြစ်နေပြီ ၊

၁၉၈၉ နှစ်ဆန်း  ရုံးချုပ်မှာ ငါ လုပ်အားပေး ၊  နောက်တော့ အဖွဲ့ဝင်လက်ခံဌာန တာဝန်ခံဖြစ် ၊

ဘယ်သကောင့်သားမှ အနားမလာတဲ့ ရုံးချုပ်ကို ရွှေဂုံတိုင် အုတ်လမ်း နံပါတ် ၉ရ ပြောင်းတော့

ဒေါ့ဂျစ်ကားတောင် ငှားမရ ၊ မင်းတို့ သိကြသလား ၊

၁၉၉ဝ ရွေးကောက်ပွဲကာလ  ဘယ်ကပေါ်လာမှန်းမသိတဲ့ လက်ပါတ်အနီနဲ့ကောင်က ရုံးထဲ မဝင်ရဘူးတဲ့ ၊

ဪ  တကယ် ရုန်းရမယ့်အချိန်မှာ အဲဒီ မအေပေးက ဘယ်နားမှာ အိပ်နေပါလိမ့် ၊

( ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အတွင်းရေးမှုး ဦးလွင်က မင်း သူ့ကို မသိပဲ ဘာလို့ ပိတ်ထားသလဲဆိုမှ
တံခါးသော့ဖွင့်တဲ့အကောင် အခုကော ဘယ်ချောင်ရောက်နေမလဲ ? )

အခု ၂၀၀၈ ကစလို့ နောက်ပိုင်းမှာ ရေးလိုက်ကြတာ သောက်သောက်လဲ ၊

ငါ ဘာသာရေး နိူင်ငံရေး ဘယ်သူနဲ့မှ သိပ်မဆွေးနွေးဘူး ၊

သိပ် အငြင်းပွားတတ်လို့ ၊

ဘာမှ မရေး မငြင်းတာ ကို  ငတုံးလို့တော့ မထင်နဲ့ ၊

အဲဒါမျိုး ငြင်းခုံရတာ ပျင်းလွန်းလို့  တခြား ဟိုရေး ဒီရေးလုပ်နေတာ ၊

Untitled-4

16 comments

  • အရီးခင်လတ်

    July 12, 2013 at 10:59 pm

    မထင်ပါဘူး ကိုမျိုး ရယ်။
    ကျုပ်လဲ အခုချိန် အချစ် အကြောင်း ဘာမှ မရေး မငြင်းတာ ကို ငတုံးလို့တော့ မထင်နဲ့ ၊
    jk ….. 😉
    နောက်တာနော။ 😛

  • နိုင်ဂံရေး ဆိုဒေါ့ နိုင်ဂံဒေါ်ဂျီးနဲ့ ပတ်သက်တဲ့ အရေးပေါ့ ….
    နိုင်ဂံရေးချကား ဆိုဒေါ့ဂါ နိုင်ဂံဂျီးအရေးနဲ့ ပတ်သက်တဲ့ ချကား ဖြစ်မှာပေါ့ ….
    ဒီချကား တွေက နိုင်ဂံဒေါ်ဂျီး ကောင်းဖို့အရေး ချကားဒွေဘဲ ဖစ်ရမယ် ….
    နိုင်ငံဒေါ်ဂျီး ကို အကျောင်းပျပီး ပေါဒဲ့ စကားဆိုရင်ဒေါ့ …
    နိုင်ဂံရေး ချကား မဟုတ်လောက်တော့ဘူး …
    ထပ်ပီး ပေါဒတ်ဒေါ့ဝူး ….
    အိုင် ဂဒေါ့ နည်းနည်း ဝင်ဖြီးကျိဒါ … ဟီးးဟီးးး :mrgreen:

    အောက်ဂ ပုံဂျီးဂဒေါ့ ၁၉၉ဝ ဆိုဒေါ့ဂါ
    ကျုပ်မွေးပီး ၃ နှစ်အကြာပေါ့ …. ဟော့ ဟော့ …

  • Myo Thant

    July 12, 2013 at 11:59 pm

    အဲဒါ ၁၉၉ဝ ရွေးကောက်ခံ အမျိုးသမီး ကိုယ်စားလှယ်တွေ ပုံပါ ၊
    ဒါပေမယ့် အကုန်လုံး အင်းစိန်လွှတ်တော်မှာပဲ နေခဲ့ရပါတယ် ၊
    ကျနော့် အမေကောပေါ့ ။

  • kyeemite

    July 13, 2013 at 10:08 am

    ဘာတွေပေါက်ကွဲနေတာလည်းကိုမျိုးရဲ့..
    ကျုပ်တို့နားလည်ပါတယ်ဗျာ..
    ရေးချင်ရာသာရေးပါလေ
    ကိုယ့်အတွေးနဲ့ကိုယ်ပေါ့..

    • Myo Thant

      July 13, 2013 at 10:13 am

      မဟုတ်ပါဘူးကိုမိုက်ရေ

      နည်းနည်းစိတ်တိုသွားလို့ပါ

      ဘယ်သူ့ကိုမှ မရည်ရွယ်ရရိုးအမှန်ပါ ၊

  • ဦးကြောင်ကြီး

    July 13, 2013 at 10:26 am

    တယားနဲ့ ဖြေပါ အန်တယ်မျိုး… ဘဝဆိုတာ သာမီးလေးလို ထိန်းလို့မရဘူ.. ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီး ကြောင်စားချိန်တန် စားသွားမှာပဲ.. ခွင့်လွှတ်လိုက်ပါ.. :mrgreen:

    • Myo Thant

      July 13, 2013 at 10:31 am

      အင်းးးး

      ဒေါသတွေကို ဒီကြောင်ဆီမှာ ပေါက်ကွဲပစ်မိတော့မယ်နော်

      ဒါထက် ကျုပ်သာမီးတွေက ကြောင်မချစ်ဘူးဗျ

      ငါး မွေးတယ် ၊ 🙂

  • ခင် ခ

    July 13, 2013 at 11:07 am

    ဟေ့ ဟေ့ ဦးမျိုးသန့်ကြီး ဂဇက်မြို့ထိပ်မှာ ပေါက်ကွဲနေတယ် ဘယ်သူသွား စွတာလဲဟေ့။

    “ဘာ နိူင်ငံရေးစကား ဟုတ်လား´´

    အမလေး လန့်တာ ဦးမျိုးသန့်ရယ် ဖြေးဖြေးအော်ပါဗျ။

  • မင်းမင်း

    July 13, 2013 at 11:26 am

    အသက် ကကြီးသာလာတာ။

    ကိုယ့်ကို ကိုယ်တော့ မှန်ကြည့်မှ

    အော်ဒီအရွယ်ပါလား ပြန်ဆင်ချင်မိတယ်။

    မြန်မာပြည် ဟိုးးးးးးမြောက်ပိုင်းမှာတော့

    ကလေးတွေနဲ့ နင်နဲ့ ငါနဲ့ ပြောတုန်း :mrgreen:

  • DEPARKO DEPARKO

    July 13, 2013 at 11:31 am

    တို့ကတော့တို့ကတော့ ယုန်ကလေး ထိတ်ခတ်နာဖြစ်နေသည်

  • အလင်း ဆက်

    July 13, 2013 at 12:05 pm

    ကျွန်တောာ် လည်း နိုင်ငံရေး ကို
    ဘာမှ မငြင်းမပြောချင် လောက်အောင်
    စိတ်ပျက်နေလို ့
    မရေး မပြောပါဘူး လေ

    😆

    • Myo Thant

      July 13, 2013 at 12:12 pm

      အလက်ဆင်းလေးက လိမ္မာသား

      ချစ်သုဝေလေးအကြောင်း ဒါမှမဟုတ် ဒေါ်ဖွားမေအကြောင်း

      ပြောတာပဲကောင်းပါတယ်ကွာ 🙂

  • Wow

    July 13, 2013 at 2:00 pm

    ခံစား၊ နားလည်၊ စာနာမိပါသည်လို့ပဲပြောပါရစေ.. 🙁

  • Ko chogyi

    July 15, 2013 at 4:54 pm

    ” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လူငယ်ညီလာခံမှရွေးချယ်လိုက်သော ပါတီလူငယ်ခေါင်းဆောင်များကို လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် အမတ်လောင်းများ ရွေးချယ်ရန် အစီအစဉ်ရှိ ”
    http://www.thithtoolwin.com/2013/07/nld_15.html

  • uncle gyi

    July 15, 2013 at 10:49 pm

    စိတ်လျော့ကိုမျိုး
    အဖွဲ့အစည်းတခုမှာတကယ်လုပ်တဲ့သူဘယ်နှစ်ယောက်ဆိုတာရေလို့ရတယ်
    ပြီးခါနီးနှမ်းဖြူးတဲ့သူတော့ရေလို့မရဖူး
    ကျုပ်ကိုလည်းချောင်းဦးကဆရာမတဦးကဆုံးမဖူးတာ

Leave a Reply